Tuesday, August 28, 2012

မြန်မာ လွှတ်တော်ကို စားလှယ်များ ထိုင်းပါလီ မန်သို့ သွားရောက်လေ့လာ

Posted by drmyochit Tuesday, August 28, 2012, under | No comments



 ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင် အချို့ဟာ ဒီကနေ့ မနက်ပိုင်းက ထိုင်းပါလီမန်ကို သွားရောက်လေ့လာခဲ့ကြပါတယ်၊ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ တိုင်းရင်းသားပါတီတချို့နဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) တို့က အဖွဲ့ဝင်(၂၂)ဦး ပါဝင်တဲ့လေ့ လာရေး အဖွဲ့ဟာ ဒီကနေ့မနက် ထိုင်းပါလီမန်ကျင်းပပုံကို သွားရောက်ေ လ့လာခဲ့ရာမှာ ထိုင်းအမတ်တွေအနေနဲ့ လွပ်လပ်မှု အများကြီး ရှိတယ်လို့ ပြောဆိုကြပါတယ်။
လွှတ်တော်ကျင်းပရာ ခန်းမဆောင်အပါအဝင် အဆောက်အဦးတွေ အကုန်လုံးမှာ အသံချဲ့စက်နဲ့ ရုပ်မြင် သံကြား စက်တွေ တပ်ဆင်ထားတဲ့ အတွက် လွှတ်တော်တွင်းဆွေးနွေးတာတွေကို မည်သည့်နေရာကမဆို ကြားနိုင်ပြီး အမတ်တွေကလည်း အင်တာနက်သုံးပြီး ကိုယ်ပြင်ဆင်စရာ ရှိတာတွေကို လွပ်လပ်စွာပြင် ဆင်နိုင်တယ်လို့ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)ရဲ့ ချောင်းဆုံမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော် အမတ် ဦးအောင်နိုင်ဦးက ပြောပါတယ်၊သူတို့သွားရောက်လေ့လာခဲ့တာနဲ့ပတ်သက်လို့လည်း အခုလိုဆက်ပြောပါတယ်။ “အဓိက ဒီ program မှာ ကျနော်တို့ သင်နေတဲ့အပိုင်းကတော့ Decentralization ပေါ့နော်။ အောက်ခြေ local government ကနေပြီးတော့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာတွေ ဘယ်လိုလုပ်သွားရသလဲဆိုတဲ့ program လေးကို သူတို့ဦးစားပေး သင်နေတာ၊ အဲဒီတော့ ကျနော်တို့ အခုသွားလေ့လာ  တဲ့ နေရာတွေကလည်း အဲဒါကိုပဲ၊ ကျနော်တို့ကလည်း
နောက်ပြီးတော့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေတဲ့အတွက် တကယ့်ပြည်နယ်အဆင့်နဲ့ ဗဟိုအဆင့်နဲ့ ဘယ် လိုကွဲပြားတဲ့စနစ်လေးတွေနဲ့ သူတို့အုပ်ချုပ်တယ်၊ ဘယ်လိုဖန်တီးတယ်၊ လွှတ်တော် အခင်းအကျင်းတွေ အဲဒါကို အဓိက ထားပြီးတော့ လေ့လာရတာပေါ့”ဒီကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန ကနဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့တို့က ပူးပေါင်းကျင်းပတဲ့ ဒေသန္တရ အုပ်ချုပ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အစီအစဉ် (Local Governance and Economic Development Program) ကို တက်ရောက်နေကြတာဖြစ်ပါတယ်၊
ဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က အစီအစဉ် ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးအောင်အောင်ကတော့ RFA ကို အခုလိုပြောပါတယ်။
“ကျနော်တို့သင်တန်းက သူတို့ကိုခေါ်တဲ့ ရည်ရွယ်ချက်ကလည်း ဒေသန္တရဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပတ်သက်တာတွေ သိဖို့နဲ့ ဒီမှာရှိတဲ့ ထိုင်းအစိုးရရဲ့ ပြည်သူ့လွှတ်တော် ဖွဲ့စည်းမှု၊ ငွေရေးကြေးရေးဆိုင်ရာ စီမံခန့်ခွဲမှု ဒီအကြောင်းတွေ သူတို့လေ့လာလို့ရအောင် ခေါ်တဲ့သဘောပါပဲ”ထိုင်းပါလီမန်လို ကော်မတီတွေ၊ အခန်းတွေ ဖွဲ့စည်းမှုနဲ့ လွပ်လပ်မှုအရာမှာ မြန်မာပြည်က ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ အနည်းငယ် ရှိပေမယ့် ပြည်နယ်လွှတ်တော်တွေမှာ ဒီအဆင့်ရောက်ဖို့ ကြိုးစားရဦးမှာ ဖြစ်တယ် လို့လည်း ဦးအောင်နိုင်ဦးက ပြောပါတယ်။
အဆိုပါ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေဟာ မနက်ဖြန်မှာတော့ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးဌာနကို သွားရောက်လေ့လာမှာ ဖြစ်ပြီး စက်တင်ဘာလဆန်း ပိုင်းမှာ  မြန်မာပြည် ကို ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်