
နယူးယောက်၊ စက်တင်ဘာ ၂၁
ဒုံးကျည် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရန် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က Lockheed Martin Corp ကော်ပိုရေးရှင်းနှင့် အမေရိကန်ဒေါ်လာ သန်းလေးထောင် တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ပင်တဂွန်၏ ထုတ်ပြန်ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။
အဆိုပါစာချုပ်အရ အမေရိကန် ဒေါ်လာသန်းလေးထောင်တန်ဖိုးရှိသော တိုက်ချင်းပစ် ဒုံးကျည်များကို လေထုထဲတွင်ပင် ပစ်ခတ်ဖျက်ဆီးပစ်နိုင်သော Terminal High Altitude Area Defense (THAAD)...