ကလေးနဲ့ ဝမ်းကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာဟာ အဖြစ်များတတ်တဲ့ ရောဂါ လည်း ဖြစ်တယ်။ ကလေးတွေ ဝမ်းလျှောတာ ဝမ်းပျက်တာက ဆဲလ်မိုနဲလား (Celmoni-alar) နဲ့ ရွှီဂျဲလား (Sihegella)၊ အီကိုလိုင်း (E coli) ပိုးကြောင့် ဖြစ်ပါတယ်။
ဝမ်းအသွားများလို့ ညှီစော်နံနေခြင်း၊ သွေးမပါ၊ ချွဲမပါဘဲ ဝမ်းသွားခြင်း၊ ဝမ်းကျ၊ ဝမ်းကိုက်၊ ဝမ်း တွင်း သံကောင် တွေကြောင့် နေထိုင်မကောင်းရင် ကျောင်းမလာ သင့်ပါဘူး။ ဆရာဝန်နဲ့ ကုသသင့်တယ်။
ကာကွယ်ဆေးနည်း
ရေကောင်းရေသန်နဲ့ ကျိုချက်ထားတဲ့ ရေသုံးခြင်း၊ ရေထဲမှာ ဆေးခတ်ခြင်း၊ မစင်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ ကိုယ်လက် သန့်ရှင်းအောင် ထားခြင်း၊ လူနာရဲ့ အဝတ်အစား၊ အပေအကျံများကို ရေနွေးဖြင့် ပြုတ်လျှော်ခြင်း၊ တိုက်ဖွိုက် ကာကွယ်ဆေးနဲ့ ကာလဝမ်း ရောဂါ ကာကွယ် ဆေးထိုးခြင်း တွေကို ပြုလုပ်ရမယ်။
ဝမ်းလျှော ဝမ်းပျက်ခြင်းကို တိကျသေချာတဲ့ ဆေး စီဖရန် (၂၅ဝ) လီလီကွန်၊ နီ၊ မက်ထရို ၂ဝဝ မီလီဂရမ်၊ ဒီကိုတေး တစ်ဝက်၊ တစ်နေ့ ၃ လုံး (၄-၇) ရက် ပေးသင့်တယ်။ ရေဓာတ်၊ သတ္တုဓာတ် ဆုံးရှုံးခြင်းကို ကာကွယ်ဖို့၊ ဓာတ်ဆားရည် (Ord Rchydratin Salt) တိုက်သင့် တယ်။
ဝမ်းကိုက်ပိုး
ဝမ်းကိုက်ပိုးကြောင့် ဝမ်းကိုက်ဝမ်းပျက် ဖြစ်စေတယ်။ ဝမ်းကိုက်ပိုး (Anoebiners) ကြောင့် ဝမ်းကိုက်ခြင်းဖြစ်လို့ ဝမ်းအကြိမ် များစွာသွားပြီး နံစော်ခြင်း၊ သွေးနဲ့ ချွဲပါခြင်း တွေ့ရတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်ကို စနစ်တကျ ကုသသင့်တယ်။ ဝမ်းကိုက်ပိုးကို စနစ်တကျ မကုသရင် အသည်းထဲ ဝမ်းကိုက်ပိုး ဝင်ပြီး အချိန်မီမခွဲစိတ်ရင် သွေးဆိပ်တက်ပြီး သေဆုံးနိုင်တယ်။ ဝမ်းကိုက် ပိုးမကူးစက် ရအောင် ဝမ်းလျှောဝမ်းပျက် ကာကွယ်နည်း အတိုင်း ကာကွယ် နိုင်တယ်။ ဝမ်းကိုက် ကာကွယ်ဆေးမရှိသေးဘူး။
တိုက်ဖွိုက်ရောဂါ
တိုက်ဖွိုက် ရောဂါကြောင့် ဝမ်းလျှော ဝမ်းပျက်ခြင်းကို နောက်ပိုင်းမှာ အတွေ့ရများတယ်။ ဖျား၍ အပူမကျခြင်း၊ အပူချိန် ၁ဝဝ ဒီဂရီအထက်ရှိခြင်း၊ ဝမ်းသွားခြင်း၊ သွေးအားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်း ဖြစ်စေတယ်။
အတူနေလူကြီး၊ ကလေးများကို ရောဂါ ဖြစ်မဖြစ် စောင့်ကြည့်ဖို့လိုတယ်။ ကာကွယ် ဆေးထိုး ပေးနိုင်တယ်။ ရောဂါပျောက်တဲ့ အထိ (တစ်ပတ်-သုံးပတ်) စီဖရန် သို့မဟုတ် ကလိုရိုဖီနီကော တစ်တောင့် (သုံးကြိမ်) (၅-၁၅) ရက် သောက်သင့်တယ်။ တိုက်ဖွိုက် ရောဂါဖြစ်တဲ့ရက်မှ ပျောက်တဲ့ ရက်အထိ အနားယူရမယ်။ သီးခြားထား၊ သီးခြား ကုသရမယ်။ ရေကောင်း ရေသန့် နဲ့ ကျိုချက်ပြီး သားရေကိုသုံးခြင်း၊ ဆေးခတ်ခြင်း၊ မစင်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ ကိုယ်လက် သန့်ရှင်းခြင်း၊ လူနာရဲ့ အဝတ်အစားအပေ အကျံများကို ရေနွေးဖြင့် ပြုတ်ခြင်း၊ တိုက်ဖွိုက် ကာကွယ် ဆေးထိုးခြင်း (ခြောက်လခံဘူး) တို့ဖြင့် သီးခြား ကာကွယ်ပေးနိုင်တယ်။
သံကောင်
သံကောင်ကြောင့် ဝမ်းလျှောဝမ်းပျက် ဖြစ်နိုင်တယ်။ ဖေဖော်ဝါရီမှ ဧပြီလအထိ သို့မဟုတ် ဗိုက်ထဲမှာ သံရှိနေရင် အချိန်မရွေး ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တယ်။ သံလုံးကောင်၊ သံပြား ကောင်၊ တုတ်ကောင်၊ သံချိတ်ကောင် စသဖြင့် ကူးစက်နိုင်တယ်။ ကူးစက်ရာမှာ မသန့်ရှင်းတဲ့ သောက်ရေများ၊ မစင်မှတစ်ဆင့် ယင်ကောင်က သယ်ယူလာသော ရောဂါပိုးများ၊ အစားအစာ အပေါ်၌ နားစဉ် ကျန်ခဲ့ခြင်း မသန့်ရှင်းသော လက်များ (Fucus, Fly, Flighit, Food, Fingers ) ကြောင့်လည်း ဖြစ်ပွားတယ်။ သံဥပါတဲ့ မသန့်ရှင်းသော သောက်ရေများ၊ အစာများ ကတစ်ဆင့် ဝမ်းထဲ ဝင်ရောက်ပြီး သံထစေတယ်။ သံဝမ်းသွားပါက ဝမ်းသွားခြင်း၊ အားအင် ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သွေးအားနည်းခြင်း၊ တက်တတ်ခြင်း၊ အူပေါက်၍ သွေးဆိပ် တက်ခြင်းတို့ ဖြစ်စေတယ်။ သေဆုံးတတ်တယ်။
ကာလဝမ်းရောဂါ (Vibrio Chlorae ) ကြောင့် ဝမ်းသွားပါက ဝမ်းရဲ့ အရောင်က ဆန်ဆေးရေ အရောင်သွားခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ လက်များ ပဲကြီး ရေစိမ်ကဲ့သို့ တွန့်ခြင်း၊ ဆီးနည်းခြင်း ဖြစ်တတ်တယ်။
တစ်ပတ်ထိ စောင့်ကြည့်ရမယ်။ ရောဂါ သယ်ဆောင်သူ ရှိ၊ မရှိ ကြည့်ရမယ်။ စားဆေး စီဖရန် ၅ဝဝ မီလီဂရမ်၊ နိုဘက်တင်၊ ဇက်စတို၊ ဒီကိုတေး (Ciprean, Nobatin, Dicolfi သုံးမျိုး သုံးကြိမ် ၄-၁၇ ရက်ထိ တိုက်ရတယ်။
ကာလဝမ်းဖြင့် တွေ့ပြီးသည်မှ တစ်ပတ်ထိ စောင့်ကြည့်ရမယ်။ လူနာကို ဆေးရုံတင်ပြီး သီးသန့်ဆောင်မှာ ထားရှိရတယ်။ တခြားသူများ၊ နေရာများ၌ ကာလဝမ်းရှိ၊ မရှိ စောင့်ကြည့် ခြင်း၊ အမိန့် ထုတ်ပြန်ခြင်း၊ ကန့်သတ်ခြင်း ကြိုတင် ကာကွယ်ခြင်း လုပ်ရပါတယ်။
0 comments:
Post a Comment