နေပြည်တော် ဖေဖော်ဝါရီ ၂၂
စွမ်းအင်ဝန်ကြီးဌာန ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူစင်၏ ကမ်းလွန်ပလက်ဖောင်းတွင် အရေးပေါ် ပြုပြင်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် ၀၀း ၀၁ နာရီမှ ဖေဖော်ဝါရီ ၂၅ ရက် ၂၃း ၅၉ နာရီထိ ပြုပြင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညှိနှိုင်းလာခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်း အင်ဝန်ကြီး ဌာန၊ မြန်မာလျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဓာတ်ငွေ့ရေနွေးငွေ့ စက်ရုံများ ဌာနအောက်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ လက်ရှိပေးပို့နေသော သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၄၅ သန်း အနက် ကုဗပေ ၁၃၄ သန်းလျော့ပြီး ကုဗပေ ၁၁ သန်းသာ...