Wednesday, August 01, 2012

အမေရိကန်-ရုရှားဆက်ဆံရေးသည် ကောင်းမွန်လျက်ရှိကြောင်း ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်က ပြောကြားခဲ့ခြင်း

Posted by drmyochit Wednesday, August 01, 2012, under | No comments


RIA.Novosti.com;July-30(Mon)
အမေ ရိကန် နိုင်ငံ၏ ရုရှား နိုင်ငံ နယ်စပ် အနီး၌ ဒုံးပျံ ကာကွယ်ရေး စနစ်များ ချထားရေး အစီ အစဉ်များ အပါအဝင် မကြာသေး မီက ဖြစ်ပွားခဲ့သော ကိစ္စ ရပ်များနှင့် ပတ်သက်၍ အမေရိကန်-ရုရှား ဆက်ဆံ ရေးသည် ဆိုးရွား လာသည် ဆိုသည့် စွပ်စွဲ ပြောကြားချက် များအား ရုရှား ဝန်ကြီးချုပ် ဒီမီ ထရီမက် ဗီဒက်ဗ်က ပယ်ချ ခဲ့ပါသည်။ အမေရိကန် - ရုရှား ဆက်ဆံရေး သမိုင်း ကြောင်းသည် လွန်ခဲ့သည့် နှစ်အနည်း ငယ်အတွင်း ၌ အကျိုး ဖစ်ထွန်းခဲ့ သည်ဟု မိမိ အနေဖြင့် ယုံကြည်ကြောင်း မက်ဗီ ဒက်ဗ်က လန်ဒန်မြို့ ၌ Times သတင်း ဌာနနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်း၌ ပြောကြားခဲ့ ပါသည်။ မက်ဗီ ဒက်ဗ်သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော အိုလံပစ် အားကစား ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ရန် အတွက် လန်ဒန်သို့ ရောက်ရှိ နေခြင်းဖြစ် ပါသည်။  အထက်ပါ တွေ့ဆုံ မေးမြန်းခန်းအား  Times    သတင်း ဌာနက ဇူလိုင်လ ၃ဝ ရက်နေ့တွင် ထုတ်ပြန် ခဲ့ခြင်းဖြစ် ပါသည်။ နှစ်ပေါင်း ၁၈ နှစ်ကြာ ခက်ခဲ ရှုပ်ထွေးသော ဆွေးနွေး ပွဲများ ပြုလုပ်ပြီးနောက် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization-WTO) သို့ ရုရှား နိုင်ငံ ဝင်ရောက် နိုင်ရေးနှင့် ပတ်သက်၍ အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ကူညီမှု များအား ၄င်းမှ ကြိုဆို ဂုဏ်ပြုခဲ့ ပါသည်။ သက်ဆိုင်ရာ စာချုပ်မူ ကြမ်းများအား ရုရှား သမ္မတ ဗလာဒီ မာပူတင်မှ လက်မှတ် ရေးထိုး ခဲ့ပြီးနောက် ရုရှား နိုင်ငံသည် ဇူလိုင်လ ၂၁ ရက် နေ့တွင် WTO သို့ တရားဝင် ဝင်ရောက် ခဲ့ပြီး ၁၅၄ နိုင်ငံ မြောက် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့ ပါသည်။
အမေ ရိကန်၏ ဥရောပ ဒုံးပျံ ကာကွယ်ရေး စနစ်ချ ထားရေး အစီ အစဉ်များ အပါ အဝင် အမျိုး မျိုးသော ကိစ္စရပ် များ၌ အမေ ရိကန်နှင့် ရုရှားတို့ အကြား သဘောထား ကွဲပြား နေသည်ကို မက်ဗီ ဒက်ဗ်က ဝန်ခံခဲ့ ပါသည်။ ဒုံးပျံ ကာကွယ်ရေး ကိစ္စနှင့် ပတ်သက်၍ ကွဲပြား မှုများအပြင် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာ ရီကလင် တန်နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ရော့ဗ်တို့ အကြား ဆီးရီးယား နိုင်ငံတွင်း အကြမ်း ဖက်မှုများ ဆက်လက် ဖြစ်ပွားနေ မှုနှင့်ပတ်သက်၍ အပြစ် လွှဲချမှု များနှင့် အတူ ဆီးရီးယား နိုင်ငံ အပေါ် အခြေခံ တူညီမှုအား ရှာဖွေရန် မအောင် မမြင် ဖြစ်ခဲ့ ပါသည်။ နှစ်နိုင်ငံ ဆက်ဆံ ရေး၏ အဓိက အတား အဆီးမှာ အမေ ရိကန် ကွန်ဂရက် ၌ ထည့်သွင်း စဉ်းစား ရမည့် အချက်သည်  လက်ရှိ  Magnitsky  ဥပဒေ ပင်ဖြစ်သည်။ ၄င်း ဥပဒေသည် လူ့အခွင့် အရေးချိုး ဖောက်သူများ အတွက် တုံ့ပြန်ရာ၌ ရုရှားနှင့် အခြား ပြည်ပ အရာရှိ များအား ခရီးသွား လာခွင့် ပိတ်ပင် ရန်အဆို ပြုထားပြီး ရုရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက် ရေးရှေ့နေ Sergei Magnitsky မှ ရေးဆွဲ ထားပါသည်။ အမေ ရိကန် နိုင်ငံ အနေဖြင့် အဆိုပါ ဥပဒေသည် လိုအပ်ခြင်း မရှိဟု သုံးသပ် ထားကြောင်း အမေ ရိကန် သံအ မတ်ကြီး  Michael Mcfaul က ရုရှား Gazeta.ru ဝဘ်ဆိုဒ်တွင် ယခင် သီတင်း ပတ်က ဖော်ပြ ခဲ့ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်