Thursday, June 13, 2013

ဂန့်ဂေါ-ကလေး မီးရထားလမ်းချော်မှုဖြစ်ပွား

Posted by drmyochit Thursday, June 13, 2013, under | No comments


ကလေး၊ ဇွန် ၁၃ ။

ဂန့်ဂေါမြို့မှ ကလေးမြို့သို့ ခုတ်မောင်းလာသော မီးရထားသည် ယမန်နေ့ည ဆယ်နာရီခန့်၌
ဆည်တောဘူတာ အလွန်တွင် လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မိုးတွေကလည်း ရွာနေတော့ လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။ အတွဲအမှတ် VBHV-47002 ၊ R.3 – 2015 က စချော်သွားတာပါ။ ခရီးသည်တွေ ထိခိုက်ဒါဏ်ရာတော့ မရပါဘူး။ ခရီးသည်တွေ ဦးစားပေးပြီး ကလေးမြို့ ဘူတာကို ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်”ဟု မြန်မာ့မီးရထားမှ တိုင်းလက်ထောက် မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောကြားသည်။

ယင်းမီးရထား လမ်းချော်သည့် လမ်းပိုင်းတွင် ဇလီဖားတုံးများ ဆွေးပြီး ရထားအလေးချိန်ကို မခံနိုင်ဘဲ တစ်ဖက်စောင်း နင်း ဖြစ်ကာ ချော်ကျသွားခြင်း ဖြစ်နိုင်ကြောင်း၊ ကလေး – ဂန့်ဂေါ ရထားလမ်းပိုင်းသည် ကြံ့ခိုင် မှု အားနည်းပြီး ဘီးချော်မှုများ မကြခဏ ဖြစ်ပွားနေခြင်းကြောင့် ရထားစီးရမည်ကို ကြောက်နေ မိကြောင်း ခုံတိုးမြို့သာရွာမှ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

၎င်း ကလေး – ဂန့်ဂေါ မီးရထား လမ်းပိုင်း၌ ယခုအကြိမ် မီးရထား လမ်းချော်မှုသည် ၂၀၁၃/၁၄ ဘတ်ဂျက်နှစ် စတင်သော ဖေဖော်ဝါရီလမှ ဇွန်လအတွင်း ဒုတိယအကြိမ် ဘီးလျော်ခြင်း ဖြစ်ကြောင်းလည်း တိုင်း လက်ထောက် မန်နေဂျာထံမှ သိရသည်။ ယင်းလမ်းပိုင်း၌ မီးရထားဘီးချော်မှု မကြာခဏ ကြုံတွေ့ ရကြောင်း စီးနင်းသူများ၏ ပြောပြချက်အရ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်