Tuesday, October 09, 2012

စင်္ကာပူတွင် သင်ကြားနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဒီပလိုမာသင်တန်းများ

Posted by drmyochit Tuesday, October 09, 2012, under | No comments


ဘဏ်လုပ်ငန်း၊ စတော့ လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည့်အင်္ဂ လန်နိုင် ငံ Charterred Institute for Securities and Investment မှ အသိအမှတ်ပြု စီးပွားရေး ဒီပလိုမာ သင်တန်းအား စင်္ကာပူနိုင်ငံတွင် တက်ရောက် သင်ကြားတော့  မည်ဖြစ်သည်။ ပြည်တွင်း၌ မကြာမီ ဖွံ့ဖြိုး တိုး တက်လာတော့ မည့် ဘဏ်လုပ်ငန်းစုကြီးများတွင် အသက်မွေးဝမ်း ကြောင်းပြုလိုသည့် လူငယ်များ အ တွက် The Diploma in Banking, Securities and Investment Management ဘာသာရပ်များအား စင်္ကာပူရှိ Kaplan Higher Education Academyတွင် လေ့လာသင်ယူနိုင်ကြောင်း သိရှိရသည်။
“လာမယ့်အောက်တိုဘာ(၂၇)ရက်နေ့ Summit Parkview မှာကျင်းပပြုလုပ်မယ့် Singapore-UK-Australia ပညာရေး ပွဲတော်မှာ ဘဏ်လုပ်ငန်း ဒီပ လိုမာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားသွား မှာပါ”ဟု ပညာရေး ၀န်ဆောင်မှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် CROWN Education မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်၊၊ The Diploma in Banking, Securities and Investment Management ဘာသာ ရပ်ပြီး ဆုံးပြီး နောက် CISI မှ ချီးမြင့်မည့် The Investment Operations Certificate နှင့် The International Certificate in Investment Management (ICertIM) နှစ်ခုရရှိမည်ဖြစ်သည်။ အဆိုပါ ဒီပလိုမာကို အင်္ဂလန် နိုင်ငံရှိ Chartered Institute for Securities and Investment (CISI) မှ အသိအမှတ်ပြုထား၍ CISIသည် လန်ဒန်စတော့အိတ်ချိန်းမှ အသင်းဝင်များဖြင့်ဖွဲ့ စည်းထားသည့် အကျိုးအမြတ်အတွက် မရည် ရွယ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်၊၊CISIသည်နိုင်ငံပေါင်း(၉၀)တွင်ဝန်ထမ်းပေါင်း  လေးသောင်းကျော်ဖြင့် လုပ်ကိုင်နေပြီး ယူကေရှိ Securities and Investment နယ် ပယ်၌ ဂုဏ်သိက္ခာကြီးမားသော UK အခြေ စိုက်အဖွဲ့အစည်း ကြီးတစ်ခုလည်းဖြစ်သည်။ “မြန်မာနိုင်ငံမှာ ကျောင်းသူကျောင်သား အများစုက စီမံခန့် ခွဲမှုဘာသာရပ် ( Business Management) တွေကိုလေ့လာဖို့ ပိုပြီး အားသန်ကြ ပါတယ်၊၊ Banking, Securities & Investment လို ဒီပလိုမာအမျိုးအစားက မြန်မာနိုင်ငံမှာ လည်း မသင်ကြားပေးနိုင်သေးဘူး၊ အခုဆို နိုင်ငံတကာ ဘဏ်တွေ ၀င်ရောက်လာတော့မယ်၊ ပြည်တွင်းက ဘဏ်တွေကလည်း နိုင်ငံတကာ ဘဏ်တွေနဲ့ ချိတ်ဆက်ကြတော့မယ်၊၊ စတော့ဈေးကွက်တွေလည်း မဖြစ်မနေ လုပ်ဆောင် ရမှာဆိုတော့ Banking တို့ Investment Management လိုဘာသာရပ်မျိုးတွေက နိုင်ငံတကာ အ လုပ်အကိုင် အခွင့် အလမ်းမှာ သာမကပဲ မြန်မာနိုင်ငံမှာကို အများကြီးလိုအပ်လာမယ့် ဘာသာရပ်မျိုး တွေဖြစ်ပါ တယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊ The Diploma in Banking, Securities and Investment Management တွင် သင်ယူရမည့် ဘာသာရပ်များ မှာ • Elements of Economics • Business Statistics • Principles of Management • Rules & Regulations for Financial Advisory Services• Business Accounting •Introduction to Securities & Investment (International) • Operational Risk • International Certificate in Investment Management စသည်တို့ဖြစ်သည်။ အဆိုပါ ဒီပလိုမာဘာသာရပ်သင်ယူပြီးပါက UK နှင့် သြစတြေးလျ ထိပ်တန်း တ္ကသိုလ်ကြီး များဖြစ်ကြသည့် Northumbria Unversity ၊ University College Dublin နှင့် Murdoch University ပေးအပ်မည့် Banking and Finance ၊ Banking and Wealth Management ၊ Banking and Management စသည် တို့ကို ဆက်လက် သင်ယူ နိုင်ကြောင်း ကိုလည်း သိရသည်။ The Diploma in Banking, Securities and Investment Management တတ်ရောက် သင်ကြား လိုသူများ အနေ ဖြင့် လာမည့် (၈)လခန့် သင်ကြားရမည်ဖြစ်ပြီး စင်္ကာပူဒေါ်လာ (၁၄၀၈၆.၉၀) ၀န်းကျင်ကျ သင့်မည်ဖြစ်ကြောင်း၊ Bechelor of Commerceမှာ (၁၆)လသင်ကြားရမည်ဖြစ်ပြီး စင်္ကာပူဒေါ်လာ (၂၃၅ ၅၆.၅၀)ကျသင့်မည်ဖြစ်ပြီး၊ Bechelor of Science အတွက်မူ(၁၈)လ သင်ကြားပြီး စင်္ကာပူဒေါ် လာ(၂၅၈ ၄၀.၅၀) ကျသင့်မည် ဖြစ်ကြောင်း ကိုလည်း သိရသည်။ လျှောက်ထား လိုသူများ အနေဖြင့် တက္ကသိုလ် ၀င်တန်း အောင်မြင် ထားသူများ လျှောက် ထား နိုင်ပြီး IELTS 5.5 တင်ပြရမည်ဖြစ်သည်။ IELTS ရမှတ် မရှိသူများ အနေဖြင့်လည်း CROWN Education တွင် Kaplan English Placement Test ဖြေ ဆိုနိုင်ကြောင်းကိုလည်း သိရသည်။ လျှောက်ထား လိုသူများအ နေဖြင့် CROWN Education အမှတ်-၂၇၀၊ ပထမထပ်၊ အခန်း 1C ၊ ပြည်လမ်း ၊ မြေနီကုန်း၊ ဖုန်း - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ သို့ ဆက် သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်