Tuesday, October 09, 2012

GSM အင်တာနက် အသုံးပြုမှုများအဆင်ပြေစေရန် အဆင့်မြင့်တင်မှုများ ပြုလုပ်သွားမည်

Posted by drmyochit Tuesday, October 09, 2012, under | No comments

From : MRTV4
 
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန် ချက်အရ ဂျီအက်စ်အမ် အင်တာနက် အသုံးပြုမှုများ အစဉ်ပြေစေဖို့ အတွက် ဂျီအက်စ်အမ် အင်တာနက် Network အဆင့်မြင့်တင်မှု တွေကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ ပြည်တွင်းမှာ GSM အင်တာနက် အသုံးပြုသူများ ပိုမိုများပြား လာပြီး သုံးစွဲမှု ပိုမို အဆင်ပြေ စေဖို့အတွက် Upgrade ပြုလုပ် မှုတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အဆင့်မြင့်တင်မှု မှာတော့ ရန်ကုန်မြို့တွင်း Huawei GSM/UMTS စနစ်နဲ့ ချိတ်ဆက် အသုံးပြုလျက် ရှိတဲ့ Internet User များ နေ့စဉ် တိုးတက် များပြား လာတဲ့ အတွက် Huawei network SGSN Capacity (2.75)G ကို သုံးစွဲမှု အစဉ်ပြေစေရန် Expansion ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်မှု တွေကြောင့် အောက်တိုဘာလ ၁၀ ရက်နှင့် ၁၅ ရက်နေ့တို့မှာ Huawei network SGSN နဲ့ချိတ်ဆက် ထားတဲ့ GSM ဖုန်းများရဲ့ ၂.၇၅G internet အသုံးပြုမှု တွေဟာ နံနက် ၂ နာရီမှ နံနက် ၂ နာရီခွဲ အချိန်အထိ မိနစ် ၃၀ကြာ အင်တာနက်လိုင်း ခေတ္တ ပြတ်တောက် မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြတ်တောက်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ Huawei GSM/UMTS စနစ် ချိတ်ဆက် အသုံးပြုတဲ့ နေရာတွေဖြစ်တဲ့ မရမ်းကုန်း၊ လှိုင်၊ အင်းစိန် စတဲ့ မြို့နယ်များ အပါအ၀င် မြို့နယ် ၁၂ မြို့နယ်မှာ ပြတ်တောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် GSM/UMTS အင်တာနက် စနစ် ချိတ်ဆက် အသုံးပြု လို့ရနေတဲ့ နေရာတွေ ဖြစ်တဲ့ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ နေပြည်တော် ၊ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည် နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ် တောင်ပိုင်း တို့မှာလည်း ခေတ္တ ပြတ်တောက်မှာ ဖြစ်တယ်လို့ သိရပါ တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်