Wednesday, October 30, 2013

Huawei ဖုန်းကုမ္ပဏီကို သြစီ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်ဒေါသထွက်

Posted by drmyochit Wednesday, October 30, 2013, under | No comments



တရုတ်နိုင်ငံပိုင် ​Huawei ​တယ်လီဖုန်းကုမ္ပဏီကို ​သြစတြေးလျအစိုးရက ​သြစတြေးလျနိုင်ငံမှာ ​ဝင်ခွင့်မပေးတဲ့အပေါ် ​တရုတ်အစိုးရက ​ဝေဖန်မှု ​လုပ်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​အင်တာနက် ​မြန်နှုန်း ​ဒိထက်မက ​မြန်ဆန်ဖို့အတွက် ​အစိုးရက ​ကြိုးစားနေပြီး ​အဲဒီအတွက် ​နိုင်ငံတကာက ​ကုမ္ပဏီကြီးတွေကို ​ဝင်ခွင့် ​ပေးထားပေမယ့် ​တရုတ်ပိုင် ​ကုမ္ပဏီကို ​ဝင်ခွင့် ​ပိတ်ပင် ​ထားတာဖြစ်ပါတယ်။

ယခင် ​လေဘာ ​အစိုးရ ​ခေတ်တုန်းကလည်း ​တရုတ်တယ်လီဖုန်း ​ကုမ္ပဏီကို ​သြစတြေးလျနိုင်ငံထဲ ​ဝင်ခွင့်ပေးရင် ​သြစတြေးလျရဲ့ ​လုံခြုံရေးအတွက် ​စိတ်မချရဘူးဆိုပြီး ​ဝင်ခွင့် ​ပိတ်ပင်ခဲ့ပါတယ်။

အခု ​တက်လာတဲ့ ​လစ်ဘရယ် ​အစိုးရကပါ ​ထပ်မံ ​ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ​တရုတ်အစိုးရက ​အမျက်ဒေါသ ​ထွက်နေပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ ​နိုင်ငံတကာ ​ကုမ္ပဏီကို ​ဝင်ခွင့်ပေးထားသလို ​တရုတ်ကုမ္ပဏီကိုလည်း ​စီးပွားရေး ​ပြိုင်ဆိုင်ခွင့် ​ပေးသင့်တဲ့အကြောင်း ​နိုင်ငံရဲ့ ​လုံခြုံရေးကို ​အကြောင်းပြပြီး ​နှစ်နိုင်ငံကြား ​ကုန်သွယ်စီးပွားရေးကို ​ဝင်ရောက်စွက်ဖက်တာမျိုး ​မလုပ်သင့်ဘူးလို့ ​တရုတ်အစိုးရက ​ပြောလိုက်ပါတယ်။

အမေရိကန်ကလည်း ​အလားတူ ​သူတို့နိုင်ငံရဲ့ ​လုံခြုံရေးအတွက် ​တရုတ်နိုင်ငံပိုင် ​Huawei ​ဖုန်း ​ကုမ္ပဏီကို ​နိုင်ငံတွင်းမှာ ​လုပ်ငန်းလုပ်ခွင့် ​ပိတ်ပင်ထားပါတယ်။

Huawei ​ဖုန်းကုမ္ပဏီကို ​အသုံးချပြီး ​တရုတ်အစိုးရအနေနဲ့ ​ဖုန်းခိုးနားထောင်တာတွေ၊ ​ထောက်လှမ်းမှုတွေ ​လုပ်မှာကို ​စိုးရိမ်နေကြတာဖြစ်ပေမယ့် ​Huawei ​ကုမ္ပဏီကတော့ ​ဒီလို ​လုံခြုံရေးချိုးဖောက်မှုမျိုး ​တခါမှ ​မလုပ်ဖူးတဲ့အကြောင်း ​တုန့်ပြန်ထားပါတယ်။

မကြာခင်မှာ ​သြစတြေးလျနဲ့ ​တရုတ်နိုင်ငံတို့ ​ကုန်သွယ်ရေးကိစ္စ ​ဆွေးနွေးဖို့ရှိပြီး ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘယ်လို ​ဆွေးနွေးမယ်ဆိုတဲ့အပေါ် ​စိတ်ဝင်စားနေကြပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်