Press TV.com;July-30(Mon)
ဆော်ဒီ အာရေဗျ နိုင်ငံ အနေဖြင့်
စစ်သုံး ယာဉ်များ ဝယ်ယူရန် စိတ်ဝင် စားကြောင်း ဖော်ပြခဲ့ ပြီးနောက် တစ်လ အကြာတွင် ကာတာနိုင်ငံ
အနေဖြင့် ဂျာမနီ နိုင်ငံမှ Leopard Z တိုက်ပွဲဝင်
တင့်ကားများ ဝယ်ယူရန် ကမ်းလှမ်း ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြခဲ့ ပါသည်။
ယူရို ၂ ဘီလီယံ (အမေ ရိကန် ဒေါ်လာ ၂.၄၆ ဘီလီယံ) တန်ဘိုးရှိ အဆိုပါ တိုက်ပွဲဝင် တင့်ကား
အစီး ၂ဝဝ ခန့်အား ဝယ်ယူရန် ကာတာ နိုင်ငံက ပြောကြား ခဲ့ကြောင်း ဂျာမနီ အပတ် စဉ်ထုတ်
Der Spiegel မဂ္ဂဇင်းမှ တာဝန်ခံ ဒိုဟာက ဇူလိုင်လ ၂၉ ရက်နေ့တွင်
ပြောကြားခဲ့ ပါသည်။ ဂျာမနီ ကာကွယ်ရေး ကုမ္ပဏီ Krauss-Maffei Wegmam မှ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့သည်
သဘော တူညီချက် တစ်ရပ် ရေးဆွဲရန် အတွက် ကာတာ နိုင်ငံသို့ သွားရောက် ခဲ့ကြောင်း၊ ဂျာမနီ
ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် အနေဖြင့်လည်း ထိုသို့ ရောင်းချ မှုအား လက်ခံ ခဲ့ကြောင်း
၎င်းမဂ္ဂဇင်း မှ ဖော်ပြခဲ့ ပါသည်။
ကာတာ နိုင်ငံသို့ အမျိုး
မျိုးသော လက်နက်များ ဂရင်း တိုးမြှင့်ရောင်း ချခြင်းအား ဆန့်ကျင်ကြောင်း အတိုက် အခံ
ပါတီမှ ဝါရင့် နိုင်ငံရေး သမား Volker Beck က
ပြောကြားခဲ့ ပါသည်။ ဇွန်လ အတွင်းက ဆော်ဒီ အာရေဗျ နိုင်ငံ မှလည်း ယူရို ၁ဝ ဘီလီယံ (အမေ
ရိကန် ဒေါ်လာ ၁၂.၃၁ ဘီလီယံ) တန်ဘိုးရှိ Leopard Z တင့်ကား ၆ဝဝ စီးမှ ၈ဝဝ စီးအကြား ဝယ်ယူရန် စိတ်ဝင်စား
လျက်ရှိကြောင်း ဖော်ပြခဲ့ ပါသည်။ အာဖရိ ကမြောက်ပိုင်း နှင့် အရှေ့ အလယ် ပိုင်းတွင်
ငြိမ်းချမ်းစွာ ဆန္ဒပြမှု များအား နှိမ်နင်းရာတွင် ဂျာမနီ နိုင်ငံလုပ် လက်နက် ငယ်များ၊
ခဲယမ်း မီးကျောက်နှင့် စစ်ဘက်ဆိုင်ရာ ယာဉ်များအား အသုံးပြု ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း
ချမ်းသာခွင့် အဖွဲ့၏ ထုတ်ပြန် ချက်အရ သိရှိရ ပါသည်။
0 comments:
Post a Comment