Tuesday, August 28, 2012

မြန်မာကို ခြိမ်းခြောက်ခဲ့တဲ့ တာလီဘန်ခေါင်းဆောင် ဒုံးကျည်မှန်

Posted by drmyochit Tuesday, August 28, 2012, under | No comments



မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည်ထိ မှန်သေဆုံးဆုံး ခဲ့သည်ဟု နေတိုးက အတည်ပြုပြောကြား လိုက်သည်။ကူနာပြည်နယ် ရှီ ဂယ် ခရိုင်အ တွင်း ပြုလုပ် ခဲ့သော လေကြောင်း တိုက် ခိုက် မှုကြောင့် အဆိုပါ တာလီဘန်ေ ခါင်းဆောင် မော်လ ၀ီဒါဒူလာရှ်မှာ သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အလောင်း အား ရရှိပြီဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ မှ အတည်ပြုပြောကြား သည်။ မောင်းသူမဲ့ လေယာဉ်မှ ဒုံးကျည်ဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အခြား အရပ်သားများနှင့် အဆောက်အဦးများ ထိခိုက်မှု မရှိ ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ တာလီဘန်ခေါင်းဆောင်အား ဂျမယ်လ်ဟုလည်း လူသိ များကာ ၄င်းသည် အာဖဂန်တပ်ဖွဲ့ နှင့် ညွန့်ပေါင်းတပ်ဖွဲ့ များ အား တိုက်ခိုက်ရေးနှင့် လက်နက်များ စီစဉ်ရာတွင် အဓိက ကျသူဖြစ်သည်။ မသေဆုံး မီ အထိ လှည့်လည် ပုန်းရှောင်နေခဲ့ရပြီး အတွင်းလူ တစ်ဦး၏ သတင်းပေးမှုဖြင့် ချေမှုန်းနိုင် ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။ အစောပိုင်းကမူ အဆိုပါ သတင်းအား တာလီဘန်မျာဖက် မှ ငြင်းဆိုခဲ့သေးသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်