နိုဗာတစ်ကုမ္ပဏီ၏ မျက်စိဆိုင်ရာ ဆေးဝါးနှင့် ပစ္စည်းများ အရောင်းဌာန အယ်လ်ကွန်က ၎င်း၏ ပစ္စည်းများ ရောင်းအားတိုးတက်လာစေရန်အတွက် တရုတ်နိုင်ငံရှိ ဆေးရုံပေါင်း ၂၀၀ကျော်မှ ဆရာဝန်များကို လာဘ်ထိုး ခဲ့သည်ဟူသော ပြောဆိုမှုများအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း ၎င်းကုမ္ပဏီက ပြောကြားသည်။
အယ်လ်ကွန်သည် ဆေးဝါးစမ်းသပ်မှုများ ပြုလုပ်လျက် ရှိသည်ဟု လိမ်လည်အကြောင်းပြ၍ စမ်းသပ်မှုကုန်ကျ စရိတ်အဖြစ် ဆရာဝန်များသို့ တတိယပါတီတစ်ခုမှနေ၍ ငွေကြေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဤစွပ်စွဲချက်သည် နိုဗာတစ်ကုမ္ပဏီကို မကြာသေးမီ ကာလအတွင်း ဒုတိယအကြိမ်မြောက် စွပ်စွဲခြင်းဖြစ်သည်။ လွန်ခဲ့သည့်လ၌ ၂၁ရာစု ဘစ်နက်ဟာရေးသတင်းစာက ဆွစ်ကုမ္ပဏီသည် ၎င်း၏ဆေးဝါးများ အရောင်းတက်လာ စေရန် ဆရာဝန်များကို လာဘ်ပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ယခုနောက်ဆုံးစွပ်စွဲချက်သတင်းသည်လည်း ယင်းသတင်း စာကပင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လအတွင်း၌လည်း တရုတ်အာဏာပိုင်များက ဗြိတိသျှကုမ္ပဏီ ဂလယ်ဆိုစမစ်ကလိုင်း(ဂျီအက်စ်အေ)သည် တရုတ်နိုင်ငံတွင် ၎င်းတို့ထုတ်လုပ်သည့်ဆေးများ အရောင်းမြင့်တက်လာစေရန် ဆရာဝန်များကို လာဘ်ပေးခဲ့ သည်ဟု စွပ်စွဲခဲ့သည်။ ကုမ္ပဏီလုပ်ငန်းများအခက်အခဲမရှိစေရေးအတွက် ဆရာ ဝန်များနှင့် အစိုးရတာဝန်ရှိသူများကို ခရီးသွား အေဂျင်စီ များမှတစ်ဆင့် ပေါင်သန်း ၃၂၀လာဘ်ပေးခဲ့သည်ဟု ဂျီအက်စ်အေကို စွပ်စွဲသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
Time in Rangoon


0 comments:
Post a Comment