အာကာသ ကထဲ ကနေကြွေ ကျလာတဲ့ ဥက္ကာခဲ တခုကြောင့် ရုရှားနိုင်ငံ Ural တောင်တန်းဒေသ မှာ ပေါက်ကွဲ မှုတွေဖြစ်ပြီး ပြတင်းမှန်တွေ ကွဲကုန်တဲ့ ဖြစ်ရပ် တခု သောကြာနေ့မနက်က ဖြစ်ခဲ့တယ်လို့ ရုရှား တာဝန် ရှိသူတွေက ပြောပါတယ်။
ဒီဥက္ကာခဲ ရဲ့ဒဏ်ကြောင့် ရုရှားနိုင်ငံ CHELYABINSK ဒေသမှာ ပြတင်းမှန်တွေကွဲကုန်ပြီး လူ ၇၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိ သူတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။
Android Phone တွေ Root လုပ်ကြတဲ့ အထဲမှာ တော်တော် အစွမ်း ထက်တဲ့ Root Tool လေးပါ။ UnlockRoot က version တစ်ခုပြီး တစ်ခု ထွက်ပါတယ်။ ဆောင်ထား သင့်ပါ တယ်။ PC မှာ Install လုပ် Run ပြီး Root နှိပ်ရုံပါပဲ။ ထုံးစံအတိုင်း PC မှာ Phone Driver သွင်းပြီးဖြစ်ရပါမယ်။ Phone မှာ USB Debug လုပ်ထားရပါမယ်။ UnlockRoot က ver 3.34 ထွက်နေပါပြီ။ ခုဟာက 3.1 ပါ။ ver 3.34 ရရင်တင်ပေးပါ့မယ်။
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃
ဒုတိကမ္ဘာစစ်အတွင်း မြန်မာပြည်တွင် မြှုပ်နှံ ထားသည်ဟု ဆိုသော Spitfires စစ် လေယာဉ်များ တူးဖော် ရေး အစီ အစဉ်ကို ရပ်နား လိုက်ပြီ ဟု
လေယာဉ်ရှာဖွေရေး လုပ်ငန်း လုပ်ကိုင် သည့် အဖွဲ့ကို ကမကထပြု သူက ပြော ဆိုကြောင်း AFP သတင်း တွင် ရေးသား ဖော်ပြထားသည်။ ၁၉၄၅ ခုနှစ်က ဗြိတိသျှစစ်တပ်က ထိုလေယာဉ်များ မြှုပ်နှံထားသည်ဟူသော ယူဆချက်ကြောင့် ရန် ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် လေ့လာခဲ့သေးကြောင်း အဆိုပါ သတင်းတွင် ရေးသား ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း က ဗြိတိသျှ တပ်မှ မြှုပ်နှံ ထားခဲ့ သည်ဟု ယူဆရသော စပစ်ဖိုင်း ယားလေ ယာဉ် များကို ရှာဖွေ မှု ကို ယနေ့  ရပ် ဆိုင်း လိုက် ပြီ ဖြစ်သည်။
ထိုရှာဖွေ မှု ကို War Gaming ကုမ္ပဏီ က ငွေကြေး စိုက် ထုတ် ပေး ခြင်း ဖြစ်ရာ ကုမ္ပဏီ က ရှာဖွေ မှု ကို ယနေ့  ရပ်တန့်  လိုက်သည် ဟု သတင်း ထုတ် ပြန် သည်။
ကချင်ပြည် နယ်၊ ကာမိုင်း မြို့နယ်ခွဲ ဈေး အတွင်းရှိ ဈေးဆိုင် များ အနေဖြင့် စိတ်ချမ်း သာ စွာဖြင့်ဈေး ရောင်း ချ နိုင်ရန် ကချင်တပ်ဖွဲ့(KIA)တွေကို နှစ်စဉ် ကြေးပေးနေကြ ရပါတယ်။ နှစ်စဉ်ကြေးပေး ထားပြီး ဖြစ်ပေ မယ့် ဒီနှစ်မှာ တော့ အခါတိုင်းလိုမဟုတ်ဘဲ KIA တပ် ဖွဲ့တွေ အနေနဲ့ အစိုးရတပ်တွေ မရှိတဲ့အချိန်တွေမှာလာရောက်ပြီး ငွေကြေး ထပ်မံကောက် ခံနေ ပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကာမိုင်းကဈေးဆိုင်ပိုင်ရှင်တွေအခက်အခဲတွေ့ကြုံနေ ကြရပါတယ်။
ကော့သောင်း၊ ဖေဖော်ဝါရီ ၁၅ ကော့သောင်း မြို့လယ်ကောင် ပိတောက်ရွှေဝါ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းတွင် ရဲအရာရှိ တစ်ဦးကို အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပုဆိန်ဖြင့် ခုတ်သတ် ခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
အယ်လ်ဂျီးရီးယားလောင်စာဆီ လုံခြုံရေး
အယ်လ်ဂျီးရီးယား နိုင်ငံမှာရှိတဲ့ အဓိက လောင်စာဆီ သိုလှောင်တဲ့နေရာကို အကြမ်းဖက်သမားတွေ မကြာ ခင်က ၀င်ရောက်တိုက်ခိုက်လိုက်တဲ့အတွက် လောင်စာဆီဈေးတွေ တက်သွားခဲ့ပါတယ်။ တိုက်ခိုက် တဲ့နေ ရာမှာ အသုံးပြုတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ပုံ နည်းဗြူဟာတွေဟာလည်း ပိုခေတ်မှီ ဆန်းပြား လာမယ့် အပြင် တိုက်ခိုက်မှုတွေလည်း ပိုများလာလိမ့်မယ်လို့ ကျွမ်းကျင်သူတချို့က ယုံကြည်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Jim Randle သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေး ပါမယ်။
ဇန္န၀ါရီလ ၂၀ ရက်နေ့က နေ ရက် အတန်ကြာ ရပ်နားထားခဲ့ရတဲ့ ရှေးခေတ် ရခိုင်လှေကြီး တူးဖေါ်မူကို ဘင်္ဂလာဒေ ခ်ျ့နိုင်ငံ ရှေးဟောင်း သုတေ သန အဖွဲ့က မနေ့က ပြန်လည် စတင်လိုက်ပြီလို့ ဘင်္ဂ လာဒေခ်ျ့နိုင် ငံထုတ် The Daily Star သတင်း စာကြီးက ရေးသားဖေါ်ပြ ပါ တယ်။
လှေကြီးကို တူးဖေါ်ရန် ပြင်ဆင် နေကြစဉ်။ (ဓါတ်ပုံ- Star)
မောင်ရမ္မာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက် တလုံး မွတ်ဆ လင် ကယ်ဆယ်ရေး ဒုက္ခသည် စခန်းမှ ဒုက္ခ သည် ၁၂ ဦး ထွက်ပြေးသွားသည်ဟု သတင်း ရရှိ သည်။
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျောက်တစ်လုံးရှိ ဆားပြင်ကွင်း ဘင်္ဂါလီကယ်ဆယ်ရေးစခန်းမှ ထွက်ပြေး သွားကြခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ကုလသ မဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ မှာတော့ မကြာသေးခင်က လက်နက်ကို ပဋိပ က္ခတွေ ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။ လူ့အခွင့်အရေး အခြေအနေ တွေကို လေ့လာ အကဲခတ်ဖို့ ရောက်လာတဲ့ ခရီးစဉ်အတွင်း ကချင်ပြည် နယ်က အခြေအနေတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းနိုင်ပါ့မလား စိုးရိမ်မကင်း ဖြစ်တာတွေ လည်း ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထား ပါတယ်။
မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေ ခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် လုံခြုံရေး တပ်ဖွဲ့ ၀င် များ ၏ ပစ်ခတ်နှိမ်နှင်းမူကြောင့် လူအသေ အပျောက် များ ရှိပြီးနောက် ယခုအခါ ပုဒ်မ ၁၄၄ အရေးပေါ် ဥပဒေ ထုတ်ပြန် လိုက်ပြီ ဖြစ်ကြောင်း သိရ သည်။
သျှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့ သို့ ပြေးဆွဲ သည့် အမြန် ယာဉ်ငယ် ဗင်ကား သုံးစီး ထက် မနည်း ဓါးပြတိုက် ခံရကြောင်း ဒေသခံ များပြော ချက် အရ သိရသည်။
တောင်ကြီး- မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)