Wednesday, October 30, 2013

ဟိန္ဒားသတ္တုတွင်းအတွက် ဂျာမဏီက ယူထားသည့် အကြွေးပြန်ဆပ်ရမည်

Posted by drmyochit Wednesday, October 30, 2013, under | No comments

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက အနောက် ဂျာ မနီဆီကနေ ချေးယူထားတဲ့ ဂျာမနီမတ်ငွေ ၁၇ သန်းထဲက ငွေတွေ ပြန်ဆပ်ရဖို့ ကျန်ရှိနေတယ်လို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီက ပြောကြားလိုက်ပါတယ်။ မဆလ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် ချေးထားတဲ့ငွေတွေကို ပေးဆပ်ခဲ့ခြင်းမရှိဘဲ အခုမှ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေကို ပြန်ဆပ်ဖို့ သတ္တုတွင်း ၀န်ကြီးဌာနက တောင်းခံလာတဲ့အပေါ် မေးမြန်းရာကနေ...

ခေတ်သစ်ကျွန်သဘောက် အမည်ရှိ အလုပ်သမားများ အခြေအနေ အစီရင်ခံစာ ထုတ်ဝေ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၃၀။ Labour Rights Clinic (L.R.C) နှင့် အလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ စက်မှုဇုံ (၁၃)ခုမှ လုပ်ငန်းခွင်များသို့ စစ်တမ်းကောက်ယူထားသော ခေတ်သစ် ကျွန်သဘောက် အမည်ရှိ ရန်ကုန်စက်မှုဇုန် အတွင်းရှိ အလုပ်သမားများ အခြေအနေ (၂၀၁၂ – ၂၀၁၃ ) ကို Labour Rights Clinic (L.R.C) မှ ထုတ်ဝေ လိုက်သည်။ “ ဒီအစီရင်ခံစာကို ဘာလို့ထုတ်ဝေရတာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အသစ်ဝင်ရောက်လာမယ့် ရင်းနှီးမြှပ်နှံမှုတွေ၊ စီးပွါးရေး လုပ်ငန်းတွေ...

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို

Posted by drmyochit Wednesday, October 30, 2013, under | No comments

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။ လိုအပ်သောပစ္စည်းများ ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။ ပျားရည် (၄၀၀) ဂရမ်ရေ (၄)လီတာမျှရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး ပြုလုပ်နည်း အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။ အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက်...

လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ် ရန်ကုန်၊ အောက်တိုဘာလ ၂၉ ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။ အလုပ်ချိန်အဖြစ်...

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေး ပြန်လွှတ်

Posted by drmyochit Wednesday, October 30, 2013, under | No comments

အကျဉ်းသား ၂၁ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် ဂျေရုဆလင်မ်အနီး အနောက်ဘက်ကမ်းခြေရှိ အော့ဖ်ဖာအကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီပင် နောက်ထပ် အကျဉ်းသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက် အစ္စရေးအစိုးရသည် ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အမေရိကန်၏ ကြားဝင်ဆောင်ရွက်မှုရလဒ်အဖြစ် ပါလက်စတိုင်းအကျဉ်းသားများကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကျဉ်းသား...

စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့ အတည်ပြုရန် ခက်ခဲနေ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရ စုန်းမဆိုသော အယူအစွဲမျိုးသည် ယနေ့ခေတ်တွင် အမှန်တရားအဖြစ် လက်ခံနိုင်ရန် ခက်ခဲသွားသည့် ခေတ်နောက်ပြန်ဆွဲမှုမျိုးဟု ဝေဖန်ခံရမည့် အခြေအနေ ရှိနေသည်။ သို့သော်လည်း ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း...

ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်းနှင့် ဆက်စပ်နေသော အမျိုးသမီးများ အစာ မစားချင်သည့် ပြဿနာ

Posted by drmyochit Wednesday, October 30, 2013, under | No comments

အစာမစားလိုသည့် ပြဿနာ ကြုံတွေ့ရတဲ့ မိခင်လောင်းများဟာ ကလေးရနိုင်ချေနည်း တဲ့အပြင် မျိုးဆက် ပွားကျန်းမာရေးပြဿနာတွေနဲ့လဲ ကြုံတွေ့ရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထား ပါတယ်။ လေ့လာမှုမှာ အစာမစားလိုတဲ့ အခြေအနေ(anorexia)ကိုကြုံတွေ့ နေရတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အစား စားသုံးသူများထက် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းစတဲ့ အခြေအနေတွေကိုပိုပြီး ကြုံတွေ့ရ နိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစာမစားတဲ့ရောဂါ (bulimia) ရောဂါရှင် တွေဟာလဲ...

တက်တူးနဲ့ဆေးမှင်သာ သေရင်ကိုယ့်နောက် ပါလာမှာလို့ ထင်နေကြသူတွေ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ခန္ဓာကိုယ် အရေပြားအပေါ်ယံလွှာကို ဖောက်ထွင်း၍ မော်တာတပ်ထားသည့် အပ်ဖျားလေးက တဒီဒီမြည် ကာ ကြိုတင် ရေးခြယ် ထားသည့် လမ်းကြောင်းအတိုင်း ပြေးလွှားကစားနေသည်။ ထိုအပ်ဖျားလေးပြေးလွှားနေသည့် အရေပြားပိုင်ရှင်မှာ အသက် ၂၂ နှစ်ဝန်းကျင်ခန့်ရှိ လူငယ်ကတော့ တစ်ချက်လေး မှ ညည်းငြူသံမထွက်ပဲ တစ်ချက်တစ်ချက်တွန့် သွားယုံမှလွဲ၍ သင်ဖြူးဖြာပေါ်တွင် မှောက် လျက်...  ခံစားနေရသည့် နာကျင်မှုကိုကြိတ်မှိတ်ထားရ၍ပဲလား သောက်ထားသည့် ယမကာရှိန်ကြောင့်လား မသိ အံကြိတ် ထားသည့် မျက်နှာကတော့...

ငိုပြရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည့် မိုင်လီ

Posted by drmyochit Wednesday, October 30, 2013, under | No comments

သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည် မိုင်လီဆိုင်းရပ်စ်က သူမအနေဖြင့် ကိုယ်ရေး ဒုက္ခများကို လူအများရှေ့ ဖွင့်ဟပြောပြီး ငိုကြွေးနေရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည်ဟု ပြောဆိုလိုက်သည်။ သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။...

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ SMS ပို့ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုနိုင်တော့မည်

Posted by drmyochit Wednesday, October 30, 2013, under | No comments

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ပြည် တွင်းမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၂ဝကို  SMS (စာတို)စနစ် ပေးပို့ခြင်းနှင့် ဖုန်းပြောဆိုခြင်းများ လုပ်ဆောင် နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ယင်းစနစ်ကို အွန်လိုင်းမှ တစ်ဆင့် ယခုနှစ်အတွင်းအသုံး ပြုနိုင် ရန် စီ စဉ်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများသာမက ပြည်တွင်းအ ချင်းချင်းပါ သုံးစွဲနိုင်ရန်ဆောင် ရွက်ထားခြင်းဖြစ်ပြီး ပြည်တွင်း SMS တစ်စောင်ပေးပို့ခြင်းကို ကျပ်၃၀၊ ပြည်ပနိုင်ငံများကို ကျပ် ၅ဝသတ်မှတ်ထားပြီး ဖုန်းခေါ်ဆို ခြင်းကို...

ကိုယ်ပိုင်အလင်း ရှာဖွေထားရသည့် မြို့ကလေး

Posted by drmyochit Wednesday, October 30, 2013, under | No comments

မြို့၏ တည်နေပုံ အနေအထားက တောင်စောင်းများ ပတ်လည် ဝန်းရံထားပြီး နေရောင်ခြည် တိုက်ရိုက်ကျရောက်မှု အလွန်နည်းသည် နော်ဝေးနိုင်ငံမှ မြို့ငယ်လေး တစ်ခုဖြစ်သည့် ရက်ဂ်ျကူကန်သည် ပထဝီ အနေအထားအရ ထူးထူးခြားခြား တည်ရှိနေသည့် အလင်းပျောက် ရပ်ဝန်းလေး တစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း မြို့သူ မြို့သားများက ကိုယ်ပိုင် အလင်းကို ခေတ်မီ နည်းပညာများဖြင့် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။ ရက်ဂ်ျကူကန်သည် မြို့တော် အော်စလိုမှ အနောက်ဘက် ကီလိုမီတာ (၁၆၀) အကွာတွင် တည်ရှိပြီး လူဦးရေ (၃၅၀၀)မျှသာ...

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၂၉ ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့် ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာ တတ်ကျွမ်း သည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။  ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင်...

အိုင်တီခေတ်မှာ မိုဘိုင်းဖုန်းများအတွက် မြန်မာမှုပြုခြင်း

Posted by drmyochit Wednesday, October 30, 2013, under | No comments

မြန်မာလို အစအဆုံး သုံးနိုင်သည် ဆိုတဲ့ ကြော်ငြာ မကြာခဏ တွေ့ဖူးကြမယ် ထင်ပါတယ်။ မိုဘိုင်းဖုန်း၊ စမတ်ဖုန်းကြော်ငြာတွေမှာ ရေးထားတာပါ။ ဖုန်းတွေထဲ မြန်မာစာစနစ်ကို ထည့်တဲ့ ပထမဆုံး မိုဘိုင်းဖုန်းဟာ JAS ဖြစ်ဖွယ် ရှိပါတယ်။ အခုဆိုရင် ဒီလမ်းကြောင်းကို လိုက်သူ ရှိလာပါပြီ။ မြန်မာပြည်ဈေးကွက်ထဲက နောက်ဆုံးပေါ် ဆမ်ဆောင်းဖုန်းတွေမှာလည်း မြန်မာစာစနစ် ထည့်ထားပါတယ်။ မြန်မာစာစနစ် ဆိုတာက ဖောင့်၊ ယူနီကုတ်ထဲ ထည့်တာတခုတည်း မဟုတ်ပါဘူး။ တယ်လီဖုန်း ဆက်တင် (setting) ထဲ ၀င်ပြီး...

သြစီကို ကျောင်းလာတက်တဲ့ အိန္ဒိယ ကျောင်းသားဦးရေ လျော့နည်းလာ

Posted by drmyochit Wednesday, October 30, 2013, under | No comments

သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေတဲ့ အိန္ဒိယနိုင်ငံက ကျောင်းသားတချို့ တိုက်ခိုက်ခံရပြီးနောက် ခုအခါမှာ အိန္ဒိယနိုင်ငံကနေ သြစတြေးလျနိုင်ငံမှာ လာရောက်ပညာသင်ယူနေတဲ့ ကျောင်းသားဦးရေး သိသိသာသာ လျော့ကျနေပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံက ကျောင်းသားအယောက်ပေါင်း ၂၄၀၀၀ ကျော်သာ သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေပြီး ဒါဟာ ခါတိုင်းနှစ်နဲ့ ယှဉ်ရင် ၂၆% လျော့နည်းလာတာ ဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံက ကျောင်းသားတွေ သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားမှု...

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး သုံးခုတွင် မူးယစ်ဆေးဝါးများ အများဆုံး ဖမ်းမိ

Posted by drmyochit Wednesday, October 30, 2013, under | No comments

မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသုံးခုတွင် ဖမ်းဆီးစစ်ဆေး အရေးယူနေသည့် အမှုများ အနက် မူးယစ်ဆေးဝါး သယ်ဆောင်နေမှုကြောင့် အရေးယူနေရသည့် ဖြစ်စဉ်မှာ အများဆုံးဖြစ် ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်နေ၀င်းက အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် Daily Eleven သို့ ပြောကြားသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသုံးခုတွင် လေကြောင်းရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်နေမှုများကို အများဆုံး စစ်ဆေးတွေ့ရှိ...

မီတာခများ တိုးမြှင့်လိုက်သော်လည်း ဓာတ်အားပေးမှု ထူးမခြားနားဆိုပါက စက်မှုလုပ်ငန်းရှင်များ ပုဂ္ဂလိကနှင့်သာ လက်တွဲမည်

Posted by drmyochit Wednesday, October 30, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၂၉ အစိုးရမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည် ဆိုသော်လည်း စက်မှုလုပ်ငန်းများအတွက် အချိန်နှင့် ဓာတ်အား အပြည့်အဝ မပေးနိုင်ပါက ပုဂ္ဂလိက ဓာတ် အားပေးကုမ္ပဏီများနှင့် သာ ချိတ်ဆက်သွားတော့မည် ဖြစ် ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။ ”ဈေးနှုန်းကတော့ နိုင်ငံတကာ အဆင့်မီတက်လာပြီး ဝန်ဆောင်မှု အပိုင်းက တက်မလာဘူး ဆိုရင်တော့ မဖြစ်သင့်ဘူး” ဟု အထည်ချုပ်လုပ်ငန်း ရှင်တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။ ယင်းသို့ ဓာတ်အားခ တိုးမြှင့်လိုက် ခြင်းအပေါ် ဝေဖန်မှု ပြုလိုခြင်းမရှိသော် လည်း လက်ရှိ ဓာတ်အား မဂ္ဂါဝပ်နှုန်း နှင့်သာ ဆက်လက်ရရှိနေသည်ဆိုပါက...

Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ

Posted by drmyochit Wednesday, October 30, 2013, under | No comments

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ မနေ့တုန်းက SUV ကားတစင်းနဲ့ ၀င်တိုက်မိရာက မီးလောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ Xinjiang ဒေသက သံသယ ရှိသူ ၂ ယောက်ကို ရဲတွေက လိုက်လံ စုံစမ်းနေပါတယ်။ လူ ၅ ဦးသေဆုံးပြီး ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အာဏာ ပိုင်တွေ စုံစမ်းနေသလို၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတဲ့အကြောင်း တ ရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying...

လူနာက ဆရာဝန်ကို သတ်ဖြတ်ခဲ့သဖြင့် တရုတ်ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ

Posted by drmyochit Wednesday, October 30, 2013, under | No comments

[ Ref-AFP ၊ ပေကျင်း ၊ အောက်တိုဘာ ၂၉ ] တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ မှ ကျန်းမာရေးဝန်ထမ်းများသည် လွန်ခဲ့သောတနင်္လာနေ့တွင် လူနာ တစ်ဦးက ဆရာဝန်သုံးဦးကို တိုက် ခိုက်ခဲ့ခြင်းအပေါ် မကျေနပ်ကြ၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဆရာဝန်တစ်ဦးသေဆုံးခဲ့ပြီး နှစ် ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။ လီယန်အန်ကွမ် အမည်ရှိ အသက်၃၃နှစ်အရွယ် လူနာတစ်ဦးသည် အသေးစား နှာခေါင်းခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နောက် ရရှိလာသောရလဒ်ကို မကျေမ နပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၎င်းလူနာသည်...

အပျိုဖော်ဝင်စ အရွယ် မိန်းကလေးများ ဖတ်စေချင်ပါတယ်

Posted by drmyochit Wednesday, October 30, 2013, under | No comments

အာဟာရပြည့်လျှင် ရောဂါစင်၊ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ ဆိုသောခေါင်းစဉ်ဖြင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် ဟု ကျန်းမာရေးဝန်ကြီးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ သတ္တုတွင်းဝန်ကြီးဌာနတို့မှ ကြော်ငြာချက်အရ ကလေးသူငယ်များ အာဟာရပြည့်စွာ စားသောက်နိုင်ရေး သိမှတ်ဖွယ်ရာ အဖြာဖြာကို ရေးသားပြီးခဲ့ပါပြီ။ ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အားဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို...

လူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုး

Posted by drmyochit Wednesday, October 30, 2013, under | No comments

တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချားစရာ ကောင်း မှု ကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာ ဘာဝ ၁၀မျိုးကို ဖတ်ကြည့် ပါဦး။ အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံလိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို...

Huawei ဖုန်းကုမ္ပဏီကို သြစီ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်ဒေါသထွက်

Posted by drmyochit Wednesday, October 30, 2013, under | No comments

တရုတ်နိုင်ငံပိုင် ​Huawei ​တယ်လီဖုန်းကုမ္ပဏီကို ​သြစတြေးလျအစိုးရက ​သြစတြေးလျနိုင်ငံမှာ ​ဝင်ခွင့်မပေးတဲ့အပေါ် ​တရုတ်အစိုးရက ​ဝေဖန်မှု ​လုပ်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံမှာ ​အင်တာနက် ​မြန်နှုန်း ​ဒိထက်မက ​မြန်ဆန်ဖို့အတွက် ​အစိုးရက ​ကြိုးစားနေပြီး ​အဲဒီအတွက် ​နိုင်ငံတကာက ​ကုမ္ပဏီကြီးတွေကို ​ဝင်ခွင့် ​ပေးထားပေမယ့် ​တရုတ်ပိုင် ​ကုမ္ပဏီကို ​ဝင်ခွင့် ​ပိတ်ပင် ​ထားတာဖြစ်ပါတယ်။ ယခင် ​လေဘာ ​အစိုးရ ​ခေတ်တုန်းကလည်း ​တရုတ်တယ်လီဖုန်း ​ကုမ္ပဏီကို ​သြစတြေးလျနိုင်ငံထဲ...

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်

Posted by drmyochit Wednesday, October 30, 2013, under | No comments

ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ် လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။ နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်း...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်