Wednesday, August 01, 2012

ရုရှား ရေတပ်မတော်နေ့အထိမ်းအမှတ် ရေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်း

Posted by drmyochit Wednesday, August 01, 2012, under | No comments

NHK.or.jp.com;July-30(Mon)
ရုရှား၏ ပစိဖိတ် ရေယာဉ်စုသည် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျရောက်သော ရုရှား ရေတပ်မတော် နေ့၌ ၄င်းတို့၏ စွမ်းရည်အား ပြသသည့် စစ်ရေး လေ့ကျင့်ခန်း တစ်ခုအား  Vladivostok တွင်ပြုလုပ်ခဲ့ ပါသည်။ အဆိုပါ စစ်ရေးပြ အခမ်းအနားသို့ ရေတပ် တပ်ဖွဲ့ဝင် ၂,ဝဝဝ ကျော်နှင့် ၄င်းတို့၏ မိသားစု ဝင်များ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း၌ ဒုံးပျံတင် ခရူဇာ စစ်သင်္ဘော များနှင့် ဒီဇယ် စွမ်းအင်သုံး ရေငုပ် သင်္ဘောများ ပါဝင်ခဲ့ပြီး စစ်ရေယာဉ် ၁ဝ စီးမှ တော်ပီဒို ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ ပါသည်။ ထို့ပြင် အကြမ်းဖက် အဖွဲ့ အစည်းများ နှိမ်နင်းရန် အတွက် ရန်သူ့ နယ်မြေအတွင်း ဆင်းသက် ဝင်ရောက်၍ စစ်ဆင်ရေး ပြုလုပ်သည့် ပုံစံ နမူနာ လေ့ကျင့် ခန်းများကိုလည်း ရေတပ် ကွန်မန်ဒို တပ်ဖွဲ့ ဝင်များဖြင့် စမ်းသပ် လေ့ကျင့်ခဲ့ ပါသည်။ ထို့ပြင် ရုရှား အစဉ်အလာ ကိုယ်ခံပညာ စွမ်းရည် ပြကွက်များကို စစ်သည် တို့အား ပြသ ပေးခဲ့ကြောင်း သိရှိရ ပါသည်။
ပစိဖိတ် သမုဒ္ဒရာ အတွင်း အမေရိကန်နှင့် တရုတ် နိုင်ငံတို့၏ စစ်အင်အား ကြီးထွား လာမှုကို တုံ့ပြန်ရန် အတွက် ရုရှား နိုင်ငံသည် အဆိုပါ ပစိဖိတ် စစ်ရေယာဉ် စုအား မကြာသေးမီ နှစ်များ အတွင်း၌ စစ်အင်အား တိုးမြှင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ပါသည်။ ရုရှား ပစိဖိတ် ရေယာဉ်စု၌ ခေတ်အမီဆုံး နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောများနှင့် ကုန်းရေ နှစ်သွယ်သွား တိုက်ခိုက်ရေး သင်္ဘောများအား ထပ်မံ ဖြည့်တင်းရန် စီစဉ် ထားကြောင်း သိရှိရ ပါသည်။ ရုရှား နိုင်ငံသည် တရုတ် နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြီးခဲ့သော ဧပြီလ အတွင်းက ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်