Sunday, September 22, 2013

မြကန်သာသောက်ရေကန် အဆိပ်ခတ်သည်ဟု ကောလာဟလဖြန့်သူကို အုပ်ချုပ်ရေးမှူးက တရားစွဲရန်စီစဉ်

Posted by drmyochit Sunday, September 22, 2013, under | No comments


သာကေတမြို့နယ် (၄)ရပ်ကွက် တောင်ပိုင်းတွင်ရှိသော မြကန်သာ သောက်ရေကန်တွင် အဆိပ်ခတ် သည် ဟု ကောလာဟလဖြန့်သူကို ဥပဒေနှင့်အညီ တရားစွဲဆိုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကောလဟာလ ဖြန့် သူဦး---မှာ ၄/မြောက်ရပ်ကွက် မြို့မ (၉)လမ်းတွင်နေထိုင်သူဖြစ် ပြီး ယင်းကိုရပ်ကွက်အုပ်ချုပ်ရေး မှူးက တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ''ရေ ကန်အဆိပ်ခတ်တယ်ဆိုပြီး ၄/ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး က အကြောင်းကြားတော့ ဌာနဆိုင် ရာတွေက သွားကြည့်ကြတယ်။ ရေကို မြို့နယ်ကျန်းမာရေးကနေ တစ်ဆင့် ဓာတ်ခွဲခန်းကိုပို့ပြီးစစ် ဆေးတော့ ရေမှာအဆိပ်သင့်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ စစ်ဆေး ချက်အဖြေထွက်လာတယ်။ အခု ၄/ တောင်ရပ်ကွက်အုပ်ချုပ်ရေး မှူးက တရားလိုပြုပြီး ကောလာဟ လဖြန့်တဲ့သူကို ဥပဒေနဲ့အညီအ ရေးယူဖို့ဆောင်ရွက်နေတယ်။ ဒါ ဟာ နောက်ထပ်ဒီလိုမျိုးတွေ မဖြစ် ရအောင် ကြိုတင်သတိပေးလိုက် တဲ့သဘောပါ'' ဟု မြို့နယ်အုပ်ချုပ် ရေးမှူးဦးစန်းမင်းက ပြောသည်။

ဩဂုတ် ၂ရရက် မွန်းလွဲ ၁ နာရီတွင် မြကန်သာသောက်ရေ ကန်ပေါ်မှ အမည်မသိသူ သုံးဦး ဆင်းလာသည်ကို ဦး---ကတွေ့မြင် ပြီး ယင်းတို့အနက်တစ်ဦးမှာ လုပ် ပြီးပြီလားဟုမေးရာ ကျန်နှစ်ဦးမှ လုပ်ပြီးပြီဟုဖြေဆိုသဖြင့် ရေကန် ပေါ်သို့သွားရောက်ကြည့်ရာ အ စိမ်းရောင်ဆေးများတွေ့သဖြင့် ၎င်းကိုယ်တိုင် ကန်အတွင်းသို့ဆင်း ၍ ရေများကိုခပ်ထုတ်ခြင်း၊ ပတ် ဝန်းကျင်သို့အဆိပ်ခတ်သည်ဟု ပြောသဖြင့် လူစုလူဝေးဖြစ်ပွား သွားကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ သက်ဆိုင်ရာဌာနများမှ ကန်ရေကိုစစ်ဆေးရာအဆိပ်ဖြစ် စေသော ဓာတုဆေးများမတွေ့ ရှိရကြောင်း ဓာတုဗေဒဝန်ရုံးမှ စစ်ဆေးချက်အရသိရသည်။

''အဲဒီနေ့က ဦးတို့ဒီအကြော် တဲမှာ ထမင်းစားနေတဲ့ အချိန်မှာ ဖြစ်တာပါ။ မိန်းမတစ်ဦးလာပြီး ဦးတို့ကိုပြောသွားတယ်။ ကန်ပေါ် မှာ ဆေးပုံးတွေလာချ သွားတာ တွေ့တယ်လို့ပြောပြီး ဥက္ကဋ္ဌကို သွားပြောပေးဖို့ ပြောတယ်။ ဦးလဲ ဥက္ကဋ္ဌကိုသွားပြောတော့ သူက ကန်ထဲကရေတွေကို ခပ်ထုတ်ဖို့ ပြောလို့ ဦးကခပ်ထုတ်ပေးရတာ ပါ။ အဲဒီသတင်းကတဖြည်းဖြည်း ပျံ့သွားပြီး လူတွေစုလာတယ်။ ဦးကသူတို့ကို အဆိပ်ခတ်တယ်လို့ တော့မပြောဘူး။ ဆေးရည်တွေ တွေ့တယ်လို့ပဲပြောတာ။ စေတနာ နဲ့ ဥက္ကဋ္ဌကိုသွားပြောပေးတာပဲ ရှိတယ်။ အဲဒီအချိန်က ကျွန်တော် လဲအရက်နည်းနည်းမူးနေတယ်။ ဒါနဲ့ပတ်သက်ပြီး တရားစွဲမယ်လုပ် ထားတာကိုလဲ မသိသေးပါဘူး''ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုရန်စီစဉ်နေသည့် ယင်း ရပ်ကွက်မြို့မ (၉)လမ်းတွင် နေ ထိုင်သူကပြောသည်။

ယင်းအမှုကို ၄/ တောင်ရပ် ကွက် အုပ်ချုပ်ရေးမှူးမှ တရား လိုပြုလုပ်၍ တရားစွဲဆိုရန် ဆောင် ရွက်နေကြောင်း သိရသည်။ ''မြို့နယ်အေးချမ်း သာယာ ဖို့အတွက် ဥပဒေအတိုင်းဆောင် ရွက်ရမှာပဲ။ ကောလာ ဟလက ဖြစ် တတ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာရင် အရေးယူဖို့ထက် ကြို တင်ကာကွယ်တာက ပိုကောင်း တယ်။ ဒီမြို့နယ်က ဧရိယာကျဉ်း တော့ တစ်ခုခုဖြစ်ရင် လူစုတာမြန် တယ်။ ဒါကြောင့်ဥပဒေနဲ့အညီ ကြိုတင်ကာကွယ်ရမှာပဲ''ဟု မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်