Wednesday, April 30, 2014

ကလေးငယ် အပူကြီးခြင်း

Posted by drmyochit Wednesday, April 30, 2014, under | No comments


ကလေးငယ်များ အပူကြီးပြီး တက်ရင်ဘယ်လို လုပ်သင့်သလဲ ဆရာ။ ဒေါ်လှိုင် (တောင်ကုတ်)

ကလေးကို အပူချိန်တိုင်းလို့ အဖျားကြီးပြီး ၃၉ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက် ကျော်ရင် ကလေး အပူချိန်များခြင်းနဲ့ အတူ ထိုင်းမှိုင်း ညှိုးနွမ်းနေခြင်း၊ မအီမသာဖြစ်ြခင်း၊ညှိးနွမ်းနေခြင်း၊ အနီရောင် အစက်အပြောက်များ၊ အဖုအပိမ့်များ ထွက်ခြင်း၊ တခြားရောဂါ လက္ခဏာများ ဥပမာ-ဇက်တောင့်ခြင်း၊ အပူကြီး၍ တက်ခြင်းနှင့် သေဆုံးခြင်းတို့ အထိ ဖြစ်တတ်တယ်။

အဖျားတိုင်းခြင်း

ကလေးရဲ့ပါးစပ်ထဲကို သာမိုမီတာကိုက်စေပြီး တိုင်းတာမျိုး မလုပ်သင့်ဘူး။ သွားနဲ့ ကိုက်မိလို့ သာမိုမီတာကျိုးရင် ပါးစပ်ထဲကို ပြဒါးဝင်သွားပြီ အဆိပ်သင့်စေမယ် ဖန်ကွဲစတွေလည်း ဝင်သွားနိုင်တယ်။ ချိုင်းကြားမှာ ညှပ်ပြီး တိုင်းတာခြင်းဖြင့် ရရှိတဲ့အမှတ်ကို ၁ ဒီဂရီဖာရင်ဟိုက် ပေါင်းပြီး မှတ်ယူသင့်ပါတယ်။

လက္ခဏာများ

ကလေးငယ် ကိုယ်ပူတာဟာ ရောဂါပိုး တစ်ခုခုဝင်လို ခန္ဒာကိုယ်ရဲ့ ခုခံမှူ စနက်က တန်ပြန် တိုက်ခိုက်ခြင်း ဖြစ်ပြီး အပူမြင့်တက်တာဖြစ်လို့ (ပုံမှန်အားဖြင့်) မစိုးရိမ်သင့်ပါ။ ကလေးငယ် ကိုယ်အပူချိန် မြင့်တက်လာပြီ ဆိုရင်  ကိုယ်လက် မအီမသာဖြစ်ြပီး ယောင်ယမ်းခတ်တာ ဂျီကျတက်တယ် အပူချိန် ပုံမှန် ပြန်ရောက်အောင် ရေဖတ်တိုက် ပေးရမယ်။အင်္ကျီ အဝတ်အစား ချွတ်ပေးရမယ်။ စောင်မခြုံရဘူး။ ချည်သားအဝတ် ၀တ်ပေးရမယ် ရေအေးနဲ့ ရေပတ်တိုက်ပေးရမယ် ရေခေါင်းလောင်းချိုးချကာ မျတ်နှာပ၀ါသန့်နဲ ရေစင်စင် သုတ်ပြီး အဝတ်ပွပွ ဝတ်ပေးသင့်တယ် ၊ အကောင်းဆုံး အအေးခန်း (Aircon) မှာနေစေ ခြင်းဖြစ်တယ်။

မိဘအလုပ်၊

ကလေးဖျားရင် မိဘတစ်ဦးအနေနဲ စိတ်ငြိမ်ငြိမ် ထားရမယ် ခေါင်းအေးအေးနဲ ပြုစုရမယ် ရေဖတ်တိုက်တာ အပူကျဆေး ပါရာစီတမော့ တိုက်ကျွေးတာတို့ကို ပိုးသတ်ဆေး အမောင်စလင် စီဖရန် တိုက်ကျွေကာ သေချာတိကျတဲ ဆေးအညွှန်း (ဆရာဝန်အညွှန်း)နဲ့ တိုက်ကျွေးသင့်တယ် ကိုယ်ပူများပြီ ယခင်က သက်သာတဲ ကလေးဖြစ်ရင်တော သတိရှိရမယ် ဇက်ခိုင်နေခြင်း၊ ဇက်တောင့်နေခြင်းနဲ မျတ်လုံးလည်နေခြင်းဖြင့်ရင် ချက်ခြင်း အပူချိန်ကျ အောင် ချရပါမယ် ။အထက်ပါ နည်းများအတိုင်း ချပြီးလို့မှ တက်နေရင် စအိုကနေ ဒိုင်ယာဇီပန် ထည့်ပေးနိုင်သလို ဆေးထိုးပေးနိုင်ပါတယ် အပူကျဆင်းပြီမှ ရုပ်တရက် အပူတက်ခြင်း ထပ်တက်ခြင်းတို့ကို ဆရာဝန်နဲ စနစ်တစ်ကျ ပြသင့်ပါတယ်။ အပူချိန် ၃၆ ဒီကရီစင်ရီဂရိတ် ၁၀၁ ဒီဂရီဖာရင်ဟိုက် သုံးရက်ထက် ပိုနေရင် ဆေးခန်းကို သွားပြသင့်ပါတယ်။ လက္ခဏများမှာ ကလေး အပူကြီးပြီး အသက်ရှူရပ်သွားခြင်း အသက်ခက်ခက်ခဲခဲ ရှူနေရပြီ နှုတ်ခမ်းများ ပြာလာ ခြင်း။ သတိလစ်ခြင်း၊ ပြင်းစွာ အပူလောင်ခြင်း၊ အရိုးကျိုးခြင်း ကလေးရဲ ခန္ဒာကိုယ်ထဲကို ဓာတု ဆေးရည် ဆိုးဆေးဝင်ခြင်း ၊ တိရိစ္ဆာန် ကိုက်ခံရခြင်း၊ ခွေးကိုက်ခြင်း၊ ပျားတုပ်ခြင်း၊ မြွေကိုက်ခြင်း၊ ကင်းကိုက်ခြင်းများ ရှိပါကဆရာဝန်နဲ့ စနစ်တကျ ပြသပြီး ဆရာ ဝန်ရဲ့အကြံဉာဏ် ယူသင့်ပါတယ်။

အကောင်းဆုံးအပူချနည်း

အကောင်းဆုံး အပူချနည်းက ရေဖတ်တိုက်ခြင်း၊ ရေလောင်းချိုး ခြင်းပြီးပါက အဝတ်ပွပွ သန့်သန့် ဝတ်စေခြင်း၊ အပူကျသော ပါရာစတီမော စအိုထဲထညြ့်ခင်း ၊ဂြိုလ်တုဆေးထဲခြင်း၊ တက်ပါက အတက်ကျ ဆေးထညြ့်ခင်း၊ ပါးစပ်မှ ဝင်ပါက ပါရာစီတမော အရည်နှင့်ဒိုင်ယာဇီပန် ကြိတ်ဖျော်၍် တိုက်ကျွေးထားခြင်း တိုပြုလုပ်ပါက အပူကျစေတယ်။

သုံးရက်ထက် ပိုတဲ့ကလေးအဖျား

ကလေးက မသက်သာရင် နောက်ပြီးယခင်က တက်ဖူးတဲ့ ကလေးဆိုရင် တခြားရောဂါ ဝင်လာတတ်လို့ သံသယရှိရင် ဆေးရုံသို့ သွားရောက်ပြသင့်ပြီး လိုအပ်တဲ့ အကြံဉာဏ် ရယူရပါမယ်။ တိကျ သေချာတဲ့ဆေး အညွှန်းအတိုင်း တိုက်ကျွေး ပြုစု ရပါမယ်။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)
မြ၀တီ

သင့်ကျန်းမာရေး (ကလေးငယ်များ ဝမ်းလျှောခြင်း)

Posted by drmyochit Wednesday, April 30, 2014, under | No comments


ကလေးနဲ့ ဝမ်းကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာဟာ အဖြစ်များတတ်တဲ့ ရောဂါ လည်း ဖြစ်တယ်။ ကလေးတွေ ဝမ်းလျှောတာ ဝမ်းပျက်တာက ဆဲလ်မိုနဲလား (Celmoni-alar) နဲ့ ရွှီဂျဲလား (Sihegella)၊ အီကိုလိုင်း (E coli) ပိုးကြောင့် ဖြစ်ပါတယ်။
ဝမ်းအသွားများလို့ ညှီစော်နံနေခြင်း၊ သွေးမပါ၊ ချွဲမပါဘဲ ဝမ်းသွားခြင်း၊ ဝမ်းကျ၊ ဝမ်းကိုက်၊ ဝမ်း တွင်း သံကောင် တွေကြောင့် နေထိုင်မကောင်းရင် ကျောင်းမလာ သင့်ပါဘူး။ ဆရာဝန်နဲ့ ကုသသင့်တယ်။

ကာကွယ်ဆေးနည်း

ရေကောင်းရေသန်နဲ့ ကျိုချက်ထားတဲ့ ရေသုံးခြင်း၊ ရေထဲမှာ ဆေးခတ်ခြင်း၊ မစင်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ ကိုယ်လက် သန့်ရှင်းအောင် ထားခြင်း၊ လူနာရဲ့ အဝတ်အစား၊ အပေအကျံများကို ရေနွေးဖြင့် ပြုတ်လျှော်ခြင်း၊ တိုက်ဖွိုက် ကာကွယ်ဆေးနဲ့ ကာလဝမ်း ရောဂါ ကာကွယ် ဆေးထိုးခြင်း တွေကို ပြုလုပ်ရမယ်။

ဝမ်းလျှော ဝမ်းပျက်ခြင်းကို တိကျသေချာတဲ့ ဆေး စီဖရန် (၂၅ဝ) လီလီကွန်၊ နီ၊ မက်ထရို ၂ဝဝ မီလီဂရမ်၊ ဒီကိုတေး တစ်ဝက်၊ တစ်နေ့ ၃ လုံး (၄-၇) ရက် ပေးသင့်တယ်။ ရေဓာတ်၊ သတ္တုဓာတ် ဆုံးရှုံးခြင်းကို ကာကွယ်ဖို့၊ ဓာတ်ဆားရည် (Ord Rchydratin Salt) တိုက်သင့် တယ်။

ဝမ်းကိုက်ပိုး

ဝမ်းကိုက်ပိုးကြောင့် ဝမ်းကိုက်ဝမ်းပျက် ဖြစ်စေတယ်။ ဝမ်းကိုက်ပိုး (Anoebiners) ကြောင့်  ဝမ်းကိုက်ခြင်းဖြစ်လို့ ဝမ်းအကြိမ် များစွာသွားပြီး နံစော်ခြင်း၊ သွေးနဲ့ ချွဲပါခြင်း တွေ့ရတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်ကို စနစ်တကျ ကုသသင့်တယ်။ ဝမ်းကိုက်ပိုးကို စနစ်တကျ မကုသရင် အသည်းထဲ ဝမ်းကိုက်ပိုး ဝင်ပြီး အချိန်မီမခွဲစိတ်ရင် သွေးဆိပ်တက်ပြီး သေဆုံးနိုင်တယ်။ ဝမ်းကိုက် ပိုးမကူးစက် ရအောင် ဝမ်းလျှောဝမ်းပျက် ကာကွယ်နည်း အတိုင်း  ကာကွယ် နိုင်တယ်။  ဝမ်းကိုက် ကာကွယ်ဆေးမရှိသေးဘူး။

တိုက်ဖွိုက်ရောဂါ

တိုက်ဖွိုက် ရောဂါကြောင့်  ဝမ်းလျှော ဝမ်းပျက်ခြင်းကို နောက်ပိုင်းမှာ အတွေ့ရများတယ်။ ဖျား၍ အပူမကျခြင်း၊ အပူချိန် ၁ဝဝ ဒီဂရီအထက်ရှိခြင်း၊ ဝမ်းသွားခြင်း၊ သွေးအားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်း ဖြစ်စေတယ်။

အတူနေလူကြီး၊ ကလေးများကို ရောဂါ ဖြစ်မဖြစ် စောင့်ကြည့်ဖို့လိုတယ်။ ကာကွယ် ဆေးထိုး ပေးနိုင်တယ်။ ရောဂါပျောက်တဲ့ အထိ (တစ်ပတ်-သုံးပတ်) စီဖရန် သို့မဟုတ် ကလိုရိုဖီနီကော တစ်တောင့်  (သုံးကြိမ်) (၅-၁၅) ရက် သောက်သင့်တယ်။ တိုက်ဖွိုက် ရောဂါဖြစ်တဲ့ရက်မှ ပျောက်တဲ့ ရက်အထိ အနားယူရမယ်။ သီးခြားထား၊ သီးခြား ကုသရမယ်။ ရေကောင်း ရေသန့် နဲ့ ကျိုချက်ပြီး သားရေကိုသုံးခြင်း၊  ဆေးခတ်ခြင်း၊ မစင်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ ကိုယ်လက် သန့်ရှင်းခြင်း၊ လူနာရဲ့ အဝတ်အစားအပေ အကျံများကို ရေနွေးဖြင့် ပြုတ်ခြင်း၊ တိုက်ဖွိုက် ကာကွယ် ဆေးထိုးခြင်း (ခြောက်လခံဘူး) တို့ဖြင့် သီးခြား ကာကွယ်ပေးနိုင်တယ်။

သံကောင်

သံကောင်ကြောင့် ဝမ်းလျှောဝမ်းပျက် ဖြစ်နိုင်တယ်။ ဖေဖော်ဝါရီမှ ဧပြီလအထိ သို့မဟုတ် ဗိုက်ထဲမှာ သံရှိနေရင်  အချိန်မရွေး  ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တယ်။ သံလုံးကောင်၊ သံပြား ကောင်၊ တုတ်ကောင်၊ သံချိတ်ကောင် စသဖြင့် ကူးစက်နိုင်တယ်။ ကူးစက်ရာမှာ  မသန့်ရှင်းတဲ့ သောက်ရေများ၊ မစင်မှတစ်ဆင့် ယင်ကောင်က သယ်ယူလာသော ရောဂါပိုးများ၊ အစားအစာ အပေါ်၌ နားစဉ် ကျန်ခဲ့ခြင်း မသန့်ရှင်းသော လက်များ (Fucus, Fly, Flighit, Food, Fingers ) ကြောင့်လည်း ဖြစ်ပွားတယ်။ သံဥပါတဲ့ မသန့်ရှင်းသော သောက်ရေများ၊ အစာများ ကတစ်ဆင့် ဝမ်းထဲ ဝင်ရောက်ပြီး သံထစေတယ်။ သံဝမ်းသွားပါက ဝမ်းသွားခြင်း၊ အားအင် ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သွေးအားနည်းခြင်း၊ တက်တတ်ခြင်း၊ အူပေါက်၍ သွေးဆိပ် တက်ခြင်းတို့ ဖြစ်စေတယ်။ သေဆုံးတတ်တယ်။

ကာလဝမ်းရောဂါ (Vibrio Chlorae ) ကြောင့် ဝမ်းသွားပါက ဝမ်းရဲ့ အရောင်က ဆန်ဆေးရေ အရောင်သွားခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ လက်များ ပဲကြီး ရေစိမ်ကဲ့သို့ တွန့်ခြင်း၊ ဆီးနည်းခြင်း ဖြစ်တတ်တယ်။

တစ်ပတ်ထိ စောင့်ကြည့်ရမယ်။ ရောဂါ သယ်ဆောင်သူ ရှိ၊ မရှိ ကြည့်ရမယ်။ စားဆေး စီဖရန် ၅ဝဝ မီလီဂရမ်၊ နိုဘက်တင်၊ ဇက်စတို၊ ဒီကိုတေး (Ciprean, Nobatin, Dicolfi သုံးမျိုး သုံးကြိမ် ၄-၁၇ ရက်ထိ တိုက်ရတယ်။

ကာလဝမ်းဖြင့် တွေ့ပြီးသည်မှ တစ်ပတ်ထိ စောင့်ကြည့်ရမယ်။ လူနာကို ဆေးရုံတင်ပြီး သီးသန့်ဆောင်မှာ ထားရှိရတယ်။ တခြားသူများ၊ နေရာများ၌ ကာလဝမ်းရှိ၊ မရှိ စောင့်ကြည့် ခြင်း၊  အမိန့် ထုတ်ပြန်ခြင်း၊ ကန့်သတ်ခြင်း ကြိုတင် ကာကွယ်ခြင်း လုပ်ရပါတယ်။

(ခရမ်းလွန်ရောင်ခြည်နှင့် အရေပြားရောဂါများ)

Posted by drmyochit Wednesday, April 30, 2014, under | No comments


အရေပြားဟာ ခန္ဓာကိုယ် အပူချိန်များခြင်း၊ ခြောက်သွေ့ခြင်း၊ လေတိုက်ခြင်း၊ နေလောင်ခြင်း၊ ခရမ်းလွန်ရောင်ခြည် သင့်ခြင်းကြောင့် အရေပြားရောဂါ အမျိုးမျိုးခံစားရပါတယ။် ကူးစက်ရောဂါ
ယားနာအမျိုးမျိုးကို ဖြစ်စေပါတယ်။ အသက်အရွယ်အလိုက် အရေပြားပြောင်းခြင်း အသက်အရွယ်ကြောင့် အရေပြားဟာ ပြောင်းလာတယ်။ အသက်အရွယ် အလိုက်ပြောင်းတာကို မလွန်ဆန်နိုင်ပေမယ့် ပြင်ပအကြောင်း အရင်းကြောင့် အရေပြားပြောင်းတာကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ပြင်ပအကြောင်းရင်းကြောင့် အရေပြားပြောင်းခြင်း ပြင်ပအကြောင်း အရင်းကြောင့် အရေပြားပြောင်းရတာဟာ ခရမ်းလွန် ရောင်ခြည်ကြောင့်ဖြစ်တာ၊ နေရောင်ထိတဲ့ မျက်နှာ၊လည်ပင်း၊ လက်ဖမိုးတို့မှာ တွေ့ရများတယ်။ မတ်လက ခရမ်းလွန်ရောင်ခြည် အမှတ်၁၂ ဒသမ ၇ ထိရောက်တယ်။ ပုံမှန် ၈-၁အထိရှိသင့်တယ်။ ယခုအခါ ခရမ်းလွန်ရောင် ခြည်ကြောင့် အရေပြားအောက်ပိုင်း အထိအရောင်ပြောင်းခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ အရေပြားရောဂါ အမျိုးမျိုးဖြစ်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

မျက်နှာဆိုင်ရာ အမူအရာများ ထပ်ကာထပ်ကာလုပ်ခြင်း၊ အသက် ၃ဝ နောက်ပိုင်း အရေပြားဆန့်နိုင်၊ ကျုံ့နိုင်စွမ်း ကျဆင်းကာ အရေပြားလျော့ခြင်း၊ တွဲခြင်း၊ ဆိုင်းခြင်း ဖြစ်လာ တယ်။ ဆေး လိပ်သောက်ခြင်းဟာ အရေပြား ရောဂါဖြစ်ရတဲ့ အဓိက လက္ခဏာပဲ ဖြစ်တယ်။ အရေပြားကြမ်းလာခြင်း၊ အရေပြား အဝါရောင်သမ်းခြင်းကို ဖြစ်စေတယ်။ ခရမ်း လွန်ရောင်ခြည် နဲ့ ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားမှာ အရေးအကြောင်း ဖြစ်လာခြင်း၊ နေလောင်ကွက်ပေါ်ခြင်း၊ တခြားအရောင်ရှိ အကွက်ပေါ်ခြင်း၊ အရေပြား ကြမ်းခြင်း၊ သွေးကြောမျှင်ပေါ် ဖလာခြင်း၊ မှဲ့ခြောက်များ ပေါ်လာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးလို့ အရေပြားပြောင်းလဲခြင်းမှာ Super Oxidics ကြောင့် ဖြစ်တယ်။ Fibroblasts ဟာ အရေပြားဆဲလ်ရှိ Extramatrie ထုတ်လုပ်ခြင်း၊ ပြန်လည် ဖျက်ဆီးခြင်းကြောင့်ဖြစ်ပြီး အသက်ကြီးပါက အရေဓာတ်နည်းခြင်း၊ လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်းတို့ဖြစ် တယ်။ ကော်လာဂျင်များဟာ အပေါ်ယံဆဲလ် အစိတ်အပိုင်းအဖြစ် အရေပြား အောက်လွှာကို ထောက်ပံ့ပေးကာ အသက်ကြီးလာပါက အသစ်ထုတ်နိုင်စွမ်း ကျလာပြီး၊ ကော်လာဂျင်များပြန်လည် ဖြိုဖျက်နိုင်စွမ်း ကျဆင်းလာတယ်။ အီလက်စတစ်များမှ ဆဲလ်အပေါ်ယံ အဖြစ်နဲ့ အရေပြားရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်မှုဖြစ်စေခြင်း၊ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ကျဆင်းလာစေတယ်။

ကာရက်တင်ဆိုက်များဟာ ခရမ်းလွန်ရောင်ခြည်နဲ့ တခြားထိခိုက်မှုများမှ ကာကွယ်ခြင်း၊ ဆဲလ်အချက်ပေးခြင်း၊ အရေပြားရောင်ခြယ် ပစ္စည်းသယ်ဆောင်ခြင်းက အသက်အရွယ် ကြီးလာ၍ ကာကွယ်ပေးမှု နည်းသွားပြီး အရေပြားပါးလာတယ်။ မယ်လင်နိုဆိုက်များဟာ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးတဲ့ ရောင်ခြယ်ဆဲလ်များကို ထုတ်လုပ်ပေးခြင်း၊ လွတ်နေတဲ့ ဓာတ်တိုးပစ္စည်းများ ဖယ်ရှားပေးခြင်းတွေကို ဆောင်ရွက်ပေးပြီး အသက်ကြီးလာရင် အရေအတွက် နည်းပါးကာ သက်တမ်းတိုလာတယ်။ လင်ဂါဟင်ဆဲလ်များက ဓာတ်ပစ္စည်း ပြသပေးပြီး ဆဲလ်အရေအတွက် နည်းလာခြင်းနဲ့ ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်လာတယ်။ အသက်ကြီးငယ်မရွေး အရေပြား အလှလိုချင်ပေမယ့် ထိန်းသိမ်းမှုမရှိ သို့မဟုတ် လွဲမှားခြင်းကြောင့် မလှမပဖြစ်ရတယ်။

နေရောင်ခြည်ကာကွယ်နည်း

နေရောင်ခြည်ဟာ ပိုးများကိုသေစေတယ်။ နွေမိုးဆောင်း ရာသီဥတုပြောင်းလဲမှုနဲ့ လိုက် အောင် ဝတ်စား ဆင်ယင်မှု ပုံစံပြောင်းလဲဖို့ လိုအပ်တယ်။ အရေပြားကို နေရောင်ခြည်မှ ကာကွယ်ဖို့၊ အဝတ်ပါးပါး အရောင်ဖျော့ဖျော့ ဝတ်ဆင်သင့်တယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်း၊ အစက်အပြောက် ထွက်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်။ နေရောင်ခံ လိမ်းဆေးဟာ နေပူထဲ မထွက်မီ ၁၅ မိနစ်မှာ လိမ်းပေးရမယ်။ ၂ နာရီ ကြာတိုင်းတစ်ကြိမ် လိမ်းရမယ်။ ဒါမှမဟုတ် သနပ်ခါးလိမ်းရမယ်။ ထီး၊ ဦးထုပ်၊ ယာဉ်ကိုအသုံးပြုရမယ်။

သရက်သီးကပေးတဲ့ အကျိုးကျေးဇူး ၁၆ ခု

Posted by drmyochit Wednesday, April 30, 2014, under | No comments

သရက်သီးကပေးတဲ့ အကျိုးကျေးဇူး ၁၆ ခု (၁) ကိုလက်စရောဓာတ်ကို လျော့ချပေးတယ်
(၂) ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်
(၃) အသားအရေကို ကြည်လင်စေတယ်
(၄) ခန္ဓာကိုယ်အတွက် ခွန်အားကို ရရှိစေတယ်
(၅) ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်တယ်
(၆) အရိုး အဆစ်အတွက် ကောင်းမွန်ပါတယ်
(၇) လိင်ရောဂါများအတွက် ကောင်းပါတယ်
(၈) မျက်လုံးအတွက် ဆေးတစ်မျိုး ဖြစ်ပါတယ်
(၉) အစာကြေစေ နိုင်ပါတယ်
(၁၀) ဦးနှောက်သွေးကြောပြတ်ခြင်း အတွက် ကောင်းမွန်စေပါတယ်
(၁၁) ခန္ဓာကိုယ်တွင်း သွေးကြောများ အတွက် ကောင်းမွန်စေပါတယ်
(၁၂) ခန္ဓကိုယ်ကို သန့်စင်စေပါတယ်
(၁၃) မှတ်ဥာဏ်အတွက် ကောင်းမွန်စေပါတယ်
(၁၄) အမျိုးသမီးများအတွက် သန်ဓာတ်တိုး အစားအစာ တစ်မျိုးဖြစ်ပါတယ်
(၁၅) ကျောက်ကပ်အတွက်လည်း ကောင်းမွန်စေပါတယ်
(၁၆) အစာပြေစားလို့ ရတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်

ကျန်းမာရေး ကောင်းဖို့အတွက် နာရီဘယ်လောက် အိပ်ပေးသင့်သလဲ

Posted by drmyochit Wednesday, April 30, 2014, under | No comments


ကျန်းမာရေး ကောင်းဖို့အတွက် နာရီဘယ်လောက် အိပ်ပေးသင့်သလဲ(၁) ၁ လမှ ၂ လ ကလေးငယ်လေးတွေ အတွက် တစ်နေ့ကို ၁၄ နာရီမှ ၁၈ နာရီ အိပ်ပေးသင့်ပါတယ်။
(၂) ၃ လမှ ၁၁ လ ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၃ နာရီမှာ ၁၆ နာရီ အိပ်ပေးသင့်ပါတယ်။
(၃) ၁ နှစ်မှ ၃ နှစ် ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၂ နာရီမှ ၁၄ နာရီ အိပ်ပေးသင့်ပါတယ်။
(၄) ၅ နှစ်မှ ၁၂ နှစ် ကလေးတွေ အတွက် တစ်နေ့ကို ၁၀ နာရီမှ ၁၁ နာရီ အိပ်ပေးသင့်ပါတယ်။
(၅) ၁၃ နှစ်မှ ၁၇ နှစ်တွေ အတွက် တစ်နေ့ကို ၉ နာရီမှ ၁၀ နာရီ အိပ်ပေးသင့်ပါတယ်။
(၆) ၁၈ နှစ်အထက် ကတော့ တစ်နေ့ကို ၇ နာရီမှ ၉ နာရီထိ အိပ်ပေးသင့်ပါတယ်။

ဆံပင်ကျွတ်ခြင်း အတွက် အကောင်းဆုံး လက်နက်များ

Posted by drmyochit Wednesday, April 30, 2014, under | No comments

ဆံပင်ကျွတ်ခြင်း အတွက် အကောင်းဆုံး လက်နက်များတကယ်ထိရောက်ပြီး ဆံပင်ကျွတ်မှုကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါ လိမ့်မယ်။ အဲဒီအစားအစာ တွေကတော့ -

(၁) အုန်းရည်
အုန်းရည်ဟာ ဆံပင်ကျွတ်မှု အတွက် များစွာ အထောက်အကူပြုပေး ပါတယ်။ ဒါ့အပြင် ဆံပင်ကို နက်မှောင်စေပြီး ပိုမို သန်စွမ်းစေနိုင် ပါတယ်။ ဒါကြောင့် ဆံပင်အတွက် အုန်း ရည်ဟာ ဆေးတစ်လက် ဖြစ်ပါတယ်။

(၂) ကြက်ဥ
ကြက်ဥ တစ်လုံး၏ အနှစ်ကိုယူပါ။ တစ်လုံးထက် ပိုပြီးလဲ သုံးနိုင်ပါတယ်။ ထို့နောက် ပျားရည်ကို လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး နှစ်ခုရောပြီး မွှေလိုက်ပါ။ ဦးရေပြားပေါ်သို့ ထိုအရာ များကို တင်လိုက်ပါ။ မီနစ် ၂၀ မှ ၃၀ ခန့်လောက် စောင့်ပါ။ ပြီးနောက် ခေါင်းလျှော်လို့ ရပါပြီ။ ခေါင်းလျှော်ရာတွင် အေးသောရေနဲ့ မလျှော်ပါနဲ့။ နွေးသော ရေဖြင့်သာ ခေါင်းကို လျှော်ပါ။ အဲလို လုပ်ခြင်းအာဖြင့် ဆံပင်ကျွတ်ခြင်းသာ မကဘဲ ဆံပင်ကြမ်းခြင်း ဆံပင် မသန်ခြင်း နှစ်ခွဖြစ်ခြင်း အတွက်ပါ ကောင်းမွန်စေ ပါတယ်။

(၃) ကြက်သွန်နီ
ကြက်သွန်နီ ကတော့ ဆံပင်အတွက် လက်နက်တစ်ခု ဖြစ်ပါတယ်။ အသုံးပြုပုံ ကတော့ ကြက်သွန်နီ၏ အရည်ကို ဦးရေပြားပေါ်သို့ သုတ်လိမ်း ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း အတွက် အထူးပင် ကောင်းမွန်စေ ပါတယ်။

Friday, April 25, 2014

ထူးဆန်းသောရွာကြီးရဲ့ နောက်ကွယ်က တစ္ဆေကလဲ့စား

Posted by drmyochit Friday, April 25, 2014, under | No comments


ရန်ကုန်မှ ထွက်လာသော ရထားသည် အရှိန်အဟုန်ဖြင့် မော်လမြိုင်မြို့သို့ ဦးတည်နေသည်။ ရထားပေါ်ရှိ ခရီးသည်များမှာ တစ်ယောက်တစ်ပေါက် စကားပြောနေသောသူကပြော၊ အနားယူနေသူကယူ၊ စာဖတ်နေသောသူက စာဖတ်ဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ပါလာကြသည်။ ထိုခရီးသည်များထဲတွင် ဆရာဝန်များ ဖြစ်သော ဒေါက်တာဦးမင်းထင်ကျော်၊ ဒေါက်တာကေသွယ်၊ နောက်ပြီး ဆေးကျောင်းသားများ ဖြစ်ကြသော ရွှေအိုရောင်၊ ထက်မြက်၊ ဉာဏ်လင်းအောင်နှင့် အကူနာ့စ်ဖြစ်သော ရဲရင့်တို့ ပါဝင်လေသည်။ ၄င်းတို့ လူစုသည် မိမိတို့ မရောက်ဖူးသော ဒေသသို့ ခရီးထွက် လာရခြင်းကြောင့် ရင်ခုန်စွာ တက်ကြွပျော်ရွှင်နေကြသည်။ ရထားပြတင်းမှ တဟုန်ထိုး ဖြတ်ဝင် လာနေသော လေတိုက်သံ၊ ရထားသံလမ်း ပွတ်သံတို့နှင့် အပြိုင် ၄င်းတို့၏ စကားသံများကလည်း မြိုင်ဆိုင် ကြည်မွေ့နေကြသည်။

ရွှေအိုရောင်။  ။ ဟဲ့.. ခုငါတို့ သွားရမယ့်ရွာက ဘယ်လိုကြီးတုန်း

ထက်မြက်။  ။ ခုသွားရမှာက ဆင်တောင်စုရွာတဲ့

ဉာဏ်လင်းအောင်။  ။ ဘာလို့ ဆင်တောင်စုလို့ခေါ်လဲ မသိဘူးနော်။ ဆင်နဲ့တူတဲ့ တောင်စုကြီးတွေများ ရှိလို့လားမသိဘူး

ရဲရင့်။  ။ သူ့ဟာသူ ဘာလို့ခေါ်ခေါ်ပေါ့။ သိပ်စပ်စုတာပဲ

ထက်မြက်။ ။ အာ.. ဒီရဲရင့်ကလည်း တစ်မှောင့်

ရဲရင့်။ ။ အယ်.. ငါ့ကို အဲဒီနာမည်ကြီး မခေါ်စမ်းပါနဲ့ဟယ်။ ကြားရတာ အသည်းယားလွန်းလို့။ နင်တို့က ဘယ်လောက်ပြောပြောလည်း အမှတ်မရှိကြဘူး။ ငါ့ ဘိုနာမည် ခေါ်လေ။ Grace.. Grace..  အဲ့လိုခေါ်။ ဟွန့်..

ရွှေအိုရောင်။ ။ အေးပါ။ သိပါတယ်။ နင်ကလည်း အရေးထဲ ကြောငြာဝင်နေပြန်ပြီ

ရွှေအိုရောင် ပြောပြောဆိုဆိုဖြင့် ဒေါက်တာမင်းထင်ကျော်တို့ဖက် လှည့်လိုက်ပြီး

ရွှေအိုရောင်။ ။ ဆရာ ဆေးရုံအုပ်ကြီးက ဘာလို့ အဲဒီရွာကို လွှတ်လိုက်တာလဲဟင်။ အဲဒီမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးလား။ ရွာသားဦးရေရော တော်တော်များလား..

ဦးမင်းထင်ကျော်။ ။ အင်း.. ဒီလိုသမီးရဲ့။ ခုသွားမယ့်ရွာက မော်လမြိုင်ကနေတစ်ဆင့် ကားနဲ့ထပ်သွားရမယ်။ မြို့နဲ့ လည်း အတော်လှမ်းတော့ ကားဂိတ်ကနေ တစ်ခါလှည်းနဲ့ ထပ်သွားကြရမှာ။ အဲ့လိုမြို့နဲ့ အတော်အလှမ်းဝေးလို့လည်း ဗဟုသုတ အသိတရားက နည်းပါးကြရှာတယ်။ အခု သူတို့ သောက်ရေအဖြစ် အသုံးပြုကြတဲ့ ရေကန်က သူတို့လည်း သောက်တယ်၊ ကျွဲတွေ နွားတွေလည်း သောက်တယ်။ အဲ့ဒီ ကန်နားမှာပဲ ရေချိုး၊ အဝတ်လျှော်တာတွေ လုပ်ကြတော့ ဒီမကောင်းတဲ့ ရေတွေက ကန်ထဲကို ပြန်စီးတယ်။ အဲ့ဒီတော့ ရေမသန့်တော့ဘူးပေါ့ကွယ်။ လူတိုင်းက ကျိုချက်ပြီးတော့ မသောက်တော့ ရောဂါပိုးတွေ ကူးစက်ခံရတယ်။ အနာတွေ ဖြစ်ကြတယ်။ ဝမ်းလျှောကြတယ်လို့ ကြားတယ်။ ကြာလေ ပွါးလေ ပြင်းထန်လေနဲ့ ခုတော်တော်များများ ကူးစက်ခံရပြီး သေဆုံးတဲ့ အထိတောင် ဖြစ်ကြတယ်။ ဦးရေများလာတော့ အဲဒီရွာရဲ့ အနီးတဝိုက်က ကျေးလက် ကျန်းမာရေးမှူးလေး တစ်ယောက်တည်းနဲ့ မနိုင်တော့ဘူးပေါ့။ ခရီးဝေးလွန်းတော့ သူလည်း အမြဲသွား မကြည့်ပေးနိုင်ဘူးပေါ့။ ဆေးရုံဆေးပေး ခန်းနဲ့ အလှမ်းဝေးလွန်းတာရယ်၊ ငွေကြေး မတတ်နိုင်ကြ တာရယ် တွေကြောင့် ဆရာတို့ကို အဲ့ဒီကိုလွှတ်တာ။ ဆရာ တို့က အခြေအနေ သွားစစ်ဆေးပေးပြီး အလျင်ကုသပေးရ မယ်။ အဆင်မပြေလို့ အခြေအနေ ပိုဆိုးလာမှသာ မြို့ဆေးရုံကို အကြောင်းပြန်ကြားရမယ်။ ဒီလို ဒေသလေးတွေ ဆိုတာက ဆရာဝန် တကယ်လိုအပ်နေတဲ့ နေရာလေ။ သမီးတို့ အတွေ့အကြုံလည်း ရမယ်၊ လက်တွေ့အတွက်လည်း အမှတ်တိုးပြီးသား ဖြစ်တာပေါ့။ အိမ်ခြေကတော့ သုံးလေးဆယ် ဝန်းကျင်လောက်ပဲ ရှိမယ်ထင်တယ်။ တကယ့်ကို ရွာသေးသေးလေး။ တော်တော်ခေါင်ပြီး တော အရမ်းကျတယ်။

ထက်မြက်။ ။ သြော်.. အဲ့ဒီလိုကိုး.. သနားစရာပဲ

ကေသွယ်။ ။ ကေသွယ်သတင်းကြားတာတော့ အဲဒီရွာကိုရောက်သွားတဲ့သူမှန်သမျှ အကုန်ရောဂါကူးစက်ခံရတယ်တဲ့။ တစ်ယောက်မှ မလွတ်ဘူးတဲ့။ တစ်ရွာလုံးနီးပါး ကူးစက်ခံနေရတော့ အဲ့ရွာကို ဘယ်သူမှ အဝင်အထွက် မလုပ်ရဲတော့ဘူး

ရဲရင့်။ ။ ဟယ်... တကယ်ကြီးလား။ အမလေး ကြောက်စရာကြီး။ အဲဒါကြောင့် ဆေးရုံအုပ်ကြီးကိုပြောတာပေါ့ မလာချင်ပါဘူးဆိုနေမှ။ မပြောကောင်း ပြောကောင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မတုန်း။ သူများကို မွေးထုတ်ထားတဲ့အမေ ရင်ကျိုးရချည်ရဲ့။ သူများရဲ့ လှတပတ မျက်နှာလေးတော့ အထိခိုက် မခံနိုင်ပေါင်

ဉာဏ်လင်းအောင်။ ။ ဟေ့ကောင်ရဲရင့် တော်စမ်းကွာ။ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့မနေနဲ့။ မင်းဒီလိုမျိုး နှစ်ပိုင်းတစ်ပိုင်း ဂျော်တကီး စဖြစ်ကတည်းက မင်းအမေ ရင်ကျိုးပြီးသား။ ပြီး မင်းဝမ်းရောဂါဖြစ်မှတော့ မင်းမျက်နှာတင် မဟုတ်ဘူး။ မင်းတစ်ကိုယ်လုံး ချုံးချုံး ကျပြီး မာလကီးယားမှာပဲ။ ဒါနဲ့များ ဆေးကျောင်းတက်ပြီး သူနာပြုလာလုပ်နေသေးတယ်

ရဲရင့်။ ။ ဟယ်.. ကောင်စုတ်။ သူများကို ပြောလိုက်မှဖြင့် ချိုးချိုးဖဲ့ဖဲ့။ ထဖက်နမ်းလိုက်ရ ဟွန့်..။  သူနာပြုဘာလို့ လုပ်လဲဆိုတော့ ငါ့လို နုနုချောချောနဲ့ သိမ်သိမ်မွေ့မွေ့လေးက သူနာပြုနဲ့မှ လိုက်ဖက်တာကိုးဟဲ့။ ငါ့အမေကလည်း ဒါပဲလုပ်ရမယ်ဆိုလို့..

ဉာဏ်လင်းအောင်။ ။ တော်စမ်းပါကွာ။ စိတ်လေတယ်။ မင်းနဲ့စကားပြောရတာ သရဲခြောက်ခံရတာထက် ကျောချမ်းတယ်

ရဲရင့်။ ။ အမလေး.. အပိုတွေ.. အပိုတွေ။ ရွှေအိုတို့.. ကြားတယ်နော်.. အဲ့ကောင်စုတ် ဟိုရောက်မှ တောက ဥစ္စာစောင့်မနဲ့ ထိပ်တိုက်တိုးလို့ ကြောက်သေးပါပြီး Grace တို့နား လာပြေးကပ်မှာ မြင်ယောင်သေး

ဉာဏ်လင်းအောင်။  ။ အောင်မာ.. အဲ့ကျရင် မင်းက သတိလစ်ပြီး ပါးစပ်ကအမြှုပ်တောင် ထွက်နေလောက်ပြီ

ရဲရင့်နှင့်  ဉာဏ်လင်းအောင်တို့ အချေအတင် စကားကြောင့် တစ်ဖွဲ့လုံး မရယ်ဘဲမနေနိုင်ကြ။ ဒေါက်တာမင်းထင်ကျော်ကတော့ ကလေးတွေ စကားဝိုင်းကို နားထောင်လိုက်ပါလာရင်း ပြုံးတုံ့တုံ့ ဖြင့် အဝေးဆီက မှိုင်းညို့ညို့ တောင်ကုန်းများကို ငေးစိုက်ကြည့် နေသည်။ ဤသို့ဖြင့် မော်လမြိုင်သို့ ရောက်ကြလေသည်။ အသင့် လာစောင့်နေသော ပုဆိုးခေါင်းပေါင်းနှင့် ရွာသားကြီးတစ်ဦးက ပြုံးရွှင်စွာ နှုတ်ဆက်ဦးကြိုပြီး ကြပ်ညပ်လှသော လိုင်းကားလေး တစ်စီးဆီသို့ ဦးတည်ခေါ်ဆောင်သွားသည်။ ထိုကားငယ်ဖြင့်ပင် ၁နာရီ သာသာ ခရီးဆက်ခဲ့ပြီး ဖုန်ထူထူ မြေလမ်းတစ်လမ်းပေါ် တွင် သူတို့ဆင်းကြရသည်။ ထိုမှတစ်ဆင့် နွားလှည်းတစ်စီးဖြင့် ဆင်တောင်စုရွာအထိ လိုက်ပါသွားကြရသည်။ ကျောင်းသားများ အားလုံးမှာ တစ်ခါမှ ခရီးဝေးမသွားဖူးကြသဖြင့် နွမ်းနယ်ဟန် ပေါက်နေကြသည်။ ရဲရင့်၏ မျက်နှာမှာ ရှုံ့တွထားရလွန်းသဖြင့် သားရေဖတ်ဖြင့် လုပ်ထားသော မျက်နှာဖုံးတစ်ခုနှင့်ပင် ဆင်နေ သေးတော့သည်။ ဆင်တောင်စုရွာနားသို့ ရောက်ကြသောအခါ ရွာသူကြီးနှင့် ရွာသားတစ်စုက ထန်းပင်ကုက္ကိုတို့ဖြင့် စိမ်းလန်းဝေဆာနေသော ရွာအ၀င်ဝတွင် စောင့်နေကြလျက် ခရီးဦးကြိုပြုသည်။ ရွာသူကြီးမှာ အသက် ၅၀ကျော်ခန့်ရှိပြီး မျက်လုံးတစ်ဖက် ကွယ်နေသူဖြစ်သည်။

ရွာသူကြီး။ ။ ဆရာတို့ ရောက်လာတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ် ဆရာတို့ရယ်။ ကျုပ်တို့ရွာကလူတွေ တော်တော် များများ ရောဂန္တရ ကပ်ဆိုက်နေတာ ကြည့်တောင်မကြည့်ရက်ဘူးတော့ဘူးဗျို့

ဦးမင်းထင်ကျော်။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့မှာ ရောက်လာရမယ့် ဝတ္တရားရှိပါတယ်။ မပူပါနဲ့။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပါ့မယ်

ရွာသူကြီး။ ။ ဟုတ်ကဲ့ပါဆရာ။ ခု ဆရာတို့လည်း ပင်ပန်းလာတယ်ဆိုတော့ ကျုပ်အိမ်မှာပဲ တည်းကြနားကြပါနော်။ ဆရာတို့ကို လူဒီလောက်နဲ့ပဲ လာကြိုရလို့ ဗွေမယူပါနဲ့ဗျာ။ ရွာသူရွာသားတွေက ဆရာတို့ကို လာကြိုချင်ပေမယ့် သူတို့ကိုယ်တောင် သူတို့မနိုင်လို့ မလာနိုင်ကြပါဘူး

ဦးမင်းထင်ကျော်။ ။ ဟာ.. ရပါတယ်ဗျာ ရပါတယ်။ ကျွန်တော်တို့က အရေးမကြီးပါဘူး။ ခုလောလောဆယ် အရေးကြီးတာက ရောဂါပိုး ကူးစက်ခံနေရတဲ့ လူနာတွေပါ။ ကျွန်တော်တို့ တခါတည်း သွားကြည့်ချင်လို့ လိုက်ပို့ပေးပါလား

ရွာသူကြီး။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆိုလည်း သွားကြရအောင်

ရွာလယ်ရှိ လူနာများထားရာ ယာယီ အဆောက်အဦးသို့ ရောက်သွားသောအခါ မကြည့်ရက်စရာ မြင်ကွင်းများက အပြည့်အနှက် စောင့်ကြို နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးကူးစက်ခံရသော လူနာများ၏ ကိုယ်ခန္ဓာပေါ်တွင် အစက်အပြောက်များမှ တဆင့် အဖုများဖြစ်လာပြီး နောက်ဆုံး အဖုများပေါက်ကုန်ကာ အထဲမှ ပြည်ပုပ်များနှင့်အတူ သွေးစိမ်းရှင်ရှင် ထွက်လျက်ရှိသည်ကို တွေ့ရသောကြောင့်ဖြစ်သည်။ အချို့မှာလည်း အနာများ အမည်းအကွက် အကွက်ဖြင့် တစ်ကိုယ်လုံး မြင်မကောင်းချေ။

ဦးမင်းထင်ကျော်။ ။ အတော်စိုးရိမ်ရတဲ့ လက္ခဏာပဲ။ ကဲ.. အခုချက်ချင်းပဲ အလုပ်စလိုက်ကြရအောင်

ဒေါက်တာဦးမင်းထင်ကျော်က ပြောပြောဆိုဆိုဖြင့် ဆေးအိတ်ကို ဆွဲကာ လူနာများထံသို့ ရောက်သွားသဖြင့် ကျန်သောသူများ လည်း အမြန် ပြင်ဆင်ကြတော့သည်။ ဤသို့ဖြင့် လူနာများအား အနာများကို ဖန်ရည်ဆေးကြော၊ ဆေးထည့်ပြီး၍ နာကျင်ခြင်းမှ သက်သာစေရန် အရောင်ကျဆေးတချို့နှင့် penicillin စပ်ထိုး ပေးလိုက်ပြီး သောက်ဆေး antiseptic များလည်း ဝေငှပေးရ သည်။ ရောက်ကကည်းက ဒေါက်တာအုပ်စု အလုပ်များနေခဲ့ကြ သည်မှာ ညဦးပိုင်းသို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်ကိုပင် သတိမပြုမိတော့။ ရွာမှ သောက်ရေ မှန်သမျှကိုလည်း စနစ်တကျ ကျိုချက်ခိုင်းသူကိုခိုင်း၊ လက်အိတ်၊ နှာခေါင်းဖုံး အဝတ်စများ လိုက်ဝေသူကဝေ၊ သုံးရေကအစ မြို့မှပါလာသည့် ကျောက်ချဉ် များခတ်၊ ပိုးသန့်ဆေးရည်များ လိုက်ဖျန်းခိုင်းသူခိုင်းဖြင့် အားလုံး အလုပ်ရှုပ်နေခဲ့ကြသည်။

ရွာသူကြီး။ ။ ဆရာတို့... ဆရာတို့ ထမင်းစားချိန်ရောက်နေပြီ။ ခဏနားပြီး ရေမိုးချိုး ထမင်းစား လိုက်ဦးနော်။ နောက်ပြီး ခရီးလည်း ပန်းလာကြတာ မဟုတ်လား။ ခဏတဖြုတ်တော့ နားကြပါဦးဗျာ

ဦးမင်းထင်ကျော်။ ။ ဟုတ်ပါရဲ့... အချိန်တောင် တော်တော်လင့်နေပြီပဲ။ ကဲ..ကဲ.. သားတို့သမီးတို့ ရေမိုးချိုးပြီး ထမင်းသွားစား ကြရအောင်။ လူနာတွေကို ဆေးစည်းပေးခဲ့နှင့်။ ထမင်းစားပြီးမှ တစ်ခေါက် ပြန်လာကြရအောင်

အားလုံးလည်း ပင်ပန်းနွမ်းလျပြီး ဆာလောင်နေကြပြီဖြစ်သဖြင့် ခေါင်းညိတ် သဘောတူလိုက်ကြသည်။ တစ်ဖွဲ့လုံး သူကြီးအိမ်မှာပင် ရေမိုးချိုးပြီး ထမင်းစားသောက်ကြ၏။ တောရွာဓလေ့အတိုင်း ရွာသူရွာသားများ တစ်အိမ်ကို အနည်းဆုံး ဟင်းတစ်ခွက်စီ လာပို့ကြသည် ဖြစ်သောကြောင့် ဆရာဝန်လူစုအတွက် ဟင်းအမယ်များ လောက်ငရုံမက ပိုလျှံ၍ပင် နေတော့သည်။ မိမိတို့ အိမ်သားများ နေမကောင်းသည့်ကြား၊ ကိုယ့်အပူနှင့်ကိုယ် မနားရသည့်ကြားထဲ ဟင်းတစ်ခွက်လောက်တော့ မဖြစ်ဖြစ်အောင် ချက်ပြုတ်လာကြသော ရွာသူရွာသားတို့၏ စေတနာကို အားလုံးက အထူးကျေးဇူးတင်နေကြသည်။ ထိုသို့ ထမင်းစားသောက်ပြီး တအောင့်လောက်အကြာတွင် သူကြီးအိမ်သို့ ရွာသား သုံးလေးယောက်ခန့် ပြေးလာပြီး...

ရွာသား။ ။ သူကြီး... သူကြီးရေ.. ဗျို့... သူကြီး

ရွာသူကြီး။ ။ ဟေ့.. ဘာဖြစ်လာကြတာလဲကွ

ရွာသား။ ။ ရွာမြောက်ပိုင်းက ဒေါ်အေးကြွယ်ရဲ့သား ဖိုးတုတ်လေ.. ရောဂါကူးစက်ခံရပြီနဲ့ တူတယ်။ ကိုယ်လုံးမှာ အစက်တွေ ပေါ်လာပြီး နာတယ်နာတယ်လို့ အော်လို့လည်းပြီးရော တစ်ခါထဲ သတိပါလစ်သွားလို့.. အဲဒါ သူကြီးအိမ်မှာ ရောက်နေတဲ့ ဆရာတို့ကို လာပင့်တာ

ကေသွယ်။ ။ ဒါဆိုလည်း ခုပဲသွားကြရအောင်။ ရွာလယ်ပိုင်းလည်း ကြည့်ရဦးမယ်ဆိုတော့ လူခွဲလိုက်ကြမယ်။ ကျွန်မရယ် ရွှေအိုရောင်နဲ့ ဉာဏ်လင်းအောင်ရယ်က ရွာမြောက်ပိုင်းကို လိုက်သွားကြမယ်။ ရွာလယ်ပိုင်းမှာတော့ ဦးမင်းထင်ကျော်နဲ့အတူတူ ထက်မြက်နဲ့ ရဲရင့်နေခဲ့ကြ။ အဆင်ပြေလား ဆရာ

ဦးမင်းထင်ကျော်။ ။ အင်း ကောင်းပြီလေ ကျွန်တော်တို့ ရွာလယ်မှာရှိနေမယ်။ ကေသွယ်တို့ အကူအညီလိုရင် ရွာသားတစ်ယောက် ယောက်ကို လွှတ်ပြီး ခေါ်ခိုင်းလိုက်နော်

ကေသွယ်။ ။ ဟုတ်ကဲ့ ဆရာ။ ကဲ.. တို့လည်း သွားကြရအောင်ဟေ့

ပြောပြောဆိုဆိုဖြင့် ဒေါက်တာကေသွယ် ဦးဆောင်သော လူတစ်စု ရွာမြောက်ပိုင်းသို့ ခပ်သုတ်သုတ် ထွက်သွားကြသည်။ ဦးမင်းထင်ကျော် တို့လည်း စားလက်စကို လက်စသတ်ပြီး ရွာလယ်ပိုင်း၌ လူနာသွား ကြည့်ရန် ထွက်လာခဲ့ကြသည်။ ထို့နောက် လူနာများကို ဆက်လက် စမ်းသပ်၊ ဆေးတိုက်တန်တိုက်၊ ဆေးထိုးတန်ထိုးဖြင့် ကိစ္စအလုံးစုံ ပြီးစီး သွားတော့မှ ပင်ပန်းလှသဖြင့် ၄င်းတို့အတွက် နေရာချ ထားပေးသော ကွပ်ပျစ်ပေါ်တွင် ထိုင်လျက် ခဏတဖြုတ် နားကြရသည်။

ဦးမင်းထင်ကျော်။ ။ လူနာတွေအခြေအနေက သိပ်တော့မဟန်ဘူး ထက်မြက်ရေ.. နာနေတာတွေ သက်သာအောင် ခဏပဲ ထိန်းထားပေး နိုင်မယ်လို့ ဆရာထင်တယ်။ အခုဟာက ဆရာထင်ထားသလို ကာလ ဝမ်းပျက် ရောဂါမဟုတ်တော့ဘူး။ အနာကြီးရောဂါလည်း မဟုတ်ဘူး။ အနာကွက်တွေက အမည်းရောင် အိုင်းအိုင်းကြီးတွေ၊ နောက်ပြီး မထိ မကိုင်ဘဲနဲ့လည်း ယားယံပြီး အလိုလို ပြည်တည်ဖုတွေ ထနေတယ်။ ဒီ့ထက် ပိုဆိုးဖို့ပဲရှိတယ်။ ဒီလို ရောဂါလက္ခဏာမျိုး ဆရာတစ်ခါမှ မတွေ့ ဖူးဘူး။ တနည်းပြောရရင် ရောဂါနာမည်ကို တိတိကျကျ ဖော်ဖို့ ခက်နေတယ်။ အဆိပ်သင့်တာလိုလို၊ တစ်ခုခု အစားမှားမိလို့ ဖြစ်သလိုလိုပဲ။ တွေးရတော်တော် ခက်တယ်ကွာ။ အင်း.... ကေသွယ်တို့ အဖွဲ့ရော အဆင်မှ ပြေကြရဲ့လား မသိဘူး

ထက်မြက်။ ။ အဆင်ပြေလောက်မှာပါ ဆရာ။ မကေသွယ်လည်း အရမ်းတော်တဲ့ ဆရာဝန်ကောင်း တစ်ယောက်ပါ။ သူပါသွားရင်တော့ လူနာ့ အခြေအနေလည်း သိပ်ဆိုးဆိုးဝါးဝါးကြီး မဟုတ်ရင် ဆရာ့လိုပဲ သူထိန်းထားနိုင်မှာပါ။ ရောဂါတွေကလည်း တစ်နေ့တစ်ခြား ဆန်းကျယ်လှပါတယ် ဆရာရယ်.. ကုန်ကိုမကုန်နိုင်ဘူး

ရဲရင့်။ ။ ဒါနဲ့လေ Grace တစ်ခုလောက်မေးချင်လို့။ ဟိုလေ.. Grace လူနာတွေကိုလိုက်ပြီး ဆေးတိုက်နေတုန်း တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရတယ်။ ရှေ့ကလိုလို နောက်ကလိုလို ဘေးကလိုလိုနဲ့ သိလား။ လှည့်ကြည့်တော့လည်း ဘယ်သူမှ မရှိဘူးရော...

ဦးမင်းထင်ကျော်။ ။ နေရာဒေသ အပြောင်းအရွှေ့ကြောင့် ဒီပတ်ဝန်းကျင်နဲ့ စိမ်းနေသေးလို့ နေမှာပါကွာ။ မဟုတ်တာတွေ တွေးပူမနေပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်။ ရောဂါပိုး အကူးစက်မခံမိစေနဲ့

ထက်မြက်သည် ဦးမင်းထင်ကျော် ပြောစကားကိုနားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ရဲရင့်လို ခံစားနေရသည်မှာ အမှန်ပင်။

ခဏအကြာ လူနာတစ်ဦးကို အနာသွားဆေးပေးသော ရဲရင့်၏အော်သံကို ကြားလိုက်ရသဖြင့်  ကမန်းကတန်း ပြေးသွားကြည့်ရာ လူနာဘေးတွင် မျက်စိမျက်နှာ ပျက်စွာဖြင့် ရပ်နေသော ရဲရင့်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း ကြောက်ရွံ့မှုဖြင့် တုန်တက်နေသည်။

ထက်မြက်။ ။ ဟေ့ကောင်ရဲရင့်.. ဘာဖြစ်တာတုန်း

ရဲရင့်။ ။ ဒီ... ဒီလူနာကို အနာဆေးပေးနေရင်း  သူ့အနာက တဖြည်းဖြည်း မည်းလာပြီး သွေးတွေပါ ပိုထွက်လာတယ်။ အဲဒါ... ဂွမ်းနဲ့ ထပ်သုတ်မလို့ ဂွမ်းကို ဟိုဖက်လှည့်ယူပြီး ဒီဖက်ပြန်အလှည့်မှာ သူ့.. သူ့.. သူ့အနာထဲက မျက်လုံးကြီး Grace ကို စိုက်ကြည့်နေတာ တွေ့လို့

ထက်မြက်။ ။ ဟာကွာ.... ငါကဘာများလဲလို့။ သိပ္ပံခေတ်မှာ လူလာဖြစ်ပြီးတော့ များကွာ မင်းမို့ ဒီလို ပေါက်တတ်ကရတွေ လျှောက်တွေးရတယ်လို့ အံ့ရော..။ ဘယ်မှာတုန်း.. ငါကြည့်တာ မရှိပါဘူး။ မင်းဟာမင်း အကြောက်လွန်ပြီး မျက်စိမှောက်တာ နေမှာပေါ့

ရဲရင့်။ ။ ဟင့်အင်း ဟင့်အင်း.. Grace တကယ်ပြောတာ.. ဒီမှာ မနေရဲတော့ဘူး ကြောက်တယ်.. ကြောက်တယ်..

ထက်မြက်။ ။ ဟေ့ကောင်.. မင်းယောကျာ်း မဟုတ်ဘူးလား

ရဲရင့်။ ။ မဟုတ်ဘူး အဟင့်အဟင့်... (ငိုသံ)

ထက်မြက်။ ။ ဟာကွာ ငါဆွဲထိုးလိုက်ရ။ စိတ်တိုလာပြီနော်

သူတို့နှစ်ဦးကိုကြည့်ပြီး ဦးမင်းထင်ကျော် စိတ်ပျက်စွာ ခေါင်း ယမ်းလိုက်သည်။ ထို့နောက်..

ဦးမင်းထင်ကျော်။ ။ ကဲ ကဲ.. တော်ကြပါတော့ကွာ။ မင်းတို့ကလည်း ဒီလူနဲ့ဒီလူလေး ရှိတာကို မတည့်နိုင်ကြဘူး။ စကားများနေရမယ့် အချိန်မဟုတ်ဘူးလေ

ထက်မြက်။ ။ ကျွန်တော် တောင်းပန်ပါတယ်ဆရာ... အဲ့ကောင်ကို အားမလို အားမရ ဖြစ်လွန်းလို့ပါ

ရဲရင့်သည် ဦးမင်းထင်ကျော်နောက်သို့ ပြေးကပ်လိုက်ပြီး

ရဲရင့်။ ။ ဆရာ.. Grace အိမ်ပြန်ချင်တယ်။ မနေချင်တော့ဘူး။ အရမ်းကြောက်တာပဲ

ဦးမင်းထင်ကျော်။ ။ ဘာကြောက်စရာ ရှိလို့တုန်းကွာ။ ဘာမှမဖြစ်ဘူး ဆရာတို့ရှိတယ်။ နော်.. တကယ်လို့ မင်းပြောသလို ဖြစ်တယ်ပဲထား..။ မင်းရဲ့ကြောက်စိတ် တစ်ခုတည်းနဲ့ ဒီရွာကလူတွေ အားလုံးရဲ့အသက်ကို မင်းလဲမှာလား

ဦးမင်းထင်ကျော်၏ စကားကြောင့် ရဲရင့်တစ်ချက်မျှ တွေဝေသွားသည်။

ဦးမင်းထင်ကျော်။ ။ ရဲရင့်.. မင်းသေချာပြန်စဉ်းစား။ နောက်ဆုံး မင်းပြန်ချင်တယ်ဆိုလည်း ဆရာတို့မတားပါဘူး

ဟုဆိုကာ တခြား လူနာများဘက်သို့ ပြန်ထွက်သွားလေသည်။ ထက်မြက်သည်လည်း ဦးမင်းထင်ကျော်နောက်သို့ ခပ်သုတ်သုတ် လိုက်သွားသောကြောင့် ရဲရင့်တစ်ယောက်တည်း နေရာ၌ ကြောင်၍ ရပ်ကျန်ရစ်ခဲ့လေသည်။ ထိုကဲ့သို့ ခပ်ပေါ့ပေါ့တွေးကာ ရဲရင့်ကို တစ်ယောက်တည်း ထားသွားခြင်းသည် နောင်ဘယ်တော့မှ တွေ့ရတော့မည် မဟုတ်ဟု.. ဦးမင်းထင်ကျော်တို့ အဘယ်သို့ တွေးခဲ့မိပါ လိမ့်မည်နည်း။

ရဲရင့်တစ်ယောက် ကြောက်ကြောက်လန့်လန့်ဖြင့် ချောင်တွင် ထိုင်ငိုနေတော့သည်။ ငိုရင်း ကြောက်ရွံ့မိန်းမောစွာဖြင့် ဘာမှ တွေးတောမနေနိုင်တော့ဘဲ စားပွဲပေါ်တွင် တွေ့သည့် ရေခွက်ကို ယူသောက်လိုက်သည်။ ရေသောက်ပြီး ခဏအကြာမှာပင် သူ့တစ်ကိုယ်လုံး အစက်အပြောက်များ ထလာသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရ သည်။ သူ အစွမ်းကုန် အော်ဟစ်သော်လည်း ပါးစပ်မှ အသံမထွက်။ ဖြစ်ပျက်ပုံမှာ လျှပ်တပြက်အလား မြန်ဆန်လွန်းလှသည်။
ထိုအစက်အပြောက်များမှ အနာများ အမည်းကွက်ကြီးများ ဖြစ်လာပြီး ထိုအမည်း ကွက်များမှ သွေးများ စို့ထွက်လာသည်။ လည်ချောင်းမှသည် ဗိုက်.. ထို့နောက် လက်၊ ခြေထောက်နှင့် မျက်နှာတို့တွင်ပါ ပွားလာကြပြီး မျက်စိနှင့် နှာခေါင်း စသဖြင့် ရှိသမျှ အပေါက်တို့မှ သွေးများဒရဟော ကျဆင်းလာကာ ရဲရင့်သည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး ချက်ချင်း အသက်ရှူ ရပ်သွားလေတော့သည်။ ထို့နောက် မည် သည့်အရပ်က ရောက်လာမှန်းမသိသော ခါချဉ်အကြီးစားကဲ့သို့ နီကျင်ကျင် အကောင်ငယ်ပေါင်း မြောက်မြားစွာတို့က ရဲရင့်၏အလောင်းကို ကိုက်ချီဆွဲခေါ် သွားတော့သည်။ ယင်းအကောင်ငယ် မြောက်မြားစွာနှင့်အတူ ပျောက်ဆုံးသွား သည်မှာကား ရဲရင့်၏ ရုပ်အလောင်းပင်ဖြစ်သည်။ ထိုအဖြစ်အပျက်အလုံးစုံကို မည်သူမျှ မမြင်လိုက်ကြ။

ဦးမင်းထင်ကျော်တို့လည်း ကျန်သည့်လူနာများ ကြည့်ပေးပြီးနောက် ဆေးပစ္စည်း များ လိုက်လံသိမ်းဆည်းနေစဉ် ထက်မြက်က..

ထက်မြက်။ ။ ရဲရင့်ကို မတွေ့တော့ဘူးနော် ဆရာ။ ဒီကောင် သူရဲဘောကြောင်ပြီး သူကြီးအိမ် ပြန်ပြေးသွားလောက်ပြီ ထင်တယ်

ဦးမင်းထင်ကျော်။ ။ အင်းကွ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်နေရာရာမှာများ သွားစိတ်ကောက်နေလားမသိဘူး

ထိုသို့ စကားပြောနေရင်း သူတို့အနောက်ဖက်မှ ခြေသံများ ကြားလိုက်ရသဖြင့် အနီးရှိ မီးတုတ်များကို ကောက်ကိုင်လိုက်ကြသည်။ တစ်ခုခုဆိုလျှင် အရေးအကြောင်း ကာကွယ်နိုင်ရန်ဖြစ်သည်။ သို့သော် အတော်နီးနီးရောက်လာမှ ဒေါက်တာကေသွယ်တို့မှန်း သိပြီး သက်ပြင်းပြိုင်တူ ချလိုက်ကြသည်။ သူတို့ကိုယ်သူတို့လည်း ဘယ်အရာကို စိုးထိတ်လန့်ဖြန့် နေကြမှန်းမသိပေ။ သို့သော်လည်း ဆုံးအောင် သက်ပြင်းမချရသေးမီမှာပင်...

ကေသွယ်။ ။ ဆရာ.. ဆရာရေ... လုပ်ပါဦး ကယ်ကြပါဦး

ဦးမင်းထင်ကျော်။ ။ ကေသွယ်.. ကေသွယ် ဘာဖြစ်လာတာလဲ.. ဉာဏ်လင်း.. မင်းတို့ဘာဖြစ်လာကြတာလဲ.. ရွှေအိုရောင်ကိုရော မတွေ့ပါလား။ ဘာဖြစ်လာကြတာလဲ ပြောစမ်းကွာ..

ဒေါက်တာကေသွယ်သည် ဦးမင်းထင်ကျော်ကိုဖက်ကာ မပြောမဆို ငိုချလိုက်လေသည်။ ဉာဏ်လင်းအောင်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။

ဥာဏ်လင်းအောင်။ ။ ဆရာ ... ရွှေ... ရွှေအိုရောင်.. မရှိတော့ဘူး.. ဆုံးပြီ

ဦးမင်းထင်ကျော်။ ။ ဘာ.. ဘယ်လိုဘယ်လို.. ဘာဖြစ်တယ်.. ငါ့ကို သေချာပြောစမ်း

ဉာဏ်လင်းအောင်။ ။ ကျွန်တော်တို့ ဟိုရွာသားတွေ နောက်လိုက်ပြီး ရွာမြောက်ပိုင်းကို ဆေးလိုက်ကု ပေးကြတယ်။ ပြီးတော့ ပြန်ခါနီးမှာ ရွှေအိုရောင်က အပေါ့သွားချင်တယ်ဆိုလို့ ဒေါ်အေးကြွယ်က အိမ်သာလိုက်ပို့တယ်။ ခဏကြာတော့ ဒေါ်အေးကြွယ် တစ်ယောက်ပဲ အိမ်ပေါ်ပြေးတက်လာပြီး ကျွန်တော်တို့ကို ဟိုဆရာမလေး မရှိတော့ဘူးလို့ အမောတကော လာပြောတယ်။ ကျွန်တော်က ဘာဖြစ်တာလဲလို့ မေးတော့.. ရွှေအိုရောင်တစ်ယောက် အပေါ့သွားတာကြာလို့ အိမ်သာရှေ့ လိုက်သွားပြီးခေါ်တာ အထဲက ထူးသံမကြားရဘူးတဲ့။ အဲ့ဒါနဲ့ သူ အိမ်သာတံခါးကို တွန်းဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘယ်သူမှ မရှိတော့ဘူးတဲ့။ အဲ့ဒီလိုကြားတော့ ကျွန်တော်တို့လည်း ကမန်းကတန်း သွားကြည့်ပြီး အနီးအနားပ တ်ပတ်လည်ကို လိုက်ရှာကြတာပေါ့။ တစ်နေရာ အရောက်မှာ တစ်ခုခုကိုဆွဲသွားသလို စွပ်ကြောင်းကြီး ဖြစ်နေတာကို တွေ့ရတယ်။ အဲဒါနဲ့ စွပ်ကြောင်းအတိုင်း လိုက်ကြည့်ကြတော့.. လမ်းအဆုံးက ချုံထဲမှာ ရွှေအိုရောင့်ကို တွေ့တယ်။ သူ.. အသက်မရှိတော့ဘူး ဆရာ။ ပိုပြီးထူးဆန်းတာက ရောဂါကူးစက်နေတဲ့ လူတွေမှာ တွေ့ရသလိုမျိုး အမည်းကွက်ကြီးတွေ သူ့ကိုယ်ပေါ်မှာ ရှိနေတာပဲ။ အဲဒါတွေကြောင့် ကျွန်တော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဆရာတို့ဆီ တန်းပြေးလာတာ။ လုပ်ပါဦးဆရာရယ်.. ဘာတွေဖြစ်ကုန်ပြီလဲမသိဘူး.. ကျွန်တော် တော်တော် လန့်နေပြီ

ဦးမင်းထင်ကျော်။ ။ ဘုရားရေ.. ထူးဆန်းလိုက်တာကွာ ဒါ.. သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး။ တစ်ခုခုပဲ။ ကဲ.. လာ.. လာ.. ရွာသူကြီးအိမ်ကို အကြောင်းသွားကြားမယ်

ပြောပြောဆိုဆိုဖြင့် ဒေါက်တာကေသွယ်ကို ချော့မော့ ဖျောင်းဖျကာ ရွာသူကြီးအိမ်သို့ ချက်ချင်းသွားကြသည်။ ရွာသူကြီးအိမ်သို့ ရောက်သောအခါ လူတစ်ယောက်မျှ မရှိပေ။ အိမ်အနံှ့ လိုက်ရှာသော်လည်း မတွေ့။

ဦးမင်းထင်ကျော်။ ။ တောက်.. အရေးအကြောင်းဆို တစ်ယောက်မှမရှိဘူး။ ရွာသူကြီး ဘယ်ရောက်နေလဲ။ ဒီအိမ်က လူတွေရော..။ ဟာ.. ရဲရင့်ကိုလည်း ဒီမှာ မတွေ့ပါလား။ ဒီကောင်ပျောက်နေတာ သေချာပြီ။ ဒုက္ခပဲ။ ခုချက်ချင်း လိုက်ရှာကြမှ ဖြစ်မယ်ဟေ့

ဉာဏ်လင်းအောင်။ ။ မိုးတော်တော် ချုပ်နေပြီဆရာ... လိုက်ရှာလို့ ဖြစ်ပါ့မလား

ဦးမင်းထင်ကျော်။ ။ မိုးအလင်းထိ စောင့်နေရင် ငါတို့တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။ ဒီကိစ္စတွေဟာ လုံးဝသွေးရိုးသားရိုး မဟုတ်ဘူး။ ဆရာ ဒါတွေပြောတာ မင်းတို့ကို ခြောက်နေတာ မဟုတ်ဘူး။ ဆရာကိုယ်တိုင်လည်း အယုံအကြည်မရှိပေမယ့် ခုအခြေအနေက ဒါတွေ ငြင်းခုံနေရမယ့်အချိန်မဟုတ်တော့ဘူး။ အရမ်းအရေးကြီးနေပြီ။ ကဲ.. ကေသွယ်က ဒီမှာပဲနေခဲ့။ နားလိုက်တော့။ ဘာမှမကြောက်နဲ့။ ဆရာတို့ ခုချက်ချင်း ပြန်လာခဲ့မယ်။ ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့

ထို့နောက် ဦးမင်းထင်ကျော် ဦးဆောင်သည့် လူ ၅ ယောက်အုပ်စုသည် မီးတုတ်များကိုင်ဆောင်၍ ရဲရင့်ကို အော်ခေါ်လိုက်ရှာ ကြတော့သည်။ သို့သော် နေရာအတော် စုံနေပြီဖြစ်သည့်တိုင် လုံးဝရှာမတွေ့ချေ။ လူနာများထားရှိရာ ယာယီတဲလေးများတွင်လည်း မရှိ။ အနီးဝန်းကျင်မှာလည်း ရဲရင့် အရိပ်အယောင်မျှ မတွေ့ရဘဲရှိလေသည်။ ထိုစဉ် လူနာဆောင်တွင် ထူးဆန်းသည့် အဖြစ်အပျက် တစ်ခုနှင့် ကြုံတွေ့ကြရသည်။ သူတို့မပြန်ခင်က ထားရစ်ခဲ့ကြသော လူနာများမှာ တစ်ယောက်မျှ အသက်မရှိတော့ချေ။ တချို့မှာ ပျောက်ဆုံးကုန်ပြီး တချို့မှာ အနာမှပြည်ပုပ်များ၊ သွေးများ ယိုစီးကျကာ ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်နေကြသည်။ အနံ့အသက် များမှာလည်း ဆိုးရွားလွန်းလှသဖြင့် တဲများအပြင်သို့ ချက်ချင်း ပြန်ထွက်လာခဲ့ကြရသည်။ ရဲရင့်ကိုလည်းမတွေ့၊ လူနာများလည်းသေ၊ ရွာသူကြီးကိုလည်း ရှာမရတော့သည့်အဆုံး အားလုံး လက်လျှော့လိုက်ကြပြီး သူကြီးအိမ်သို့သာ ပြန်လာခဲ့ကြတော့သည်။ ဦးမင်းထင်ကျော်မှအပ ကျန်သူများမှာ တုန်လှုပ်သွေးပျက်နေကြလေပြီ။

ကေသွယ်။ ။ တွေ့ခဲ့ကြလားဟင်..

ထက်မြက်။ ။ မတွေ့ပါဘူးဗျာ။ ဟိုမှာလည်း လူနာတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ အခြေအနေက တော်တော်ဆိုးနေပြီ။ ရဲရင့်ကိုလည်း ဘယ်လိုမှရှာမရဘူး။ နေရာလည်းစုံနေပြီရှာတာ။ ဒီကြားထဲ ကျန်တဲ့ရွာသားတွေလည်း ဘယ်ရောက်ကုန်ကြလဲမသိဘူး။

ဦးမင်းထင်ကျော်။ ။ ထူးဆန်းလိုက်တာ လူတွေ ဘယ်ပျောက်သွားတာလဲ။ ရဲရင့် တောထဲဝင်သွားဖို့လည်း မဖြစ်နိုင်ဘူး။ ဒီကောင် ဒီလောက် သတ္တိမကောင်းဘူး။ အိမ်ပြန်ပြေးမယ်ဆိုရင်လည်း ဒီအချိန်ကြီး မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ်ထား.. သူ့အ၀တ်အိတ်တော့ အနည်းဆုံး ယူသွားရမှာပေါ့။ ဘုရားဘုရား.. ရွှေအိုရောင့်လို အဖြစ်ဆိုးမျိုးနဲ့တော့ ရဲရင့်တစ်ယောက် မတွေ့ကြုံပါစေနဲ့။ စဉ်းစားစရာပဲကွ... ခုဟာက ရွာသူကြီးကိုယ်တိုင် ပျောက်နေတာ။ ဒီရွာမှာ လူရောကျန်သေးရဲ့လား မသိဘူး။ တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီဟေ့

ကေသွယ်။ ။ ကျွန်မ.. ကျွန်မအိမ်ပြန်ချင်ပြီဆရာ.. ဒီရွာမှာမနေရဲတော့ဘူး အရမ်းကြောက်ဖို့ ကောင်းတာပဲ

ထိုစဉ် ရွာသူကြီး၊ ရွာသူကြီးကတော်နှင့် ရွာသူရွာသားတစ်စုတို့ ထင်မှတ်မထားဘဲ မျက်စိပျက်မျက်နှာပျက်ဖြင့် အိမ်သို့ပြန်ရောက် လာကြသည်။

ဦးမင်းထင်ကျော်။ ။ ဟာ.. သူကြီး.. ခင်ဗျားတို့ကလည်းဗျာ အရေးအကြောင်းဆို ဘယ်ရောက်နေကြတာလဲ။ ဒီမှာ ကျုပ်တပည့် တစ်ယောက် ဆုံးသွားပြီ၊ တစ်ယောက်ကလည်း ပျောက်နေတယ်

ရွာသူကြီး။ ။ အောင်မလေးဗျာ.. ကျုပ်တို့တစ်ရွာလုံး ကပ်ကြီးဆိုက် ပြီး ပြုတ်ပြုတ်ပြုန်းတော့မယ်။ ဆရာက ဆရာ့တပည့်အကြောင်း လာပြောနေသေးတယ်။ ကျုပ်တို့တောင် ဒီမှာမသေအောင် မနည်း ထွက်ပြေးခဲ့ရတာ။ ရွာမှာ ကျုပ်တို့ဘဲ ကျန်တော့တယ်။ အကုန် ရောဂါပိုးကူးစက်ပြီး သေကုန်ကြပြီ။ ကျုပ်တို့ အကုန် လိုက်စစ် ပြီးပြီ။ ပျောက်တဲ့လူကပျောက်၊ ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့ လူကဖြစ်နဲ့။ ဆရာတို့လည်း ကုနိုင်တော့မယ် မဟုတ်ဘူး။ ကျုပ်တို့ အထုပ်အပိုးတွေနဲ့ ပစ္စည်းပစ္စယတွေ လာသိမ်းဆည်းတာ။ မနက် လင်းတာနဲ့ ဒီရွာကနေ မြန်မြန်ထွက်သွားကြမှကို ဖြစ်တော့မယ်။ ဆရာတို့လည်း ပြန်ချင်ပြန်ကြတော့။ ဒါမှမဟုတ် ကျုပ်တို့နဲ့ မနက်ဖြန်ကျ တစ်ခါတည်းလိုက်ခဲ့။ ဟုတ်ပြီလား..

ဦးမင်းထင်ကျော်။ ။ နေပါဦး သူကြီးရဲ့။ ဒီရောဂါကပ်ကြီးက သောက်ရေကန်က ဖြစ်တာဆို။ သောက်ရေကန်ကို ကျွန်တော်တို့ မနက်ကျရင် သွားစစ်မှကိုဖြစ်မယ်။ ကျွန်တော့်အထင် ရွာသားတွေသေကုန်တာလည်း သွေးရိုးသားရိုးမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်အားထားရတဲ့ တပည့်နှစ်ယောက်လည်း ဆုံးပါးသွားတာ ကျွန်တော် ဘယ်နည်းနဲ့မှ ဒီအတိုင်း မပြန်နိုင်ဘူး။ အဖြေရှာကို ရှာရမယ်။ သိကိုသိရမှဖြစ်မယ်။ ဒါနဲ့ နေပါဦး.. ဒီရောဂါစဖြစ်တာ ဘယ်လောက်ရှိပြီလဲ

ရွာသူကြီး။ ။ နှစ်ပတ်လောက်တော့ရှိပြီ

ဦးမင်းထင်ကျော်။ ။ အဲ့ဒီနှစ်ပတ်မတိုင်ခင်က ရွာမှာ ဘာတွေဖြစ်ခဲ့သေးလဲ

ရွာသူကြီး မျက်နှာကွက်ခနဲ ပျက်သွားသည်။ သူ၏ တစ်ဖက်တည်းသော မျက်လုံးမှာလည်း ဂဏာမငြိမ်ချေ။

ရွာသူကြီး။ ။ ဘာမှမဖြစ်ပါဘူး။ သူ့ဟာသူ သောက်ရေမသန့်လို့ ရောဂါကပ်ကြီး ဆိုက်တာ။ မနက်ဖြန်ကျ ကျုပ်တို့ ဒီရွာကပြောင်းမယ်

ဦးမင်းထင်ကျော် ရွာသူကြီးကို မသင်္ကာသလို ကြည့်လိုက်သည်။ သို့ရာတွင် နောက်ထပ် စကားမဟတော့။

ရွာသူကြီး။ ။ ကဲ.. မကြာခင် အရုဏ်ပျို့တော့မှာ။ ဆရာတို့လည်း တစ်ရေးမှ မအိပ်ရသေးဘူးမှတ်လား။ အားရှိအောင် တစ်ရေး နှစ်ရေးတော့ မှိန်းလိုက်ကြဦးလေ။ မိုးလင်းကျ ခရီးဆက်ရဦးမှာ

ဥာဏ်လင်းအောင်။ ။ ဟုတ်တယ်ဆရာ။ ကျွန်တော်တို့ အရမ်းကို ပင်ပန်းချိနဲ့နေပြီ။ ကျွန်တော်တော့ အိပ်ပြီ

ပြောပြောဆိုဆိုဖြင့် မကြာခင်မှာပင် ဉာဏ်လင်းအောင်နှင့် ထက်မြက်တို့ ခွေခွေလေးတွေ အိပ်ပျော်သွားကြသည်။ ကျန်လူများ အားလုံးလည်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်၍ အိပ်ရာကိုယ်စီဝင်ကာ အိပ်စက်အနားယူကြသည်။ ဦးမင်းထင်ကျော်သည် အိပ်ရာထက်၌
လဲလျောင်းနေသော်လည်း ကောင်းစွာအိပ်မပျော်။ ဤဆင်တောင်စုရွာ၏ ထူးဆန်းလှသည့် ရောဂါကပ်အကြောင်းနှင့် အခြား အခြားသော မယုံကြည်နိုင်စရာ ပဟေဠိဆန်ဆန် အဖြစ်အပျက်များကို ဆက်စပ်တွေးကြည့်နေမိသည်။ မိမိသည် ဤအဖွဲ့တွင် အသက်အကြီးဆုံး။ တာဝန်အရှိဆုံး။ မိမိ တာဝန်ယူစောင့်ရှောက်လာခဲ့ရသည့် နောက်လိုက်တပည့်များသည် ယခုကဲ့သို့ ကြမ္မာဆိုးနှင့် ကြုံရသည်ကို မိမိအနေနှင့် တာဝန်မကင်းသလို စိတ်မကောင်းမဆုံးလည်း ဖြစ်နေမိသည်။ ထိုအဖြေကို ရအောင်ရှာမည်ဟု တေးထားလိုက်ရင်း တခဏ မှေးခနဲဖြစ်သွားမိသည်။

ထိုအချိန်မှာပင် စကားပြောသံ ခပ်သဲ့သဲ့ကြားလိုက်သဖြင့် ဖျက်ခနဲနိုးသွားပြီး အခန်းတံခါးနားကပ်ကာ ခပ်မဆိတ် နားစွင့် ကြည့်နေမိသည်။ သူကြီးလင်မယား လေသံဖြင့် စကားပြောနေသည်ကို ကြားရသည်။

သူကြီးကတော်။ ။ တော် စ,ထားတဲ့ပြဿနာလေ ဟင်..။ ခုတော့ ကိုယ်ကျိုးနည်းကုန်ပြီမဟုတ်လား

ရွာသူကြီး။ ။ ဟ.. ငါလည်း အဲဒီကောင်မ ဒီလောက်ပြန်လုပ်မယ်မှန်း မသိလို့ပေါ့ကွ။ အစက ငါလည်းမဖြစ်နိုင်ဘူးပဲထင်တာ။ ဒါပေမယ့် ခုအခြေအနေက မယုံလို့မရတော့ဘူး။ မဟုတ်ရင် အားလုံးဒုက္ခရောက်ကုန်မယ်။

သူကြီးကတော်။ ။ ဘာပဲဖြစ်ဖြစ်တော်.. အခုဖြစ်လာပြီပဲ။ ဒီတော့ ရှင်ဘာဆက်လုပ်မလဲ

ရွာသူကြီး။ ။ ငါလည်း မစဉ်းစားတတ်တော့ဘူးကွာ။ မနက်ဖြန်ကျ ဒီကထွက်သွားကြမှာပဲ။ ဟူး... ကဲ..ကဲ.. တော်ပြီ.. အိပ်ကြစို့ ငါအရမ်း ပင်ပန်းနေပြီ

ခဏအကြာ စကားသံများ တိတ်ဆိတ်သွားသည်။ ၄င်းတို့သည် အားလုံးအိပ်ကုန်ကြပြီအထင်နှင့် တစ်စုံတစ်ခုကို ကြိတ်တိုင်ပင် နေကြခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့ပြောသော စကားများ အားလုံးကို ဦးမင်းထင်ကျော် ကောင်းစွာ ကြားလိုက်လေသည်။ ချက်ချင်းပင် ငေါက်ခနဲ ထထိုင်ကာ တစ်စုံတစ်ခုကို အတည်ပြု လက်ခံဖို့ အကြံတစ်ခု ရလေသည်။ ထိုအရာကို သူလုပ်ကို လုပ်မှ ဖြစ်ပေလိမ့်မည်။ အိပ်ရာထဲမှ အသာထလာခဲ့ပြီး အိမ်ရှေ့ သို့ ခြေဖျားထောက် ထွက်လာခဲ့သည်။ ထို့နောက် မီးတုတ်၊ မီးခြစ်၊ အနီးတွင်တွေ့သော ပုဆိန်တစ်လက်၊ အခြားလိုအပ်မည် ထင်သော ပစ္စည်းအနည်းငယ်ကိုယူ၍ ခြံထဲသို့ဆင်းလာခဲ့သည်။ အအိပ်ဆတ်သော ဉာဏ်လင်းအောင်မှာ အိပ်ရာမှ ချက်ချင်းနိုး လာခဲ့ပြီး ဆရာထွက်သွားမှန်း သိသည်နှင့် နောက်မှ အသာပြေး လိုက်ကာ  လေသံ ခပ်အုပ်အုပ်ဖြင့်...

ဉာဏ်လင်းအောင်။ ။ ဆရာ..ဆရာ.. ဘယ်သွားမလို့လဲ ဒီအချိန်ကြီးကို..

ဦးမင်းထင်ကျော်။ ။ ဉာဏ်လင်း မင်းမအိပ်သေးဘူးလား။ ဆရာ လုပ်စရာလေး တစ်ခုရှိလို့ အပြင်ခဏ သွားလိုက်ဦးမယ်။ ဆရာသွားတာ ဘယ်သူမှမသိစေနဲ့

ထက်မြက်။ ။ ဟာ.. ဘယ်သွားမလို့လဲ ဆရာ။ မသွားပါနဲ့လားဆရာရယ်.. မနက်လင်းမှ သွားပါလား။ ဒီရွာက ဘာမှန်းမသိ ညာမှန်းမသိ အန္တရာယ်က များပါဘိနဲ့

ဦးမင်းထင်ကျော်။ ။ ရတယ် ရတယ်.. ဆရာမသွားလို့ မဖြစ်ဘူး။ ဒီနားလေးတင်ပဲ သိပ်မကြာပါဘူး

ဉာဏ်လင်းအောင်။ ။ ဒါဆိုလည်း ကျွန်တော်ပါ လိုက်ခဲ့မယ်လေ။ ဆရာတစ်ယောက်တည်း စိတ်မချဘူး

ဦးမင်းထင်ကျော်။ ။ နိုး နိုး.. မင်းလိုက်လို့ မဖြစ်ဘူး။ ဆရာတစ်ယောက်တည်း သွားမှရမှာ။ မင်းနေရစ်ခဲ့။ ဆရာမကြာဘူး။ သွားကြည့်စရာလေးရှိတာ ကြည့်ပြီးရင် ပြန်လာခဲ့မယ်။ သွား.. ပြန်အိပ်ချေ.. ဒါမှမဟုတ်လည်း ပစ္စည်းတွေ သိမ်းစရာရှိတာ သိမ်းထားတော့။ သူများတွေ လုံးဝမနိုးစေနဲ့နော်..။

ဉာဏ်လင်းအောင်။ ။ ဟုတ်ကဲ့ဆရာ။ ဒါဆိုလည်း ဆရာ သတိဝီရိယနဲ့တော့ သွားနော်။ မြန်မြန်လည်း ပြန်လာခဲ့ဦး

ဦးမင်းထင်ကျော်။ ။ အေးအေး.. ဆရာသိတယ်။ သွားပြီ..

ထိုသို့ပြောပြီး ဦးမင်းထင်ကျော် တစ်ဦးတည်း ထွက်လာခဲ့သည်။ သူ့ခြေလှမ်းများက ရောဂါပိုး ကူးစက်ခံရသည်ဆိုသော ရေကန်ကြီး ဆီသို့ ဦးတည်လျက်...။ ညဥ့်ပိုင်းက ရဲရင့်ကို လိုက်ရှာကြရင်းနှင့် ဟိုးခပ်လှမ်းလှမ်းမှ လရောင်ဖြင့် လဲ့နေသည့် ရေကြပ်ခွပ်များကို မြင်ခဲ့ရသည် မဟုတ်လား။ ထိုနေရာကို ဦးမင်းထင်ကျော် သေသေ ချာချာ မှတ်ထားသည်။ ရေကန်ကြီးသည် ထင်ထားသည်ထက် ပိုမို ကျယ်ပြန့်ပြီး ရေ၏ အရောင်အဆင်းမှာ ပကတိ နက်မှောင်နေသည်ဟု ထင်ရသည်။ ရေကန်ပတ်လည်တွင် နေပြောက်မထိုးနိုင် လောက်သည့် ထူထဲကြီးမားလှသော နှစ်ရှည်ပင်ကြီးများစွာ ပေါက်ရောက်လျက်ရှိသည်။ တောအုပ်ကြီးတစ်ခုနှင့်ပင် တူနေသေးတော့ သည်။ ကြာရိုး ကြာစွယ်များမှာ ရေလယ်တွင် ညွတ်ခွေ သေဆုံးနေကြ၏။

ဦးမင်းထင်ကျော် ပတ်ဝန်းကျင်ကို သေချာ လိုက်အကဲခတ်နေသည်။ မည်သည့် ထူးခြားသောအရိပ်အယောင်မျှမတွေ့။ ထိုစဉ်မှာပင် သူ၏ မျက်လုံးများက သစ်ပင်တစ်ပင် ခြေရင်းတွင် အရောင်တလက်လက် ထနေသော အရာတစ်ခုကို မြင်တွေ့သွားလေသည်။ ကောက်ယူ ကြည့်သောအခါ မိန်းမ၀တ် ရွှေနားကွင်းတစ်ဖက်။ ထိုအနီးတဝိုက်တွင် သေချာထပ်မံ လိုက်ကြည့်ရာ.. ညှိုးနွမ်း ခြောက်သွေ့လုပြီဖြစ်သော သစ်ရွက်ပုံတစ်ပုံပေါ်၌ သွေးစက်များကို တွေ့ရသည်။ ကြီးကြီး မားမား တစ်စုံတစ်ရာကို လောင်ကျွမ်းထားသော ပြာပုံကြီးတစ်ခုကိုလည်း တွေ့ရသည်။ ထိုအနီးတွင်ပင် ထိုင်ချလိုက်ကာ ဤအဖြစ်အပျက်များ သည် သွေးရိုးသားရိုး မဟုတ်နိုင်ဘဲ လူသတ်မှုပေလောဟု တွေဝေ စဉ်းစားနေခိုက် ရုတ်တရက် မိန်းမောသလိုဖြစ်သွား၏။ စိတ်များ လေးလံ ထိုင်းမှိုင်းလာကာ အနံ့တစ်ခုခုကြောင့် အိပ်မွေ့ချခံရသူလို ဖြစ်သွားမိသည်။ ထိုစဉ်မှာပင် သူ၏အမြင်အာရုံထဲဝယ် ရေကန်ထဲမှ အမျိုးသမီးတစ်ဦး တက်လာပြီး သူ့ဆီလျှောက်လာသည်ကို ၀ိုးတိုးဝါးတား မြင်ရသည်။ တဖြည်းဖြည်း ပုံရိပ်ပီပြင်လာသောအခါ ထို အမျိုးသမီး၏ ကိုယ်ခန္ဓာ အနှံ့အပြားတွင် မြင်မကောင်းသော ဒဏ်ရာဒဏ်ချက်ကြီးများ အပြည့်အနှက်။ မီးလောင် အမာရွတ်များအပြင် ရိုက်နှက်ခံထားရသလို အရှိုးရာဗရပွဖြင့်...။ သူ့ကိုစိုက်ကြည့်နေသည့် မျက်လုံးတစ်စုံတွင် မုန်းတီးခြင်း စက်ဆုပ်ခြင်းနှင့် နာကျည်း ဒေါသ မီးလျှံများကို အတိုင်းသား မြင်တွေ့နေရ၏။ အိပ်မက်ပင်လော၊ တကယ်ပင်လောဟု ဦးမင်းထင်ကျော် တွေးတောအံ့သြ မဆုံးမီပင် ထိုအမျိုးသမီးသည် ဗြုန်းခနဲ အနီးသို့ရောက်လာပြီး သူ့လည်ပင်းကို ဆွဲညှစ်လေသည်။ သူဆွဲဖယ်သော်လည်းမရ။ အေးစက်ရှုံ့တွနေသော လက်တစ်စုံက အလွန် အားပါလှသည်။ အသက်ရှူရသည်မှာ တဖြည်းဖြည်းမွန်းကြပ်လာပြီး မျက်လုံးများ ပြာဝေလာတော့သည်။ ထိုစဉ်မှာပင် လူသံများ ကြားလိုက်ရပြီး သူ့ရှေ့မှ အမျိုးသမီးသည် မကျေနပ်သလို သူ့အားတစ်ချက် စိုက်ကြည့် ပြီးနောက် ရေထဲသို့ ခုန်ဆင်း ပျောက်ကွယ်သွားလေ၏။
ဉာဏ်လင်းအောင်။ ။ ဆရာ... ဆရာ.. ဆရာဘာဖြစ်နေတာလဲ

ဦးမင်းထင်ကျော်။ ။ အဟွတ် အဟွတ်.. အော့... ဟို ကောင်မလေး... ကောင်မလေး

ဥာဏ်လင်းအောင်။ ။ ဘယ်ကကောင်မလေးလဲဆရာ။ ကျွန်တော် ဆရာ့ကိုပဲတွေ့တာ။ ဆရာ့လက်နှစ်ဖက် ကိုယ့်လည်ပင်း ကိုယ်ညှစ်နေတာတွေ့လို့။ တော်သေးတာပေါ့ ဆရာရယ်.. ကျွန်တော် ဆရာ့ကို စိုးရိမ်ပြီး ဒီကောင်လေး အကူအညီနဲ့ နောက်က လိုက်လာမိပေလို့ပေါ့

ဦးမင်းထင်ကျော်က အဖြစ်အပျက် အလုံးစုံကိုပြောပြလိုက်ရာ

ဥာဏ်လင်းအောင်။ ။ ဆရာပြောသလိုဆို တော်တော် ထူးဆန်းတာပဲ။ ဒီလိုအဖြစ်မျိုးတွေ တကယ်ရှိနေတာပါလား

ဦးမင်းထင်ကျော်။ ။ အေးကွာ ငါလည်း စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ ခု ဒီအသက်အရွယ်ရောက်မှ ကိုယ်တွေ့ကြုံရဖူး တာပဲ။ ငါ့နှယ်.. သေပြီတောင် မှတ်တာကွာ။ သန်လိုက်တဲ့ တစ္ဆေမ။ ဒါနဲ့.. ဒီကိစ္စ နှုတ်လုံပါစေနော်။ ကေသွယ်တို့ကို ပေးမသိစေချင်ဘူး။ သူတို့သိရင် ပိုကြောက်သွားကြမယ်။ အထူးသဖြင့် ရွာသူကြီး.. ငါ သူ့ကိုသိပ်ပြီး မသင်္ကာဘူးကွ။ ဟိုကလေးလည်း ဆရာတို့ကို ကူညီပါကွာ..။ ဒီကိစ္စ မပေါက်ကြားပါစေနဲ့။ နောက်ပြီး မင်းကိုမေးစရာရှိတယ်။ ဒီရွာအကြောင်း မင်းသိသလောက် ဆရာ့ကိုပြောပြစမ်းပါ

ဉာဏ်လင်းအောင်ကို လမ်းပြလိုက်ပို့ခဲ့ပေးသော ရွာသား ကောင်လေးမှာ ကြောက်ရွံ့လှသဖြင့် တစ်ကိုယ်လုံးအလွန် တုန်ယင်နေပြီး ဟန်မဆောင်နိုင်လောက်အောင်ပင် မျက်စိ မျက်နှာ ပျက်နေသည်။ ဦးမင်းထင်ကျော် မေးသည်ကိုပင် ပြန်မဖြေနိုင်။ သူစိုက်ကြည့်နေသည်မှာ ရေကန်နံဘေးရှိ ချုံကြီးတစ်ခု၏ အနောက်ဘက် တစ်နေရာကိုဖြစ်သည်။ ဦးမင်းထင်ကျော်တို့လည်း သူကြည့်ရာသို့ ကြည့်လိုက်ကြသည်။ လူရိပ်လိုလို တိရစ္ဆာန် တစ်ကောင်လိုလို တစ်စုံတစ်ခု ရွာဘက်သို့ ဖြတ်ပြေးသွားသည်ကို ဖျက်ခနဲ တွေ့လိုက်ကြရသည်။ တောကောင် တစ်ကောင်လည်း ဖြစ်နိုင်ပါသည်။

ဉာဏ်လင်းအောင်။ ။ ဟေ့ကောင်လေး.. ဘာဖြစ်နေတာလဲကွ

ရွာသားကောင်လေး။ ။ ဟို.. မ.. မ.. သဲ.. မသဲစုလားမသိဘူး

ဦးမင်းထင်ကျော်တို့လည်း ကြောင်သွားကြပြီး..

ဦးမင်းထင်ကျော်။ ။ မသဲစုဆိုတာ ဘယ်သူလဲကွ

ရွာသားကောင်လေး။ ။ ကျွန်တော်.. ကျွန်တော်မပြောရဲဘူး ကြောက်တယ်..

ကောင်လေးမှာ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်ရင်း အတော်ကြောက်ရွံ့နေရှာသည်။

ဦးမင်းထင်ကျော်။ ။ မကြောက်ပါနဲ့ကောင်လေးရဲ့။ ဆရာတို့ကို အားလုံးပြောပြ။ နော်.. ဒါမှ ဒီရွာမှာဘာတွေဖြစ်နေတယ်ဆိုတာ ဆရာတို့သိပြီး အားလုံးကို ကယ်တင်နိုင်မှာပေါ့ကွယ့်။ မင်းကို ဆရာတို့ ကာကွယ်ပေးမယ်။ ဟုတ်ပြီလား.. လာ ဒီမှာထိုင်.. မင်း သိသလောက်ကို ဖြည်းဖြည်းချင်း အကုန်ပြောပြ..

ကောင်လေးက ခေတ္တမျှငြိမ်သက်နေပြီးမှ အဖြစ်အပျက်ကို  ရှင်းပြလေသည်။

ရွာသားကောင်လေး။ ။ ဒီလိုပါဆရာ.. အရင်တုန်းက ကျွန်တော်တို့ရွာကို အဖွားကြီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရောက်လာကြဖူးတယ်။ ဘယ်ကနေ ပြောင်းလာမှန်းလဲမသိဘူး။ ဒီရွာကိုရောက်လာပြီး ရွာစွန်နားမှာ တဲထိုးနေကြတယ်ဆရာ။ နောက်ပြီး ကောင်မလေးက တောထဲက ဆေးမြစ်ဆေးဥတွေရှာပြီး ရွာထဲမှာ လှည့်ရောင်းတယ်။ ဟိုးဘက်ကရွာတွေကို သွားချင်လည်း သွားတတ်တယ်။ အဖွားကြီးကတော့ ဘာမှမလုပ်ဘူး။ တစ်နေ့တစ်နေ့ ဆေးတွေပဲ ထိုင်ဖော်နေတယ်။ ရွာသူရွာသားတွေနဲ့လည်း အခေါ်အပြော မလုပ်ကြဘူး။ ဒါပေမယ့် သူတို့ရောက်လာပြီး နောက်ပိုင်း ရွာထဲကလူတွေ နေမကောင်း ဖြစ်ကြတဲ့သူတွေ များများလာတယ်။ အဲဒါနဲ့ ရွာကလူတွေက သူတို့မြေးအဖွားကို စုန်းလို့သတ်မှတ်ပြီး ရွာစွန်ကနေ မောင်းထုတ်ကြတယ်။ ဆိုတော့.. သူတို့မြေးအဖွားလည်း ဒီရေကန်နားမှာ လာနေကြတယ်။ ဖြစ်ချင်တော့ သူကြီးရဲ့ တစ်ဦးတည်းသောသားက တစ်ရက်မှာ သူငယ်ချင်းတွေနဲ့ ဒီရေကန်နား လာကစားရင်း ပိုးထိလို့ သေသွားတယ်။ အဲဒီမှာပဲ သူကြီးက ဒေါသတွေမိုးမွှန်ပြီး အဲဒီ မြေးအဖွားအိမ်ကို ဓါးကြိမ်းသွားကြိမ်းတယ်။ သူတို့ပြုစားလို့ သူ့သားသေရတယ်ပေါ့။ ဒီနေရာကနေ ခုချက်ချင်း မထွက်သွားရင် မြေးအဖွား နှစ်ယောက်လုံးကို သတ်ပစ်မယ်ပေါ့။ သူကြီးက.. သူကြီးက တကယ်တော့ လူယုတ်မာကြီးဗျ။ သူ့ကိုတစ်ရွာလုံးက ကြောက်ရတယ်။ သူ့ကိုအာခံရင် သစ္စာဖောက်ရင် လုံးဝခွင့်မလွှတ်ဘူး။ သူ့တပည့်တွေ အားကိုးပြီး လူမသိ သူမသိ အစဖျောက် ပစ်တတ်တယ်။ သူ့မကောင်းမှုတွေကို ကျွန်တော်တို့သိပေမယ့် မတတ်သာလို့ ငြိမ်နေရတယ်။

မြေးအဖွားနှစ်ယောက်ကို အဲ့ဒီလို ခြိမ်းခြောက်တဲ့အပြင် ကောင်မလေး တောထဲဆေးရွက် သွားခူးနေတုန်း သူကြီးက ကောင်မလေးကို စောင့် ဖမ်းပြီး တောထဲဆွဲခေါ်သွားတယ်။ ပြီးတော့ မတရားကျင့်ဖို့ ကြံတယ်။ ကောင်မလေးက အတင်းရုန်းကန်ပြီး သူ့ကိုကုပ်ဖဲ့ ဆွဲကိုက်တာပေါ့။ အဖွားဖြစ်တဲ့သူက ဒါတွေကိုကြိုရိပ်မိနေလို့ နောက်ကနေ လိုက်လာခဲ့ တယ်။ သူဖော်စပ်ထားတဲ့ ဆေးမှုန့်တချို့နဲ့ သူကြီးမျက်နှာကို ပက်ပစ် လိုက်တယ်။ အဲ့ဒါကြောင့် သူကြီး မျက်လုံးတစ်ဖက် ကန်းသွားတာပဲ။ ကောင်မလေး သူကြီးလွတ်က လွတ်သွားပေမယ့် အဲ့ဒီညမှာပဲ သူကြီး နဲ့ သူ့တပည့်တွေက မြေးအဖွားနှစ်ယောက်လုံးကို လာရိုက်နှက်တော့ တယ်။ အရမ်း ရက်စက်တာပဲဗျာ။ ကျွန်တော်တောင် အဲ့ဒီနေ့တုန်းက နွားကျောင်းနောက်ကျလို့ အပြန်ဒီရေကန်ကြီးနားက ဖြတ်သွားရင်း အားလုံးကို မြင်လိုက်ရတာ။ ပြီးတော့ သူတို့ မြေးအဖွားအိမ်ကို မီးနဲ့ တိုက်တယ်။ ကောင်မလေးက မီးလောင်ဒဏ်ရာ ကွက်ကြီးတွေနဲ့ လွတ်သွားပေမယ့် အဖွားကြီးကတော့ မပြေးနိုင်တော့လို့ အိမ်ထဲမှာပဲ မီးအလောင်ခံရပြီး သေသွားတယ်။ ဒါပေမယ့် မီးထဲကလွတ်လာတဲ့ ကောင်မလေးလည်း သူကြီးကအရှင်မထားတော့ဘူး။ အရှင်ထားရင် သူနောက်ကြောင်းမအေး ဖြစ်ရမယ်လေ။ အဲ့ဒါနဲ့ ကောင်မလေးကို ကြိုးတုပ်ပြီး ဟောဒီ့ရေကန်ကြီးထဲ အရှင်လတ်လတ် ပစ်ချပြီး သတ် လိုက်တယ်။ အဲ့ကောင်မလေးနာမည်က မသဲစုတဲ့..။ တစ်ရွာလုံးကို ကျတော့ သူကြီးက လိမ်ထားတာပေါ့။ သူတို့ဟာသူတို့ ဆေးကျိုရာ ကနေ တဲမီးစွဲပြီး နှစ်ယောက်လုံး မီးထဲပါသွားတယ်လို့ အသိပေးထားတယ်။ သူကြီးပြောစကားတွေကို ရွာကလူတွေ သိပ်မယုံကြပေမယ့်လည်း အစကတည်းက ဒီမြေးအဖွားနဲ့ သိပ်အဆက်အဆံမရှိခဲ့ကြလို့ ဘယ်သူမှလည်း အရေးတယူလုပ်ပြီး စပ်စုမနေတော့ဘူး။ ဒီအတိုင်းပဲ ပစ်ထားလိုက်ကြတယ်။ အဲ့ဒီကစပြီး အခုလိုအဖြစ်ဆိုးတွေ ဆက်တိုက်ကိုဖြစ်ခဲ့တော့တာပဲ ဆရာ..။ သူတို့များ မကျွတ်မလွတ်ဖြစ်ပြီး တစ်ရွာလုံးကို အငြိုးကြီးကြီးနဲ့ လိုက်သတ်နေတာလားမသိဘူးနော်။ အခုတောင် ရွာကပျက်နေပြီလေ..

ကောင်လေးမှာ ရှည်လျားစွာ ဂဃနဏ ရှင်းပြပြီးမောပန်းကာ သူ့ကိုယ်သူလည်း မလုံမလဲ ဖြစ်နေဟန်ရှိသည်။ ဦးမင်းထင်ကျော်က ရေကန်ထဲမှ သူ့ကို လည်ပင်းထညှစ်သော မိန်းကလေးကို သတိရသွားသည်။ အားလုံးကို ဆက်စပ်မိပြီး သဘောပေါက်သွားသည်။

ဦးမင်းထင်ကျော်။ ။ ဒီရွာမှာ ဘုန်းကြီးကျောင်းတွေ ဘာတွေ မရှိဘူးလားကွ

ရွာသားကောင်လေး။ ။ ဘယ်ရှိမလဲဗျာ ဒီလောက် ရွာသေးသေးလေးကို။ ဟိုးဘက် နှစ်ရွာကျော်လောက်မှာတော့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိတယ် ဆရာ။ တော်တော်ဝေးတယ်။ ဘာဖြစ်လို့လဲဟင်..

ဦးမင်းထင်ကျော်။ ။ မကျွတ်မလွတ်သေးတာ တကယ်မှန်ရင် ဘုန်းကြီးတွေ ဘာတွေပင့်ပြီး ပရိတ်ရွတ်တရားနာတာတို့ အမျှဝေပေးတာတို့ လုပ်ရမယ်လေ

ရွာသားကောင်လေး။ ။ ကျွန်တော်တို့ အဲ့ဒါတွေ တစ်ခါမှ မစဉ်းစားဖူးဘူး။ လုပ်ဖို့လည်း စိတ်မကူးကြပါဘူး။ ကိုယ်နဲ့မဆိုင်သလိုပဲ ဒီလိုပဲနေခဲ့ကြတာ။ နောက်ပြီး သူကြီးကိုလည်း ဘယ်သူမှ ပြန်မလှန်ရဲကြဘူး

ဦးမင်းထင်ကျော်။ ။ အင်း.. အဲ့ဒါတွေကြောင့် အခုတော့ ဒုက္ခများကြပြီ မဟုတ်လား

ထိုစဉ်မှာပင် ရုတ်တရက် ရွာထဲဘက်မှ ကြောက်ခမန်းလိလိ အော်ဟစ်သံများ ကြားရတော့သည်။ အမျိုးသမီးသံ စူးစူး ဝါးဝါးနှင့် အခြားရုန်းရင်းဆန်ခတ် လူသံများပါ ကြားနေရ သည်။ ဦးမင်းထင်ကျော်တို့ ချက်ချင်းပင် ရွာထဲသို့ ပြန်ပြေး ကြရသည်။ ရွာစွန်နားမှပင်လျှင် ညအမှောင်ယံ နောက်ခံတွင် ရဲရဲထနေသော မီးတောက်မီးလျှံကြီးများကို မြင်နေရသည်။ ရွာလယ်သို့ သူတို့ရာက်သွားသောအခါ လုံးဝထင်မှတ်မထား သော မြင်ကွင်းဆိုးကို မြင်လိုက်သဖြင့် သုံးဦးသား ကြက်သေ သေကုန်ကြ၏။  သူကြီးအိမ်တစ်အိမ်လုံး မီးစွဲနေပြီဖြစ်သည်။ အနီးအနားမှ စပါးကျီများ၊ ချုံများနှင့် သစ်ခြောက်ပင်တချို့ ပင် စွဲလောင်နေပြီဖြစ်သည်။ အိမ်အတွင်းမှ လူများမှာ ခြံဝိုင်း အပြင်ဘက် အတော်လှမ်းလှမ်းသို့ ရောက်နေကြပြီး မီးကို ဝိုင်းပြီးငြိမ်းသက်ရန် ကြိုးစားနေကြသော်လည်း လူအုပ်နှင့် လောင်သည့်မီးအားမှာ မတန်တဆ ခြားနားလွန်းနေသည်။ ထိုစဉ် ရွာသူကြီးကို မီးလျှံများအနီးတွင် တွေ့လိုက်ရသည်။ သူရူး တစ်ယောက်နှယ် အော်ကြီးဟစ်ကျယ် အသံပြုလျက် တစ်စုံတစ်ဦးကို စကားလှမ်းပြောနေသကဲ့သို့ရှိသည်။ လက်ထဲတွင်လည်း ရေနံဆီပုံကြီးနှင့် မီးတုတ်တစ်ချောင်း ကိုင်လျက်။ သို့ရာတွင် အမျက်မာန်တဝင်းဝင်းဖြင့် ကြွေးကြော်မြည်ဟဲနေသော မီးတောက်ကြီးများကြောင့် ကောင်းစွာမကြားရပေ။

ဦးမင်းထင်ကျော်။ ။ ထက်မြက်.. ဟေ့.. ဘာဖြစ်ကြတာလဲ..

ထက်မြက်။ ။ ဆရာ.. ဟာ.. ဆရာရေ.. လုပ်ကြပါဦး.. ဒေါက်တာကေသွယ် အိမ်ထဲမှာ.. ကျွန်တော်တို့အားလုံး လွတ်လာပြီး သူတစ်ယောက်တည်း ကျန်နေခဲ့တယ်ဆရာ.. ဉာဏ်လင်း.. ဒေါက်တာကေသွယ့်ကို ကယ်ပါဦး.. လုပ်ကြပါဦးဗျာ..

ဉာဏ်လင်းအောင်။ ။ ဟင်.. ဟုတ်လား..။ ဘယ်ကနေ ဘယ်လိုစဖြစ်ကြတာလဲ.. ဒုက္ခပဲ

ထက်မြက်။ ။ သူ.. သူ.. သူကြီးက..

ထက်မြက်၏အဖြေမှာ တစ်ဝက်တစ်ပျက်နှင့်ပင် ဆွံ့အသွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ဦးမင်းထင်ကျော်သည် အပေါ်အင်္ကျီကို ချွတ်လိုက်ကာ ရေနှင့်စိမ်ပြီးနောက် မီးဟုန်းဟုန်းထနေသော ခြံဝိုင်းတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားခြင်းကြောင့် ဖြစ်သည်။ အားလုံးမှာ ဦးမင်းထင်ကျော်ကို ထိတ်လန့်တကြား အော်ခေါ်လျက်ရှိပြီး ပြန်ထွက်လာရန်သာ အမျိုးမျိုး အသံပေး၍ တောင်းပန်နေကြသည်။ ဉာဏ်လင်းအောင်မှာ ဆရာ့ကို အနောက်မှလိုက်ဆွဲရန် ကြိုးစားသေးသော်လည်း အားလုံးက ဝိုင်းတားကြသဖြင့် အရာမရောက်ခဲ့။ သို့သော် ဦးမင်းထင်ကျော်သည် ဒေါက်တာကေသွယ့်ကို မီးထဲ၌ မရမက အော်ခေါ်လိုက်ရှာသည်။ ဒေါက်တာကေသွယ် အိပ်နေခဲ့သောနေရာသို့ တန်းပြေးသွားသော်လည်း မတွေ့။ အခြားနေရာများတွင်လည်း မတွေ့ပေ။ ဒေါက်တာကေသွယ် မီးထဲပါသွားပြီလားဟူသော စိုးရိမ်စိတ်သည် ဦးမင်းထင်ကျော်ကို အသိစိတ် ပျောက်ကွယ်စေ၏။ သူ၏ တပည့်ရင်းနှစ်ဦးကို ရင်နင့်စွာ ကြေကွဲဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ယခုတဖန် သူ အားထားရသော ဆရာဝန်ကောင်းတစ်ဦးကို ထပ်မံ အဆုံးရှုံးမခံနိုင်တော့။ ထို့ထက် သူတို့ ဆေးကျောင်းအတူ တက်စဉ်ကတည်းက ဂျူနီယာ ညီမငယ်လေးတစ်ဦးလို ကြာရှည်ခင်မင် ရင်းနှီးခဲ့ရသော ကေသွယ့်ကို သူ ဘယ်နည်းနှင့်မျှ မီးထဲတွင် ပေးမသေရက်ချေ။ မရရအောင် ကယ်မည်ဟု စိတ်ပိုင်းဖြတ်ကာ ထိုဇောဖြင့်ပင် အရှိန်ရနေပြီဖြစ်သော မီးစုန်းများအောက်တွင် ကေသွယ့်ကို အိမ်တွင်းအနှံ့ လိုက်ရှာနေတော့သည်။ မည်သို့မျှရှာမရဟု သတိဝင်လာချိန်သည် ဦးမင်းထင်ကျော်အဖို့ နောက်ကျသွားပေပြီ။ အိမ်ကြီးမှာ ကြီးမားလှသည့် အလျောက် သစ်သား တိုင်လုံးကြီးများနှင့် ထုပ်တန်းအသီးသီးမှာလည်း အလွန်လေးလံကာ အိကျပြိုဆင်းလာခဲ့ပေပြီ။ ဦးမင်းထင်ကျော်သည် အရှင်လတ်လတ် မီးသဂြိုလ်ခံလိုက် ရလေတော့သည်။

ရွာသူကြီးမှာ အမှန်တကယ်ပင် သွက်သွက်ခါအောင် ရူးသွပ်သွားပြီဖြစ်သည်။ စင်စစ် သူ၏အမြင်အာရုံ ထဲတွင် သူ့ဇနီးသည်မှာ ရုတ်တရက် မသဲစုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး သူအိပ်နေစဉ် သူ့ကိုတက်ခွကာ လည်ပင်း ထညှစ်ခဲ့သည်။ သူသည် အစဉ်အားဖြင့် ကြောက်လန့်တတ်သူ မဟုတ်သော်လည်း သူ့မိုက်ပြစ် များ၊ သူ့မကောင်းမှုများကြောင့် သူ့ကြမ္မာဆိုး သူဖန် သွားခြင်းသာဖြစ်မည်ဟုဆိုက ဆိုနိုင်သည်။ အဘယ် ကြောင့်ဆိုသော် သူ၏ တစ်ဖက်တည်းသော မျက်လုံး တွင် တစ္ဆေခြောက်လှန့်နေသော  တောကြီးမျက်မည်း ထဲ၌ သူရောက်ရှိနေသည်ဟု မြင်နေခဲ့သည်။ ထိုစဉ် ရေကန်ထဲသို့ သူပစ်ချသတ်ခဲ့သော မသဲစုမှာ သူ့အား အတင်း ပြန်ကလဲ့စားချေ သတ်ဖြတ်ရန် ကြိုးစား၏။ မသဲစု၏အနောက်၌ အဖွားဖြစ်သူက ရပ်လျက် သူ့ကို မုန်းတီးစက်ဆုပ်လှသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ဆေးမှုန့်၊ ဆေးမြစ်များဖြင့် အဆိပ်ခတ်သတ်ပစ်ရန် ကြိုးစားသည်။ တဖြည်းဖြည်း သူ့အနားသို့ ကပ်လာ ကြသဖြင့် ရွံရှာဖွယ် ကောင်းလှသော ၄င်းတို့၏ အညိုအမည်း စွဲနေသည့်မျက်နှာများ၊ လောက်တက်နေသည့် ပုပ်ပွပွရှုံ့တွတွ အနာကွက်ကြီးများ၊ မြင်မကောင်းသော မီးလောင် ဒဏ်ရာများ၊ အလုံးလိုက် ကျွတ်ထွက်နေပြီဖြစ်သော နီဆွေးဆွေး မျက်လုံးရွဲကြီးများကို သူကြီးမှာ အတိုင်းသား မြင်နေရလေသည်။ ထို့ အတွက် အလွန်အမင်း စိတ်ခြောက်ခြားကာ အသိစိတ် ကင်းလွတ်သွားပြီး မသဲစုတဖြစ်လဲ သူ၏ဇနီးသည်ကို ကိုယ်တိုင်ဓါးနှင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ နှုတ်မှလည်း အယုတ္တ အနတ္တများဖြင့် ဆဲရေးတိုင်းထွာ ကျိန်ဆဲကာ မသေသေအောင် သတ်မည်ဟု ကြုံးဝါးလိုက်၊ သူ့ကိုမခြောက်လှန့်ပါရန် တောင်းပန်လိုက်၊ ဤရွာမှ အပြီးထွက်သွားပါရန် အမိန့်ပေးလိုက်ဖြင့် သူ၏ဇနီးသည်ကို ဓါးဖြင့် ခုတ်ထစ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် အသိစိတ် ပြန်ကပ်လာမိသော တစ်ခဏ၌ တစ်ဖက်လပ် သူ့မျက်လုံးထဲတွင် သူသိပ်ချစ်ရသော ဇနီးသည်ကို ပြန်မြင်ယောင်မိသည့်အခါ သူကြီးမှာ ယူကျုံးမရ ပူဆွေးသောက ကြီးစွာဖြစ်ကာ မြင်မြင်သမျှ မသဲစုနှင့် အဖွားအိုသာ ဖြစ်နေခဲ့သည်။ ထို့အတွက် ဒုတိယအကြိမ် ၄င်းတို့ကို မသေသေအောင် မီးရှို့သတ်မည်ဟု ဆိုကာ ရေနံဆီလောင်းလျက် သူ့အိမ်ကိုသူ မီးမြှိုက်ခဲ့ခြင်းဖြစ်သည်။ သူ့အမြင်တွင်တော့ သေဆုံးသူ မြေးအဖွားတို့သာ ဖြစ်နေခဲ့တော့သည်။ နောက်ဆုံး သူကိုယ်တိုင် မီးစွဲလောင်ကာ မရှုမလှ ဇာတ်သိမ်းသွားခဲ့ရပေတော့သည်။

*******************
ဒေါက်တာကေသွယ်။ ။ တင်ပါ့.. တပည့်တော်မ ဒီခရီးစဉ်အတွက် အားလုံးစီစဉ်ပြီးပါပြီဘုရား။ ဟိုမှာလည်း အနီးဆုံးရွာကလူတွေကို ကြိုတင်အကြောင်းကြားထားပြီးသားပါ။ ဦးဇင်းလေးနဲ့လိုက်ပါဖို့အတွက်ကိုလည်း တပည့်တော်မရဲ့ ကျောင်းသားတချို့ကို  အကူအညီ တောင်းထားပြီးပါပြီ။ နောက်ပြီး အလှူစားရိတ်နဲ့ ဝေယျာဝစ္စ ကုန်ကျစားရိတ်ကိုလည်း တပည့်တော်မပဲ လှူဒါန်းပါရစေဘုရား

ရှင်တေဇ။ ။ အင်း.. သာဓုပါဗျာ သာဓု သာဓု။ ဒကာမကြီးကိုလည်း လိုက်စေချင်ပေမယ့် ဒကာမကြီးက အခု ဆေးရုံမှာ ဌာနအုပ်တစ်ယောက် ဖြစ်နေပြီ မဟုတ်လား။

ဒေါက်တာကေသွယ်။ ။ တင်ပါ့ဘုရား

ရှင်တေဇ။ ။ ဆေးရုံမှာ ဒကာမကြီး တစ်ပတ်လောက်မရှိရင် အားလုံး ကမောက်ကမ ဖြစ်ကုန်မှာပေါ့။ ဒါတွေ ဦးဇင်းနားလည်ပါတယ်။ ဦးဇင်းတို့လည်း ဒီဘဝတွေကို ဖြတ်သန်းခဲ့ဖူးတာပဲလေ။ ပြီးတော့ ဒကာမကြီး မလိုက်တာကပဲ ပိုကောင်းပါလိမ့်မယ်။ အဟောင်းတွေ အသစ်ဖြစ်ပြီး ဒကာမကြီး စိတ်ဒဏ်ရာတွေ ထပ်ရနေမှာစိုးလို့ပါ

ဒေါက်တာကေသွယ်။ ။ တင်ပါ့ဘုရား။ တပည့်တော်မလည်း အဲ့ဒီနေ့ကျရင် အိမ်မှာ ဘုန်းကြီးငါးပါးပင့်ဖိတ်ပြီး မနက်အရုဏ်ဆွမ်း ကပ်မှာပါ။ ဒီကနေပဲ အားလုံးအတွက် စိတ်မှန်းနဲ့ ရေစက်ချ အမျှအတန်းဝေပါ့မယ်ဘုရား။ ဦးဇင်းလေးသာ အစစအရာရာ ဂရုတစိုက်နဲ့ သွားပါဘုရား

ရှင်တေဇ။ ။ ကောင်းပါပြီ ဒကာမကြီး။ ဒကာလေးတွေလည်း ပါကြမှာပဲဟာ။ စိတ်မပူပါနဲ့

ဒေါက်တာကေသွယ်သည် လမ်မတော်ရှိ ရှင်တေဇ သီတင်း သုံးသော ဘုန်းကြီးကျောင်းမှနေ၍ ဆေးရုံကြီးဆီသို့ ဗိုလ် ချုပ်အောင်ဆန်း လမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာ ခဲ့သည်။ လမ်းတွင် တွေးငေးတုံ့နှေးစွာဖြင့် စဉ်းစားရင်း လျှောက်လာခဲ့သည်။ တစ်နှစ်တင်းတင်း စေ့လုပြီဖြစ်သော် လည်း အတိတ်မှ ပုံရိပ်ကွက်တို့သည် ရုပ်ရှင်ပိတ်ကား တစ် ခုနှယ် ထင်ထင်ရှားရှား ကွင်းကွင်းကွက်ကွက်။ ပျော်ရွှင် ဖွယ်ရာဟု ထင်မှတ်ထားခဲ့မိသော ခရီးစဉ်တစ်ခု၊ ပဟေဠိ ဆန်ဆန် ရောဂါဆန်းတစ်ရပ်..၊  သွေးပျက် ခြောက်ခြား ဖွယ် ကောင်းလှသည့် ဆင်တောင်စုရွာ..၊ ထိုရွာ၏ အနှောင့် ပရောကများ..၊ အမှောင်တိုက်များ..၊ ကြမ္မာဆိုးငင်ခဲ့သည့် အဖြစ်အပျက်များ..၊ လူသေအလောင်းများ..၊ တစ္ဆေည၏ မီးတောက်မီးလျှံများ...၊ နောက်ကျစွာ မိုးသည်းနေခဲ့သော အရုဏ်တက်တစ်ခု၏ ပုံရိပ်များ....။ ဒေါက်တာကေသွယ် သည် တစ်သက်မေ့မရတော့မည့် ရဲရင့်၊ ရွှေအိုရောင်နှင့် သူ ထာဝရလေးစား ချစ်ခင်ခဲ့ရသော ဒေါက်တာ ဦးမင်းထင်ကျော်တို့၏ မျက်နှာများကို အသီးသီး မြင်ယောင်လာမိသည်။

ထိုညက သူကြီးလင်မယား၏ ရုန်းရင်းဆန်ခတ် သံများကြောင့် ဒေါက်တာကေသွယ် နိုးလာခဲ့သည်။ ရွှေအိုရောင်၏အ ဖြစ်ဆိုးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် နှစ်ခြိုက်စွာအိပ်မပျော်ဖြစ်နေရာမှ ထိုကြောက်မယ်ဖွယ်အသံများကြောင့် ထိတ်လန့်ကာ အနီးစပ်ဆုံး နောက်ဖေး တံခါးမှနေ၍ ခြံနောက်ဘက်သို့ ပြေးထွက်ခဲ့မိသည်။ မကြာမီမှာပင် သူကြီးနှင့် သူကြီးကတော်တို့ သူဆင်းလာခဲ့သော အိမ်နောက် တံခါးမှ ဆူညံလျက် ထွက်လာကြသည်ကိုတွေ့သဖြင့် အနောက်ဘက်တောအစပ်ရှိ ချုံကွယ်တစ်ခုတွင်း ပုန်းနေခဲ့သည်။ သူကြီးကတော်မှာ သွေးအလိမ်းလိမ်းဖြင့် ငိုယိုတောင်းပန်လျက် အော်ဟစ်အကူအညီတောင်းနေသည်။ သူကြီးမှာ လူစိတ် ပျောက်နေပြီထင်၏။ ဇနီးသည်ဖြစ်သူကို အရှင်လတ်လတ် ဓါးဖြင့် ခုတ်သတ်နေသည်။ မသေမချင်း အသံတိတ်မသွားမချင်း ရက်ရက်စက်စက် သတ်ဖြတ်နေသည်။ မြင်ကွင်းမှာ မိမိမျက်လုံးကိုပင် မိမိမယုံရဲလောက်အောင်ဖြစ်သည်။ အခြေအနေ အားလုံးမှာလည်း မြန်ဆန်လွန်းလှသည်။ ဇနီးသည်၏အလောင်းကို ခွကျော်သွားလျက် ရေနံဆီပုံးများ ယူထုတ်လာသော ရွာသူကြီးကို
နောက်ဆုံးအကြိမ်ဖြင့် ကြောက်ရွံ့တကြီးမြင်တွေ့လိုက်ရပြီးနောက် ဆူညံနေသော အသံဗလံများကြားတွင် ဒေါက်တာကေသွယ် သတိလစ် သွားခဲ့တော့သည်။

ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသလိုနာကျင်နေပြီး တစ်ကိုယ်လုံး ချမ်းစိမ့်တုန်ယင်နေသည့် အသိကြောင့် ဒေါက်တာကေသွယ် သတိပြန်ရလာခဲ့သည်။ ပတ်ဝန်းကျင်သည် အလုံးစုံ တိတ်ဆိတ်ငြိမ်သက်နေပြီး မိုးက မချိအောင်သည်းနေခဲ့၏။ မိမိကိုယ်မိမိ ချုံထဲမှာပင် ရှိနေသေးသည်ဆိုသော အသိကြောင့် ဖျက်ခနဲ မတ်တပ်ထရပ်လိုက်ပြီး ညက အဖြစ်အပျက်များကို အကုန်ပြန် မှတ်မိသွားသည်။ ပြာပုံ အတိကျလုပြီဖြစ်သော အိမ်ကြီး၏ သစ်သားအပိုင်းအစများမှာ ဝန်းကျင်တွင် မည်းပြာထနေသည်။ ထိုနေရာမှ ထိတ်လန့် မှင်သက်စွာ တလှမ်းချင်းထွက်လာခဲ့မိသည်။ ရွာပျက်ခဲ့လေပြီ။ ထို့အတူ သူတို့၏မျှော်လင့်ချက်များ အသက် အိုးအိမ်များလည်း ပျက်စီးခဲ့ပြီ။ မိမိ ဘယ်အရပ်သို့ဦးတည်ပြီး အဘယ်သို့သွားနေသည်ကိုပင် မသိတော့။ အသိဉာဏ်ကင်းမဲ့သူလို ခံစားရပြီး မြင်မြင်သမျှသည် မိုးရေများဖြင့် ထုံကျင်ခါးသက်နေသည်။ ဝေဝါးခြောက်လှန့်လို့နေသည်။ ထိုအချိန်မှာပင် ငိုသံလိုလို ကြားလိုက်ရပြီး ခပ်လှမ်းလှမ်းမှ သူ့အမည်ကို အော်ခေါ်နေသံလည်း ကြားရသည်။ လှမ်းကြည့်လိုက်သောအခါ ဇရပ်တစ်ခုထဲတွင် မိုးခိုနေကြသော ထက်မြက်တို့ဖြစ်သည်။ သူတို့ သက်ရှိထင်ရှား ရှိနေသေးသည်ကို သိရသဖြင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပြီး ထိုနေရာတွင်ပင် ထပ်မံခွေလဲ ကျသွားပြန်တော့သည်။

ယနေ့ညနေ ဆင်းရုံမှ ဒေါက်တာကေသွယ် အချိန် စော၍ ပြန်လာခဲ့သည်။ နေလို့ထိုင်လို့ မကောင်း ချင်သလိုဖြစ်သည်။ စိတ်ထဲတွင် အဆင်မပြေဘဲ တစ်နေ့လုံးလည်း အလုပ်ထဲတွင် အာရုံမကပ်နိုင်။ ပြင်ပလူနာဆောင်ဌာန၏ ဝရန်တာမှနေ၍ ခပ်ဝေး ဝေးဆီသို့ အဓိပ္ပါယ်မဲ့ ထွက်ထွက်ကြည့်နေမိသည် မှာလည်း အကြိမ်ကြိမ်ဖြစ်သည်။ ထို့ကြောင့်လည်း ဆေးရုံအုပ်ကို အကြောင်းကြား၍ စောစော ပြန် လာခဲ့သည်။ ကားကို ခပ်ဖြည်းဖြည်း မောင်းထွက် ခဲ့၍ မြို့စွန်ဘက်သို့ ဦးတည်လာခဲ့သည်။ ကားရှင်း သော လမ်းမကြီးပေါ်သို့ ရောက်တော့မှ သက်ပြင်း အခါခါချမိ၍ ကားကိုရပ်ကာ လမ်းဘေးအုတ်ခုံ တစ်နေရာတွင် ခေတ္တထိုင်နေမိသည်။ နောက်နှစ် ရက်ဆိုလျှင် ထိုရွာကလေးမှ သူတို့ လွတ်မြောက် ထွက်ခွါလာခဲ့သည်မှာ တစ်နှစ်တိတိ ပြည့်လေပြီ။ သွေးပျက်ဖွယ် အဖြစ်အပျက်များမှ ဝေးလာခဲ့သည် မှာလည်း တစ်နှစ်ပြည့်ခဲ့ပြီ။ ရဲရင့်၊ ရွှေအိုရောင်နှင့် ဦးမင်းထင်ကျော်တို့၏ အသုဘ နှစ်ပတ်လည်နေ့ လည်းဖြစ်သည်။ ထို့ပြင် ရှင်တေဇ (ဝါ) မောင်ထက်မြက် သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်ခဲ့သည်မှာလည်း တစ်ဝါပြည့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဲ့သည့်နေ့တွင် ရှင်တေဇဦးစီးဦးဆောင်ပြုပြီး ထိုဒေသ၊ ထိုရွာလေးသို့ သွားရောက်အလှူပြုကာ သာဓု အနုမောဒနာခေါ်ကြမည်၊ မကျွတ်မလွတ်သေးသူ အားလုံးအတွက် အမျှအတန်း ပေးဝေကြမည်ဖြစ်သည်။ ထို့ထက်.. ထို့ထက်ပေါ့.... ရွာသာကြီး စိတ်ရောဂါကု ဆေးရုံတွင် တစ်နှစ်တိတိ တက်ရောက်ကုသခြင်း ခံနေရရှာသည့် ဉာဏ်လင်းအောင် ကိုလည်း ဒေါက်တာကေသွယ် သွားကြည့်ရှု ရဦးမည်ဖြစ်သည်။ ထို တစ်နှစ်တစ်နှစ်ပေါင်း များစွာတို့သည်လည်း ရှေ့ဆက်ပြီး မည်သည့်အချိန်တွင်မှ ကုန်ဆုံးသွားနိုင်တော့မည် မသိပါချေ။

အတွေးနယ်လွန်နေမိသည်မှာ မည်မျှကြာသွားသည်မသိ။ မိုးချိန်းသံကြားလိုက်မှပင် ဒေါက်တာကေသွယ် သတိပြန်ဝင်လာတော့သည်။ ဟိုးခပ်ဝေးဝေးဆီမှ တရိပ်ရိပ်တက်လာနေသော ဆည်းဆာရောင်တိမ်လိပ်များသည် တစစမည်းမှောင်လာပြီး မကြာမီ မိုးအဖြစ် ရွာသွန်းချပေတော့မည်။ ကားဆီသို့ ပြန်လျှောက်လာခဲ့သော ဒေါက်တာကေသွယ်၏ ခြေလှမ်းတိုင်းတွင် မျက်ရည်အစက်စက် ကပ်ပါလာခဲ့ပြီး နောင်တ,တရားများသည်လည်း ရင်နှင့်အမျှ..။ အခါလွန်မိုးတို့သည်သာ ခပ်စောစောရွာတတ်ခဲ့ပါလျှင် တခါတရံ ပရိဝေဒတည်း ဟူသောမီးလျှံများကို ရာနှုန်းပြည့် ကြိုတင်ငြိမ်းသက်နိုင်ကောင်း ငြိမ်းသက်နိုင်ကြပါလိမ့်မည်။ ။

ဖိုးသူတော်
Credit: Craton +Jily

Wednesday, April 23, 2014

Star Wars: Episode VII မှာ သရုပ်ဆောင်ဖို့ ခေါင်းတုံးတုံးခဲ့ရတဲ့ မင်းသမီး Karen Gillan

Posted by drmyochit Wednesday, April 23, 2014, under | No comments


Star Wars: Episode VIIဟာ ဘယ်လိုပုံစံမျိုးဖြစ် လာဦးမလဲ ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဇာတ်လမ်းဇာတ်ကွက် ဘယ်လိုရှိမယ်ဆိုတာကိုရောပါပဲ။

Adam Driverက လူဆိုးတစ်ယောက်အနေနဲ့ သရုပ်ဆောင်မယ်လို့ပဲ အတည်ပြုထားပါတယ်။ အပိုင်း ၆ ရဲ့ နောက်နှစ်၃၀အကြာက အဖြစ်အပျက်တွေပါ။

ခုသတင်းအတိုအစ သစ်တွေရထားပါတယ်။ Doctor Who ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီး Karen Gillan ဟာ Guradians of the Galaxy မှာ ဘယ်လိုဘယ်ပုံ သရုပ်ဆောင်ထားကြောင်း၊ ဒါပေမဲ့ Star Wars ရဲ့ တစ်စိတ်တစ်ပိုင်း ပြည့်ပြည့်၀၀ကြီးမဟုတ်ကြောင်းတွေကို သူမက ပြောပြခဲ့ပါတယ်။ မင်းသမီး Karen Gillan ဟာ Guardians if the Galaxy မှာ သူမရဲ့ဇာတ်ရုပ်ကို သရုပ်ဖော်ဖို့အတွက် ခေါင်းတုံးတုံး ခဲ့ရတယ်လို့လည်း သိရပါတယ်။

Credit : Trend Myanmar

အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်

Posted by drmyochit Wednesday, April 23, 2014, under | No comments


ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ် ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း ဖြစ်သူ ဦး...... (၃၆) နှစ် နှင့် သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏ ခန္ဓာကိုယ် အနေအ ထား ပျက် ယွင်းနေသဖြင့် မေးမြန်းရာ လွန်ခဲ့ သော သုံးလခန့် က မ.......(၁၄) နှစ်အား ပထွေးဖြစ်သူ ဦး.........(၃၆) နှစ်က အလိုမတူ ဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည် ဟု ပြော ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဩရုံး၏ ပထမသတင်းပေးချက်များအရ သိရသည်။ ကျူးလွန်သူ ဦး..... ....(၃၆) နှစ်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ စစ်ဆေးမေးမြန်း နေပါတယ်”” ဟု လှော်ကားနယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦး........ (၃၆) နှစ်အား အရေးယူ ပေးရန် ဒေါ်......... (၄၂) နှစ်၏ တရား လိုပြုတိုင်တန်းမှုအား လှော်ကားနယ်မြေ ရဲစခန်း (ပ) ၉၆/၁၄၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး၊ စခန်းမှူး ရဲအုပ် လှမြင့်မှ စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

The Messenger

မော်ဒယ်ဖြစ်ချင်၍ ပြည့်တန်ဆာလုပ်စဉ်က ရခဲ့သည့် ကိုယ်ဝန်ကို ဖျက်ချခဲ့မှုကြောင့် ဝေဖန်ခံနေရသူ မိန်းကလေး

Posted by drmyochit Wednesday, April 23, 2014, under | No comments

အသက်(၂၃) နှစ် အရွယ်ရှိတဲ့ ဗြိတိန် နိုင်ငံသူ ဂျိုဆီကန် နင်ဟမ် ဟာ မော်ဒယ် ဘ၀ကို ရောက်ရှိ လို တာ မို့ လက်ရှိ ဆောင်ထားတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ စီစဉ် ခဲ့တာကြောင့်ဝေဖန် မှုတွေနဲ့ ရင်ဆိုင် နေရ တယ်လို့ သိရ ပါတယ်။ ကန်နင်ဟမ် ရဲ့ ကိုယ်ဝန်ဟာ (၁၈) ပတ်ရှိ သွား ခဲ့ပြီဖြစ် ပါတယ်။

ဗြိတိန် နိုင်ငံမှာ ကိုယ်ဝန်(၂၄) ပတ် အထိ တရားဝင် ဖျက်ချ ခွင့် ရှိပါတယ်။ ကန်နင်ဟမ်ဟာ မော်ဒယ်ဘ၀ကို မကူးပြောင်း မီမှာ ပြည့်တန်ဆာ အဖြစ်နဲ့ အသက်မွေး ၀မ်း ကျောင်းပြုလုပ်ခဲ့ဖူးပါတယ်။ ကန်နင်ဟမ်ရဲ့ ကိုယ်ဝန်ဟာလည်း ဘယ်သူနဲ့ ရထားမှန်း မသိပါဘူး။ သူ့ဆီလာ နေတဲ့ ဘောလုံးသမား တစ်ဦး (သို့မဟုတ်) ဖောက်သည် တစ်ဦး ဆီ ကနေ ရရှိလာတဲ့ ကိုယ်ဝန်လို့ ယူဆရပါ တယ်။

ကန်နင်ဟမ်ဟာ ကိုယ်ဝန်ဆောင်ပြီး တဲ့ နောက်ပိုင်းမှာ ဗြိတိန်ရဲ့ ရုပ်သံအစီအစဉ် တစ်ခု ဖြစ်တဲ့ Big Brother မှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ဒီအစီ အစဉ် မှာ ပါဝင်နိုင်ဖို့ အတွက် ကန်နင်ဟမ်ဟာ သူဆောင်ထားတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။

ကန်နင်ဟမ်က သူ့အနေ နဲ့ ကျော်ကြားတဲ့ဘ၀ကို ရောက်လို တာမို့ ဒီလို ဆုံးဖြတ် လိုက်ရခြင်း ဖြစ်တယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျော်ကြားလိုစိတ် တစ်ခုတည်းကိုတွေးတောပြီး ကိုယ်ဝန်ကို အလွယ် တကူ ဖျက်ချခဲ့တဲ့ ကန်နင်ဟမ်ရဲ့ လုပ် ရပ်ကို အားလုံးက ၀ိုင်းဝန်းဝေဖန်ခဲ့ကြပါ တယ်။

The Messenger

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်လုနီးရှိနေ

ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ဧရိယာအတွင်း သွားလာနေသူအချို့အား တွေ့ရစဉ် 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်ရှိရန် ၁ ဒီဂရီ စင်တီဂရိတ်သာ လိုတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
“ဒီနှစ်က အပူချိန် အရမ်းပြင်းထန်တဲ့နှစ်တော့ မဟုတ်သေးဘူး။ ပူတာတော့ တော်တော်ပူနေတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

၁၈၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသော နှစ်သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
“ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြန်မာနိုင်ငံရဲ့ အပူချိန်တွေက ပုံမှန်အပူချိန်ထက် ပိုမြင့်နေတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ကန့်ဘလူ၊ မုံရွာတို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ တောင်တွင်းကြီးမှာလည်း ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာဆို ၂၀၁၀ လောက်တုန်းက စံချိန်တင် အပူချိန်အဖြစ် ၄၇ ဒီဂရီ စင်တီဂရိတ်လောက်ထိကို ဖြစ်ပွားခဲ့တယ်။ ၁၉၈၀ နောက်ပိုင်းမှာ ဧပရယ်၊ မေလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေရဲ့ အပူချိန်က ၄၂ ဒီဂရီ စင်တီဂရိတ်ကနေ ၄၅ ဒီဂရီ စင်တီဂရိတ်လောက်အထိကို ရှိနေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

ဧပြီလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့သော ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၀ အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်းမှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင် ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေး ချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံအထွက်စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသော ဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ ဖြစ်ကြသည်။

ဧပြီလ ၂၂ ရက်နေ့ အပူချိန်များ

ပြည်နယ်နှင့်တိုင်းဒေသကြီးများ - အမြင့်ဆုံးအပူချိန်(ဒီဂရီစင်တီဂရိတ်)
ရန်ကုန်တိုင်းဒေသကြီး - ၃၉
မန္တလေးတိုင်းဒေသကြီး - ၄၄
နေပြည်တော် - ၃၉
မကွေးတိုင်းဒေသကြီး - ၄၃
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) - ၄၃
ကချင်ပြည်နယ် - ၃၅
ကယားပြည်နယ် - ၃၆
ကရင်ပြည်နယ် - ၃၅
ချင်းပြည်နယ် - ၃၄
မွန်ပြည်နယ် - ၃၄


Eleven Media Group

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်

Posted by drmyochit Wednesday, April 23, 2014, under | No comments


အောင်သစ်လွင်

ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှုလည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
နေ့အပူချိန်များမှာ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၄၄ ဒီဂရီစင် တီဂရိတ်အထိ မြင့်ခဲ့ပြီး မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၄၃ ဒီဂရီစင်တီဂ ရိတ်သို့ ရောက်ခဲ့သည်။ အပူချိန် မှာ ယခုနှစ် နှစ်စမှ လက်ရှိအချိန် အထိ အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မှာမူ စံချိန်တင်ကျရောက်ခြင်းဖြစ် ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘လာမယ့်ရက်အတွင်း မိုး ရွာဖို့ရှိနေပြီး အပူချိန်ရော ခရမ်း လွန်ရောင်ခြည်ပါ အရှိန်လျော့ သွားနိုင်တယ်။ ဒါပေမဲ့ မိုးမရွာမ ချင်း အပူချိန်က မြင့်နေမှာဖြစ်ပြီး အနေအထိုင်အသွားအလာ သ တိထားနေဖို့ လိုပါတယ်’’ ဟု ၎င်း က အကြံပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ တွင် ဧပြီလ၏ ပျမ်းမျှအပူချိန် ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်း ပြည်နယ်တွင် ၃ ဒီဂရီစင်တီဂရိတ် မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တ လေးတိုင်းဒေသကြီး၊ ချင်းပြည် နယ်တို့တွင် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကြောင်းမိုး/ဇလဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ခရမ်းလွန်ရောင်ခြည်မှာ ကယားပြည်နယ်တွင် အန္တရာယ် ရှိသည့် လွန်ကဲအဆင့် ညွှန်းကိန်း ၁၅ ဒသမ ၁ အထိ မြင့်နေပြီး တစ် နိုင်ငံလုံးအနှံ့ ညွှန်းကိန်း ၁၂ အ ထက်တွင် ရှိနေကြောင်း နိုင်ငံတ ကာ မိုးလေ၀သဂြိုဟ်တုများ၏ တိုင်းတာချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းလွင်က မြန် မာနိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများအတွင်းသို့ ရေငွေ့ပါဝင်သောလေများ ၀င်ရောက်နေ ပြီး လာမည့်ရက်သတ္တပတ်အ တွင်းနေပြည်တော်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်ပြီး မိုးရွာနိုင် ကြောင်း ခန့်မှန်းပြောကြားသည်။

ကျန်းမာရေးနေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း များနေ ကိုယ်ဝန်ဆောင်တွေ နေရောင် မထိပါစေနဲ့

Posted by drmyochit Wednesday, April 23, 2014, under | No comments


နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း များနေတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ နေရောင် တိုက်ရိုက် ထိတွေ့မှု ကို ရှောင်သင့်တယ်လို့ သိရပါတယ်။

“အခု ရက်ပိုင်းက ခရမ်း လွန်ရောင်ခြည်က အများကြီး ဖြစ်နေတော့ နေရောင် ကို တိုက်ရိုက် ထိမယ် ဆိုရင် ကိုယ်ဝန်ဆောင်တွေ သန္ဓေသားကို ထိခိုက်နိုင်တယ်၊ လနုရင် ပိုသတိထားရမယ်” လို့ အင်းစိန်မြို့နယ်က အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောပါတယ်။


နေ့လယ်ခင်း အချိန်မှာ ကိုယ်ဝန်ဆောင် မိခင်တွေ အပြင်ကို မထွက်သင့် ပါဘူး။ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တောင် အဆောင်းအကာ နဲ့ပဲ ထွက်သင့်ပါတယ်။ ဒါ့အပြင် နေပူရှိန်က သာမန်လူတောင် မခံနိုင်တာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ သန္ဓေသားပေါ် ဂရုစိုက်တာကို ပိုလုပ်ပေး သင့်တယ်လို့ သိရပါတယ်။

“ရာသီဥတု ပူတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်တွေက အစားအသောက်လဲ သတိထား စားဖို့ လိုအပ်တယ်၊ ချွေးအရမ်းထွက်ရင် ခံနိုင်ရည် ရှိအောင် အသီးအနှံ စားတာ၊ အသီးဖျော်ရည် သောက်တာတွေ လုပ်ရမယ်” လို့ အထွေထွေ ရောဂါကု ဆရာဝန် ကပဲ ပြောပါတယ်။

နေပူရှိန်မြင့်တဲ့ အခါမှာ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ အစားအသောက် စားတဲ့အခါ အစာအုပ်စု သုံးအုပ်စု မျှတအောင် စားပါ။ ရေများများ သောက်ပါ။ ဝမ်းကို အချုပ်မခံပါနဲ့။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ ဆိုရင်တော့ အင်္ကျီ အရောင်ရင့်တဲ့ အဝတ်အစားတွေ မဝတ်ရပါဘူး။ အဖြူရောင်၊ ပန်းနုရောင် ရှိတဲ့ အရောင်နုတဲ့ အဝတ်အစားတွေနဲ့ ချည်သား ပါးပါးလေးတွေပဲ ဝတ်ဆင်ရမယ်လို့ သိရပါတယ်။

“ကလေးက သုံးလအတွင်းကို အပြင်မထွက်တာ ကောင်းတယ်၊ မဖြစ်မနေ ထွက်မယ် ဆိုရင်လည်း ညနေခင်း၊ မနက်ခင်းလောက် နေအေးတဲ့ အချိန်ပဲ ထွက်သင့်တယ် ၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နိုင်လို့ သတိထားသင့်တယ်” လို့ အင်းစိန်မြို့နယ်မှ အထွေထွေကု ဆရာဝန် တစ်ဦးက ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည် တိုက်ရိုက် ထိတွေ့မှုကို သာမန်လူတွေမှာ ဆိုရင် အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် လနုတဲ့ မိခင်တွေ အနေနဲ့လည်း သတိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန ၂ဝ၁၄ ခုနှစ် မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသမှာ နောက်နှစ်ရက် အတွက် ခန့်မှန်းချက် ကတော့ နေ့အပူချိန် တိုးလာနိုင်တယ်လို့ သိရပါတယ်။

၁၁ နှစ်အရွယ် ယောင်္ကျားလေးနှင့် မကြာခဏလိင်ဆက်ဆံပြီး ဗီဒီယို ရိုက်ကူးမှုကြောင့် အမျိုးသမီးတစ်ဦး ထောင်ချခံရ

Posted by drmyochit Wednesday, April 23, 2014, under , | No comments



အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ မှာ နေထိုင်တဲ့ အသက် (၃၃) နှစ် အရွယ်ရှိ ပါလီရာစီယို အမည် ရ အမျိုးသမီး တစ် ဦးဟာ အသက် (၁၁) နှစ် အရွယ် ကလေး ငယ် တစ်ဦး နဲ့ ပေါင်းသင်း နေထိုင် ခဲ့လို့ ထောင် ဒဏ် အနှစ် (၂၀) ချမှတ် ခြင်း ခံရကြောင်း သိရှိ ရပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်နဲ့ ပေါင်းသင်း နေ စဉ် အတွင်း ဗီဒီယိုရိုက်ကူးမှုတွေကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ပါတယ်။

ပါလီရာစီ ယိုဟာ ၂၀၀၉ ခုနှစ်၊ မေလ ကနေ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ အထိ အသက်(၁၁)နှစ် အရွယ် ကောင်ကလေး တစ်ဦးနဲ့ ပေါင်းသင်း နေထိုင်ခဲ့ တာဖြစ် ပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး တဲ့ ကျောင်းတစ်ကျောင်းမှာ ၀င် ရောက်လုပ် ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တရားရေးဆိုင်ရာ တာဝန် ရှိသူတွေက တော့ ပါလီရာစီယိုဟာ အရွယ်မရောက်သေး တဲ့ ကလေးငယ်နဲ့ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အ ပြင် မဖွယ်မရာဆက်ဆံပုံတွေကို ဗီဒီယို ရိုက် ကူးမှု ပြုလုပ် ခဲ့တာမို့ ယခုလို ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ တယ်။

အမေရိကန်နိုင်ငံမှာ အရွယ်မရောက် သေးတဲ့ ကလေး ငယ်တွေနဲ့ ပေါင်းသင်းဆက် ဆံမှုတွေပြုလုပ်တဲ့ အမျိုးသမီးတွေကို ထိ ရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတယ် လို့ သိ ရပါတယ်။

The Messenger

Tuesday, April 22, 2014

အကြမ်းဖက်သမားက အီရတ်တက္ကသိုလ်ကြီးတစ်ခု အသေခံဗုံးခွဲ တိုက်ခိုက်ခံရ၊ ၁၄ ဦး သေဆုံး

Posted by drmyochit Tuesday, April 22, 2014, under | No comments


ဘဂ္ဂဒက်၊ ဧပြီ ၂၁

အကြမ်းဖက် တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေသည့် အီရတ်နိုင်ငံတွင် မြို့တော် ဘဂ္ဂဒက်မြောက်ပိုင်း တက္ကသိုလ်တစ်ခုကို စစ်သွေးကြွ အစွန်းရောက်တစ်ဦး၏ အသေခံဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လာမည့် သီတင်းပတ် နှစ်ပတ်အတွင်းတွင် အီရတ်နိုင်ငံ၌ ပါလီမန်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲသည် အီရတ်လက်နက်ကိုင် တပ်ဖွဲ့များ၏ လုံခြုံရေး ထိန်းချုပ်နိုင်စွမ်းကို အဓိက မှတ်ကျောက်တင်မည့် ပွဲတစ်ခုလည်း ဖြစ်သည်။

ဘဂ္ဂဒက်မြို့တော် အီမန်ကာဒင် တက္ကသိုလ်ကြီးကို အသေခံတိုက်ခိုက်ရေးသမားများက ဝင်ရောက်လာကြစဉ် ဗုံးခွဲသမားတစ်ဦးနှင့် သေနတ်သမား တစ်ဦးတို့ကို လုံခြုံရေးများက တားဆီးပစ်ခတ် သတ်ဖြတ် နှိမ်နင်းနိုင်ခဲ့သော်လည်း ဗုံးခွဲသမားတစ်ဦးက လွတ်မြောက်သွားခဲ့ပြီး တက္ကသိုလ်အတွင်း ဝင်ကာ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

အီရတ်နိုင်ငံတွင် နေ့စဉ်နီးပါး ဗုံးဖောက်ခွဲခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း စသည်တို့ကြောင့် လတိုင်း လူရာပေါင်းများစွာ သေဆုံးခဲ့ရလေ့ ရှိသည်။ သို့သော် တက္ကသိုလ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများမှာမူကား အလွန်ရှားပါးသည့် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်သည်။

ယခုရက်ပိုင်းတွင် အီရတ်နိုင်ငံတောင်ပိုင်း ဘာဘေးပြည်နယ်တွင်လည်း ကားဗုံးတစ်လုံး ပေါက်ကွဲသဖြင့် လူသုံးဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိ သွားခဲ့ကြသည်။မူသာနာပြည်နယ်တွင်လည်း ကားဗုံးတစ်လုံး ထပ်မံပေါက်ကွဲသဖြင့် လူသုံးဦး သေဆုံးသွားခဲ့ကာ ၂၆ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၃၀ ရက်နေ့တွင် စတင် မဲပေးရမည့် ပါလီမန်ရွေးကောက်ပွဲသည် အီရတ်မှ အမေရိကန် ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲ့များ ၂၀၁၁ နှောင်းပိုင်းတွင် ဆုတ်ခွာသွားပြီးကတည်းက ပထမဦးဆုံးအကြိမ် ပြုလုပ်သော ပါလီမန်ရွေးကောက်ပွဲ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များက ပြုလုပ်ခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲများ အတွင်းတွင် တိုက်ခိုက်မှုများ၊ သွေးထွက်သံယို ကိစ္စများကို အနည်းဆုံးအထိ လျှော့ချနိုင်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မထိန်းသိမ်းနိုင်သေးပေ။ လက်ရှိဖြစ်နေသော အကြမ်းဖက်မှုများမှာ ဆွန်နီအာရပ် လူနည်းစုက ရှီးယိုက် ဦးဆောင်သော အစိုးရအဖွဲ့၏ မမျှတမှုများ ရှိနေသည်ဟူသော မကျေနပ်ချက်များကို အရင်းခံပြီး ဖြစ်ပေါ်နေခြင်းဟု ယူဆနိုင်သည်။

From: The Voice Weekly

ဧပြီ ၂၃ ရက် မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

Posted by drmyochit Tuesday, April 22, 2014, under | No comments


ဧပြီ ၂၂ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းစွန်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
ဧပြီ ၂၃ ရက်နေ့မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက် ကတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအနည်း ငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင် ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ဖြစ်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၁ ကနေ အောက်ဘက်ထိ ကျဆင်းခြင်း မရှိနိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကောသောင်းမြို့ဟာ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံး ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄ ဒသာမ ၅ အထိ မြင့်တက်နိုင်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာကတော့ ခရမ်းလွန်ရောင်ခြည်အနည်းဆုံး ဖြစ်ပြီး ၁၂ ဒသာမ ၃ အထိ ရှိနိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ အညွန်းကိန်းတန်ဖိုး ၁၃ ကျော်တဲ့အထိ ရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုကာကွယ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၃ ဒီဂရီစင်တီဂရိတ် ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ် အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းတို့မှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။

ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများ အားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန် ခန့်မှန်းချက်ကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္လာရီတိုင်း ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီ ဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

DVB

သင်္ကြန်တွင်းကောလာဟလနဲ့ပတ်သက်ပြီး ပရိသတ်ကို အမှန်အတိုင်းဖွင့်ဟလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted by drmyochit Tuesday, April 22, 2014, under , | No comments



" သင်္ကြန်ပြတိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်က ခင်ဝင့်ဝါ၊ နန်းဆုဦးတို့နဲ့ ရိုက်ကူးနေပြီး သင်္ကြန်မှာ သူငယ်ချင်းတွေ မဏ္ဍပ်စုဆောက်ကြတဲ့ အထဲမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ စိုင်းစိုင်းဆို တဲ့ကောင်လေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပါ။ သင်္ကြန်မဏ္ဍပ်ကို တာဝန် ယူပြီးလုပ်ရတဲ့အ တွက်နဲ့ ဇာတ်ကားရိုက်ကူး မှုအကြောင်းကို

" သင်္ကြန်မတိုင်ခင်က စရိုက်တာ၊ သင်္ကြန်အကြိုနဲ့ အကျနေ့ကို ဇာတ် လမ်းရိုက်တယ်။ ကျန်တဲ့ရက်တွေကိုတော့ ဇာတ်လမ်းအတွက်တခြားရိုက်ကူးစရာတွေကိုရိုက်ပါတယ်။

သင်္ကြန်မဏ္ဍပ်ကလည်း ကိုယ်တိုင်တာဝန်ယူပြီးလုပ်တာဖြစ်တဲ့အတွက် သင်္ကြန်မဏ္ဍပ်ကလည်း တစ်ဖက်၊ ရုပ်ရှင်ကလည်းတစ်ဖက်ဆိုတော့ တာဝန်လည်းတအားကြီးတယ်။တအားလည်း စိတ်ပင်ပန်းပါတယ်။ သင်္ကြန်အစစ်အတွက် လိုအပ်တဲ့ရိုက်ချက်တွေအတွက် သင်္ကြန်မှာ ရိုက်ဖြစ်တာပါ" လို့ စိုင်းစိုင်းခမ်းလှိုင်ကပြောပြပါတယ်။

သင်္ကြန်တွင်း ဇာတ်ကားရိုက်ကူးမှုအဆင်ပြေပေမယ့် ပရိသတ်တွေ အတွက် ကောလာဟလတစ်ခုအပေါ် စိတ်အနှောင့်အ ယှက်ဖြစ်ခဲ့ရကြောင်းကိုလည်း စိုင်းစိုင်းခမ်းလှိုင်က "

ကျွန်တော်နဲ့ ခင်ဝင့်ဝါဇာတ်ဝင်ခန်း ရိုက်နေတော့ အွန်လိုင်းမီဒီယာတစ်ခုကနေပြီး ဓာတ်ပုံရိုက်ပြီး ပရိသတ်ကိုထင်ယောင်ထင်မှားဖြစ် အောင်ရေး သားခဲ့တဲ့ အတွက် ကျွန်တော်က ကိစ္စမရှိပေမယ့် တစ်ဖက်သား မိန်းကလေးရဲ့သိက္ခာကို အနည်း နဲ့အများထိခိုက်တာပေါ့။ မိန်းကလေးဖြစ် တယ်။ဆယ်ကျော်သက်တက် သစ်စလူငယ်လည်း ဖြစ်တယ်။ ကျွန်တော်တို့ ရိုးရိုးသားသားအ လုပ်လုပ်နေ တဲ့အပေါ် ဒီလိုမပြည့်မစုံတဲ့ သတင်းဖော်ပြမှုအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ ဒီသင်္ကြန်ပြတိုက်ဆိုတဲ့ သင်္ကြန်ဇာတ်ကားလေးကို ရိုက်နေတာပါ။ အလုပ်ကိစ္စကလွဲပြီးတော့ ဘာမှထူးခြားတဲ့ ပတ်သက်မှုမျိုးမရှိပါဘူး။ ဒီလိုမျိုး ရှင်းပြရတာကလည်း ကျွန်တော်က ယောက်ျားလေး၊ အရေလည်းထူနေပြီ။ ကျွန်တော့်အတွက် ဘာမှမဖြစ်ဘူး။ ကျွန်တော့်ကြောင့် ဘယ်သူမှ မနစ် နာစေချင်ဘူး။ ဒါကြောင့် ရှင်းပြရတာပါ။ ပရိသတ်ကိုလည်း အမှန် အတိုင်းသိစေချင်လို့ပါ" လို့ ပြောပြပါတယ်။

မေမွန်မောင်
Popular Journal

မလေးရှား လေယာဉ် ရှာဖွေရေး ဆိုင်ကလုန်း မုန်တိုင်းတခု ခြိမ်းခြောက်နေဟုဆို

Posted by drmyochit Tuesday, April 22, 2014, under | No comments

ပျောက်ဆုံးနေသည့် မလေးရှားလေကြောင်းမှ MH 370 လေယာဉ် ပြန်လည်ရှာဖွေရေး လုပ်ငန်းများကို ပိုမိုကြန့်ကြာ အခက်အခဲ ဖြစ် နိုင်ရန် အပူပိုင်းမုန်တိုင်းတခုက ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။ လေယာဉ်ရှာဖွေရေး လုပ်ငန်းများကို သြစတြေးလျနှင့် အမေရိကန် နိုင်ငံများကပါ အိန္ဒိယ သမုဒ္ဒရာ အတွင်း စုစုပေါင်း စတုရန်း ကီလိုမီတာ ၄၉ ၄၉၁ (စတုရန်းမိုင်ပေါင်း ၁၉၁၀၀ မိုင်) အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နေခြင်း ဖြစ်ကြေင်း Reuters သတင်းတရပ် တွင် ဖော်ပြထားသည်။ လေယာဉ် ၏ Black Box မှ ပေးလာမည့် အချက်ပေး အသံများသည်လည်း ဆက်လက်ပေးပို့ နိုင်မည့် အခြေအနေ မရှိတော့သဖြင့် အခက်အခဲများ ပိုမိုကြုံနေရသည်ဟု ဆိုသည်။ အဆိုပါ လေယာဉ်သည် မတ်လ ၈ ရက်နေ့က ခရီးသည် ၂၃၉ ဦးတင်ဆောင်ကာ မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံ ဘေကျင်းမြို့ သို့ ဦးတည်ပျံသန်းစဉ် ရုတ်တရက် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။


The Irrawaddy (Burmese Version)

သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၀၄ ဦး ရှိပြီဟု သတင်းထုတ်ပြန်

Posted by drmyochit Tuesday, April 22, 2014, under | No comments


ပြီးခဲ့တဲ့ ၁ ပတ် ဧပြီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်ကိုးရီးယား ဆုဝါးသင်္ဘောနစ်မြှပ်မှုမှာ သေဆုံးသူဦးရေ ၁၀၄ ဦး ရှိခဲ့ပြီး ၁၉၈ ဦး ဆက်လက် ပျောက်ဆုံးဆဲလို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

koreiaသင်္ဘောကပ္ပတိန်နဲ့ ၀န်ထမ်းတွေအပါအ၀င် စုစုပေါင်း ၁၇၄ ဦးကိုတော့ ကယ်ဆယ် နိုင်ခဲ့ကြပါတယ်။

တန်ချိန် ၆၈၀၀ ကျော်ရှိတဲ့ သင်္ဘောနစ်မြုပ်ချိန်မှာ သင်္ဘောပေါ်မှာ စုစုပေါင်းခရီးသည် ၄၇၆ ဦး လိုက်ပါလာခဲ့ပြီး အများစုဟာ ကျောင်းသားလူငယ်တွေ ဖြစ်ပါတယ်။

ဒီသဘောင်္နှစ်မြှပ်မှုမှာ သေဆုံးသူ စုစုပေါင်း ၃၀၀ လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးဆုံးရေကြောင်းဖြစ်ရပ်တခု ဖြစ်လာခဲ့ပါတယ်။

သေဆုံးသွား သူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူဖို့ ရေငုပ်သမား ၅၀၀ ကျော်၊ စက်လှေ ၁၆၀ ကျော်နဲ့ လေယာဉ် ၂၉ စီးတို့ကို အသုံးပြုပြီး အပြင်းအထန် ကြိုးစားနေကြပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ရာသီဥတုဆိုးဝါးမှု၊ ပင်လယ်ရေနောက် ကျိနေမှုနဲ့ ရေလှိုင်းကြမ်းတာကြောင့် မအောင်မြင်ခဲ့ပါဘူး။

သင်္ဘောဟာ ရေအောက် မီတာ ၃၀ နဲ့ ၄၅ မီတာမှာ နစ်မြုပ်နေတာကြောင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ခက်ခဲနေပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအဆင်ပြေအောင် ကရိန်းတွေနဲ့ သင်္ဘောကို မတင်ပြီး ရေအနက်မီတာကို လျော့ချဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ

မြဝတီမြို့နယ်တွင် အလှူမှကျွေးသော သင်္ကြန်ထမင်းစားပြီး လူ ၁၆၅ ဦး အစာအဆိပ်သင့်

Posted by drmyochit Tuesday, April 22, 2014, under | No comments

အစာအဆိပ်သင့်သူများ ပိုက်တန်းလန်းနှင့် ကုသမှုခံယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−လှထွန်း)
အောင်သစ်လွင်

ရန်ကုန်− မြဝတီမြို့နယ် ပေါလော ကျေးရွာဘုန်းကြီးကျောင်းအလှူတွင် ဧပြီ ၁၉ ရက်က ဒေသအခေါ် သင်္ကြန်ထ မင်းစားမိရာမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၆၅ ဦး အစာအဆိပ်သင့်ခဲ့ပြီး အများစုမှာ သက်သာ လာသော်လည်း ၆၇ဦးမှာ ဆေးကုသနေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဧပြီ ၁၉ ရက် ညနေက အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။ထိုနေ့ နံနက်စာနှင့်အတူ အစောပိုင်းကတည်းက ချက်ထားသော ထမင်းများကို ညနေအလှူတွင်စားမိရာမှ အလှူလာသူများ အစာအဆိပ်သင့်ကာ မြဝတီဆေးရုံနှင့် ဒေသတွင်း ကျေး  ရွာဆေးပေးခန်းများသို့ အလျင် အမြန်ပို့၍ ကုသခဲ့ရကြောင်း မြဝတီနာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

‘‘သင်္ကြန်ထမင်းက အချဉ်နဲ့ ချက်ထားတဲ့အပြင် နေကလည်း အရမ်းပြင်းတော့ ညနေမှာအချဉ် ဖောက်ပြီး အဆိပ်သင့်တာလို့ ဆရာဝန်ကြီးက ပြောပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ သူမရှိတော့ပါဘူး’’ဟု ဦးလှထွန်း က ပြောသည်။

အစာအဆိပ်သင့်သူများထဲ တွင် ကလေးငယ်နှင့် သက်ကြီး ရွယ်အိုများလည်းပါဝင်ပြီး စိုးရိမ် ရသည့်လူနာ ၄၃ ဦးမှာ မြဝတီ ဆေးရုံတွင် ကုသနေပြီး သင်္ကန်း ညီနောင်ကျေးရွာ ကျေးလက် ဆေးပေးခန်းတွင် ၂၄ ဦး ကုသနေရဆဲဖြစ်ကြောင်း သတင်းရရှိ သည်။

မြဝတီအပါအဝင် ကရင် ပြည်နယ်မြို့နယ်အများစုတွင် ဧပြီ ၁၉ ရက်က နေ့အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်မှ ၃၉ ဒီဂရီစင် တီဂရိတ်အထိရှိခဲ့ပြီး ခရမ်းလွန် ရောင်ခြည်လည်း ညွှန်းကိန်း ၁၃ အထက်ရှိခဲ့သည်။ ယခုရက်ပိုင်း တွင် ဒေသအနှံ့ အပူချိန်မြင့်တက် နေသောကြောင့် သက်ကြီးရွယ်အို များ၊ ကလေးငယ်များနှင့် ကိုယ်ခံ အားနည်းသည့် နာတာရှည်ရောဂါ ဝေဒနာရှင်များ အပူရှိန်ကြောင့် အားနည်းခြင်း၊ ဖျားနာခြင်းများ ဖြစ်တတ်၍ အစားအသောက်မှစတင်ကာ လူနေမှုပုံစံကိုပါ ယခင်ထက် ဂရုတစိုက် နေထိုင်သင့်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန်ကြီး ဒေါက်တာ တင့်ဆွေက အကြံပြုသည်။

From: 7 Day

အသက်မပြည့် ကလေးမလေးနှစ်ဦးအား အဓမ္မပြုကျင့်သူကို အမှုသုံးခုနဲ့ ဖမ်းဆီးအရေးယူထား

Posted by drmyochit Tuesday, April 22, 2014, under , | No comments



မကြာသေးခင်ကပဲ ပြီးဆုံးသွားခဲ့တဲ့ သင်္ကြန်အတက်နေ့တုန်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ညီအစ်မနှစ်ဦးကို အဓမ္မကျင့်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေး တွေဟာ အသက်(၁၆)နှစ်နဲ့ အသက်(၁၄)နှစ် အရွယ်တွေဖြစ်ပြီး (၁၆)နှစ်အရွယ် ကလေးမလေး ကတော့ လည်ပင်ရိုးကျိုးပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို ရှင်းပြပါတယ်။

“ညနေငါးနာရီလောက်မှာ သူတို့ချမ်းတယ် အဲ့တော့ အရက်ဆိုင်ရှေ့ရပ်တယ် အရက်သောက်တယ်ပဲ ထားပါတော့ အရက်သောက်တယ် အဲဒီမှာ တရာခံရဲ့ ပြောပြချက်၊ အသက်မသေဘဲကျန်ခဲ့တဲ့ ကောင်မလေးရဲ့ ပြောပြချက်အရဆိုရင် အရက်နှစ်ပြားပေါ့ နှစ်ပြားဆိုတော့ တစ်ပြားကိုရှစ်ပက်၊ နှစ်ပြားဆိုတော့ ၁၆ ပက်၊ အဲဒါကို ဘီယာတစ်ဗူးရယ်၊ လက်ဖက်သုပ် ရယ်စားကြ သောက်ကြတယ်။”
လက်ရှိအချိန်မှာတော့ အဓမ္မကျင့်ခဲ့သူအမျိုးသားကို ဒိုက်ဦးမြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူထား ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။

Radio Australia - Myanmar

“ ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ”

Posted by drmyochit Tuesday, April 22, 2014, under | 2 comments


ပြီးခဲ့သည် ဧပြီ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ သည် အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင်ခေါင်းဆောင်များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲအပြီးမှာ ပထမမူကြမ်းကို သဘော တူညီမှုရရှိပြီးလို့ နှစ်ဖက်ခေါင်းဆောင်တွေက ထုတ်ဖော်ပြော ဆိုခဲ့ကြပါတယ်။ တချို့တိုင်းရင်း သားခေါင်းဆောင် များနှင့် ပညာရှင်တချို့ က ငြိမ်းချမ်းရေးကြီး ရုပ်လုံးပေါ်လာပြီးလို့ သုံးသပ်ကြပါတယ်။ ဒီသတင်း ကို ကြားလိုက် ရတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး ၀မ်းသာကြ သလို စစ်ဘေးကြောင့် ဒုက္ခသည်စခန်းရောက်နေ တဲ့ ကချင်ပြည်နယ်ကြ ပည်သူတွေက ပိုပြီးဝမ်းသာနေမယ် ဆိုတာတော့ မှားမယ်မထင်ပါဘူး။

သို့သော် ကချင်ပြည်နယ်နှင့်ဒုက္ခသည်စခန်းများ ရှိ ပြည်သူများ၏၀မ်းသာမှု့ ဟာ ကြာကြာမခံလိုက်ပါဘူး။ ဆွေး နွေးပွဲပြီးလို့ သိပ်မကြာခင်မှာဘဲ ကချင်ပြည်နယ်ဘက်မှာတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲ စဖြစ့် လိုက်တိုင်းလည်း ကချင်လူထုကို ကိုယ်စားပြုတယ်ဆို့တဲ့ KIA က စတင် တိုက်ခိုက်တာက များပါတယ်။ KIA ဟာ သူတို့ရဲ့တရားမ၀င်စီးပွားရေး လုပ်ငန်းတွေကို ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးပြကာ အစိုးရတပ်များ တိုက်ခိုက် ခဲ့ကြတာပါ။

ငြိမ်းချမ်းရေးဆွေးနွေးစဉ် ကာလများကလည်း စောင့်စည်းရမည့်စည်း ကမ်းများကိုမစောင့်ထိန်းဘဲ အစိုးရတပ်တွေကို လစ်ရင်လစ်သ လို ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် အစိုးရတပ်မှ အရာရှိစစ်သည်များ ကျဆုံး ခဲ့ရတာအားလုံးအသိပါဘဲ။ ဒါအပြင် KIA ဟာ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ အစိုးရ ရဲ့သန်းခေါင် စာရင်းကောက်ယူမှုများကိုလည်း လက်မခံဘဲ ပယ်ချခဲ့သည့်အပြင် သန်းခေါင်စာ ရင်းကောက်ခံသည့်အဖွဲ့များကို လည်း နည်းမျိုးစုံနဲ့ခြိမ်းခြောက်ဟန့်တားခဲ့ကြပြီး လုံခြုံရေးလိုက်ပါေ ဆာင်ဆောင်ပေး သည့်အဖွဲ့များချောင်းမြောင်း ပစ်ခတ်ခဲ့ကြသည်။သန်းခေါင်စာ ရင်းကောက်ယူ မှုအတွက် တစ်နိုင်ငံလုံးပူးပေါင်းပါဝင်နေချိန်တွင် KIA အဖွဲ့၏ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေဟာ စိတ်ပျက်စရာပါဘဲ။ 

ထိုအပြင် KIA ဟာ ကချင်လူမျိုးတွေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေတယ်လို့ ပါးစပ်ကသာ ကြွေးကြော် နေပေမယ့် လက်တွေ့လုပ်ရပ်တွေက တခြားစီးပါဘဲ။ လက်ရှိမှာ ကချင်လူမျိုးတွေအတွက် အကျိုးရှိတဲ့လုပ် ဆောင်မှုတွေပြုလုပ်နေတာမရှိတဲ့အပြင် ဒေသခံပြည်သူတွေကို အတင်းတသသစဆောင်းတယ်။

ပြန်လိုချင်တဲ့ မိဘတွေထံမှ ငွေးကြေးနဲ့ပြန်ရွေးခိုင်းတယ်။ ဒေသခံပြည်သူေ တွရဲ့တပိုင်တနိုင်စီးပွားရေး လုပ်ငန်းပါမကျန်ဆတ် ကြေးတောင်းတယ်။ ၎င်းအပြင် လူမျိုးမတူဘာသာမတူ တဲ့သူတွေကိုလည်း လူမျိုးရေးခွဲခြားမှုတွေ ဘယ်လိုလုပ် တယ်ဆိုလုပ်တယ် ဘယ်လိုနှိပ်စက်သလဲဆိုတာ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းလူမျိုးတွေအသိဆုံးပါဘဲ။ အမှန်တ ကယ်တော့ KIA ဟာ သူတို့စီးပွားရေးနဲ့ ထိန်းချုပ်နယ်မြေမှာ သူတို့အာဏာတည်မြဲေ ရးကိုသာ ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကချင်တပ်မတော်ဟု ဗန်းပြပြီး ၎င်းတို့အဖွဲ့ကိုထောက်ပံ့နေတဲ့ တရားမ၀င်စီးပွားရေး လုပ်ငန်းရှင်များကို ကာကွယ်ပေးနေတဲ့အဖွဲ့သြာ ဖစ်တယ်။

ဖစ်ပွားခဲ့သည့်တိုက်ပွဲများကလည်း အစိုးရတပ်က တရားမ၀င်စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်မှုအပေါ် KIA အဖွဲ့က ၎င်းလုပ်ငန်းရှင်တွေအတွက် အကာအကွယ် ပေးရင်းဖြစ်ပွားနေသည့် တိုက်ပွဲမျာတွေကများပါတယ်။
အထက်ပါအကြောင်းအရာများကိုကြည့်ချင်းအားဖြင့် KIA အဖွဲ့ဟာ ငြိမ်းချမ်းေ ရးကို အလိုမရှိဘဲ သူတို့၏အာ ဏာတည်မြဲရေး၊သူတို့စီးပွားရေး ကိုသာရှေ့ရှု့နေတဲ့ အဖွဲ့အစည်းသာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိခဲ့ပါက ၎င်းတို့ အဖွဲ့၏ ချုပ်ကိုင်ချယ်လှယ်နေမှုများမရရှိတော့မှာကို စိုးရိမ်နေပေလိမ့်မည်။ KIA အဖွဲ့ဟာ အမှန်တကယ် ကချင် လူထုကို ကိုယ်စားပြုပါက ကချင်ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးကို မရ ရအောင်ညှိ့နှိုင်းယူပါလိမ့်မယ်။

တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးနီးပါးတောင်မှညှိ့နှိုင်း လို့ရတာ၊ KIA ကဘာလို့ညှိ့နှိုင်းလို့ မရ တာလဲ။ ကျန်တဲ့ဒေသတွေမှာ တိုက်ပွဲတွေမဖြစ်ဘဲ KIA နယ်မြေထဲမှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်ေ နရတာလဲ။ KIA အဖွဲ့ ဟာ အမှန်တကယ် ငြိမ်းချမ်းရေးကို လို့လားတဲ့အဖွဲ့ ဟုတ်မဟုတ်ဆိုတာတော့ စဉ်းစားကြည့် ကြပါတော့။

ညီနောင်ဘွား
Kachin Daily News

Monday, April 21, 2014

စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးပြီးသော်လည်း လူသတ်၊ ဗုံးခွဲမှုများ ရှိနေသဖြင့် KIA ပြောသည့် ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများ သံသယဖြစ် စိုးရိမ်နေ



ဧပြီလ ၂၀ ရက် ၂၀၁၄ ခုနှစ်

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က စတင်ပြီး လေး ရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တစ်ခုတည်း သော သဘောတူညီချက် (Single Text) ပထမမူကြမ်းကို သဘောခဲ့ကြပေမယ့် လူသတ်၊ ဗုံးခွဲမှုများ ရှိနေသေး သဖြင့် KIA ပြောတဲ့ ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများက သံသယဖြစ် အထူးစိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ဧပြီလ ၈ ရက်နေ့က KIA မ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် ရန်ကုန်မြို့ MPC သို့သွားရောက်ကာ ငြိမ်းချမ်းရေးဆွေးနွေး ခဲ့ပြီးနောက် ၅ ရက်အကြာ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်တွင် ယာဉ်ခုနစ်စင်းပါဝင်တဲ့ အစိုးရ စစ်တပ် ယာဉ်တန်းကို ကေအိုင်အေ က ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အစိုးရတပ်သား နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

"မိုးမောက်မှာ သင်္ကြန်အကြိုနေ့က တပ်ကို ကားမိုင်းခွဲလိုက်တယ် အဲ့ဟာလိုက်ရှင်းနေတာ၊ ရှင်းနေတုံးပဲ အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပဲ၊ လွယ်ဂျယ်- ဗန်မော်လမ်းကြီးပေါ်မှာ မိုင်းခွဲလိုက်တာလေ ကားတစ်စီး မီးလောင်သွားတယ်လေ၊ ဗန်မော်- လွယ်ဂျယ်လမ်းပေါ်မှာတင် မိုးမောက်အထွက်ပဲရှိသေးတယ် အဲ့ဒါကို မိုင်းခွဲလိုက်တာ" လို့ မြစ်ကြီးနားမြို့ အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိ တစ်ဦးက RFA ကိုပြောပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန် ရက်များကို မရှောင်ပဲ KIA မှ စတင်ကာ ရန်စ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများကြောင့် ဧပြီလ ၁၇ ရက်နေ့မှာ (၇) နာရီကြာနီးပါးလောက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနေရာများတွင် လူနေအိမ်များနှင့် ရွာများမရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန်ဝိန်းကြီး ဒေသနဲ့ KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းတိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သူများ အိုးအိမ် စွန့်ခွာပြေးခဲ့ရပြီး စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ရှိခဲ့ကြောင်း ဒေသခံလူမှု ကူညီရေး အဖွဲ့များထံမှ သိရသည်။

မနှစ်က အခုလိုနွေရာသီ ရေရှားပါးချိန်တုန်းကတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဦးဆောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲများက ဒုက္ခသည်များကိုတော့ သင်္ကြန်ကာလအတွင်း ဖြစ်တာကြောင့် လည်းကောင်း၊ မည်သူမျှ မျှော်လင့်မထားသော နေ့ထူးနေ့မြတ်တွေမှာ KIA က ဗုံးခွဲခဲ့တာ ဖြစ်ခြင်းကြောင့်လည်းကောင်း ကူညီမယ့်သူမရှိသေးဘူးလို့ သိရပါတယ်။
"ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိတဲ့ မြန်မာရိုးရာ သင်္ကြန် စတင်တဲ့ ရက်မှာပဲ မိုးမောက်-လွယ်ဂျယ် အများသုံးလမ်းမှာ KIA ဘက်က ဗုံးခွဲတိုက်ခိုက်တာ တွေရှိတယ်…။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတာလည်း တစ်ပတ်မပြည့်သေးဘူး…၊ ဗိုလ်ချုပ်ဂွမ်မော်ကလည်း အမေရိကန် ရောက်နေတယ်… ကချင်ပြည်သူတွေက သင်္ကြန်တွင်းမှာ အေးချမ်းပျော်ရွှင်ရမယ့်အစား.. စစ်ပြေးဒုက္ခသည်ဖြစ်နေတယ်.. ဒီတော့ KIA ရက်လုပ်ရပ်တွေက ကချင်လူထုအတွက်လား.. ငြိမ်းချမ်းရေးကို တကယ်လိုလားတာ ဟုတ်ရဲ့လားဆိုတာ သံသယဖြစ်မိတယ်…” လို့ MPC မှ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒု ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ ကချင်ပြည်နယ်မှာကတော့ သန်းခေါင်စာရင်းကောက်ယူနေတဲ့ အချိန်အတွင်းမှာ ကေအိုင်အေဘက်ကနေ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေကို တားမြစ်တာ၊ ဟန့်တားခဲ့တာတွေ ရှိတယ်။ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်က အရာရှိတွေနဲ့ စစ်သည်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့ အတွက်ကြောင့်မို့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ရတာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း သန်းခေါင်စာရင်းကောက်ဝန် ထမ်းများကို ကေအိုင်အေမှခြိမ်း ခြောက်မှုများရှိနေသည့်အတွက် ကချင်ပြည်နယ် မန်ဝိန်းကြီး အနီးရှိ ကေအိုင် အေ ထိန်းချုပ်နယ်မြေမဟုတ်တဲ့ မန်ဝိုင်းကျေးရွာအတွင်း လုံခြုံရေးဆောင်ရွက်ပေး နေတဲ့ အစိုးရတပ်ခမရ(၅၆၇)မှ တပ်ရင်းမှူး ဗိုလ်မှူးမျိုးညွန့်စိုးကို KIA က ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ဧပြီ ၄ရက်နေ့က ကျဆုံး သွားခဲ့ပါတယ်။
မြန်မာစစ်တပ် ဒုတပ်ရင်းမှူးကို ကေအိုင်အေ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်စဉ်က ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပြီး အများပြည်သူသုံးလမ်းပေါ် ကေအိုင်အေ ဗုံးခွဲမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာ့အရေး၊ ကချင့်အရေး စိတ်ဝင်စားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။

ကေအိုင်အေ တပ်ဖွဲ့အတွင်း အထက်အောက် အမိန့်နာခံမှု ကင်းမဲ့နေခြင်း၊ တပ်ဖွဲ့ဝင်အားလုံးက ငြိမ်းချမ်းရေး လိုလားမှုမရှိခြင်း နဲ့ ရန်ကုန်သို့ အကြိမ်ကြိမ်ရောက်ရှိသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဂွမ်မော် သွားရောက်တွေ့ဆုံမှု မရှိခြင်း တို့အတွက် ကေအိုင်အေ ရဲ့ ငြိမ်းချမ်းရေး လိုလားမှု အမှန်တကယ် ရှိ/မရှိ ကို မြန်မာ့အရေးစောင့်ကြည့်သူများက မေးခွန်းထုတ်နေကြပြီး ကေအိုင်အေ ရဲ့ ရန်စ တိုက်ခိုက်မှုတွေကြောင့် မေလ တွင်းမှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အချိန်ကြန့်ကြာမှာကို လူထုတစ်ရပ်လုံးက အားလုံးက စိုးရိမ်လျှက်ရှိကြောင်း သိရပါတယ်။

မောင်လွင်
Kachin Daily News

Friday, April 11, 2014

ရိုးသားသူကို ရွေးချယ်ပါ

Posted by drmyochit Friday, April 11, 2014, under | No comments

ရှေးတုန်းက ဗာရာဏသီပြည်မှာ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးရှိခဲ့ပါတယ်။ သူ့မှာ အရမ်းချောမောလှပတဲ့ သမီးတစ်ယောက်လည်းရှိတယ်။ သမီးလေး အရွယ်ရောက်တော့ မိဘ၀တ္တရားအတိုင်း သင့်တော်မည့်သူနဲ့ ထိမ်းမြှားပေးရမှာပေါ့။ သူ့ဆီမှာ ကျောင်းလာတတ်တဲ့ ကျောင်းသားတွေက
လည်း မြို့အသီးသီးက ဒိတ်ဒိတ်ကြဲသူဌေးသားတွေချည်းပဲ။ ကျောင်းသား တိုင်းကလည်း ပါမောက္ခကြီးသမီးကို စိတ်ဝင်စားကြတယ်။ ဒီတော့ ဆရာကြီးက ကျောင်းသားအားလုံးကို ခေါ်ပြီး ပြောတယ်။ "ကဲ တပည့်တို့၊ ငါ့သမီးကို ဘယ်သူ ယူချင်ကြသလဲ"။ ကျောင်းသားအသီးသီးဟာ သူယူမယ်၊ ငါယူမယ်နဲ့ ဆူညံ့နေပါတော့တယ်။ "ကဲ တပည့်တို့ သမီးကို လက်ထပ်ချင်ရင် အိမ်ပြန်ပြီး မိဘတွေမသိအောင် တန်ဖိုးရှိတဲ့ ရတနာတွေ ယူခဲ့ကြ"။ "ဟုတ်ကဲ့ ဆရာကြီး"။ အားလုံးအိမ်ပြန်ကြပါတယ်။ အသီးသီး မိဘတွေမသိအောင် တန်ဖိုးကြီးတဲ့ ရတနာတွေ ယူလာပြီး ပေးကြတယ်။

ဒါပေမယ့် ကျောင်းသားတစ်ယောက်ကတော့ မျက်နှာမှိုင်မှိုင်နဲ့ ဆရာကြီးကို ပြောပါတယ်။ "ဆရာကြီး ကျွန်တော် ဆရာကြီး သမီးကို စတွေ့တွေ့ချင်းကို အချစ်စစ်အချစ်မှန်နဲ့ မြတ်နိုးပါတယ်။ ကျွန်တော့်မိဘတွေကလည်း ချမ်းသာပါတယ်။ ဒါပေမယ့် ဆရာ ကြီးရယ် တန်ဖိုးရှိတဲ့ ပစ္စည်းကို မိဘတွေမသိအောင် ယူလာမှ ဆရာကြီးသမီးကို ရမယ်ဆိုရင်တော့ ကျွန်တော် ဆရာကြီးသမီးကို အဆုံးရှုံးခံလိုက်ပါတော့မယ်။ အဖေအမေမသိအောင် ပစ္စည်းကိုတော့ မခိုးနိုင်ပါဘူး။ သူများနဲ့ပဲ ပေးစား လိုက်ပါတော့"။ "အေးကွာ ဒီလိုဆိုတော့လည်း ဘယ်တက်နိုင်မလဲ"။ ဒါနဲ့ ကျောင်းသားအားလုံးရော ချစ်သမီးကိုပါခေါ်ပြီး ကြေငြာ ပါတယ်။ "ကဲ အားလုံးနားထောင်၊ ငါ့သမီးကို ဘယ်သူနဲ့ ထိုက်တန်သလဲဆိုတာ ပြောမယ်"။ ကျောင်းသားအားလုံး ရင်ခုန်စွာနဲ့ နားစွင့်နေပါတယ်။ "တပည့်တို့ ငါ့သမီးကို ဘာရတနာမှယူမလာတဲ့ ဒီနောက်ဆုံးကျောင်းသားနဲ့ပဲ လက်ထပ်ပေးမယ်"။ အားလုံး ဟာခနဲ ဖြစ်ကုန်ပါတယ်။ ဆရာကြီးက ဆက်ပြောတယ်။ "တပည့်တို့ တကယ်တော့ မင်းတို့ရဲ့ ရိုးသားမှုကို စမ်းလိုက်တာပါ။ ငါလိုချင်တာ ရတနာပစ္စည်းမဟုတ်ဘူး။ တကယ်လိုချင်တာက ရိုးသားမှုပါ။ ရတနာဆိုတာက ငါ့မှာ ဆယ်သက်စားမကုန်ုအောင် ရှိတယ်။ မင်းတို့ ဘယ်လောက်ချမ်းသာချမ်းသာ ရိုးသားမှုမရှိရင် ငါ့သမီး တစ်သက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူး။ ဒါကြောင့် အခု ငါ့သမီးကို ရိုးသားတဲ့ ကျောင်းသားနဲ့ပဲ ပေးစားပါတယ်"။

ထို့နောက် သမီးချောလေးနဲ့ ရိုးသားတဲ့ ကျောင်းသားကို ကိုယ်တိုင် လက်ထပ်ပေးလိုက်ပါတယ်။ သမီးချောနဲ့ ရိုးသား တဲ့ ကျောင်းသားလည်း တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းသွားပါတော့တယ်။

ဒါကြောင့် ကြင်ဖော် (သို့မဟုတ်) ကြင်ရာရွေးချယ်ရာမှာ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးက ရိုးသားမှုပါ။ ရိုးသားသူဟာ အကျင့်စာရိတ္တကောင်းတယ်။ သစ္စာရှိတယ်။ နားလည်မှုရှိတယ်။ ပျော်ရွှင်မူကို ပေးနိုင်ပါတယ်။ တစ်ခုရှိတာက ရိုးသားသူကို ရပေမယ့် ကိုယ်ကိုယ်တိုင်က မရိုးသားဘူး၊ သစ္စာမရှိဘူး၊ အကျင့်ပျက်ရင်လည်း သာယာတဲ့အိမ်ထောင်ရေး ဖြစ်မလာနိုင်ပါ ဘူး။ နှစ်ဦးနှစ်ဖက်လုံး ရိုးသားမှ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်မှာပါ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

မည်သည့်အချိန်တွင်မဆိုမွေးဖွားကြသူများ၏ ကုသိုလ်ကံ ဗေဒင်

Posted by drmyochit Friday, April 11, 2014, under | No comments


(သင်ဘယ်အချိန်တွင်မွေးသနည်း)

ညသန်းကောင်ကျော်တွင်မွေးသူများ ညမွန်း တည့်(၁၂)နာရီကျော်၍ တစ်နာရီ၊ နှစ်နာရီစသည့် အချိန်ပတ်ဝန်းကျင်တွင်မွေးဖွား သူများဖြစ်လျှင် ဘ၀တစ် လျှောက်လုံးတွင် ဆွေမျိုး ညီအစ် ကိုမောင်နှမ များနှင့် နီးစပ်ဆက်သွယ်ရသော အကျိုး ကိုပေးကိုရလိမ့်မည်။ ညီအစ်ကိုမောင်နှမ ဆွေမျိုး သားချင်းများသည် ဇာတာရှင်၏ဘ၀တွင် ကောင်းကျိုး ဆိုးကျိုးပြုကြကုန်သောအဓိက ဇတ်ဆောင် များဖြစ်ကြလိမ့်မည်။ မိဘမောင် ဘွားများကြောင့် အိမ်ထောင်ရေး အချစ်ရေးတို့တွင် အနှောင့်အယှက် အတားအဆီးတွေ့ရသူများ ၊ မိဘမောင်ဘွားများကိုငဲ့ညှာ၍ အလွယ်တကူ အိမ်ထောင်မပြုနိုင်ဘဲ ရှိကြသူများသည် သန်းခေါင်ယံကျော်တွင်မွေးကြသူများသာ ဖြစ်ပါသည်။

ညမွန်းတည့်သန်းခေါင်မှ (၂)နာရီအတွင်း မွေးကြသူများသည် ဘ၀တစ်လျှောက်လုံးတွင် ခရီးတိုများမနားမနေသွားရခြင်းများလိမ့်မည် ။ ကိုယ်စိတ်နှစ်ပါးနားနေငြိမ်ဆိတ်ရသည်ဟူ၍ မရှိပဲ တက်ကြွလှုပ်ရှားသူများဖြစ်သဖြင့် ခရီးသွားလာခြင်းအပြင် စာပေရေးသားခြင်း လေ့လာလိုက်စားခြင်း သိပ္ပံပညာ စိတ်ပညာ ဘာသာရေးတို့တွင် လေ့လာထူးချွန်ခြင်းတို့ဖြစ်လိမ့်မည်။ နံနက်နေမထွက်မီ မွေးဖွားသူများ ညသန်းခေါင်ကျော်အချိန်နှင့် နံနက်အာရုံတက်နေထွက်ချိန် အကြားကာလ နေမထွက်မီတွင်မွေးလျှင် စီးပွားရေး၊ ငွေရေးကြေးရေးတွင် ကံကောင်းထူးချွန်သူများဖြစ်လိမ့်မည်။

စက်နာရီအားဖြင့် ဆောင်းတွင်းကာလဖြစ်လျှင် နံနက် (၄)နာရီ (၅) နာရီခန့်တို့တွင် မွေးသူများသည် ဤအစုတွင် အားလုံးအကြုံးဝင်သူများဖြစ်သည်။ ၎င်းဇာတာရှင်တို့သည် ငွေကိုရှာတတ်ဖွေတတ်သူများ၊ ငွေရလွယ်သူများ၊ စီးပွားဖြစ်လွယ်သူများလည်းဖြစ်တတ်ကြသည်။ ဆရာလည်းလုပ်တတ်ကြ၏။ ယေဘုယျအားဖြင့် ဤသိုနေမထွက်မီ မွေးကြသူများသည် စီးပွားရေးလုပ်ငန်း အရောင်းအ၀ယ်လုပ်ငန်း တို့ဖြင့်သာ အကျိုးပေးသူများလေသည်။

နံနက်နေထွက်ချိန်တွင်မွေးသူများ နံနက်နေထွက်ချိန်နှင့် နေထွက်ပြီး (၁) နာရီအတွင်း (ဆောင်းတွင်းဖြစ်လျှင် နံနက် ၆နာရီနှင့် ၇နာရီ၊ နွေဖြစ်လျှင် နံနက်၅ နာရီနှင့် ၆ နာရီခန့်ဖြစ်သည်)၎င်းအချိန်တွင် မွေးဖွားသူများသည်ဘ၀မှာ ကုသိုလ်ကံကောင်းသူများဖြစ်လိမ့်မည်။ ကိုယ့်ကို ကိုယ် ယုံကြည်စိတ်ချခြင်း၊ ပျော်ရွှင်ဖျတ်လတ်၍ မျှော်လင့်အားတက်စိတ်မျိုးထားခြင်း စသည့်အရည်အချင်းတို့ကြောင့် ဘ၀မှာ အောင်မြင်ကြီးပွားသူများဖြစ်လိမ့်မည်။ သုခချမ်းသာနှင့်ပြည့်စုံသူများဖြစ်လိမ့်မည်။ ၎င်းအချိန်မွေးဇာတာရှင်များ သည် တာဝန်ကိုခံယူဝံ့သူများ၊ အုပ်ချုပ်ကွပ်ကဲမှုတွင် ကျွမ်းကျင်သူများဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ ပညာရပ်တစ်ခု ဖြင့် အသက်မွေးမှုလုပ်ငန်းတို့တွင် အောင်မြင်ကြသူများဖြစ်လိမ့်မည်။ ဘ၀တွင်ခပ်ငယ်ငယ်အသက်ပိုင်းကပင် စတင်၍ အခြေတည်ကြီးပွားကြသူများသည် ၎င်းအချိန်ပိုင်းတွင် အများအားဖြင့် မွေးဖွားသူများဖြစ်ပါသည်။

 နေထွက်နှင့်နေမွန်းတည့်ကြား အချိန်တွင်မွေးဖွားသူများ နံနက်နေထွက်နှင့် မွန်းတည့်ကြားအချိန် (နံနက် ၈နာရီ၊ ၉နာရီခန့်) တွင်မွေးဖွားသူများသည် အပေါင်းအသင်းဆန့်သူ၊ မိတ်ဆွေ သင်္ဂဟပေါများသူ၊ မိတ်ဆွေသင်္ဂဟများနှင့် ပတ်သတ်၍ အကျိုးခံစားကြီးပွားရသူများဖြစ်မည်။ ၎င်းးအချိန်ပိုင်းမွေးဖွားသူများသည် ငယ်စဉ်ကလေးဘ၀ကပင် သူငယ်ချင်းအပေါင်းအသင်းများကို ခင်မင်တွယ်တာ တတ်သူများဖြစ်သည်။ ၎င်းဇာတာရှင်များသည် ကိုယ့်ကိုကိုယ်လုံ့လ၀ီရိယစိုက်ထုတ် ကြိုးစားခြင်းထက် အပေါင်းအသင်း မိတ်ဆွေများ၏ အကူအညီကိုယူ၍ ပူးပေါင်းဆောင်ရွက်မှုဖြင့်ထမြောက်အောင်မြင်ခြင်းက များလိမ့်မည်။ ထို့ကြောင့်၎င်းအချိန်ပိုင်းမွေးဖွားသူများသည် လူအများစုပေါင်းတွေ့ဆုံရာဖြစ်သော အသင်းအဖွဲ့များ ၊ ကုမ္ပဏီများ၊ အစည်းအရုံးများ၊ သဟာယကလပ်များ စသည်တို့တွင်ဆက်သွယ်ဝင်ရောက်ထားသင့်သည်။ စီးပွားရေးသမားများ၊ ကုန်သည်များ၊ သမဂ္ဂ၊ ဆန်ဆက်ပိုင်ရှင်များအသင်း၊ ပုံနှိပ်ထုတ်ဝေသူများအသင်း စသည်တို့တွင် ကိုယ်နှင့်သက်ဆိုင် ရာတွင် မပျက်မကွက် ပါဝင်တက်ရောက်ထားရမည်။ စာပေအသိုင်းအ၀ိုင်း၊ စာနယ်ဇင်းလောကတွင်နေရာကောင်း တစ်နေရာရသူဖြစ်လိမ့်မည်။

မွန်းတည့်ချိန်အနီးကပ်၍မွေးလျှင် လူတို့တွင် ကိုယ့်ဘ၀၌အရေးထားဆုံကိစ္စဟူသည် တစ်ဦးစီတွင် ရှိကြစမြဲဖြစ်သည်။ အချို့ကအချစ်ရေး၊ အိမ်ထောင်ရေး ကိုအရေးကြီးဆုံးအဖြစ်ထားကြသည်။ အချို့ကမူကျန်းမာရေးသည်သာလျှင် အရေးကြီးဆုံးဟူ၍မှတ်ယူကြသည်။ အချို့ကလည်း သားသမီး၊ ဆွေမျိုး မိဘများအရေးသည်သာလျှင် အဓိကဖြစ်သည်ဟု ယူဆကြသည်။ သို့သော် မွန်းတည့် (၁၂)နာရီထိုးချိန်အနီးကပ်မွေးကြသူများသည် ဘ၀တစ်သက်တာတွင် အလုပ်အကိုင်အရေး ၊ ရာထူးဌာနန္တရေး၊ ကြီးပွားရေးသည်သာလျှင်အရေးကြီးဆုံးဖြစ်ပေလိမ့်မည်။ နေမွန်းတည့်ခါနီးကာလတွင် နီးကပ်စွာမွေးကြသူများသည် ဘ၀တွင်ကြီးပွားရမည် အောင်မြင်ချမ်းသာရမည်ဟု သိန္နဌာန် ချထားကြသူများဖြစ်ပြီး ထိုဆုံးဖြတ်ချက်အတိုင်းလည်း အောင်မြင်လေ့ရှိသည်။ ထိုအချိန်တွင်မွေးကြသူများသည်တန်ခိုး အာဏာကြီးမားခြင်း၊ ကျော်ဇော်ထင်ရှားခြင်း၊ ဌာနဆိုင်ရာအုပ်ချုပ်ရေးတို့တွင် နေရာရခြင်းတို့ဖြစ်လိမ့်မည်။ိုထို့ကြောင့် နေမွန်းတည့်အချိန် အနီးကပ်၍ မွေးသူများသည် အများအားဖြင့် သူ့အဆင့်အတန်းနှင့်သူ ဦးစီးခေါင်းဆောင် အကြီးအကဲဖြစ်တတ်ကြသူများသာဖြစ်လိမ့်မည်။

 နေမွန်းတည့်မှ (၂) နာရီကြားမွေးဖွားသူများ နေမွန်းတည့်မှ နေ့လည်စက် (၂)နာရီထိုးအကြားအချိန်တွင် မွေးဖွားသူများသည် ဘ၀တစ်သက်တာတွင် ရပ်ဝေးသို့ပြောင်း ရွေ့ကာ အိုးအိမ်ထူထောင်အခြေစိုက်ရခြင်း၊ နိုင်ငံရပ်ခြားခရီးများ၊ ပင်လယ်ရေကြောင်းခရီးများ မကြာခဏသွားရခြင်းများ ရှိလိမ့်မည်။ ၎င်းဇာတာရှင်များသည် မွေးဖွားကြီးပြင်းသည့်နယ်မြေမှ ကျော်လွန်သောအရပ်ဒေသတို့တွင် ကြီးပွားချမ်း သာအောင်မြင်ကံကောင်းလိမ့်မည်။ တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုသောစကားပုံသည် ထိုသူများအတွက်ဖြစ်လိ့မ် မည်။ ၎င်းဇာတာရှင်များ၏ ထူးခြားချက်တစ်ရပ်မှာ ဘာသာတရားကိုင်းရှိုင်းကြ၏။ အိမ်ထောင်ဘက်၏ ဆွေမျိုးသားချင်း များသည် မိမိအတွက် ကောင်းကျိုးဆိုးကျိုးကို ထူးထူးခြားခြား ပေးစွမ်းနိုင်သူများဖြစ်ခြင်း၊ တရားဥပဒေပညာရပ်ကိုတတ် ကျွမ်းနားလည်ပြီး ဥပဒေဘက်တွင် အလုပ်အကိုင်လုပ်ရခြင်းများရှိလိမ့်မည်။

မွန်းလွဲ (၂) နာရီမှ (၄) နာရီကြားမွေးလျှင် ဤအချိန်အတွင်းမွေးဖွားသူများအဖို့ ဘ၀တစ်သက်တာတွင် ငွေကြေးနှင့်ပတ်သတ်၍ ကြွေတစ်လက်၊ ကြက်တစ်ခုန်ဆို သကဲ့သို့ တစ်ချက်ကောင်း အစုလိုက် အပြုံလိုက်ရတတ်ခြင်းများ မကြာခဏ ကြုံလိမ့်မည်။ လောင်းကစားရာတွင် အနိုင်ရခြင်း၊ မြင်းလောင်းခြင်း၊ ထီပေါက်ခြင်းများ တစ်ကြိမ်ထက်မနည်းဖြစ် လိမ့်မည်။ ငွေကြေးနှင့်ပတ်သတ်၍ ကိုယ်တိုင်ခြစ်ချုပ်၍ စုဆောင်းကာကြီးပွားရသည်ထက် ကံကောင်းထောက်မ၍ စုပုံရခြင်းဖြင့် ကြီးပွားချမ်းသာလိမ့်မည်။ ၎င်းဇာတာရှင်များသည် အမွေအနှစ် များကို အစုလိုက်အပြုံလိုက်ရရှိ ခံစားရမည်။ စီးပွားရေးတွင် စပ်တူလုပ်ကိုင်ခြင်းများဖြင့် အများဆုံး အောင်မြင်မှုရနေသူများဖြစ်လိမ့်မည်။

 နေ၀င်ချိန်အနီး ကပ်မွေးဖွားလျှင် ညနေ(၄)နာရီကျော်မှ (၆) နာရီ နေ၀င်ရီတရော အချိန်တွင် မွေးဖွားသူများသည် ဦးဆောင်ခေါင်း ဆောင်လုပ်ရန် ၀န်လေးသူများဖြစ်တတ်ကြ၏။ ဘ၀တစ်လျှောက်လုံးတွင် အစိုးရ၀န်ထမ်း လခစား အလုပ်မျိုး လုပ်ကိုင်ရတတ်ပြီး သူတစ်ပါး၏ အကျိုးဆောင်ခြင်း လုပ်ငန်းများဖြင့်သာ အကျိုးပေးတတ် ကြသည်။ ကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်ပြုလျှင် အောင်မြင်မှုရသင့်သလောက်မရပဲ ဖြစ်တတ်မည်။ နေမ၀င်မီကာလ အပိုင်းအခြားအတွင်း မွေးဖွားသူများသည် အိမ်ထောင်ဖက်ကို အမှီပြု၍ ကြီးပွား ချမ်းသာအောင်မြင်တတ်ကြသည်။ သို့သော်၎င်းတို့သည် အများအားဖြင့် အိမ်ထောင်ဘက်နှင့် စီးပွားဘက်တို့၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံရတတ်ပါသည်။ ၎င်းဇာတာရှင်များအတွက် အိမ်ထောင်ရေးသည် အရေးကြီးဆုံးဖြစ်၏။ အိမ်ထောင်ဘက်ကိုရွေးရာမှာ အထူးသတိပြုရွေးချယ်သင့်သည်။ မိမိ၏ အိမ်ထောင်ဘက်သည် လူကုံထံ၊ သြဇာအာဏာရှိသူမျိုးထဲမှ ဖြစ်တတ်ခြင်း၊ မာန်မာနကြီးသူများဖြစ်တတ်ခြင်းတို့ကြောင့် အိမ်ထောင်ရေးတွင် အဆင်မပြေဖြစ်ရ တတ်သဖြင့်၎င်းဇာတာရှင်များသည် ဘ၀တစ်လျှောက်လုံး သာယာမှုကင်းမဲ့တတ်သည်ကို အထူးနား လည်ကြရပေမည်။

 နေ၀င်ပြီး (၂)နာရီအတွင်း မွေးဖွားလျှင် နေ၀င်ပြီးနောက် (၂) နာရီကြားကာလအတွင်း မွေးဖွားသူများအဖို့ ကျန်းမာရေးကို အထူးသတိပြုရန်လိုပေသည်။ ဘ၀တစ်လျှောက်လုံးတွင် အလွန်ပင်အထိခိုက်နိုင်ဆုံးသော အရေး ကိစ္စဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုမည်။ အထူးသဖြင့် အစာအိမ် နှင့်ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများအတွက် စိုးရိမ်ရတတ်သည်။ အစာမကြေ လေနာရောဂါ ဖြစ်တတ်ခြင်း၊ စိတ်တုန်လှုပ်ခြောက်ခြားလွယ်ကာ နေမကောင်းထိုင်မကောင်း ဖြစ်လာတတ်ခြင်း တို့သည် ၎င်းဇာတာရှင် အများစုထဲတွင် အတော်ပင်များပေလိမ့်မည်။

ညဦးပိုင်းတွင်မွေးဖွားသူများ ညဦးပိုင်းကာလဖြစ်သော (၈) နာရီမှ (၉) နာရီထိကာလအတွင်း မွေးဖွားသူများအတွက် အချစ်ရေးသည် အရေးကြီးနေတတ်၏။ ၎င်းတို့သည် အချစ်ရေးနှင့် သံယောဇဉ်ကိစ္စများများ တတ်ကြ၏။ သားရေး သမီးရေးကိစ္စများလည်း များတတ်ကြ၏။ စိတ်နေစိတ်ထားအားဖြင့် ပျော်ရွှင်တက်ကြွသူများ ဖြစ်ပြီး လောင်းကစားခြင်းတွင် လွန်စွာ ၀ါသနာထုံတတ်မည်ဖြစ်၏။ ၎င်းဇာတာရှင်များသည် ငယ်စဉ်ကပင် အချစ်ရေးကိစ္စအလွန်များပြီး အရွယ်ကြီးသောကာလတွင် သားသမီးအလွန်များလိမ့်မည်။ ပါတီ၊ ပွဲလမ်းသဘင်၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးများဆိုလျှင် ၎င်းဇာတာရှင်များလွန်စွာ နှစ်ခြိုက်လိမ့်မည်။ အောင်မြင်လိမ့်မည်။ တေးဂီတထုတ်လုပ်ရေး၊ ဗွီဒီယိုထုတ်လုပ်ရေး လုပ်ငန်းများဖြင့်လည်း အောင်မြင်ကြီးပွားလိမ့်မည်။

သန်းခေါင်ယံ အချိန်အနီး မွေးဖွားသူများ ည(၉)နာရီကျော်၍ သန်းခေါင်ယံ (၁၂) နာရီမထိုးမီ ကြားကာလတွင် မွေးဖွားသူများသည် ဘ၀တွင် တော်တော်နှင့် လူလားမမြောက်နိုင်၊ အခြေမကျနိုင်ပဲရှိမည့်သူများဖြစ်တတ်ကြ၏။ အသက်(၃၀) ရောက်သည့်တိုင်အောင် တစ်အိုးတစ်အိမ်ထူထောင်နိုင်ခြင်းမရှိပဲ နေရတတ်သည်။ အသက်(၃၀) ရောက်ခါမှအလုပ်အကိုင် အခြေအနေ အတည်တကျဖြစ်ရတတ်သည်။ အသက်(၃၀) မတိုင်မီကာလ တွင်မူ မိဘဆွေမျိုးများအလယ်တွင် ကလေးဆိုးကြီးသဖွယ်ဖြစ်ကာ ဟိုဆွေမျိုးအိမ်တက် ဒီဆွေမျိုးအိမ် တက်ဆိုသလိုပင် လှည့်လည်နေထိုင်ကာ ဘော်ကြော့နေထိုင်သူများ ဖြစ်တတ်လိမ့်မည်။ ဤဇာတာရှင် များသည် မိဘဆွေမျိုးအသိုင်းအ၀ိုင်းကို အလွန်ခင်တွယ်တတ်ကြသည်။ သူတို့၏ ကိုယ်စွမ်းကိုယ်စဖြင့် လွတ်လွတ်ကျွတ်ကျွတ်မဟုတ်ပဲ ဘာမဆို မိဘဆွေမျိုးသားချင်းများကိုပင် အားကိုမှုပြုတတ်ကြ၏။ အချို့ဇာတာရှင်များသည် မိဘဆွေမျိုးတို့၏ အိုးအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေရသည်နှင့်ပင် ကိုယ့်အိုးကိုယ့်အိမ်ကို မထူထောင်နိုင်ပဲ ရှိနေတတ်သည်။ အမျိုးသမီးဖြစ်လျှင် ၎င်းအချိန်မွေးသော ဇာတာရှင်များမှာ အများအားဖြင့် ကိုယ့်မိဘများကို ပြုစုစောင့်ရှောက်ရင်းပင် အပျိုကြီးဘ၀နှင့် တစ်ကိုယ်တော် ဖြစ်နေကြရတတ်သည်။ သို့သော်ထိုဇာတာရှင်များသည် အိုးအိမ်မြေယာပစ္စည်းနှင့် ပတ်သတ်ပြီး ကံကောင်းတတ်ကြ၏။ လယ်ယာလုပ်ငန်း၊ အဆောက်အဦးလုပ်ငန်း၊ ကန်ထရိုက် လုပ်ငန်းတို့တွင် အထူးတလည်အောင်မြင်ကြီးပွားနိုင်ကြပေသည်။

 ဤသို့နံနက်သန်းခေါင်ကျော် တစ်ချက်ထိုးကာလမှစ၍ ညသန်းခေါင်ယံ (၁၂)နာရီထိုးကာလထိ တစ်နေ့တာပတ်လုံး မည်သည့်အချိန်တွင်မဆိုမွေးဖွားကြသူများ၏ ကုသိုလ်ကံ အကျိုးပေးများကို အနောက်တိုင်းဗေဒင်အရ မွေးသည့်နာရီတစ်ခုတည်းကို အခြေပြုပြီး သင့်ဘ၀လမ်းညွှန်ဟောဆို ခြင်းပြီးပြည့်စုံပြီဖြစ်သည်။ သင့်ဘ၀လမ်းညွှန်အဟောများသည် စာရှုသူတို့၏ဘ၀တာတွင် အံ့သြ လောက်အောင် ကိုက်ညီမှန်ကန်စွာ အကျိုးပေးလာမည်ဖြစ်ပေသည်။ ဆရာဦးခန့်ကျော်ရေးသားသော ကိုယ်တွေ့သုခချမ်းသာစာအုပ်မှကောက်နူတ်ထားပါသည်။

Credit: Bo Mu

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်