Friday, May 03, 2013

မေ ၂၄ တွင် CDMA 800 MHz ဖုန်းဆင်းကတ် ထပ်ရောင်းမည်

Posted by drmyochit Friday, May 03, 2013, under | No comments

ပထမအကြိမ် ၁၅၀၀ တန် ဖုန်းရောင်းပေးသည့် ရက်အတိုင်း မေ ၂၄ ရက်တွင် ထပ်မံရောင်းချရန် စီစဉ် ထားကြောင်း ဆက်သွယ် ရေးမှ သိရသည်။ “ပထမအကြိမ် ရောင်းခဲ့တဲ့ ၂၄ ရက်ကိုပဲ မှန်းထားပါတယ်။ ရက် အတိ အကျ မဖြစ် ခဲ့ရင်တောင် အဲဒီရက် နီးပါး ဖြစ်မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီး တန်း အရာရှိ တစ်ဦးက ပြောသည်။ ဖုန်းများရောင်းချရာတွင် CDMA 800 MHz ဖုန်းများကိုသာ MECTEL တံ ဆိပ်ဖြင့် အလုံးရေ သုံးသိန်းခွဲ ရောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ “ဂျီနဲ့ WCDMA ကိုရောင်း မှာ မဟုတ်ဘူး။ CDMA 800 တစ်သန်းပြည့်တာနဲ့ ဂျီတွေ ရောင်းမှာပါ” ဟု ၎င်းက ဆက်ပြော သည်။ 

CDMA 800 ဖုန်းတွေကို ကနဦးရောင်းခြင်းမှာ MEC TEL ကုမ္ပဏီသည် CDMA 800 စနစ်သစ် စက်ခန်း များကို ဒေသ အများအပြားတွင် တည်ဆောက်ထားပြီး ဖြစ်၍ ယင်းဖုန်းများကို အရင်ဆုံး ရောင်းချ ပေး ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ MEC TEL တံဆိပ်ဖုန်းများအတွက် ရေဒီယိုစက်ခန်း ၂၈၂ ခန်းတည် ဆောက် ထားပြီး ရေဒီယိုစခန်းများ၏ ဧရိယာအတွင်း ယူဆောင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း ဆက်သွယ်ရေး ဌာနတွင် မှတ်ပုံတင်၍ အသုံးပြုနိုင် မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ထောင့်ငါးရာ ဖုန်းများ ပေါ်ပေါက်လာခြင်းကြောင့် ဖုန်းသုံး စွဲသည့် သိပ်သည်းဆမှာ ၆ ဒသမ ၀၉ ရှိနေကြောင်း ဆက်သွယ်ရေးမှ သိရသည်ဟု ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From: ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်