Thursday, August 27, 2015

ရေဘေးထောက်ပံ့မှု အခြေအနေ အစိုးရအဖွဲ့ထုတ်ပြန်

Posted by drmyochit Thursday, August 27, 2015, under | No comments


ပြီးခဲ့သည့် ရေဘေးတွင် အိမ်ထောင်စု ၄၁၉၂၆၆ စုမှ လူဦးရေ ၁၆၂၉၂၅၄ဦး ရေဘေးသင့်ခဲ့ပြီး ၁၂၀ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် ၁၀၅၆၈၃၁၅၀၊ အရေးပေါ်အစားအစာ တန်ဖိုးငွေကျပ် ၁၅၂၄၄၂၃၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၂၂၁၁၉၀၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုးငွေကျပ် ၃၃၃၁၁၇၂၉၀နှင့် သေဆုံးမှုထောက်
ပံ့ကြေးငွေကျပ် ၁၀၆၀၀၀၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈၅၈၃၄၆၇၀ကို ပံ့ပိုးထောက်ပံ့ခဲ့ကြောင်း အစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။ြ မန်မာနိုင်ငံတ၀န်း ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီးသုံးခုနှင့်  ပြည်နယ်နှစ်ခုတွင် လည်းကောင်း၊ ဇူလိုင် ၁၆ ရက်မှ သြဂုတ်၂၆ ရက်အထိ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်ခြောက်ခုတို့တွင်လည်းကောင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊  မကွေးတိုင်း ဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့သည် သဘာဝဘေးအန္တ ရာယ်အဆိုးရွားဆုံးခံစားရသည့် ဒေသများဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထား သည်။

ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်