Thursday, August 27, 2015

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့်သူများအနေဖြင့် ဦးစားပေးတက္ကသိုလ်ကို ရွေးချယ်ရာတွင် ပထမဦးစားပေးနှင့်အတူ ဒုတိယဦးစားပေးတက္ကသိုလ်ကိုလည်း ရွေးချယ်လျှောက်ထားရန်လိုအပ်

Posted by drmyochit Thursday, August 27, 2015, under | No comments

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံဖြည့်သွင်းနေ သည့် ကျောင်းသား များအား တွေ့ရစဉ်။

ရန်ကုန်၊ ဩဂုတ် ၂၆-တက္ကသိုလ်ဝင် ခွင့်လျှောက်ထားရာတွင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ပထမ ဦးစားပေးတက္ကသိုလ်ကို ရွေး ချယ် လျှောက်ထားခြင်းအပြင် ဒုတိယ ဦးစားပေးတက္ကသိုလ်ကိုလည်း ရွေး ချယ်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

ယင်းကဲ့သို့လိုအပ်ရခြင်းမှာ အ ချို့ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ရရှိခဲ့သော ရမှတ်များနှင့် ဝင် ခွင့်ရနိုင်မည့်တက္ကသိုလ်နှင့် ဒုတိယ ဦးစား၊ တတိယဦးစားပေး စသည် တို့ဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာတွင် ရေးသားဖြည့်စွက်ကြသော်လည်း အချို့ကျောင်းသား၊ ကျောင်း သူများမှာ ဦးစားပေးတက္ကသိုလ်ကို သာ ရေးသားဖြည့်စွက်မှုများရှိသည့် အတွက် ယင်းတို့သည် အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိနိုင် သည့်အမှတ်ဖြစ်နေသော်လည်း ဒုတိ ယဦးစားပေးမပါဝင်သည့်အတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များသို့ ရောက်ရှိသွားနိုင်သည့်အတွက်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

''ဖြည့်ရမယ့်အကွက်မှာ ၁၀ ကွက်တောင်ပေးထားပါတယ်။ ဒါ ကြောင့် ၁၀ ကွက်လုံးဖြည့်စေချင် တယ်။ ကိုယ်လျှောက်တာမရဘူးဆို ရင် ဒုတိယဦးစားပေးတက္ကသိုလ်ကို ရောက်မယ့်အခွင့်အလမ်းရှိတယ်။ ဒါ မှမဟုတ်ဘဲ တစ်ခုတည်းဖြည့်လိုက်မယ်ဆိုရင် သူရထားတဲ့အမှတ် က ဆေးတက္ကသိုလ်၊ နည်းပညာတက္က သိုလ်တွေကို ဝင်ခွင့်ရနိုင်လောက်တဲ့ အမှတ်မျိုးတွေဆိုရင် အရမ်းနစ်နာ ပါတယ်။ ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ဒုတိယဦးစားပေးမပါရင် အမှတ်ဘယ် လောက်ကောင်းကောင်း သင့်တော် ရာတက္ကသိုလ်ကို ချပေးမှာဖြစ်ပါ တယ်''ဟု အဆင့်မြင့်ပညာဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာများကို ယခုလ ၁၉ ရက်မှစတင် ပြီး ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာ ရေးတက္ကသိုလ် အားကစားခန်းမတွင် ရုံးခန်းဖွင့်လှစ်ပြီး စက်တင်ဘာ ၅ ရက်အထိ လက်ခံပေးနေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် သတ်မှတ်ရက်ထက်နောက်မကျ ဘဲ လျှောက်ထားသွားရမည်ဖြစ် ကြောင်း သိရသည်။

''သတ်မှတ်ရက် ၅ ရက်နေ့ထက် နောက်မကျဘဲ လာရောက်လျှောက် လွှာတင်သွင်းကြပါ။ သွားလာရေးအ ခက်အခဲကြောင့် နောက်ကျသွားရင် အသနားခံစာတင်ရမှာပါ''ဟု ယင်း က ဆက်လက်ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ဒေသများရှိ တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရန် နောက်ကျသူများအား ယင်း တို့လျှောက်ထားမည့်တက္ကသိုလ်၏ ဝင်ခွင့်သတ်မှတ်ရက်အထိ လက်ခံ ပေးသွားမည်ဖြစ်ကြောင်း ဝင်ခွင့်သတ် မှတ်ချက်များနှင့်ကိုက်ညီသူများ တက် ရောက်ခွင့်ရရှိစေရန် စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှသိရသည်။

ATK
‪‎Democracytoday‬
Photo: မင်းမင်း။

ရေဘေးထောက်ပံ့မှု အခြေအနေ အစိုးရအဖွဲ့ထုတ်ပြန်

Posted by drmyochit Thursday, August 27, 2015, under | No comments


ပြီးခဲ့သည့် ရေဘေးတွင် အိမ်ထောင်စု ၄၁၉၂၆၆ စုမှ လူဦးရေ ၁၆၂၉၂၅၄ဦး ရေဘေးသင့်ခဲ့ပြီး ၁၂၀ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် ၁၀၅၆၈၃၁၅၀၊ အရေးပေါ်အစားအစာ တန်ဖိုးငွေကျပ် ၁၅၂၄၄၂၃၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၂၂၁၁၉၀၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုးငွေကျပ် ၃၃၃၁၁၇၂၉၀နှင့် သေဆုံးမှုထောက်
ပံ့ကြေးငွေကျပ် ၁၀၆၀၀၀၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈၅၈၃၄၆၇၀ကို ပံ့ပိုးထောက်ပံ့ခဲ့ကြောင်း အစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။ြ မန်မာနိုင်ငံတ၀န်း ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီးသုံးခုနှင့်  ပြည်နယ်နှစ်ခုတွင် လည်းကောင်း၊ ဇူလိုင် ၁၆ ရက်မှ သြဂုတ်၂၆ ရက်အထိ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်ခြောက်ခုတို့တွင်လည်းကောင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊  မကွေးတိုင်း ဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့သည် သဘာဝဘေးအန္တ ရာယ်အဆိုးရွားဆုံးခံစားရသည့် ဒေသများဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထား သည်။

ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်