Tuesday, March 04, 2014

တောမီးလောင်ကျွမ်းမှုများကြောင့် ကွာလာလမ်ပူတွင် မီးခိုးမြူများဆိုင်းနေ

Posted by drmyochit Tuesday, March 04, 2014, under | No comments

အင်္ဂါနေ့တွင် ကွာလာလမ်ပူနှင့် ပတ်ဝန်းကျင် ဒေသအချို့၌ မီးခိုးမြူများ ဖြစ်ထွန်းပြီး လေထုမှုန်မှိုင်း ဝေဝါးလျှက် ရှိသည်။ ကျန်းမာရေး ပညာရှင်များက လေထု၏ သန့်စင်မှု အခြေအနေသည် ကျန်းမာရေးကို ထိခိုက်စေနိုင်လောက်သည့် အနေအထားမျိုး ဖြစ်နေကြောင်း သတိပေးခဲ့


မလေးရှားနိုင်ငံတွင် မိုးခေါင်ပြီး ရာသီဥတု ပူပြင်းသဖြင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ကာ ကွာလာလမ်ပူ မြို့တော်ထိ မီးခိုးမြူများ ဆိုင်းနေကြောင်း သိရသည်။ အင်္ဂါနေ့တွင် ကွာလာလမ်ပူနှင့် ပတ်ဝန်းကျင် ဒေသအချို့၌ မီးခိုးမြူများ ဖြစ်ထွန်းပြီး လေထုမှုန်မှိုင်း ဝေဝါးလျှက် ရှိသည်။ ကျန်းမာရေး ပညာရှင်များက လေထု၏ သန့်စင်မှု အခြေအနေသည် ကျန်းမာရေးကို ထိခိုက်စေနိုင်လောက်သည့် အနေအထားမျိုး ဖြစ်နေကြောင်း သတိပေးခဲ့သည်။ အပူပိုင်းဒေသတွင် ကျရောက်သော မလေးရှား နိုင်ငံအနေဖြင့် မိုးခေါင်မှုများ ဖြစ်ပေါ်လေ့ ရှိဖူးသည့်တိုင် လက်ရှိ (၂)လတာမျှ ဆိုးဆိုးရွားရွား အပူလှိုင်းဖြတ်နေမှုကမူ သာမန်ထက် ရှည်ကြာနေသည်။

အချို့သော ဒေသများတွင် ရေကို ခွဲတမ်းစနစ်ဖြင့်ပင် အသုံးပြုနေရကြောင်း သတင်းများက ဆိုသည်။ အပူချိန် မြင့်တက်မှုနှင့်အတူ တောမီးလောင်ကျွမ်းမှုများလည်း ဖြစ်ပေါ်နေရာ အင်္ဂါနေ့တွင် ကွာလာလမ်ပူ၏ လေထုညစ်ညမ်းမှု ညွှန်ကိန်း (API)သည် (၁၅၀)မှတ်ထိ ရောက်ရှိလာခဲ့သည်။ ကွာလာလမ်ပူမြို့ နေရာ အများ စုနှင့် စီးပွားရေး အချက်အချာ ဒေသဖြစ်သော ဆီလန်ဂေါတို့တွင် လေထုသည် မီးခိုးမြူများ ဆိုင်းလျှက် ရှိနေကြောင်းလည်း သိရသည်။ API ညွှန်ကိန်း (၁၀၀)နှင့် (၂၀၀)ကြား ပမာဏသည် ကျန်းမာရေးအတွက် မသင့်တော်သည့် အဆင့်မျိုးဟု ယူဆနိုင်သည်။

ကွာလာလမ်ပူတွင် ရှေ့ဘက်သို့ မြင်နိုင်စွမ်းသည် (၁)ကီလိုမီတာအောက်ထိ ကျဆင်းနေပြီး နာမည်ကျော် Petronas အမြွှာမျှော်စင်ကြီးကိုပင် မြူများရစ်ဝိုင်းပြီး မှုန်ဝါးနေစေကြောင်း မျက်မြင်များကဆိုသည်။ ပြီးခဲ့ သည့် သီတင်းပတ်ကလည်း မလေးရှား၏ အိမ်နီးချင်း အင်ဒိုနီးရှား နိုင်ငံတွင် တောမီးလောင်ကျွမ်းမှု များမှတစ်ဆင့် မီးခိုးမြူများ ဖြစ်ပေါ်ခဲ့သဖြင့် ဒေသတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။ ယမန်နှစ်ကလည်း အင်ဒိုနီးရှား တောမီးများမှတစ်ဆင့် အနီးရှိ စင်္ကာပူတွင် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အဆိုးရွားဆုံး မီးခိုးမြူ ပိတ်ဖုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံ အချင်းများသည့် အခြေအနေမျိုးပင် ဖြစ်ပေါ်ခဲ့သည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်