
အချိန်ကား ည ၁၁ နာရီ ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်တွင် ဝိုင်းစက် ပြည့်ဝန်းသော သော်တာလမင်းထံမှ လရောင်နှင့် ထွန်းထားသော မီးလုံးတို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်လျက် ရှိသည်။
“အခုကျွေးမွေးတဲ့ အစားအစာတွေ ကို မကျွတ်မလွတ်သေးသောသူ အားလုံး လွတ်လွတ်လပ်လပ် လာရောက်စားသောက် နိုင်ပါတယ်” ဟူ၍ ဆရာတော်တစ်ပါး၏ မိုက်ဖြင့် ပြောလိုက်သံ ဟိန်းထွက်လာသည်။
ထိုသို့ပြောပြီး ခဏအကြာတွင် စက္ကူနှင့် ထုပ်ထားသော အထုပ်များကို အရောင်စုံ အုတ်ဂူများအပေါ် တင်လိုက်ကြကာ ကျွေးမွေးမှု...