(ခိုင်စိုးလင်း၊ ခွာလ်ကမ်းကေ)
မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရမှုကြောင့် မြန်မာအလုပ်သမားအချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ဆုံ မေးမြန်းထား ပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။
Voice : မလေးရှားနိုင်ငံ ဘယ်ဒေသတွေမှာ အလုပ် လုပ်ခဲ့ကြတာလဲ။
လုပ်သား(၁) : ကျွန်တော်ကတော့ လာဝပ်မှာ နေတာပါ။ အခုလက်ရှိ အကြမ်းဖက်မှုတွေဖြစ် နေတဲ့ ကွာလာလမ်ပူနဲ့...