ရန်ကုန် ၊ အောက်တိုဘာ ၂၉
ပြည် တွင်းမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၂ဝကို SMS (စာတို)စနစ် ပေးပို့ခြင်းနှင့် ဖုန်းပြောဆိုခြင်းများ လုပ်ဆောင် နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ယင်းစနစ်ကို အွန်လိုင်းမှ တစ်ဆင့် ယခုနှစ်အတွင်းအသုံး ပြုနိုင် ရန် စီ စဉ်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများသာမက ပြည်တွင်းအ ချင်းချင်းပါ သုံးစွဲနိုင်ရန်ဆောင် ရွက်ထားခြင်းဖြစ်ပြီး ပြည်တွင်း SMS တစ်စောင်ပေးပို့ခြင်းကို ကျပ်၃၀၊ ပြည်ပနိုင်ငံများကို ကျပ် ၅ဝသတ်မှတ်ထားပြီး ဖုန်းခေါ်ဆို ခြင်းကို မူ နိုင်ငံ အလိုက် ဈေးနှုန်း ကွာခြားမှုရှိသည်ဟု သိရသည်။
''ဒီဝက်ဘ်ဆိုက်ကနေ ဖုန်း ခေါ်လို့ရမယ်။ အက်စ်အမ်အက်စ် ပို့လို့ရမယ်။ ပုံစံကတော့ Skype လိုမျိုးပါ။ ပြည်ပခေါ်ဆိုခကိုတော့ အကြမ်းဖျင်း သတ်မှတ်ထားတာ မျိုးပဲရှိသေးတယ်။ ဥပမာ- စင် ကာပူနိုင်ငံဆိုရင် တစ်မိနစ်ရှစ်ကျပ် လောက်ပေါ့။ လိုင်းကောင်း ဖို့အ တွက်ကိုတော့ အဓိကပြင်ဆင် ထားတယ်''ဟု Myan Pay မှ တာ ဝန်ရှိသူ ဦးရန်နောင်စိုးက ပြော သည်။
အဆိုပါ စနစ်အား အသုံး ပြုနိုင်ရန်အတွက် အွန်လိုင်းတွင် စာရင်းပေးသွင်းထားရန် လိုအပ် ပြီး Myan Pay မှ ငွေဖြည့်ကတ် များကိုဝယ်ယူရမည်ဖြစ်ကာ ကျပ် ၁၀၀၀၊ ကျပ်၂ဝဝဝနှင့် ကျပ်၅၀၀၀ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
ဖူးပွင့်သော်
Yangon Media Group
0 comments:
Post a Comment