Thursday, September 19, 2013

ချစ်သူနဲ့ လက်တွဲတော့မယ့် Nကိုင်ရာ

Posted by drmyochit Thursday, September 19, 2013, under | No comments

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) သီချင်းအေးအေးလေးများဖြင့် ပရိသတ်အားပေးမှု အခိုင်အမာရခဲ့သော အဆိုတော် Nကိုင်ရာက ချစ်သူနှင့် အောက်တိုဘာလတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ကချင်နှစ်ခြင်းဘုရားကျောင်း၌ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်တွင် ဆီဒိုးနား၌ မင်္ဂလာညစာစားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း Nကိုင်ရာ က ပြောသည်။ ““တောင်ကြီးမှာ သီချင်းသွားဆိုရင်းနဲ့တွေ့တာပါ။ အခု မင်္ဂလာကိစ္စနဲ့ အလုပ်ရှုပ်နေတော့...

တရုတ်တွင်ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲတွင် မော်ဒယ်ခင်လပြည့်ဇော် ယှဉ်ပြိုင်မည်

Posted by drmyochit Thursday, September 19, 2013, under | No comments

တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲသို့ Star & Modelအေဂျင်စီမှမော်ဒယ်ခင်လပြည့်ဇော်က မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကိုအောက်တိုဘာလ ၃ ရက်တွင်ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်း ဖြစ်သည်။ “နန်နင်းမှာကျင်းပတဲ့ အခုပြိုင်ပွဲကိုဝင်ဖို့ ဟိုဘက်ကကျွန်တော်တို့အေဂျင်စီကို ဖိတ်ကြားခဲ့ပါတယ်။ သူတို့ လှမ်းပြီး ဖိတ်ကြားတဲ့ အချိန်နဲ့...

မြန်မာလူငယ်တွေအကြား ကော်ရှူတဲ့ ပြဿနာ ဆိုးဝါးလာ

Posted by drmyochit Thursday, September 19, 2013, under | No comments

မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြားမှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အခြေအနေဟာ အခုဆိုရင် ကျောင်းသားကျောင်းသူတွေကြားထဲအထိ ကူးစက်နေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်အထူးတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။ ဒီနေ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က ကယ်တင်ခြင်းတပ် အသင်းတော်မှာကျင်းပတဲ့ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့ ရဲအုပ်စန်းဦးက အခုလိုပြောပါတယ်။ “အမှိုက်ပုံတွေမှာ ပစ္စည်းအတိုအစကောက်တဲ့...

KIA သည် ကချင်လူမျိုးများအတွက် လက်နက်ကိုင်နေခြင်းမဟုတ်

Posted by drmyochit Thursday, September 19, 2013, under | No comments

ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ KIA နဲ့ အစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ တာဒီကနေ့ဆိုရင်(၂) ရက်ရှိသွားပါပြီ။ အခု သတင်းဆောင်းပါးရေးနေတဲ့အချိန်ထိတော့ တိကျသေချာတဲ့ အဖြေ ထွက်မလာသေးပါဘူး။ကချင် ပြည်နယ်မှာရှိကြတဲ့ တိုင်းရင်းသားတွေ အားလုံးကတော့ ငြိမ်းချမ်းရေးကပေါ်ထွက် လာမဲ့အဖြေကိုစောင့်မျှော်နေ ကြပါတယ် အနည်းဆုံးတစ်ခုအဖြစ် ကချင်ပြည်နယ်အတွင်းမှာ အပစ် အခတ်တွေရပ်စဲထားစေချင်ပါတယ်။ တိုက်ပွဲတွေမဖြစ်တော့ဘူး ဆိုတဲ့ ကတိမျိုးကို နှစ်ဘက်စလုံးကမပေးနိုင်ကြပါဘူး။...

လူငယ်တို့ လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ်ဖြစ်စေရန်

Posted by drmyochit Thursday, September 19, 2013, under | No comments

လေ့ကျင့်ခန်း လုပ်တာဟာ စိတ်ဖိစီး မှုကို သက်သာစေတဲ့ အပြင် သက်လုံ ကောင်းကာ  အသက်ရှည်ကျန်းမာ စေပါတယ်။ ထိထိမိမိလုပ်နိုင်ရင် လုပ်နိုင် သလောက်အကျိုးကျေးဇူးခံစားရပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်ချင်ပါလျက် ရုံးအလုပ်တွေ ကျောင်းအလုပ်တွေ၊ မိ သားစု အလုပ်တွေနဲ့ မအားလပ်တဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးဖြစ် တော့ဘူး။ ဒီလိုနဲ့ မလုပ်ဖြစ်တာကနေ ဆက်လုပ်ဖို့ကို စိတ်မပါတာတွေ ဖြစ်လာ တတ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်တာ ကြာလာတဲ့အခါ ကိုယ်လက်မအီမသာ ဖြစ်တာတို့၊ ကိုယ်မှာ...

မွေးနေ့အမှတ်တရအဖြစ် Playboy အတွက် ဓာတ်ပုံအရိုက်ခံမည့် ကိတ်မော့စ်

Posted by drmyochit Thursday, September 19, 2013, under | No comments

လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။ သူမ၏ အသက်(၄၀)ပြည့် အမှတ်တရ အထူးအစီအစဉ်အဖြစ် Playboy မဂ္ဂဇင်းတွင် ညို့အားပြင်းပြင်း ပကတိ အလှဓာတ်ပုံ အရိုက်ခံရန် ကိတ်မော့စ်က သဘောတူညီလိုက်သည်။ လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။ ဗြိတိသျှ...

မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းမှု စွဲချက်တင်ပြီ

Posted by drmyochit Thursday, September 19, 2013, under | No comments

အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူများရဲ့ ပုံကြမ်း အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံ သတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။ အသက် ၂၂ အရွယ် ဓာတ်ပုံ သတင်းထောက်မလေး ဟာ မွန်ဘိုင်းမြို့လယ်က စက်ရုံဟောင်းကြီး တစ်ခုကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း အဲဒီလူတွေက တိုက် ခိုက်ပြီး ထပ်တလဲလဲ အဓမ္မ ပြုကျင့်ခဲ့ကြတာလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ ငါးယောက်မြောက်...

နျူကလီးယားဗုံးဘယ်တော့မှမဟုတ် ဟု အီရန်သမ္မတပြောကြား

Posted by drmyochit Thursday, September 19, 2013, under | No comments

အီရန်သမ္မတရိုဟာနီကအီရန်နိုင်ငံသည်မည်သည့်အခါတွင်မျှ နျူကလီးယားဗုံးပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ၎င်းသည် သမ္မတအဖြစ် ရွေးကောက်ခံရပြီး နယူးယောက်တွင်ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေစည်းဝေးပွဲသို့ ပထမဆုံးအကြိမ် သွားရောက်မည့် အစီအစဉ်မတိုင်မီ တီဟီရန်တွင် အမေရိကန် ရုပ်သံတစ်ခုဖြစ်သည့် NBCနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခြင်းဖြစ်သည်။ “ကျွန်တော်တို့ဟာ နျူကလီးယား ဗုံးဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့လုပ်မှာမဟုတ်ဘူး”ဟုမစ္စတာရိုဟာနီက ပြောကြားသည်။“ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်...

ရိုက်မှုဖြင့်ထောင်ကျလာသူ အကျဉ်းထောင်အတွင်းသေဆုံး

Posted by drmyochit Thursday, September 19, 2013, under | No comments

၁၉၊၉၊၂၀၁၃ရက်နေ့ နံနက်(၈)နာရီ(၄၀)မိနစ်အချိန်က ကသာမြို့ အကျဉ်းထောင်အတွင်း ထောင်ကျတရားခံတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်၊ သေဆုံးသူမှာ အသက်(၃၃)နှစ်ရှိ ကိုတင်လင်း(ဘ)ဦးတင်ဝင်း ဆိုသူဖြစ်ပြီး ထောင်ဝင်အမှတ်မှာ ကသာ/၁၃/၀၄၈၇/က ဖြစ်သည်ဟု သိရပါသည်၊ကိုတင်လင်းသည် ၀န်းသိုမြို့ အမှတ်(၁)ရပ်ကွက်တွင်နေထိုင်ခဲ့ပြီး ပုဒ်မ ၃၂၅ ဖြင့် ထောင်(၆)လ ကျခံနေရသူကြောင်းနှင့် မသေခင်က ဝေဒနာကို ပြင်းထန်စွာ ခံစားသွားခဲ့ကြောင်းသိရပါသည်၊ ကိုတင်လင်းအနေနှင့် နေမကောင်းဖြစ်နေသည်မှာ...

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မိုင်းများ ပြန်ထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘ၀ စိုးရိမ် စရာဖြစ်လာ

Posted by drmyochit Thursday, September 19, 2013, under | No comments

စက်တင်ဘာ ၁၉ ရက် ၂၀၁၃ ကျွန်တော်က မန်စီမြို့ခံတစ်ဦးဖြစ်ပါတယ်။ ကုန်ကားတစ်စီးထောင်ထားပြီး ဗန်းမော် - မန်စီ - ဂိုက်ထိပ် - နမ့်ခမ်း လမ်း ကြောင်းနဲ့ ဗန်းမော် - မိုးမောက် - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းမှာ ပြေးဆွဲပါတယ်။ တစ်ခါတစ်ရံမှာတော့ ကချင် လွတ်လပ်ရေးတပ်က တပ်ဖွဲ့ဝင်တွေနဲ့တွေ့ရင် ငွေပေးရတာရှိပါတယ်။ အဲဒီ လိုငွေတောင်းတာကိုသိတဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဆက်ကြေးကေက်တယ်လို့ ပြော ဆိုကြကြောင်း သိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသခံ တွေကတော့ တောင်းရင်ပေးလိုက်ရတာပါပဲ။...

ရခိုင်သယံဇာတ အကျိုးခံစားခွင့် လှုပ်ရှားမှု တစ်လအတွင်း လက်မှတ် တစ်သိန်းကျော်ရ

Posted by drmyochit Thursday, September 19, 2013, under | No comments

ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သယံဇာတများ ဒေသခံလူထု ခံစားခွင့်ရရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ တစ်လအတွင်း ထောက်ခံလက်မှတ် တစ်သိန်းကျော်ရကြောင်း ရခိုင့် သယံဇာတများ အကျိုးခံစားခွင့် လှုပ်ရှားမှု ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဇောဦးက The Voice သို့ ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် မြို့နယ်စုစုပေါင်း ၁၇ ခု ရှိသည့်အနက် ခုနစ်မြို့နယ်မှာ ကောက်ခံရရှိထားသည့် စာရင်းကို ထုတ်ပြန်ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ရခိုင်သယံဇာတ အကျိုးခံစားခွင့် ရရှိရေးတွင် ထောက်ခံလက်မှတ်ပေါင်း...

သွားတိုက်တံ မရှိသည့်အခါ ခံတွင်းသန့်ရှင်းနေစေဖို့

Posted by drmyochit Thursday, September 19, 2013, under | No comments

(၁) ပီကေဝါးပါ သစ်ကြံပိုးခေါက် (cinnamon) ပါဝင်သည့် ပီကေ သည် ပါးစပ်အတွင်းရှိဘက်တီးရီးယားများကို သေစေ သည်။ cinnamic aldehyde ဓါတ်သည် သစ်ပင်မှရသည့် အဆီ ဖြစ်ပြီးသွားပိုးစားစေသည့် ဘက်တီးရီးယားများကို နှိမ်နင်းနိုင်သည်။ (၂)သွားကိုတိုက်ချွတ်သန့်စင်နိုင် သည့်အစာများစားပါ ကြွပ်ဆတ်သည့်အစာများသည် သွားကိုတိုက်ချွတ်သန့်စင်ပေးနိုင်သည်။ ပန်းသီး၊ မုန်လာဥ၊ တရုတ်နံနံ၊ ပြောင်းဖူးပေါက်ပေါက်စသည့် အစားအစာများသည် လည်း သွားကိုသန့်စင်ပေးနိုင်သည်။ (၃) လက်ဖက်ရည်သောက်ပါ လက်ဖက်ရည်တွင်ပါဝင်သည့်...

ဒေသခံ ပြည်သူ ၂ ဦး ကေအိုင်အေ (ကချင်) အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲပြီး ဒဏ်ရာရရှိ

Posted by drmyochit Thursday, September 19, 2013, under | No comments

၂၀၁၃ ခုနှစ် စက်တင်ဘာ လ ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့် တွင် ဖားကန့်မြို့နယ်၊ တံ ဆီး ကျေးရွာမှ ဒေါ်လုတောင် ( ၆၀ )နှစ် နှင့် ဒေါ်အင်ဂျာ ကော့တောင် ( ၅၅ ) နှစ်တို့ နှစ်ဦး သည် မျှစ်ချိုး ရန် ဥရုချောင်း အရှေ့ဘက် ကမ်း ပွိုင့် - ၅၀၁ တောင်ကုန်း အနီး သို့ ရောက်ရှိ စဉ် ကေ အိုင်အေ ( ကချင် ) အဖွဲ့မှ ထောင်ထား သည့် ဒေသန္တရ နင်းမိုင်း ဟောင်း တစ်လုံး နင်းမိ ပေါက်ကွဲ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။ မိုင်း ပေါက်ကွဲ မှု ကြောင့် ဒေါ်လုတောင် ၏ ဘယ် ခြေသလုံး အရိုးကျိုး၊ ဘယ်...

တောင်ဥက္ကလာပမြို့နယ်တွင် စတိုးဆိုင်အတွင်းဝင်ရောက်ကာ ဓါးဖြင့်ထိုးသူနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

Posted by drmyochit Thursday, September 19, 2013, under | No comments

၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူနေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာ အရုပ် ၀ယ်ယူ လိုကြောင်းပြော ဆိုသဖြင့်ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ် အဆိုပါအမျိုးသားမှ ကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်ပတ်ထားသည့်...

လွှတ်တော်အတွင်း အမတ်အချင်းချင်း ထိုးကြကြိတ်ကြ

Posted by drmyochit Thursday, September 19, 2013, under | No comments

နိုင် ဂျီးရီးယားနိုင်ငံ၏ အာဏာရပါတီ ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ် ပါတီ(ဏီဏ)တွင် အုပ်စုကွဲခဲ့ပြီး နောက် နိုင်ငံရေးသမားများ အ ပြန်အလှန် လက်သီးထိုးပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။ရက်သတ္တခုနစ်ပတ်ကြာ ရပ် နားထားခဲ့သော အောက်လွှတ် တော်အစည်းအဝေး ပြန်လည် စတင်စဉ် ယခုကဲ့သို့လက်သီးထိုး ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတင်းများတွင်ဖော်ပြချက် အရ သမ္မတဂွတ်လပ်ဂျိုနသန်ကို သစ္စာစောင့်သိသော လွှတ်တော် အမတ်များက အော်ဟစ်လှောင် ပြောင်ရာမှ ပြိုင်ဘက်များကို မခံ မရပ်နိုင်ဖြစ်စေကာ အပြန်အလှန်...

ချင်းမိုင်မှာ မြန်မာ အလုပ်သမားတစ်ဦး ၆ ထပ်တိုက်ပေါ်က ပြုတ်ကျ သေဆုံး

Posted by drmyochit Thursday, September 19, 2013, under | No comments

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ ယမန်နေ့က အလုပ်လုပ်နေသော မြန်မာနိုင်ငံ သားတစ်ဦး ၆ ထပ်တိုက် အမြင့်ရှိ ငြမ်းပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့ သည်။ မောင်ရဲထွန်းနိုင်၏ ရုပ်ကလပ်ကို လုပ်ဖော်ကိုင်ဖက်များက ဆေးရုံမှ ဝပ်ဆိုင်းမွန်း ဘုန်းကြီးကျောင်းဝင်းသို့ သယ်ယူလာစဉ် ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံသား မောင်ရဲထွန်းနိုင်သည် စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာ အချိန်ပို ဆင်းနေချိန်အတွင်း ၆ ထပ်တိုက်ပေါ် ငြမ်းတပ်ဆင်နေစဉ်...

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းနှင့် ငါးမိုင်အကွာတွင် တပ်မတော် တပ်ရင်းသုံးရင်း လုံခြုံရေးယူထား

Posted by drmyochit Thursday, September 19, 2013, under | No comments

မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး) ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း မတည်ငြိမ် မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းနှင့် ငါးမိုင်အကွာအဝေးတွင် တပ်မတော် တပ်ရင်းသုံးရင်းက ၀ိုင်းရံထားပြီး လုံခြုံရေး ယူထားကြောင်း သတင်းရရှိသည်။ ယင်းသို့ လုံခြုံရေး ယူထားရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်တိုင်းမှူး အစီအစဉ်ဖြင့် နေရာယူထားခြင်းဖြစ်ပြီး နောက်ထပ် လုံထိန်းရဲတပ်ရင်း နှစ်ရင်းကိုလည်း...

ကြောက်စရာအကောင်းဆုံးသရဲခြောက်မှုတွေထဲကတစ်ခု

Posted by drmyochit Thursday, September 19, 2013, under | No comments

SS Watertown လို့ခေါ်တဲ့အမေရိကန် ရေတပ်သင်္ဘောဟာ ဒီဇင်ဘာလ ၁၉၂၄ ခုနှစ်မှာ ပနားမားတူးမြောင်းကနေ နယူးယော့ခ် ကိုဦးတည် ခုတ်မောင်းလာခဲ့ပါတယ်။ သင်္ဘောသားနှစ်ဦးဖြစ်တဲ့ James Courtney နဲ့ Michael Meehan ဆိုတဲ့ သူတို့နှစ်ဦးဟာ ဆီလှောင်ကန်တွေကို သန့်ရှင်းရေးလုပ်ရာကနေ မတော်တဆ မီးလောက်မှုဖြစ်ပွားခဲ့ပြီးတော့ သေဆုံးခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အလောင်းတွေကို မက္ကဆီကို ကမ်းခြေနားမှာ ရေထဲချပြီး သဂြိုလ်ပေးလိုက်ပါတယ်။နောက်တစ်နေ့ အရောက် ဒီဇင်ဘာ ၅ ရက်နေ့မှာ သင်္ဘောသားတစ်ဦးက ကုန်းပတ်တိုက်နေစဉ်...

iPhone အပေါ် ရူးသွပ်စွဲလန်းလွန်းသည့် လူငယ်များ၏ ထူးခြားသော ဝီရိယ

Posted by drmyochit Thursday, September 19, 2013, under | No comments

Apple ကုမ္ပဏီက ထုတ်လုပ်သည့် iPhoneများကို ကမ္ဘာအနှံ့ ရူးသွပ်စွဲလန်းသူ အများအပြား ရှိသော်လည်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဆယ်ကျော်သက်လူငယ်နှစ်ဦးကမူ အတန်ငယ် လွန်ကဲသည်ဟု ဆိုနိုင်မည် ဖြစ်သည်။ Apple၏ မျိုးဆက်သစ် စမတ်ဖုန်းများဖြစ်သည့် iPhone 5Sနှင့် iPhone 5Cတို့ကိုသောကြာနေ့တွင် စတင်ရောင်းချသွားမည်ဟု တရားဝင် ကြေညာထားသော်လည်း အသက်(၁၇)နှစ်အရွယ် ဂတ်ဒ်ဟာရာရီက ယင်းမတိုင်မီ (၄)ရက် အလိုကတည်းက Apple အရောင်းဆိုင်ရှေ့တွင် တန်းစီ စောင့်ဆိုင်းလျှက် ရှိသည်။ ဟာရာရီသည်...

ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ

Posted by drmyochit Thursday, September 19, 2013, under | No comments

ထူးဆန်းတာလေးတွေအကြောင်း မရေးဖြစ်တာ ကြာပြီမို့ ဒီပိုစ့်မှာတော့ ထူးထူးဆန်းဆန်းလေးတွေ ရှာဖွေ တင်ပြချင်ပါသေးတယ်။ သဘာဝနှင်းရေခဲလုံးများ မီချီဂန် ရေကန်အစပ်က ရေခဲလုံးများ သိပ်မကြာခင်ကမှ နိုင်ငံတော်တော်များများမှာ နှင်းတွေ ကျတဲ့ ဆောင်းရာသီကို ဖြတ်သန်းခဲ့ကြပါတယ်။ နှင်းတွေ အဆုပ်အခဲလိုက် မြေပြင်ပေါ်မှာ ကျဆင်းလာရင် ကလေးတွေနဲ့ ပျော်တတ်သူအချို့က နှင်းလုံး (snow ball) တွေလုပ်ပြီး ဆော့ကစားတတ်ကြပါတယ်။ ဖြူဖြူအပွင့်လေးတွေ အဖြစ် ကျဆင်းပြီး မြေပြင်ပေါ်မှာ တဖြေးဖြေး...

အလုပ်များနေသည့်တိုင် မိခင်ဝတ္တရား မပျက်ကွက်ခဲ့သည့် အမ်ဘရိုစီရို

Posted by drmyochit Thursday, September 19, 2013, under | No comments

Victoria's Secret အလှမယ် စူပါမော်ဒယ်လ်သည် သမီးကြီး အန်ဂျာကို ကိုယ်တိုင် ကျောင်းကြိုပို့ရင်း ပျော်ရွှင်နေဟန် ရှိသည်ကို တွေ့ရသည်။ သူမ၏ ပရော်ဖက်ရှင်နယ် အလုပ်များအတွက် မအားမလပ် ရှိလွန်းသည့်တိုင် အလက်ဇန္ဒရာ အမ်ဘရိုစီရို အနေဖြင့် မိခင်ဝတ္တရားလည်း မပျက်ကွက်ခဲ့ချေ။ Victoria's Secret အလှမယ် စူပါမော်ဒယ်လ်သည် သမီးကြီး အန်ဂျာကို ကိုယ်တိုင် ကျောင်းကြိုပို့ရင်း ပျော်ရွှင်နေဟန် ရှိသည်ကို တွေ့ရသည်။ စင်မြင့်ထက်တွင် ဆွဲဆောင်မှု ပြည့်ဝသော အတွင်းခံ အဝတ်အထည်များဖြင့် အတွေ့များသော်လည်း...

(ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်)

Posted by drmyochit Thursday, September 19, 2013, under | 1 comment

(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။ (၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။ (၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။ (၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။ (၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။ (၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။ (၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။ (၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက...

ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ

Posted by drmyochit Thursday, September 19, 2013, under | No comments

(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။ (၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန့်ပြန်မှုနှုန်းကို မြန်ဆန်သွက် လက်စေပါတယ်။ (၃) သစ်ကြားသီးကို အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့်စွက်ဆေးအဖြစ်အားကိုးထိုက်ပါပေတယ်။ (၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan(ခေါ်)seroten ဓာတ်များကဦးနှောက်ကို ကျန်းမာစေပါတယ်။ (၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာအလုပ် လုပ်စေပါတယ်။ (၆) ပန်းဂေါ်ဖီအဖြူရောင်က...

မင်းသမီးဒိုင်ယာနာသေဆုံးမှုတွင် ယာဉ်မောင်းဖြစ်သူ၏ မျက်နှာကို စူးရှသည့် အလင်းရောင်ဖြင့် ထိုးခဲ့ခြင်းက အဓိကကျနေ

Posted by drmyochit Thursday, September 19, 2013, under | No comments

၁၆ နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးသည့် ဗြိတိန်မင်းသ မီးဟောင်း ဒိုင်ယာနာ ယာဉ်တိုက် သေဆုံးရခြင်း၏ အဓိကအချက်မှာ သူမ ယာဉ်မောင်းဖြစ်သူ၏ မျက်နှာကို လုပ်ကြံသူများက စူးရှသည့် အလင်းရောင်ဖြင့် ထိုးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့သော ဗြိတိန် လေတပ်အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟောင်း ဖြစ်သူက ပြောကြားခဲ့သည်ဟု “ဒေးလီးမေးလ် သတင်းစာ”က စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။  ၁၉၈၁ ခုနှစ်တွင် ဗြိတိန်ဘုရင်မကြီး...

ဓါတုတိုက်ခိုက်မှုကို သူပုန်တွေလုပ်တာလို့ ရုရှားဆို

Posted by drmyochit Thursday, September 19, 2013, under | No comments

သူပုန်တွေရဲ့ လက်ချက်ဆိုတဲ့ အထောက်အထား ရှိတယ်လို့ ဆာဂေး လက်ဗ်ရော့ဗ်က ပြော ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ဆီးရီးယားနိုင်ငံ ဒမာ့စကပ်မြို့နားမှာ ပြီးခဲ့တဲ့လက ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့မှုတွေကို ဆီးရီးယား သူပုန်တွေက လုပ်ခဲ့တာ ဆိုတဲ့ အထောက်အထားသစ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ သူတင်ပြမယ်လို့ ထုတ်ဖေါ်ပြောလိုက်ပါတယ်။ အမေရိကန် အစိုးရကတော့ အရပ်သား ရာပေါင်းများစွာကို အဆိပ်ဓါတ်ငွေ့ သုံးပြီး တိုက်ခိုက်ခဲ့မှုမှာ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေကသာ...

စင်္ကာပူမှာ ဘောလုံးပွဲ အကြံအဖန် လုပ်တဲ့ဂိုဏ်း ဖမ်းမိ

Posted by drmyochit Thursday, September 19, 2013, under | No comments

စင်္ကာပူနိုင်ငံ တဝှမ်း စီးနင်း ရှာဖွေမှုတွေအတွင်း နိုင်ငံတကာ ဘောလုံးပွဲတွေမှာ ဘောလုံးသမား တွေကို လာဘ်ထိုးပြီး ဂိုးအရေအတွက် အကြံအဖန် လုပ်တဲ့ လောင်းကစားဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ယူဆရသူ တဦးနဲ့ တခြား လူ၁၃ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ Interpol နိုင်ငံတကာ ရဲအဖွဲ့က ပြောပါတယ်။ စင်္ကာပူရဲတပ်ဖွဲ့နဲ့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်နေဖွယ် ရှိတဲ့ အမျိုးသား ၁၂ဦးနဲ့ အမျိုးသမီး ၂ဦးတို့ကိုလည်း Interpol နိုင်ငံတကာ ရဲအဖွဲ့က...

သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် မဟာလတ္တာ ၀တ်ရုံတော်ကို ဂျပန်နည်းပညာဖြင့် ထိန်းသိမ်းမည်

Posted by drmyochit Thursday, September 19, 2013, under | 1 comment

အမျိုးသားပြတိုက် (ရန်ကုန်)တွင် ပြသထားသည့် သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သော မဟာလတ္တာ ၀တ်ရုံတော်ကို ရေရှည်ပြသနိုင်ရန် ရည်ရွယ်ကာ ဂျပန်နိုင်ငံမှ နည်းပညာဖြင့် ထိန်းသိမ်းရန် ညှိနှိုင်းဆောင်ရွက် နေကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်နုမြဇံက ဆိုသည်။ ထိုသို့ နည်းပညာဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် ဂျပန်နိုင်ငံမှ ကမ်းလှမ်းထားပြီး ယခုနှစ် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာတွင် စတင်...

တရုတ်တွင် ဆေးကုမ္ပဏီများဆေးရောင်းအားမြှင့်တင်ရန် ဆရာဝန်များကို လာဘ်ပေးကြသည်ဟုဆို

Posted by drmyochit Thursday, September 19, 2013, under | No comments

နိုဗာတစ်ကုမ္ပဏီ၏ မျက်စိဆိုင်ရာ ဆေးဝါးနှင့် ပစ္စည်းများ အရောင်းဌာန အယ်လ်ကွန်က ၎င်း၏ ပစ္စည်းများ ရောင်းအားတိုးတက်လာစေရန်အတွက် တရုတ်နိုင်ငံရှိ ဆေးရုံပေါင်း ၂၀၀ကျော်မှ ဆရာဝန်များကို လာဘ်ထိုး ခဲ့သည်ဟူသော ပြောဆိုမှုများအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း ၎င်းကုမ္ပဏီက ပြောကြားသည်။ အယ်လ်ကွန်သည် ဆေးဝါးစမ်းသပ်မှုများ ပြုလုပ်လျက် ရှိသည်ဟု လိမ်လည်အကြောင်းပြ၍ စမ်းသပ်မှုကုန်ကျ စရိတ်အဖြစ် ဆရာဝန်များသို့ တတိယပါတီတစ်ခုမှနေ၍ ငွေကြေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဤစွပ်စွဲချက်သည်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်