မန္တလေး- လူပေါင်း ၄၀ ကျော်သေ ဆုံးခဲ့သည့် မိတ္ထီလာ အကြမ်းဖက် မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယ ရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထား ပြီး ယင်းတို့ကို အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို အရေးယူ သွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။
လူသတ်မှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုစသည့်ပြစ်မှုပုဒ်မ (၁၀)ခုခန့်ဖြင့် တရားစွဲ ဆိုမည်ဟု သတင်းရရှိသည်။ ဧပြီလကုန်ပိုင်းအထိ အမှု ၁၀ မှုစွဲဆိုထားပြီဖြစ်ပြီး ၁၂ မှုကို ဥပဒေ အကြံတောင်း ထားကာ ကျန်ရှိသည့် အမှုများကိုလည်း ဆက်လက်တရား စွဲဆိုသွားမည်ဖြစ်ကြောင်း မန္တ လေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ...