Thursday, June 13, 2013

လားရှိုးပဋိပက္ခမှသံသယရှိသူများအား ရုံးထုတ်စစ်ဆေး

Posted by drmyochit Thursday, June 13, 2013, under | No comments


လားရှိုး၊ ဇွန် ၁၂။
လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ခဲ့သူဟု ယူဆရသော သံသယရှိသူ (၂၉) ဦးအား၊ လားရှိုးမြို့နယ် တရားရုံးတွင် ယမန်နေ့ညနေ ၃း၃၀အချိန်၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

သံသယရှိသူ (၆၁)ဦးရှိရာမှ (၁)ရပ်ကွက်မှ (၁၃)ဦး၊ (၄)ရပ်ကွက်မှ (၂)ဦး၊ (၇)ရပ်ကွက်မှ (၁၀)ဦး၊ (၉)ရပ် ကွက်မှ (၄)ဦး၊ ပေါင်း (၂၉)ဦးအား အမှတ် (၁)ရဲစခန်းမှူး၊ ဒုရဲမှူး ဦးမြင့်သိန်းမှ တရားလိုပြုလုပ်၍ တရား သူကြီး ဦးနေ၀င်းက ယင်းသံသယရှိသူ (၂၉)ဦးအား အများပြည်သူဆိုင်ရာ လမ်းမကြီးပေါ်တွင် ပြည်သူ လူထု အုံကြွမှု ဖြစ်စေနိုင်ခြင်း၊ ရာဇ၀တ်မှုများ ကျုးလွန်နိုင်ခြင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥ ပဒေစိုး မိုးရေးကို ထိခိုက်စေနိုင်ခြင်း၊ ပြည်သူများ အထိတ်တလန့် ဖြစ်ပေါ်စေနိုင်ခြင်း စသောခြေချုပ်နှင့် ခံဝန် အက်ဥပဒေ၅ (၁) (စ) (ဆ)အရ အမှုဖွင့် အရေးယူနိုင်ရန် အတွက် လားရှိးမြို့နယ် တရားရုံး၊ တရားခွင်(၁)တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသား (၂၉)ဦးအား တရားစွဲဆိုနိုင်ရန် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသူ(၃၁)ဦးကို စစ်ကြောရေးနှင့် တရားစွဲဆိုရေးအဖွဲ့က ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ယင်းပဋိပက္ခအား အစပြုခဲ့သူအား လားရှိုးမြို့နယ် တရားရုံး၌ တရားစွဲဆို ရုံးတင်စစ်ဆေး၍ မေလ၂၉ရက်နေ့က ထောင်ဒဏ်၂၆နှစ် ချမှတ်ခဲ့ကြောင်းလည်း ၎င်းတရားရုံးမှ သိရသည်။

ချစ်ထွေး(လားရှိုး)
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်