Saturday, October 26, 2013

သီပေါမြို့နယ်အတွက် GSM ဖုန်း (၅၀၀)ရမည်ဟုဆို

Posted by drmyochit Saturday, October 26, 2013, under | No comments


သီပေါ၊ အောက်တိုဘာ ၂၆။

သီပေါမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ထပ်မံချပေးရာ အောက်တိုဘာလအတွက် ခွဲတမ်းမှာ GSM များသာ ပါရှိကြောင်း သိရှိရသည်။ အဆိုပါဖုန်းကတ်များအား သီပေါမြို့ပေါ် ရပ်ကွက် (၁၁)ခုနှင့် ကျေးရွာ (၇)အုပ်စုလုံးအား မဲနိုက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

“လျှောက်လွှာတွေကတော့ အရင်တုံးက လျှောက်တဲ့ လျှောက်လွှာတွေနဲ့ပဲ လက်ခံထားပါတယ်။ (၂၆)ရက်နေ့မှာ မဲနိုက်ပေးမှာပါ” ဟု သီပေါမြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဌမှ ပြောသည်။

ယင်းသို့ချထားပေးရာတွင် ခွဲတမ်းရရှိသည့် အရေအတွက်(၅၀၀)မှာ (၂၀%)မှာ ဌာနဆိုင်ရာ ၀န်ထမ်းခွဲတမ်းအဖြစ် သတ်မှတ် ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် အရေအတွက်ကို လျှောက်ထားသူများအား မဲနိုက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

“ဌာနဆိုင်ရာခွဲတမ်းကတော့ အမြဲတမ်းပါတယ်။ အချို့ဆိုရင် အခုထိ မဲမပေါက်သေးဘူး။ ဆယ်တန်းစာမေးပွဲ ဖြေသလိုဘဲ ကျနော်ကတော့ သွားကိုမသွားတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

သီပေါမြို့အတွင်း ဖုန်းများ ချထားပေးနိုင်ရန်အတွက် အောက်တိုဘာလ (၂၃)ရက်နေ့တွင် စီစဉ်ထားသော်လည်း သီပေါမြို့၏ အထင်ကရ ဆွမ်းလောင်းပွဲ နှင့် တိုက်ဆိုင်နေသောကြောင့် စက်တင်ဘာလ (၂၆)ရက်နေ့သို့ ပြောင်းရွှေ့ လိုက်ရခြင်းဖြစ်ကြောင်း သီပေါမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်