From :
ဒေါက်တာဆိပ်ဖွား
ဒီနေ့ သတင်းတွေမှာ The Voice Weekly နဲ့ Envoy ဂျာနယ်တွေအပိတ်ခံရတဲ့အကြောင်း သတင်းတွေ ဖတ်ရပါတယ် သာမန်အားဖြင့် ဒီလိုပိတ်တာကို ဆိတ်ဖွားလဲမကြိုက်ပါဘူး ဘာလို့လဲဆိုတော့ ဒီဂျာနယ်တွေဟာ လွတ်လွတ်လပ်လပ် နီးပါးလောက် ရေးခွင့်ရလာတာမကြာသေးလို့ပါဘဲ ၊ ဒီလိုမကြာသေးတော့ အကြောင်းအရာတစ်ခုပေါ်မှာ ရှုမြင်ပုံချင်းမတူဘူး တစ်ဘက်ကအမှန်ထင်တာကို တစ်ဘက်က အမှားထင်နေမယ် ဒီတော့ညှိနှိုင်းဆောင်ရွက် ရမဲ့အချိန်လို့ထင်ပါတယ် ဒီလိုအချိန်မှာ အပိတ်ခံရတယ်ဆိုတာမျိုးက တစ်ဘက်နဲ့ တစ်ဘက် ကြားမှာ ပဋိက္ခအသွင်ဆောင်လာရာကနေ တိုက်ကြခိုက်ကြ ဆိုမကောင်းဘူးပေါ့ ဒီတော့ ပြေပြေလည်လည်နဲ့ ပြီးကြစေချင် အသားကျသွားစေချင်ပါတယ် ။
ဘာလို့အပိတ်ခံရတာလည်းလို့မေးကြည့်တော့ "၀န်ကြီးငါးဦး အပြောင်းအလဲ ကိစ္စသတင်း " ကြောင့်လို့သိရပါတယ် ၊ စာပေစိစစ်ရေးဘက်ကို မေးကြည့်တော့ ဒီသတင်းမထည့်ဘို့ သက်ဆိုင်ရာဂျာနယ်တိုက်အသီသီးကို ကြိုတင်အကြောင်းကြားထားပါတယ်လို့ ဆိုပါတယ် ၊ ဒီလိုအကြောင်းကြားထားပါရက်နဲ့ မျက်နှာဖုံးမှာတင်ပြီး ထုတ်ခဲ့တဲ့အတွက် အရေးယူတာပါလို့ ပြောပါတယ် ။
ဒီလိုအရေးယူခဲ့တဲ့အတွက် သက်ဆိုင်ရာဂျာနယ်တွေက တာဝန်ရှိသူတွေဟာ စာပေစီစစ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ပြည်ပအသံလွှင့်ဌာနတွေ အပါအ၀င် လူမှုကွန်ယက်တွေကနေတစ်ဆင့် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ် ၊ တချို့အယ်ဒီတာတွေ သတင်းထောက်တွေဆိုရင် သူတို့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ ပြောင်ပြောင်တင်းတင်းပဲ ဆဲဆို စိန်ခေါ်နေတာကိုတွေ့ရပါတယ် ၊ ဒီအထဲမှာပါတဲ့စကားရပ်တစ်ခုက " သည်းခံတာ အတိုင်းအတာတစ်ခုပဲရှိတယ်ကွ " ဆိုတဲ့စကားဖြစ်တယ်၊ ဒီစကားကို ကျုပ်ဘ၀င်မကျပါဘူး ။
အစိုးရသစ်လက်ထက်မှာ ခုထုတ်နေတဲ့သတင်းဂျာနယ်တွေကနေ အစိုးရကိုချည်းပဲ ဆော်နေတာတွေ့ပါတယ် ၊ပြည်သူ့အသံအကြောင်းပြ ၊ လွတ်လပ်စွာပြောဆိုခွင့်အကြောင်းပြ ၊ စတုတ္ထမဏ္ဍိုင်အကြောင်းပြနဲ့ သူတို့ကချည်း အစိုးရနဲ့ တာဝန်ရှိသူတွေကို ဆော်နေတာတွေ့ပါတယ် ၊ တစ်ချို့မထိတထိရေးတယ် ၊ ဆော်တယ် ၊ တချို့ ပေါ်ပေါ်တင်တင်ဆော်တယ် ၊ အစိုးရက ဆော်ရတယ်လို့ကို မတွေ့ပါဘူး ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ တကယ်သည်းခံနေရတာက အစိုးရပါ ၊ မောင်ရင်တို့ ဘာမှသည်းခံမနေရပါဘူး ၊ ဒီခေတ်မှာမှ စောင်ရေတွေတက်ပြီး အပတ်စဉ် သန်းနဲ့ချီပြီးဝင်ငွေတွေရနေကြတာ လူတိုင်းသိပါတယ် ဒီလိုသည်းခံမှုမျိုးကိုယ်တော့ ဆိတ်ဖွားလဲသည်းခံလိုက်ချင်ပါတယ် ။