Tuesday, May 20, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးအကြောင်းပြ၍ မဲဆွယ်စည်းရုံးနေခြင်း


NLD ပါတီနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းပြီး ၂၀၀၈ခုနှစ်၊အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ လှုပ်ရှားနေပါတယ်။အခြေခံဥပဒေပြင်ဆင်ရေးဆိုတာပြောတော့သာလွယ်ကူပါတယ်။ ဥပဒေအသစ် တစ်ခုကိုညီညီညွတ်ညွတ်နဲ့အားလုံးသဘောတူဖို့ဆိုတာ မလွယ်ကူလှပါဘူး။ တစ်ယောက်တစ်ပေါက်နဲ့ပဲ ပြီးဆုံးသွား လိမ့်မယ်လို့အတွေ့အကြုံများပြားတဲ့ နိုင်ငံရေးသမားကြီးတွေက သုံးသပ်နေကြပါတယ်။ ခြောက်ပြစ်ကင်း သဲလဲစင် တဲ့ဥပေဒတစ်ခုဖြစ်လာဖို့ဆို တာဘယ်နည်းနဲ့ မှမဖြစ်နိုင်ပါဘူး။

သူသဘောတူတာကို ကိုယ်ကသဘောမကျ၊ ကိုယ်သ ဘောကျတာကို သူကသဘောမတူနဲ့ဆိုရင် အချိန်တွေအလဟဿဖြုန်းတီးသလိုပဲဖြစ်နေမှာပါ။
ဒီကနေ့NLDက ပြင်ဆင်ချင်တဲ့ အဓိက ကိစ္စရပ်က ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ဖို့အတွက် အဟန့် အတားဖြစ်နေတဲ့အချက်တွေကိုပြင်ဆင်ချင်တာဖြစ်တာကြောင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီကို မရောက်နိုင်ဘူးလို့ပြောနေတာဖြစ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်တော့ တယူသန် တဇွတ်ထိုး သမားတွေ လက်ညှိုးထိုးနေသလောက်လဲ အဆိုးရွားကြီးမဟုတ်ပါဘူး။ ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရတွေ ဖွဲ့စည်း ပေးထားပြီးဖြစ်သလို သူ့ပြည်နယ်မှာ သူ့လူမျိုးကို ဦးစားပေးပြီးဝန်ကြီးချုပ်ခန့်ပေးထားပါတယ်။ ဒါ့အပြင် လိုအပ်ချက် အရကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေပေးထားတဲ့အတွက် ၂၀၀၈အခြေခံဥပဒေဟာ သုံးစားမရလောက် အောင် ဆိုးရွားလွန်းတဲ့ဥပဒေမဟုတ်ဘူးဆိုတာတော့ထင်ရှားပါတယ်။

ဥပဒေပြင်ဆင်ရေးခေါင်းစဉ်အောက်မှာ NLD ကတော့ မဲဆွယ်ပွဲစတင်နေတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်၊ အတွင်းမှာလွှတ်တော်ကိုယ်စားလှယ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ရှိနေတာမို့ မဲဆွယ်တယ်ဆိုတဲ့ ခေါင်းစဉ် မတပ်ဘဲ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးကိုအကြောင်းပြုပြီး ပြည်သူလူထုတွေနဲ့တွေ့ဆုံနေပါတယ်။ အရင်အစိုးရနဲ့ လက်ရှိအစိုးရကိုမကောင်းပြောနေတာဟာသူ့ပါတီအတွက် မဲဆွယ်ခြင်းတစ်မျိုးဖြစ်ပါတယ်။ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်က ဒေသခံတစ်ဦးကတော့“အရင်ကြားဖြတ်ရွေးကောက်ပွဲတုန်းကကျွန်တော်တို့ အနေနဲ့ လွှတ်တော် ကိုယ်စား လှယ်ကို ကြိုက်လို့ မဲထည့်ခဲ့တာမဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကြောင့်မဲပေးခဲ့တာပါ။ ဇေယျာသော်လို့ သိရပေမယ့် ကျွန်တော်တို့မြို့နယ်အတွက် ခုချိန်ထိဘာတစ်ခုမှ လုပ်ပေးတာမရှိသေးပါဘူး။ ဒါကြောင့်ကျွန်တော်တို့ အခုလာမဲ့ရွေးကောက်ပွဲမှာတော့ တကယ်လုပ်ပေးနိုင်တဲ့သူကိုပဲ မဲပေးတော့မှာဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ အခုလာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ NLDပဲ မဲအများဆုံးရလိမ့်မယ်လို့ ပြောထားပါတယ်။

သူ့အနေနဲ့သုံးသပ်တာကတော့ NLDပါတီဟာ ပင်ပင်ပန်းပန်းရှာဖွေစရာမလိုပဲ ငွေကြေးတွေအလို အလျောက်ဝင်နေတာမို့ ငွေကြေးသုံးစွဲနိုင်မှုအပိုင်းမှာ သူ့ကိုဘယ်သူမှမယှဉ်နိုင်ဘဲ မဲတွေအများကြီးရသွားနိုင်တယ် လို့လဲ သုံးသပ်ထားပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ငွေကြေးချမ်းသာတာ မှန်ပေမယ့် ဗဟိုဦးစီးစနစ်မပျောက်သေး တာကြောင့် ငွေကြေးကို ထင်တိုင်းသုံးစွဲလို့ မရတဲ့အနေအထားမှာရှိနေပါတယ်။

ဒါဟာကြံ့ခိုင်ရေးပါတီရဲ့ပျော့ကွက် ဟာကွက်တစ်ခုဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ကတော့ ဒီမိုကရေစီစနစ် ရှင်သန်လာတာနဲ့အမျှ ပါတီစွဲ၊ပုဂ္ဂိုလ်စွဲထက် တကယ်လုပ်ကိုင်ပေးနိုင်မယ့်သူကို လွှတ်တော် ကိုယ်စား လှယ်အဖြစ်မဲပေးကြတော့မှာဖြစ်ပါတယ်။ အရင်တုန်းကလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ဘယ်လိုပဲ အာပေါင်အာရင်းသန်သန်နဲ့ပြောပြောလူထုကတော့ ဒေသအတွက် အမှန် တကယ် အကျိုးပြုမယ့်သူကို ရွေးချယ်တော့မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်အားကိုးပြီးမဲပေး လိုက်ကြပေမယ့်အဲဒီကိုယ်စားလှယ်တွေအနေနဲ့ ရပ်ရွာဒေသအကျိုးကို လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။၂၀၁၅ခုနှစ် မရောက်ခင်အချိန်အထိတော့မြန်မာနိုင်ငံအတွင်းဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ကြားဖြတ်ရွေးကောက်တင်မြှောက်ပွဲတွေ လှုပ်ရှားမှုတွေနဲ့ လူတွေအချိန်အကုန်ခံနေရတော့မှာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

မိုးညို
အမေ့အိမ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်