မလ(၂၀)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁)နာရီ အချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဘင်္ဂလားပင်လယ်အော် အခြေအနေကို ထုတ်ပြန်ပါတယ်။ (၂၀-၅-၂၀၁၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်(၁၂)နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အားကောင်းလာခြင်း ရှိမရှိကို ဆက်လက် စောင့်ကြည့်လျက် ရှိပါတယ်။ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် (၂၀-၅-၂၀၁၄) ညနေမှ နောက်သုံးရက်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊တနင်္သာရီ တိုင်းဒေသကြီး...