Tuesday, March 04, 2014

ပါးစပ်ပိတ် ခေါ်ဆောင်ကာ သားမယား ပြုကျင့်ဟုဆို

Posted by drmyochit Tuesday, March 04, 2014, under | No comments


ထန်းတစ်ပင် မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေသူနှစ်ဦးက သားမယား ပြုကျင့်ခဲ့သည် ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၁ ရက်နေ့ ဖြစ်ပွားခဲ့ သည်။

အဆိုပါနေ့တွင် ထန်းတစ်ပင်မြို့နယ် ကြာအင်းကျေးရွာအုပ်စုနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် အစ်မဖြစ်သူနေအိမ်သို့ တစ်ဦးတည်း လမ်းလျှောက်ထွက် လာစဉ် ယခင်က ခင်မင်ရင်းနှီးခဲ့ သည့် ကျော်သူရ(ခ) ငမုတ် (၂၀ နှစ်) နှင့်ရှိုင်းကို(၂၃ နှစ်)တို့ ညီအစ်ကိုနှစ်ဦးတို့က ရွာလယ် လမ်းဘေး ကွင်းစပ် အရောက် ပါးစပ်ပိတ်ပြီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ ကျော်သူရ(ခ)ငမုတ်က သားမယား သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း ဆိုကာ ထိုအမျိုးသမီးက ရဲထံတိုင်တန်းခဲ့သည်။

တော်လတဲ့နယ်မြေရဲစခန်းက(ပ) ၁၂/၁၄ ပြစ်မှုပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့်အရေး ယူထားကြောင်းသိ ရသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်