Wednesday, August 01, 2012

သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သည် ဖီဂျီနိုင်ငံနှင့် သံတမန်ဆက်ဆံမှုပြန်လည်ပြုလုပ်ခဲ့ခြင်း

Posted by drmyochit Wednesday, August 01, 2012, under | No comments

CNA.com;July-30(Mon)
၂ဝဝ၉ ခုနှစ်တွင် သံတမန် များအား အပြန် အလှန် နှင်ထုတ်မှု ပြုလုပ်ခဲ့ ချိန်မှစ၍ သံတမန် ဆက်ဆံ ရေးအား ဆိုင်းငံ့ ခဲ့ရာ လက်ရှိ အချိန်တွင် စက်ဘက်မှ အုပ်ချုပ် လျက်ရှိသော ဖီဂျီ နိုင်ငံနှင့် သံတမန် ဆက်ဆံရေး အပြည့်အဝ ပြုလုပ်ရန် သြစ တြေးလျနှင့် နယူးဇီလန် နိုင်ငံ တို့က ဇူလိုင်လ ၃ဝ ရက်နေ့တွင် သဘော တူညီခဲ့ ပါသည်။ သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့တွင် သြစ တြေးလျနှင့် ဖီဂျီ နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ဖြစ်သော Murray McCully  နှင့် Ratu Inoke Kubuabola တို့နှင့် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် အထက်ပါ သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ်တွင် ဖီဂျီ နိုင်ငံ၌ ဒီမို ကရေစီ ရွေးကောက်ပွဲများ ကျင်းပရေး အတွက် ဆောင်ရွက်မှု အခြေ အနေများကို ဖီဂျီ နိုင်ငံခြားရေး ဝန်ကြီး Ratu Inoke Kubuabola  တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်စဉ် ရှင်းလင်း ပြောကြားခဲ့ ပါသည်။
၎င်း ဆွေးနွေးပွဲ၏ အကျိုးဆက် အနေဖြင့် ၃ နိုင်ငံ စလုံးက သံတမန် ဆက်ဆံမှု ပြန်လည် ပြုလုပ်ရန် သဘော တူညီ ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Carr ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က AFP  သတင်း  ဌာနသို့ ပြောကြားခဲ့ ပါသည်။ ဖီဂျီ နိုင်ငံ၏ တရားရေး ကိစ္စများတွင် သြစ တြေးလျနှင့် နယူးဇီလန် နိုင်ငံတို့မှ ကော်မရှင် နာများက စွက်ဖက်မှု ပြုလုပ်ကြောင်း စွပ်စွဲကာ ဖီဂျီ အစိုးရက ၄င်းတို့အား နှင်ထုတ်ခဲ့ပြီး တစ်ရက် အကြာတွင် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာ လအတွင်း သြစ တြေးလျနှင့် နယူး ဇီလန်တို့ ကလည်း ဖီဂျီ သံတမန်များကို နှင်ထုတ် ခဲ့ချိန်မှ စ၍ သံတမန် ဆက်ဆံရေး ပဋိပက္ခ ဖြစ်ပေါ်ခဲ့ ပါသည်။ ဆယ်စုနှစ် ၂ ခုအတွင်း ဖီဂျီ နိုင်ငံ၌ စတုတ္ထ အကြိမ် မြောက် အာဏာ သိမ်းမှုအဖြစ် ၂ဝဝ၆ ခုနှစ် အတွင်း လူထုမှ ရွေးချယ် ထားသော အစိုးရအား ဖြုတ်ချကာ အာဏာ ရယူခဲ့သော ဖီဂျီ စစ်ခေါင်းဆောင် Voreqe Bainimarama  အား သြစ တြေးလျနှင့် နယူးဇီလန် နိုင်ငံ တို့က ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ ပါသည်။ ဖီဂျီတွင် အကျင့်ပျက် ခြစားမှုအား အမြစ် ဖြတ်ရန်နှင့် ပြည်သူများ အကြား အမြစ်တွယ် နေသော လူမျိုးရေး မညီမျှမှု များအား အဆုံးသတ် စေမည်ဟု ဖီဂျီ စစ်ခေါင်းဆောင် Bainimarama  က ကတိပြုခဲ့ သော်လည်း ၂ဝဝ၉ ခုနှစ်တွင် ရွေးကောက်ပွဲ များပြုလုပ် ပေးရန် ကတိအား ပျက်ကွက်ခဲ့ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်