Thursday, September 19, 2013

ရိုက်မှုဖြင့်ထောင်ကျလာသူ အကျဉ်းထောင်အတွင်းသေဆုံး

Posted by drmyochit Thursday, September 19, 2013, under | No comments


၁၉၊၉၊၂၀၁၃ရက်နေ့ နံနက်(၈)နာရီ(၄၀)မိနစ်အချိန်က ကသာမြို့ အကျဉ်းထောင်အတွင်း ထောင်ကျတရားခံတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်၊

သေဆုံးသူမှာ အသက်(၃၃)နှစ်ရှိ ကိုတင်လင်း(ဘ)ဦးတင်ဝင်း ဆိုသူဖြစ်ပြီး ထောင်ဝင်အမှတ်မှာ ကသာ/၁၃/၀၄၈၇/က ဖြစ်သည်ဟု သိရပါသည်၊ကိုတင်လင်းသည်
ဝန်းသိုမြို့ အမှတ်(၁)ရပ်ကွက်တွင်နေထိုင်ခဲ့ပြီး ပုဒ်မ ၃၂၅ ဖြင့် ထောင်(၆)လ ကျခံနေရသူကြောင်းနှင့် မသေခင်က ဝေဒနာကို ပြင်းထန်စွာ ခံစားသွားခဲ့ကြောင်းသိရပါသည်၊

ကိုတင်လင်းအနေနှင့် နေမကောင်းဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး နေမကောင်းဖြစ်နေစဉ်အတွင်း ၁ဆောင် ၃ခန်းတွင်ထားခဲ့ကြောင်း ၊မသေခင်တစ်ရက် (၁၈)ရက်နေ့ညနေတွင်
၁ဆောင် ၃ခန်းသို့ ပြောင်းရွေ့ထားခဲ့ပြီး မကြာခင် အလုပ်ရုံ(၂)သို့ တွဲ၍ ပြောင်းရွေ့ ခဲ့ပါကြောင်းနှင့် ထိုသို့ အပြောင်းအရွေ့အကြိမ်ကြိမ်ပြုလုပ်ခဲံပြီး (၁၉)ရက် မနက် (၈)နာရီ
(၄၀)တွင် ကွယ်လွန်ခဲ့ကြောင်းတို့ကိုလည်း စုံစမ်းသိရှိရပါသည်၊ထို သေဆုံးမှုနှင့်ပါတ်သက်၍ ခေတ္တထောင်မှူးဦးဝင်းစိုးမှကသာရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ကသာရဲစခန်းမှ
သေမှုသေခင်းအမှတ် ၁၁/၂၀၁၃ဖြင့် စာရင်းသွင်းခဲ့ပြီး ကသာခရိုင်ဆေးရုံရှိ ရင်ခွဲရုံတွင် ရင်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ထားကြောင်း သတင်းရရှိခဲ့ပါသည်။

ကသာအကျဉ်းထောင်သည် ပုံမှန်အားဖြင့် အကျဉ်းသား(၄၀၀)ကျော်သာ ထားရှိရမည့် အကျဉ်းထောင်ဖြစ်သော်လည်း ယခုအခါ အကျဉ်းသား(၇၃၀)ကျော် ရှိနေသဖြင့်
ကြပ်တည်းမှုများဖြစ်ပေါ်လျှက်ရှိပါသည်၊အိပ်ဆောင်များတွင် အိပ်သောအခါ ထောင်ဘာယာများ လမ်းလျှောက်စစ်ဆေးရန် နေရာပင် မရှိသည်အထိ ဖြစ်နေရသဖြင့်
အကျဉ်းသားများ တစ်ယောက်မျက်နှာ တစ်ယောက်ကန်မိခြင်း ထိုးကြိတ်မိခြင်းတို့လည်း ဖြစ်နေရပါသည်၊ထိုသို့ နေရာနှင့် လူအင်းအား မမျှသဖြင့် အချို့အကျဉ်းသား
များကို အပြစ်မရှိဘဲ တိုက်ထဲတွင် နေရာချ ထားရှိနေကြရပါသည်၊အစားအသောက်အနေဖြင့် ကောင်းမွန်ပါသော်လည်း လူများသဖြင့် အနံ့အသက် ဆိုးဝါးလွန်းခြင်း၊
မီးပျက်သောနေ့များတွင် ပုံစံဖြင့်ချိုးရခြင်းတို့ရှိနေကြောင်းလည်း သိရှိရပါသည်။

(ဟာဂျူလီ-ကသာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်