Friday, May 03, 2013

လက်ပံတောင်းတောင်ဇာတ်လမ်းက ရှေ့တန်းဇာတ်ဆောင်များ၏ ကျေးဇူးတရား

Posted by drmyochit Friday, May 03, 2013, under | No comments



စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ လက်ပံတောင်းတောင် အစီ ရင်ခံ စာ ထွက်ရှိ ပြီးနောက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်သည် စီမံ ကိန်းအတွင်းရှိ ဒေသခံကျေးရွာများသို့ သွားရောက် ကာ အစီရင်ခံစာနှင့်ပတ် သက်၍ လိုက်လံရှင်းလင်းခဲ့သည်။ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ချိန် တွင် ကန့် ကွက် ဆန္ဒပြမှု များ ပေါ်ပေါက်ခဲ့ သည်။ ထို့အတူ လက်ပံတောင်းတောင် ပဋိပက္ခ နောက် ကွယ် တွင် ကြိုးကိုင်သူ များ၊ ဇာတ်လိုက်လူတစ်စုတို့က ယခုကဲ့ သို့ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လာအောင် ပညာ အခြေခံ နည်း ပါးသော ဒေသခံများ အား အယူဝါဒမှိုင်းတိုက်ကာ စည်းရုံးလှုံ့ ဆော် ဦးဆောင်နေကြသည်ဟု စွပ်စွဲ ပြစ်တင် ချက်များလည်း ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထိုသို့ စွပ်စွဲပြစ်တင်မှုများ ကို လက်မခံနိုင်ကြောင်း ရိုးရိုးသားသား တင်ပြလိုပါသည်။

လက်ပံ တောင်းတောင် အရေးသည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂ ရက်ကစတင်ကာ ၀က်မှေးရွာက ဦးဆောင်၍ ဒေသခံ (၁၀၀)ကျော်တို့က စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ခံစားနေကြရသော နစ်နာမှုများ၊ မကျေနပ် ချက်များ ကို မိမိတို့၏ ဉာဏ် စွမ်းရှိသမျှနှင့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း  ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေး တက်ကြွ လှုပ် ရှား သူများ (ကွန်ယက်)များ ပူးပေါင်းပါဝင်လာသည်နှင့်အမျှ လက်ပံ တောင်းတောင် အရေး သည် ပိုမိုပီပြင်ပုံ ပေါ်လာသည်ဟု ဆိုရမည်။ ကမ္ဘာက သတိပြုလာသည်။ နိုင်ငံတကာက အာရုံ စိုက်မှုခံ လာရ သည်။ ဒေသခံများ၏ အခွင့်အရေးများဆုံးရှုံးနစ်နာခဲ့မှု၊ မကျေ နပ်မှုများကို ကမ္ဘာ့အသိုင်းအ၀ိုင်းက သိ မြင်လာ အောင် ဆောင်ကျဉ်းနိုင်ခဲ့သည်။ ထိုအချိန်က နာမည်ကြီးနိုင်ငံရေးခေါင်း ဆောင်များသည် ရေငုံ နှုတ် ပိတ်နေခဲ့ ကြသည်။ ဒေသခံများ၏ နစ်နာဆုံးရှုံးမှု၊ မကျေနပ်မှုများကို ၀င်ရောက်ပြောဆိုဖြန် ဖြေပေး ခြင်း၊ ကူညီခြင်းမရှိခဲ့ကြပါ။ သပိတ်စခန်းအား ဖြိုခွင်းနှိမ်နင်းပြီးချိန် မှသာ အချို့က ရွှေပြည်ဧတရား လာ ဟောကြ သည်ကိုတွေ့ရသည်။


လက်ပံတောင်း တောင် အရေးတွင် ဒေသခံများ၏ နစ်နာဆုံးရှုံးမှုများ၊ ရသင့် ရထိုက်သော အခွင့် အရေး များကို ရရှိ လာအောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (ကွန်ယက်)များက ရှေ့တန်းမှ ပါဝင် ဦးဆောင် လှုပ်ရှား ခဲ့ကြ၍ သာ လူမသိသူ မသိဖြင့် နိဂုံးမချုပ်ခဲ့ရခြင်းဖြစ်သည်။ လက်ပံတောင်းတောင်အရေးကို ကမ္ဘာက သိမြင်လာအောင်၊ အာရုံပြုလာကြ အောင်၊ မြန်မာ့စီးပွားရေးဦးပိုင်နှင့် အပြန် အလှန် တရားစွဲ ဆိုအ မှုဖွင့်ခြင်း၊ ချင်းတွင်း မြစ်အတွင်း မီးမျှောပွဲများကျင်းပခြင်း၊ ဆည်တည်းရွာတွင် ပြည်သူ့ညီလာခံပြု လုပ်ခြင်း စသည် တို့ကို ဒေသခံပြည်သူလူ ထုနှင့်အတူ လက်တွဲကာ ဆောင်ရွက် နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုလုပ် ဆောင် ချက်များသည် ဒေသခံများ၏ အကြံ ဉာဏ်များဟုတ်ကောင်းမှ ဟုတ်ပါလိမ့် မည်။ သို့သော် ဒေသခံများ နှင့်အတူ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ရှေ့တန်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်သာ လက်ပံ တောင်းတောင် အရေးကိစ္စကို နိုင်ငံတကာက အာရုံပြုလာသည်။ သတိ ထားလာ ခဲ့ရသည် မဟုတ်ပါလား။

လက်ပံတောင်းတောင် သပိတ်စခန်း များကို ညအချိန်မတော်တွင် တာဝန်ရှိ သူများက မီးသတ်ပိုက်များ၊ မီးခိုးဗုံး များ နှင့် ဖြိုခွင်းခဲ့သည်။ သံဃာတော်များ၊ ဒေသခံများ ထိခိုက်ဒဏ်ရာအနာတရ ဖြစ်ခဲ့ကြရသည်။ ထိုကိစ္စ ဆောင် ရွက်ပြီး  မှ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ပေါ်ပေါက်လာခဲ့သည်။ စုံစမ်းစစ်ဆေး ရေးကော်မ ရှင်၏ အစီရင်ခံစာကြောင့် ဒေသခံများ၏ နှစ်ပေါင်းများစွာ နစ်နာ ဆုံးရှုံးခဲ့ကြရမှုများ၊ အခွင့်အ ရေးများ ကို ထိုက်ထိုက်တန်တန် ပြန်လည်ပေးအပ်ဖို့၊ လိုက်လျောမှုဆိုတာတွေဖြစ်လာသည်။ မတရား မှုများ ကို ဖော်ထုတ်နိုင်ခဲ့ကြ သည်။ ဤသို့ ဖြစ်ပေါ်လာရခြင်းမှာ အစီ ရင်ခံစာတစ်ခုတည်းကြောင့်မဟုတ်။ ဗျိုင်းနား ၍သာ ပေါက်ပင်ကိုင်းလာခြင်း သာဖြစ်သည်။ ဗျိုင်းမနားခဲ့လျှင် ပေါက် ပင်ကိုင်း လာဖွယ်ရာမ ရှိပါချေ။ ဒေသခံ များနှင့်ပူးပေါင်း၍ နိုင်ငံရေးတက်ကြွလှုပ် ရှားသူ(ကွန်ယက်)များ၏ ဦးဆောင်မှု ကြောင့် သာ ဤအခြေအနေမျိုးရရှိလာ ခြင်းဖြစ်သည်။ ဒေသခံမဟုတ်သော တက်ကြွလှုပ်ရှားသူများကသာ ပူး ပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှုမရှိလျှင် ဒေသခံများ ၏ လှုပ်ရှားမှုများသည် လူမသိ၊ သူမသိ နှင့် ဖိနှိပ်မှု အမျိုးမျိုး အောက်တွင် မှေးမှိန် ပျောက်ကွယ်သွားနိုင်ပေသည်။ ထို့အတူ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဆိုသည် လည်း ပေါ်ပေါက်လာဖွယ်ရာမရှိနိုင်ပါချေ။ ယခု ကဲ့သို့ ဒေသခံများ၏ နစ်နာချက်များကို လိုက် လျောဖြည့် ဆည်း ပေးလာခြင်းသည် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၏ ရလဒ်သာ ဖြစ်သည်။ ယခုပွင့်ထွန်း လာ သည့် အသီး အပွင့်များသည် လွယ်လွယ်ကူကူ ရရှိ လာခဲ့ခြင်းတော့မဟုတ်။ အတိုင်းအတာ တစ်စုံတစ် ရာ သော ပေးဆပ်မှုဖြင့် ရယူ ကြရခြင်းသာ ဖြစ်သည်။ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးအစီအမံများ ချ မှတ်ပြီး နိုင်ငံတကာပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများနှင့်အညီ၊ ဆောင်ရွက် သင့်သည့် နည်း ပညာများ အသုံးပြု ထုတ် လုပ်ရေး၊ နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုး ဖြစ်ထွန်းရေး၊ မြေယာ သိမ်းဆည်းမှုတွင် နစ်နာမှုမရှိစေရန် ဖြည့်စွက်ပံ့ပိုးပေးရေး၊ တရားဥပဒေစိုးမိုးရေးစသည့် အစီရင်ခံစာ အချက်အလက်များပေါ်ထွန်းလာရခြင်း သည် ဒေသခံများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသူများ ၏ ကျေးဇူးမကင်း ပါချေ။ သူတို့၏ ဆောင်ရွက်ခဲ့မှုကျေးဇူး ကို လစ်လျူပြု၍ မရကောင်းပါချေ။

ဒေါ်အောင်ဆန်းစုကြည်က အစီ ရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများအား လိုက်လံရှင်းပြစဉ် ကန့်ကွက် ဆန္ဒပြမှု များ မှာ တောင်သူများ၏ ပင်ကိုယ်စိတ်ရင်း ကြောင့်မဟုတ်ဘဲ နောက်ကွယ်မှ သွေး ထိုးလှုံ့ ဆော်ပြော ဆိုမှု များကြောင့် ဖြစ် ပေါ်ခြင်းဟုစွပ်စွဲသည်ကို ကျွန်တော်တစ် ဦးတည်းသဘောအရ လက်မခံ နိုင်ပါ။ အမှန်မှာ ထိုအချိန်သည် လက်ပံတောင်း တောင်အရေးနှင့်ပတ်သက်၍ ပြည်သူလူ ထုကြားတွင် နိုင်ငံ ရေး ရေချိန်၊ ဒီကရီ အရှိန်မြင့်မားနေဆဲဖြစ်သည်။ ရုတ်တရက် ရပ်တန့်ပစ်လိုက်၍ မရနိုင်ကြသေး သော အခြေ အနေ သာဖြစ်သည်။ အစီရင်ခံစာ အပေါ် သွေးအေးအေးနှင့် တိတိကျကျ ဖတ်ရှု စဉ်းစားခွင့် မရကြသေး သည့် အချိန် တွင် ရောက်ရှိသွားခြင်းကြောင့်ဖြစ်ပါ သည်။ အရှိန်ကောင်းကောင်းနှင့် တောက် လောင်နေ ဆဲမီးဖိုကို ရေနှင့်ရုတ်တရက် ငြိမ်းသတ်ပါက ဟုန်းကနဲဖြစ်တတ်သည့် သဘာဝကို လက်ခံကြ ရပါမည်။ သတင်း စာတွင် ထည့်သွင်းကြေညာသည်ဆိုစေ ကာမူ တစ်ရက်အတွင်း ဒေသခံပြည်သူ များအ နေဖြင့် ဖတ်ရှုလေ့လာခွင့်ရနိုင် သော အခြေအနေတွင်မရှိဟု တွက်ဆ မိပါသည်။ ပွင့်ပွင့် လင်းလင်း ပြောရ လျှင် လက်ပံတောင်းတောင်ဝန်ကျင်မျ ကျေး ရွာများကိုမဆိုထားနှင့် မုံရွာမြို့ကြီးမှာပင် နေ့စဉ် ထုတ်သတင်း စာကို နေ့ချင်းဖတ် ခွင့် လူတိုင်းမရနိုင်သေးဟုထင်ပါသည်။ တစ်ရက်အတွင်း သတင်းစာ ပါအ စီရင် ခံစာကို မဖတ်ရသေးသဖြင့် အပြစ်တင် မည်ဆိုပါလျှင် အပြစ်တင်သူမှာသာ အပြစ်ရှိပါသည်။

ကျွန်တော် ကတော့ လက်ပံတောင်း တောင်အရေးအား ၀ိုင်းဝန်းကူညီပေးကြ သော ဒေသခံမဟုတ်သည့် ပုဂ်္ဂိုလ် အပေါင်းကို အပြစ်မမြင်ပါ။ ကျေးဇူးတင် ပါသည်။ ထိုပုဂ်္ဂိုလ်များ၏စွမ်းဆောင်မှုကို အသိ အမှတ်ပြု ပါသည်။ သူတို့တစ်တပ် တစ်အား ပါဝင်ထမ်းရွက်ခဲ့ကြ၍သာ သည်အရေးတော်ပုံအောင်မြင်ခဲ့ခြင်း ဖြစ် သည်။ သူတို့လို ကျွန်တော်မလုပ်နိုင် ပါ။ မလုပ်ခဲ့ပါ။ သူတို့ကို လေးစားအသိ အမှတ်ပြုပါသည်။ သို့သော် တစ်ခု တော့ တောင်းပန်ချင်ပါသည်။ အရေးတော်ပုံ သည် ထာဝရဆင်နွှဲနေရန်မဟုတ်ပါ။ အနိ္တမ ရည်မှန်း ချက်တော့ ရှိသင့် သည်ထင် ပါသည်။ လိုလားချက်အားလုံးကို မပြည့် ၀စေကာမူ အမြော် အမြင်ကြီး မားသည့် တတ်သိပညာရှင်များက ကြောင်းကျိုး ညီညွတ်သော ဆုံးဖြတ်ဖြန်ဖြေပေးမှုကိုမူ သဘော ထား အမြော် အမြင်ကြီးကြီးနှင့် လက်ခံကြဖို့တော့ လိုအပ်မည်ထင်ပါ သည်။ အရာရာကို အဆိုးမြင်ဝါဒဖြင့် ဆန့်ကျင် ကန့် ကွက်နေမည့်အစား မိမိ လိုလားချက်ဆန္ဒကို သက်ဆိုင်သည့် ပုဂိ္ဂုလ်အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိ နှိုင်းအဖြေရှာသင့်ပြီထင်ပါသည်။ မည်သို့ ပင်ဆိုစေ၊ ဒေသခံမဟုတ်သူများနှင့် ဒေသခံ များညီ ညွတ်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ကြသည့် လက်ပံတောင်းတောင် အရေးတော်ပုံကြီးကား အတိုင်းအတာ တစ်ခု အထိ အောင်ပွဲရရှိပြီဖြစ်ပါသည်။ ပါဝင်ဆောင်ရွက်ကြသူ ရဲဘော်၊ ရဲမေ အပေါင်းကို လေးစားဂုဏ်ယူ အသိ အမှတ်ပြုပါသည်။ သူတို့၏ ပူးပေါင်းပါ ၀င်ကြိုးပမ်းမှုကို အပြစ်မမြင်ဘဲ ကြောင်း ကျိုးဆင်ခြင် ချစ်ခင် အသိ အ မှတ်ပြုနိုင် ကြပါစေ။    ။

မင်းထက်နီ
From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်