Friday, March 13, 2015

ဆေးဖက်ဝင် ရှောက်သီးနှင့် ရှောက်မြစ် အကြောင်း

Posted by drmyochit Friday, March 13, 2015, under | No comments

၁)အုန်းနို့ ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါး အ၀ စားမိသည့် အခါတွင် ရှောက်ဖျော် ရည်ကို သောက်ပေးခြင်းဖြင့် သွေး တိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက် စေသည်။

(၂)အစာအဟာရ များကို မမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများ မကြာခဏ ပျို့အန်ခြင်းနှင့် အစာမကြေခြင်းများ ဖြစ်နေ ပါက ရှောက်သီး တစ်စိတ်ကို နုပ်နုပ်စဉ်းကာ ထန်းလျက် တစ်ဆယ်သား ခန့်ဖြင့် ကျကျကျိုပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ရင်မရှင်း မလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန် နေခြင်းများ သက်သာ သွားမည်။

(၃)ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ် နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့် တစ်ဆ၊ ထုံးတစ်ဆတို့ကို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄)မီးယပ် အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက် ရောကာ ကျွေးပေး ရသည်။

(၅)သွေးတိုး ရောဂါ၇ှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက် စိတ်သား ဆားခါး တစ်ဆယ်သား၊ ကွမ်း၇ွက် သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစား တစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။

(၆)ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်း ရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါး၇ွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက် မရ၊ ခြေတစ်ဖက်ဆွဲ များကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းသည်။

(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်း စေသည်။

ဆေးဖက်ဝင် ရှောက်မြစ်

(၁)အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။ နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။

(၂)အကြာခဏအန်လျှင်ေ၇ှာက်မြစ်သွေး၇ည်နှင့် ပျား၇ည် ရောစပ်ကာ ဟင်းစားဇွန်း တစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန် ရပ်သွားမည်။

(၃) ကလေးများ မကြာခဏ နို့အန်ရောဂါ ဖြစ်နေလျှင် ရှောက်မြစ်ကို သွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။

(၄)နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ် သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်း တစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီ သောက်ပါ။

Ref>>မွေးနေ့ဆုမွန်(lapyaelynn)

မျက်နှာကြောလေး တင်းနေရအောင်

Posted by drmyochit Friday, March 13, 2015, under | No comments


အထူးကုတွေက အရေပြား စိုပြေနေစေတဲ့ Moisturizer တွေ အသုံးပြုတာကို ထောက်ခံကြပါတယ် 

ကိုယ့်မျက်နှာကိုယ် မှန်ထဲ သိပ်မကြည့်ဖြစ် ပေမယ့် ကြည့်ဖြစ်တဲ့ အခါတွေမှာ ပါးရေတွန့်တာက တခါထက် တခါ ပိုပိုလာသလို ခံစားရတယ်။ ဘာကြောင့်များ ပါလိမ့်။ သြော် လူဆိုတာကလည်း ကိုယ့်အသက်အရွယ်ကို မေ့နေတတ် တာကလား။ ဒါမှမဟုတ် မေ့အောင် ကြိုးစားနေတာလည်း ပါမှာပေါ့။
ကိုယ်က အသက်အစိတ်လောက်ပဲ ကိုယ့်ဖာသာ ယူဆထားပြီး အဲဒီ အရွယ်တွေနဲ့ပေါင်း၊ ဟေးလားဝါးလား လုပ်ပေနေပေမယ့် သူတို့က ဦးလေး၊ ဘဘ၊ ဒယ်ဒီ ခေါ်ပြီး အတူ ပျော်ကြတော့မှ အခြေအနေ မကောင်းဘူး လို့  ကိုယ့်စိတ်က ကိုယ့်ကိုယ်ကို ဆုံးမရပေသကိုး။
ဒါပေမယ့် မျက်နှာပေါ်က တွန့်ခေါက်တောင်တန်းတွေက အသက်အရွယ် တခုတည်းကြောင့် မဟုတ်သလို မရင့်ရော်အောင် ထိန်းလို့ ရတဲ့ နည်းနာလေးတွေလည်း ရှိနေပါကလား ဆိုတာ ကိုယ်လို ဇရာစိတ်ကျတွေ အတွက် ပြောပြချင်လာပြန်ပါရော။
အရေပြားစိုပြေနေပါစေ
အရေပြား အထူးကုတွေကတော့ အရေပြား စိုပြေနေစေတဲ့ Moisturizer တွေ အသုံးပြုတာကို အထူး ထောက်ခံကြ ပါတယ်။ အသားအရေ နုပျိုစေတဲ့ နည်းလမ်းလို့ ဆိုကြပါတယ်။ အရေပြား သွေ့ခြောက်မှု နည်းလေ အရေးအကြောင်း တွေ ဖြစ်တာ နည်းလေမို့ ပါ။ ပါးရေတွန့်တာတွေ မဖြစ်ဖို့ အာမခံတဲ့ ပစ္စည်း အားလုံးမှာ အဓိက ပါဝင်နေတာကလည်း အဲဒီ moisturizer တွေ ပါပဲ။
နေထိလေ ပါးရေတွန့်လေ
အရေပြားတွေ တွန့်စေတဲ့၊ အရေးအကြောင်းတွေ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေတော့ နေရောင်ခြည် တိုက်ရိုက် ထိတွေ့တာက တရားခံ ဖြစ်နေပါတယ်။ နေရောင် အချိန်ကြာ တိုက်ရိုက်ထိတွေ့တာက ခရမ်းလွန် ရောင်ခြည်တွေ သင့်ပြီး အလင်းကြောင့် အိုစာတဲ့ photo-aging ဖြစ်စေပါ သတဲ့။
အဲဒီကနေ ပါးရေတွန့်တာ သာမက တခြား အရေပြား အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ နေရောင်ခြည် တိုက်ရိုက်မထိအောင် ကာကွယ်တာ တွေက ပါးရေတွန့်တာ၊ အရေးအကြောင်း ဖြစ်တာ တွေ ကို ကာကွယ်တာပါပဲ။ sunscreen တွေ လိမ်းတာကလည်း ခရမ်းလွန် ရောင်ခြည် အတွက် ထိရောက်တဲ့ ကာကွယ်ဆေးပါပဲ။ SPF 30 ကျော်တာတွေဆို ပိုကောင်းပါတယ်။ လက်လှမ်း မမီရင်လည်း မြန်မာပီပီ သနပ် ခါးပဲ လိမ်းကြတာပေါ့။
နေရောင်ခြည် ကာကွယ်တာက ရင့်ရော်မှုရော အရေပြား ကင်ဆာကိုပါ ကာကွယ်ရာ ရောက်လို့ ပါ။ နေရောင်ခြည် နည်းနည်းလေး ထိတာကကိုပဲ အရေပြားကို ရင့်ရော်စေ၊ ကင်ဆာဖြစ်နိုင်ခြေကို ပိုစေပါတယ်။
ကားမောင်းနေချိန် လိုမျိုးနဲ့၊ အိမ်ထဲမှာ ပြတင်းပေါက်နား နေချိန်မျိုး အထိ ခရမ်းလွန်ရောင်ခြည်က သာမန်မှန် တွေကို ထွင်းဖောက်သက်ရောက်စေတတ်တာမျိုးပါ။ အဲဒါကြောင့် နေ့ဘက်တွေမှာ အသားအရေကို နေ ရောင် ကာကွယ်တာ တခုခု စီမံထားတာ အကောင်းဆုံးပါ။
ပြုံးရခက်ခက်
တက်ကျမ်းတွေ၊ စိတ်ပြေလျော့နည်းတွေမှာ အပြုံးက ထိပ်ဆုံးက ပါ။ ဒါပေမယ့် လောကသဘာဝ အကောင်း အဆိုး ဒွန်တွဲနေလေတော့ မျက်မှောင်ကြုံ့တာလို၊ မဲ့ရွဲ့တာလို မျက်နှာအမူအရာ ပြတဲ့ လှုပ်ရှားမှုတွေနဲ့ ထပ် တူ အရေးအစင်း တွေ ဖြစ်ပေါ်ပြီး ပါးရေတွန့်တာတွေ ဖြစ်လာစေပါတယ်။ အသက်ကလေး ရလာလို့ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း တွေ လျော့ကျလာလေ အရေးအကြောင်းတွေက ထင်ရှားလာလေပေါ့။
တစ်ခုတော့ အဖြေရှိပါတယ်။ မျက်နှာ ကြွက် သားတွေ ကြံ့ခိုင်အောင်လုပ်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေး ရင်တော့ အဲဒီ ပါးရေတွန့်တာကို ပြေလျော့စေတယ် လို့ ဆိုပါတယ်။
အရေပြားနုပျိုအောင်
မျက်နှာနုနု ပါးရေ မတွန့်အောင် လုပ်ပေးနိုင်တာ လေးတွေများ ရှိလေမလား ဆိုရင်တော့ ရှိပါတယ်။ ဗီတာမင်အေ ကနေ ရတဲ့ retinoid လို အက်ဆစ်တွေက အသားအရေ ရင့်ရော်မှုကို ကာကွယ်ပေးနိုင် ပါ တယ်။ Azelaic acid , Alpha-hydroxy acid တွေလို သဘာဝ သစ်သီးဝလံတွေမှာ ပါတာတွေကလည်း အသားအရေ အရောင်ပြောင်းတာ၊ မှေးမှိန်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး နုနယ်စေပါ သတဲ့။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေက အဲဒီလို ဓာတ်တွေ ကြွယ်ဝတာမို့ မျက်နှာနုနု အရေ မတွန့်ရအောင် ဗီတာမင်အေ ကြွယ်ဝတဲ့ အဝါရောင် သီးနှံတွေ စားသောက်ကြတာ ပေါ့။
အသက်ကြီးလို့ ပေါ်လာတဲ့  အစက်အပြောက်တွေ
မျက်နှာမှာ အရေတွန့်တာ သာမက အသက်ရလာသူ တွေမှာ အစက်အပြောက်တွေ ပေါ်လာတတ်တာ သတိပြုမိကြ မှာပါ။ ဒါတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာပဲ ရယ်လို့ လစ်လျူ မရှုစေချင်ပါ။
အဲဒီ အသက်အရွယ် ရလာလို့ ပေါ်လာတဲ့ အစက်တွေကနေ အရေပြားကင်ဆာ တမျိုးဆီ ကူးပြောင်းသွား တတ်လို့ ပါပဲ။ ဒါကြောင့် မျက်နှာမှာ အရေးအစင်း သာမက တခြား ထူးခြားတဲ့ အစက်အပျောက်တွေ ပေါ်လာရင်၊ ပုံမှန် မဟုတ်သလို ထင်ရင် အရေပြား ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ အကြံပြုချင်ပါရဲ့။ တချို့တွေကို လိုအပ်ရင် ဖယ်ရှား ပြုပြင်လို့လည်း ရတာပေါ့။
ဆေးလိပ်သမား ပါးရေတွန့်ချိန်
တကယ်တော့ အသက်အတော်ကြီးမှ ပါးရေတွန့်လာတာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာက ရုပ်ရင့် စေတယ် ဆိုတာ ကတော့ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားပါ။ သုတေသန ပြုချက်တွေ အရ ဆေးလိပ် သောက်သူတွေ ဆိုရင် အသက် ၂၀ က စပြီး ပါးရေတွန့်တယ် လို့ ဆိုပါတယ်။ ဆေးလိပ်သောက်သက် များလေ အရေးအကြောင်းတွေက ပိုပြီး ထင်ရှားလေပါပဲ။
ထပ်ပြီး သုတေသန ပြုကြည့်တော့ ဆေးလိပ် ဖြတ်လိုက်သူတွေမှာ မျက်နှာ အရေးအစင်းတွေ၊ တွန့်နေတာ တွေ နည်းပါးသွားတာ၊ မျက်နှာကြွက်သားတွေ ပြန်ပြီး တင်းရင်းလာတာ တွေ့ရပါသတဲ့။ ဆေးလိပ်ဖြတ်တာလည်း ပါးရေတွန့် သက်သာဖို့ နည်းပါပဲ။
အမျိုးသမီးတွေ အတွက်
အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် နှုတ်ခမ်းပတ်လည် အရေးအစင်း အတွန့်တွေ ပိုပြီး ဖြစ်တာ တွေ့ ရတယ် လို့ နယ်သာလန်နိုင်ငံက သုတေသနတခုက အတည်ပြုပါတယ်။ ယောက်ျားတွေမှာက ပါးစပ်တဝိုက် မှာ သွေးလှည့် ပတ်မှု ပိုကောင်းပြီး ချွေးဂလင်းတွေ ပိုများလို့ အရေပြားတွန့် သက်သာတယ် လို့ ဆိုပါတယ်။
တခု ဖြေသာစရာ ရှိတာက အဲဒီလို ဖြစ်နေတဲ့ အမျိုးသမီးတွေ အနေနဲ့ ကင်မရာမှာ လှချင်ရင် အနီရောင် ဝတ်စုံဝတ်လို့ နှုတ်ခမ်းနီ အနီလေးနဲ့ဆို အဆင်ပြေတယ် လို့ ပြောပါတယ်။ အရေပြား တွန့်နေတာတွေကို အရောင်နဲ့ လှည့်စားပြီး တဒင်္ဂ လှပနိုင်တဲ့ သဘောပေါ့။
လက်စနဲ့ လက်ဆောင်တခု ပေးပါရစေ။ မျက်နှာတဝိုက်က မိတ်ကပ်တွေ ဖျက်လိုက်ရင် အရေးအစင်းတွေ ပိုထင်လာ သလိုပဲ လို့ တချို့က ထင်တတ်ကြပါတယ်။ တကယ်တော့ ညင်ညင်သာသာ မဖျက်တဲ့ အခါ အရေပြားက ခေတ္တ ထိခိုက် သလိုဖြစ်ပြီး တွန့်နေသလို ဖြစ်တာပါ။ အိုင်းရှဲဒိုးတွေ၊ မိတ်ကပ်တွေကို ဖျက် ချင်ရင် ဂွမ်းစလေး ရေဆွတ်ပြီး ညင်ညင်သာသာ ပွတ်ပြီး ဖယ်ရှားလို့ ရပါတယ်။
ငယ်ငယ်ကတည်းက ဂရုစိုက်
မျက်နှာကို ရင့်ရော်မှု မရှိအောင် ကာကွယ်ရာမှာ အကောင်းဆုံးကတော့ sunscreen လို့ ဆိုပါတယ်။ အဲဒီ sunscreen ကို အသက် ၂၀ လောက် ကတည်းက မျက်နှာ မရင့်အောင် စတင်လုပ်သင့်တယ် လို့ ဆိုပါတယ်။ retinoid ပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့လည်း လိမ်းချယ်နိုင်ပါ သတဲ့။ နုပျိုကျန်းမာတဲ့ မျက်နှာ ဖြစ်ဖို့ အရွယ်ငယ်ငယ် ကတည်းက အန္တရာယ်မဖြစ်စေတဲ့ နည်းလမ်းတွေ သုံးပြီး ကာကွယ်နိုင်တယ်လို့ ဆိုချင်တာပါ။
မိတ်ကပ်က ပါးရေ မတွန့်အောင် ကာကွယ်လား
မိတ်ကပ် လိမ်းတာက တစိတ်တပိုင်း ကာကွယ်ရာ ရောက်သလို တစိတ်တပိုင်းလည်း အဆင်မပြေပါဘူး။ ချွေးပေါက် လေးတွေ ပိတ်နေ စေတာမို့ အရေပြား ထိခိုက်စေ ပြန်ပါတယ်။ အထူးသဖြင့် သတိထားရမှာက အချိန်ရှည်ကြာ မိတ်ကပ် လူးထားတာက မကောင်းလှဘူး ဆိုတာပါ။
ညအိပ်ရာဝင်ချိန်မျိုးမှာ ပင်ပန်းချင်လည်း ပင်ပန်းပါစေ၊ မိတ်ကပ် တွေ ဖယ်ပစ်ဖို့ အချိန်ပေးစေချင်ပါတယ်။ ဒီလောက် ဆိုရင်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပါးရေတွန့်နေတဲ့ ကိုယ့်ရုပ်ရည် ကိုယ် ကြည့်ပြီး စိတ်ဓာတ် မကျ၊ တရားသံဝေတွေ ရပြီး မနေရလေအောင် ဘာတွေဆောင်မလဲ၊ ဘာတွေ ရှောင်မလဲ ဆိုတာ ဆင်ခြင်လို့ လုပ်စရာရှိတာ လုပ်ပြီး မျက်နှာကြော တင်းတင်းလေး ဖြစ်အောင် နေထိုင်ကြပါစို့။ ။
ဧရာဝတီ

Sunday, August 24, 2014

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ

Posted by drmyochit Sunday, August 24, 2014, under | No comments


ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်
ပဲသုပ် စားပေးပါပဲမှာ
ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်
ကန်စွန်းဥထောင်းစားပါ
ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်
အသားစားပါ
အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်
ငရုတ်သီးစားပါ
ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်
ကော်ဖီသောက်ပါ
ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်
အစေ့အဆန်စားပါ
အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်
ပျားရည်သောက်ပါ
ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Photo by ပျိုမေတို့သိစေဖို့
Credit to Good Health

Friday, August 01, 2014

တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်ကို လျှော့ချနိုင်

Posted by drmyochit Friday, August 01, 2014, under | No comments



တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ရုံဖြင့် အရွယ်မတိုင်မီ သေဆုံးမှု အန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ လေ့ကျင့်ခန်း ခေတ္တမျှ လုပ်ခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကျန်းမာရေးကျွမ်းကျင်သူများ ယူဆထားသည်ထက် အကျိုးပိုများကြောင်း ယင်းလေ့လာမှုရလဒ်များက ဖော်ပြသည်။

အပြေးလေ့ကျင့်ခြင်းကဲ့သို့ အားသွန်ခွန်စိုက် လေ့ကျင့်ခန်းလုပ်သူများမှာ အပြေးလေ့ကျင့်ခြင်း မရှိသူများထက် အရွယ်မတိုင်မီသေဆုံးမှု အန္တရာယ် ၃၀ ရာခိုင်နှုန်းလျော့ကျကြောင်း ယခုလေ့လာမှု အသစ်က ဖော်ပြသည်။ ထို့ပြင်အပြေးလေ့ကျင့်သူများမှာ မလေ့ကျင့်သူများထက် နှလုံးရောဂါဖြင့် သေဆုံးနိုင်သည့် အန္တရာယ် ၄၅ ရာခိုင်နှုန်း ပိုနည်းကြောင်း သိရသည်။
ဆေးလိပ်သောက်သုံးသည့် ကိုယ်အလေးချိန်ပိုများသူများပင် အပြေးလေ့ကျင့်ခန်း ပုံမှန်လုပ်ပါက လုံးဝမပြေးသူများထက်အရွယ် မတိုင်မီ သေဆုံးမှု အန္တရာယ် ပိုမိုလျော့ကျသွားကြောင်း ယခုလေ့လာ မှုအသစ်က ဖော်ပြသည်။

ယခုလေ့လာမှုမှာ အပြေးလေ့ကျင့်ခြင်းက အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည် (သို့မဟုတ်) မည်သည့်အတွက်ကြောင့် အကျိုးသက်ရောက်သည်ဆိုခြင်းကို တိုက် ရိုက်လေ့လာခြင်းမဟုတ်ဘဲ ယေဘုယျအားဖြင့် အပြေးလေ့ကျင့်သူများသည် လမ်းလျှောက်ခြင်းကဲ့သို့ အလယ်အလတ် လေ့ကျင့်ခန်းလုပ်သူများထက် ပို၍သေဆုံးနိုင်ခြေ လျော့နည်းကြောင်း လေ့လာတွေ့ရှိသည်ဟု သုတေသီများက ပြောသည်။

အပြေးလေ့ကျင့်ခြင်းအပြင် ကြိုးခုန်ခြင်းနှင့် စက်ဘီးစီးခြင်း (သို့မဟုတ်) အားသွန်ခွန်စိုက်လုပ်ရသော လေ့ကျင့်ခန်းမျိုး ပုံမှန်မိနစ် အနည်းငယ်မျှ လုပ်ခြင်းဖြင့်လည်း အသက်ပိုရှည်နိုင်သည်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုကို အိုင်အိုဝါ ပြည်နယ်တက္ကသိုလ်၊ တောင်ကယ်ရို လိုင်းနားတက္ကသိုလ်၊ ပန်နီတွန်ဇီဝဆေးဝါး သုတေသနစင်တာနှင့် အခြား အဖွဲ့အစည်းများစွာမှ သုတေသီများက အချက်အလက်ပေါင်းများစွာကို အခြေခံ၍ လေ့လာထားခြင်းဖြစ်ပြီး ၎င်းတို့၏ လေ့လာမှုကို နှလုံးရောဂါပညာဆိုင်ရာ အမေရိကန်ကောလိပ်ဂျာနယ်တွင် ဖော်ပြထားသည်။

Time
7 Day

Tuesday, July 22, 2014

ယောဂကျင့်ခြင်းကြောင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

Posted by drmyochit Tuesday, July 22, 2014, under | No comments


ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခန္ဓာကိုယ် သန်မာဖျတ်လတ်စေခြင်း၊ အသားအရေကြည်လင်တောက်ပခြင်း၊ စိတ်တည်ငြိမ်အေးချမ်းခြင်း၊ ကျန်းမာရေးကောင်းခြင်းတို့အပြင်    အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြည့်ဝရုံသာမက စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုလည်းရှိပါမှ အမှန်တကယ် ကျန်းမာသည်ဟု ခေါ်ဆိုနိုင်ပေမည်။ ကျန်းမာသည်ဆိုသော အခြေအနေမှာ ရောဂါမရှိသော အခြေအနေမျှသာမဟုတ်ဘဲ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုနှင့် ချစ်ခင်ကြင်နာမှုစသော ဘ၀၏စွမ်းအားများကို ဖော်ပြမှုတစ်ခုဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်ရောစိတ်ပါ ကျန်းမာစေရန် ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။

တစ်နေ့လျှင် မိနစ်အနည်းငယ်မျှ ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်ပြီး ကိုယ်ရောစိတ်ပါ ဖိစီးမှုကို ပြေလျော့သွားစေသည်။ ယောဂကျင့်သည့် ကိုယ်နေဟန်ထား၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့မှာ စိတ်ဖိစီးမှု လျော့ကျစေရန် အစွမ်းထက်သော နည်းလမ်းများ ဖြစ်သည်။

ငြိမ်းချမ်းလှပသော နေရာများနှင့် သဘာဝအလှတို့ကို ကျွန်တော်တို့ အားလုံး ခုံမင်နှစ်သက်ကြသော်လည်း ငြိမ်းချမ်းမှုကို မိမိကိုယ်တွင်း၌သာ ရှာဖွေတွေ့ရှိနိုင်သည်ဆိုခြင်းကို သိသူမှာ နည်းပါးသည်။ ယောဂကျင့်ခြင်းမှာ အနှောင့်အယှက်ဖြစ်နေသော စိတ်အခြေအနေကို တည်ငြိမ်သွားစေမည့် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခု ဖြစ်သည်။

ကိုယ်ခန္ဓာအပေါ် ပုံမှန်မဟုတ်သော အကျိုးသက်ရောက်မှုများက စိတ်ကိုလည်း အလားတူ မပျော်မရွှင် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေပြီး ယင်းအခြေအနေကို ကိုယ်ခန္ဓာနာမကျန်းဖြစ်ခြင်းကဲ့သို့ပင် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ ယောဂကျင့်ခြင်းကြောင့် ကိုယ်အင်္ဂါများကို နှိပ်နယ်ပေးသကဲ့သို့ ဖြစ်စေပြီး ကြွက်သားများကို ပိုမိုသန်မာလာစေသည်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းနှင့် တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး ကိုယ်ခံအားစနစ် ပိုကောင်းလာစေသည်။

ယောဂကျင့်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သတိရှိမှု အားကောင်းလာစေမည်ဖြစ်ကာ အိမ်ထောင်ဖက်၊ မိဘ၊ မိတ်ဆွေများ (သို့မဟုတ်) ချစ်ခင်ရသူများနှင့် ဆက်ဆံရေး တိုးတက်လာစေ မည်ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ရောင့်ရဲသော စိတ်အခြေ အနေကြောင့် ထိခိုက်လွယ်သော လူမှုဆက်ဆံရေး ကိစ္စများကို ဖြေရှင်းရာတွင် ပိုမိုလွယ်ကူစွာဖြေရှင်းလာနိုင်မည် ဖြစ်သည်။

ယောဂကို နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးရန် လိုအပ်သည်။ ယင်းသို့ ယောဂပုံမှန်ကျင့်သူအနေဖြင့် လမ်းလျှောက်နေချိန်ဖြစ်စေ အိပ်နေ၊ ထိုင်နေ၊ ရပ်နေချိန်ဖြစ်စေ ကိုယ်ဟန်အနေအထား တိုးတက်လာအောင် ကူညီနိုင်သည်။ အပြန်အလှန်အားဖြင့် မမှန်ကန်သော ကိုယ်နေဟန်ထားရှိခြင်းကြောင့် ကိုယ်ခန္ဓာနာကျင်မှုများကိုလည်း ယောဂကျင့်ခြင်းဖြင့် သက်သာစေမည် ဖြစ်သည်။

ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းကြောင့် သိရှိမှတ်မိနိုင်မှုစွမ်းရည်ကိုလည်း မြင့်တက်လာစေမည်ဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် မည်သည့်ကိစ္စကို ပြီးမြောက်အောင် လုပ်ရန်လိုအပ်သည်၊ မည်သည့်အချိန်တွင် မည်သို့ လုပ်ရန်လိုသည်ဆိုခြင်းကို များစွာ ကြိုးပမ်းအားထုတ်စရာမလိုဘဲ တွေးမိနိုင်သော စွမ်းရည်ကိုပိုင်ဆိုင်လာမည် ဖြစ်သည်။

Internet_7Day

Monday, July 21, 2014

သွေးတိုးရောဂါ

Posted by drmyochit Monday, July 21, 2014, under | No comments



သွေးတိုးရောဂါဟာ လူတွေအတွက် အသက် ၄၀ကျော်လာရင် အဖြစ်များလာကြတဲ့ ရောဂါတစ်မျိုးပါပဲ။ ဆီးချိုသွေးချိုရောဂါလိုပါပဲ။ သူကနေတစ်ဆင့် ဖြစ်ပွားလာနိုင်တဲ့ ဆင့်ပွားရောဂါ ဥပဒ္ဒဝေါတွေ အများကြီး ရှိနေပါတယ်။ ကံကောင်းတာတစ်ခုက သူ့ကို လွယ်လွယ်နဲ့ ကုသထိန်းချုပ်နိုင်တဲ့ အချက်ပါပဲ။ ဆေးမှန်မှန်သောက်ပြီး မသင့်တဲ့ အစားအသောက်၊ အမူအကျင့်၊ အနေအထိုင်တွေ ထိန်းချုပ်လိုက်တာနဲ့ အလွယ်တကူ သွေးတိုးကျလာနိုင်ပါတယ်။

သွေးတိုးစေအောင် အားပေးတဲ့အရာတွေလည်း ရှိနေပါတယ်။ အဲဒါတွေကတော့-
၁။ အိမ်သုံးဆား၊ ဆော်ဒါ၊ အချိုမှုန့်များများစားခြင်း။
၂။ ပိုတက်စီယမ်ဓာတ် ချို့ငဲ့ခြင်း(ကယ်စီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်များပါတွဲပြီး ချို့ငဲ့တတ်ပါတယ်)။
၃။ စိတ်ဖိစီးမှုများခြင်း၊ ဘ၀မှာအပြိုင်အဆိုင်များခြင်း။
၎။ အ၀လွန်ခြင်း။
၅။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း။
၆။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အညောင်းထိုင်ခြင်းများတို့ပါပဲ။

သွေးတိုးရောဂါရှိတဲ့အတွက် ဖိအားများတဲ့သွေးတွေဟာ နှစ်ရှည်လများ အဟုန်ပြင်းပြင်းနဲ့ စီးဆင်းတဲ့ဒဏ်ကြောင့် သွေးကြောကြီးတွေရဲ့ နံရံတွေ၊ နှလုံးသွေးကြောနဲ့ အခန်းနံရံတွေ၊ ကျောက်ကပ်၊ ဦးနှောက်စတဲ့အဂါင်္တွေကို ပျက်စီးစေပါတယ်။

အဲဒီဖိအားကပဲ သွေးထဲမှာ ပေါလောမျောနေတဲ့ အဆီဥတွေကို သွေးကြောနံရံတွေမှာ ပို့စေပါတယ်။ ဒီလိုနဲ့သွေးကြောက တဖြည်းဖြည်းကျဉ်းလာရပါတယ်။

ကြာတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးငတ်တဲ့ရောဂါ၊ နှလုံးသွေးကြောပြတ်ပြီး ကြွက်သားတွေ သေသွားတဲ့ရောဂါ(Myocardial Infaret) နဲ့ လေငန်းရောဂါတွေပါ ဖြစ်လာရပါတယ်။ သွေးတိုးကြောင့် မျက်လုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်စတာတွေထဲက နုနယ်တဲ့ သွေးကြောတွေ ပေါက်ကွဲပြီး သွေးယိုစီးနိုင်တာမို့ အချိန်မီမကုစားနိုင်ရင် အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။

သွေးတိုးနဲ့ပတ်သတ်လို့ သက်ဆိုင်ရာ ဆရာဝန်တွေအနေနဲ့ သွေးချိန်တိုင်းရုံသာမက ECG၊ ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်း၊ ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း၊ မျက်လုံးထဲကြည့်တဲ့ ကိရိယာနဲ့ကြည့်ခြင်း၊ သွေးထဲက အဆီဓာတ်တိုင်းခြင်း၊ နှလုံးကို တယ်လီဗေးရှင်းရိုက်ခြင်း စတဲ့ စမ်းသပ်စစ်ဆေးမှု အဖုံဖုံကို လိုအပ်သလို လုပ်ပါလိမ့်မယ်။

လူတစ်ယောက် သွေးတိုးနေပြီဆိုရင် ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ရင်တုန်၊ အသက်ရှူမ၀ဖြစ်တာနဲ့အတူ သွေးလေးပြီး နေ့ခင်းဘက် အိပ်ချင်စိတ် သိပ်ဖြစ်တတ်ပါတယ်။ ညဘက်မှာတော့ စိတ်လှုပ်ရှားပြီး အိပ်မပျော်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ လန့်တတ်ထိတ်တတ်ခြင်း၊ လန့်ပြီးရင် ဒေါသထွက်ပြီးရင် တော်တော်နဲ့ အမောမပြေနိုင်ခြင်း ဖြစ်တတ်ပါတယ်။သွေးတိုးဝေဒနာ ကြာရှည်လာရင်တော့ နာတာရှည်သဘော ဖြစ်လာပြီး မျက်စိတွင်းက သွေးကြောလေးတွေနဲ့ အာရုံကြောလေးတွေကို ထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းလာရပါတယ်။ မောလွယ်လာတတ်ပါတယ်။ ခေါင်းထဲမှာ မကြည်ဘဲ စိတ်တိုလွယ်တတ်ပါတယ်။ ဆင့်ပွားရောဂါတွေအနေနဲ့ မျက်စိကွယ်ခြင်း၊ လေငန်းရောဂါဖြစ်ခြင်း၊ နှလုံးကြီးခြင်း၊ သွေးကြောတွေ ကြီးလာပြီး ပေါက်ကွဲခြင်းဆိုတာတွေ ဖြစ်လာတတ်ပါတယ်။

သွေးကိုတိုးစေတတ်တဲ့ ဆားများတဲ့ဟင်းတွေ၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်နဲ့ ငန်ပြာရည်တွေ၊ အချိုမှုန့်များများပါတဲ့ အစားအသောက်တွေ၊ အဆီအစေးများပြီး ပိတ်ဆို့တတ်တဲ့ ငါးသလောက်၊ ငါးသေတ္တာ၊ အုန်းနို့၊ ဒညင်းသီး၊ ဒူးရင်းသီးစတဲ့ အစားအစာတွေ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆီထမင်းတို့ကိုလည်း ရှောင်သင့်ပါတယ်။

သွေးတက်ခြင်းကို လျော့နည်းပျောက်ကင်းစေတဲ့ ဒန့်ဒလွန်သီး၊ ဒန့်သလွန်ရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ တရုတ်နံနံ၊ ဥသျှစ်ရွက်တွေအပြင် ၀မ်းနဲ့ဆီးကို ရွှင်စေတတ်ပြီး ကြေညက်လွယ်တဲ့ သားငါးသီးနှံတွေကို စားသင့်ပါတယ်။

ကြက်သွန်ဖြူဟာ ၀ါယုလေဓာတ်ကို နိုင်လှတဲ့အတွက် သွေးတိုးရောဂါအတွက် အကောင်းဆုံး ဆေးတစ်လက် ဖြစ်ကြောင်း ရှေးဟောင်းအာယုဗ္ဗေဒ ဆေးကျမ်းကြီးတွေမှာ ဖော်ပြထားပါတယ်။ ကြက်သွန်ဖြူကို သူ့ချည်းဖြစ်စေ၊ နွားနို့နဲ့ရောကြိတ်လို့ဖြစ်စေ ရှေးဦးစွာ တစ်နေ့ ၁ပဲသားကုန်အောင် သောက်ရပါတယ်။

ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး ဆေးလည်းမှန်မှန်မှီဝဲရင် သွေးတိုးရောဂါကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပါမယ်လို့ တင်ပြလိုက်ရပါတယ်။


(မှတ်ချက်။ ဒေါက်တာအောင်နိုင်(ဆေးသုတေသန)ရေးသားသော ရောဂါသုတ ဆေးသုတ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)


MOI Webportal Myanmar

ပျိုမေများ တင် အချိုးကျကျ ငွါးငွါးစွင့်စွင့်လှစေဖို့ လေ့ကျင့်ခန်း

Posted by drmyochit Monday, July 21, 2014, under | No comments



အမျိုးသားတွေဟာ ပိန်ပိန်ဝဝ ခါး တင် အချိုး ၈၀ အောက် ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး စိတ်ဝင်စား ကြပါသတဲ့။ တင်ပါးဆုံရိုးကွင်း (pelvis) ကား တဲ့ အမျိုးသမီးတွေက သူတို့ ကလေးလေးတွေကို ရှောရှောရှူရှူ အခက်အခဲ မရှိ မီးဖွား ပေးနိုင်လို့ သင်မထားပေမယ့် အမျိုးသားတွေ ရဲ့ဦးနောက်မှာ ဒီလိုအချိုးဆို ဒီလိုကြိုက် တဲ့ အသိရှိနေတာဖြစ်ပါတယ်။။

တင်ကို ငွါးငွါးစွင့်စွင့်လေးဖြစ် စေဖို့လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာက pelvis အရိုးကွင်းကျယ်လာစေမှာ မဟုတ်ပေမယ့် အဲဒီ အပေါ်ကို ကြွက်သား ထပ်အုပ်ပေး တဲ့ သဘောပါ။ ကြည့်ကြရအောင်လားရှင်။

Side Lunge
A)ခြေထောက်ကို တင်ပါးနဲ့ တစ်တန်းထဲမှာထားပါ။ အလေး တစ်ခုစီကို လက်တစ်ဘက် စီ မှာ ကိုင်ပြီး ကိုယ်ကိုမတ်မတ်နေပါ။
B) ညာဘက်ခြေကို ဘေးသို့ ဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး ဘယ်ဒူးကို ကွေးချပါ။ အလေးနှစ်နှစ်ခု ဟာ ဘယ်ခြေရဲ့ တဖက်တချက်မှာ ရှိပါစေ။ :: လုပ်နေစဉ် အတွင်းမှာ တင်ပါးသားကို အနောက်သို့ ပစ်ထားဖို့လိုပါမယ်။
C) မူလ အနေအထားတိုင်း ပြန်သွားပြီး တစ်ဖက် သို့ပြောင်းပါ။
:: ဘယ်၊ညာ တစ်ဘက်စီကို ၁၀ ကြိမ် မှ ၁၂ကြိမ်ထိ လုပ်ပေးပေးရပါမယ်။

Side Step Ups
A) လှေကားဖြစ်ဖြစ်၊ ခွေးခြေဖြစ်ဖြစ် မြင့်တဲ့နေရာ တစ်ခုပေါ်ကို ဘယ်ခြေထောက်ကို တင်ထားပြီး ကိုင်ထားတဲ့ အလေးကို ဘယ် ပခုံးနဲ့ကပ်ထားပါ။
B) ဘယ်ခြေကိုအားပြုရင်း ညာခြေကို အရှေ့ သို့လှမ်းကန်ပါ။ ဟန်ချက် မပျက်အောင် ညာလက် ကို ပုံမှာပြထားတဲ့အတိုင်း ဘေးသို့ ဆန့်တန်းထားရပါမယ်။
:: ၁၀ကြိမ်ပြည့်အောင်လုပ်ပြီး နောက်တစ်ဖက် ဘက်ပြောင်းပါ။

Hip Abductor
A) မတ်တပ်ရပ် အနေအထားမှာဘယ်ခြေကို ညာခြေအရှေ့မှာ ထားပါ။ :: ခါးမကိုင်းမိစေဖို့ ဂရုပြုပါ။
B) ဘယ်ဘက်ခြေထောက်ကို မူလနေရာမှ ဘေးတိုက် အဝေးသို့ လွှဲပါ။ လွှဲနေစဉ်မှာ ဒူးမကွေးစေဖို့ သတိပြုရပါမယ်။
လေ့ကျင့်ခန်း တစ်ခေါက်လုပ်တိုင်း ၁၂ကြိမ်လွှဲပေးရပါမယ်။

အချိန်တိုအတွင်းမှာ သိသိသာသာလေး ဖြစ်စေချင်ရင် တော့ အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို ဒီမျှနဲ့ ကျေနပ်နှစ်သက်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက်နောင်အလျင်းသင့်ရင် ပျိုမေတို့အတွက် ကောင်းနိုးရာရာလေးတွေကို ကြိုးစားဖော်ပြပေးသွားဦး မှာပါ။ စာဖတ်သူပျိုမေတွေ အားလုံး ကျန်းမာပျော်ရွှင်ဖွယ် နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Credit : New Myanmar News

Monday, June 30, 2014

Water poisoning ရေအဆိပ်သင့်ခြင်း

Posted by drmyochit Monday, June 30, 2014, under | No comments

ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆား အချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။
အမှတ်တမဲ့တော့ ရေတွေ တအားသောက်တယ် ဆိုတာတော့ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက်ရတယ်။

ဆေးရုံတွေမှာ လူနာကို လိုတာထက် ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်းရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။

လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေ ရေကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ Sodium (ဆိုဒီယမ်) ဓါတ်ဆားက တွဲနေတယ်။ တသမတ်ထဲ မျှနေရတယ်။ (ဆဲလ်) တခုရဲ့ အပြင်ဝန်းကျင်နဲ့ (ဆဲလ်) အတွင်ကလဲ မျှနေရတယ်။ ရေက များသွားချိန်မှာ (ဆိုဒီယမ်) က နည်းသွားမယ်။ Hyponatremia ခေါ်တယ်။ တနေရာရာမှာ ဓါတ်ဆားအချိုးအဆ ကဲမယ်-နည်းမယ်ဆိုရင် (ဆဲလ်) နံရံကနေ Osmosis (အော့စ်မောဆစ်) အပြန်အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ်အရ ညီစေအာင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကားလာလိမ့်မယ်။ Intracranial pressure ဦးနှောက်ထဲမှာ ဖိအားတွေ တက်လာလိမ့်မယ်။

Water intoxication ရေအဆိပ်သင့်ခြင်း လက္ခဏာတွေစတော့မယ်။
• Headache ခေါင်းကိုက်မယ်၊
• Personality changes (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊
• Changes in behavior အမူအယာပြောင်းမယ်၊
• Confusion စိတ်ရှုတ်ထွေးလာမယ်၊
• Irritability ဂနာမငြိမ်ဖြစ်လာမယ်၊
• Drowsiness အိပ်ချင်လာမယ်။
ဆက်ပြီးတော့
• Difficulty breathing during exertion ကြိုးစားမှုရှိချိန်မှာ အသက်ရှူလို့ခက်လာမယ်၊
• Muscle weakness ကြွက်သားတွေ အားနည်းလာမယ်၊ Twitching အလိုလိုလှုတ်မယ်၊ Cramping နာမယ်၊
• Nausea ပျို့မယ်၊ Vomiting အန်မယ်၊
• Thirst ရေသန်သလိုဖြစ်မယ်၊
• Sensory information နာတာ-ထိတာ-ဖိတာကိုသိမှုတွေ အားယုတ်လာမယ်။
ဆက်ဆိုးလာမယ်ဆိုရင်
• Papillary သူငယ်အိမ်တုံ့ပြန်မှုလျှော့လာမယ်၊
• Vital signs အရေးအကြီးဆုံး လက္ခဏာတွေ ထိခိုက်လာမယ်။ ဥပမာ Bradycardia နှလုံးခုန်နှေးမယ်၊ Widened pulse pressure သွေးဖိအားပြောင်းလာမယ်။
• Cerebral edema ဦးနှောက်ရောင်လာမယ်။ Brain stem ဦးနှောက်အခြေနေရာကိုဖိအားသက်ရောက်လို့ ဆက်ဖြစ်စရာတွေ ဖြစ်လာမယ်။ Central nervous system dysfunction ဗဟိုဦးနှောက်-အာရုံကြောစနစ် ထိခိုက်လာမယ်။
• Seizures တက်မယ်၊ Coma သတိလစ်မယ်၊ Death သေမယ်။

Risk factors ဘယ်လိုလူတွေမှာ ပိုဆိုးသလဲ။
• ကလေး ငယ်လေ ဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ်သမီးလေး Cassandra Killpack ကို မအေဖြစ်သူက ရေတဂါလံ ကုန်အောင် အသောက်ခိုင်းရာကနေ သေသွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။
• Marathon runners မာရသွန်အပြေးသမား အဖြစ်များတယ်။ ရေသောက်များရာကနေ Sodium levels 135 mmol/L ထက်ကျလာချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်လာမယ်။
• Overexertion ခွန်အား အသုံးများတာကနေလဲဖြစ်စေနိုင်တယ်။ မောလွန်းလို့ ရေတွေ တအား သောက်ရင် ဖြစ်မယ်။ ၁၂-၉-၁၉၉၉ မှာ စစ်သင်တန်းဆရာ Michael J. Schindler သေဆုံးရတယ်။
• MDMA (Ecstasy) ဆေးမျိုးသောက်ပြီး လုပ်သင့်တာတဲ့ပိုပြီး ခွန်အားစိုက်ရာကနေလဲဖြစ်မယ်။
• Heat stress သိပ်ပူချိန်မျိုးမှာ နားနေရင်နဲ့ ရေတွေ အသောက်များရင်လဲ ဖြစ်မယ်။
• Psychogenic polydipsia စိတ်ရောဂါရှိသူတွေက ရေပိုသောက်တယ်။
• Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။
• Diabetes insipidus ဆီးချိုကြောင့်လဲ ဖြစ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ
• Mild intoxication တော်တော်တန်တန်က ရောဂါလက္ခဏာမပြသေးပါ။ ဖြစ်လာပြီဆိုရင်
• Diuretics ဆီးသွားစေတဲ့ဆေး ပေးရမယ်။
• Vasopressin receptor antagonists ဆေးကိုလဲ သုံးတယ်။

Dr. တင့်ဆွေ

Monday, June 16, 2014

' ပြု ပြင်ဖန်တီးထားသည့် အနီရောင်အသား များများစားခြင်းက နှလုံးကို ထိခိုက်စေနိုင်

Posted by drmyochit Monday, June 16, 2014, under | No comments


တာရှည်ခံအောင် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားများကို ကာလရှည်ကြာ ပုံမှန်စားသောက်ခြင်းက နှလုံးကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားခဲ့သည်။

ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားဆားနယ်နှင့် ဟော့ဒေါ့ အစရှိသည့် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားများ ပါရှိသော အစားအသောက်များသည် ရေရှည်တွင် နှလုံးဖောက်ပြန်မှု ဖြစ်ပွားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ဆွီဒင်မှ ပညာရှင်များက ယုံကြည်နေသည်။

'ပြုပြင်ပြောင်းလဲထားသော အသားများတွင် မီးကင်ခြင်း၊ ဆားနယ်ခြင်း၊ အခြောက်လှမ်းခြင်း၊ တာရှည်ခံ ဆေးဝါးများ ထည့်သွင်းခြင်း အစရှိသည့် နည်းလမ်းများ အသုံးပြုထားပြီးပြီး သဘာဝ အသားများထက် ဆိုဒီယမ် ပါဝင်မှုလည်း ပိုမိုများပြားသည်။

စတော့ခ်ဟုမ်းမြို့ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာဌာနမှ ဒေါက်တာ အေလိုင်ဂျာဝုခ်နှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများသည် နှလုံးရောဂါ ဖောက်ပြန်မှုနှင့် ကင်ဆာရောဂါ မှတ်တမ်း လုံးဝမရှိဖူးသည့် အသက်(၄၅)နှစ်မှ (၇၉)နှစ်ကြား လူပေါင်း (၃၇၀၃၅)ဦး၏ ကျန်းမာရေး မှတ်တမ်းများကို စောင့်ကြည့် လေ့လာခဲ့သည်။

(၁၂)နှစ်မျှ ကြာမြင့်ချိန်တွင် ယင်းစာရင်းအနက် လူပေါင်း(၂၈၉၁)ဦးသည် နှလုံးဖောက်ပြန်မှု ဝေဒနာများ ခံစားခဲ့ရပြီး (၂၆၆)ဦးမှာမူ နှလုံးထိခိုက်မှုဖြင့် သေဆုံးခဲ့ကြသည်။ လေ့လာမှုများအရ ယင်းကဲ့သို့ နှလုံးထိခိုက်သူ အများစုသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားပမာဏ (၇၅)ဂရမ်မျှ ပိုမိုစားသုံးလေ့ ရှိသည်ကို တွေ့ရှိလာရသည်။ ၎င်းတို့၏ နှလုံးထိခိုက်နိုင်ခြေသည် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားပမာဏ (၂၅)ဂရမ်အောက်သာ နေ့စဉ်စားသုံးသူများထက် (၂၈)ရာခိုင်နှုန်း ပိုမိုများပြားနေသည်။

'ဒေါက်တာဝုခ်က “များသောအားဖြင့် ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေမှာ ဆိုဒီယမ်၊ နိုက်ထရိတ်နဲ့ ဖော့ဖရပ်စ်ဓာတ်တွေ ပါဝင်နေလေ့ရှိတယ်။ ပြီးတော့ အစားအသောက်ကို စွဲလမ်းစေတဲ့ ဓာတ်ပစ္စည်းတွေလည်း ဖြည့်တင်းထားလေ့ ရှိပါတယ်။ မီးကင်ထားတဲ့ အသားမျိုးကျတော့ ပိုလီဆိုက်ကလစ် အေရိုမက်တစ် ဟိုက်ဒရိုဂျင် ကာဘွန်တွေ ပါဝင်နေတတ်တယ်။ ဒီအချက်အလက်တွေ အားလုံးက နှလုံးထိခိုက်မှုကို သာမန်ထက် မြင့်တက်သွားစေတတ်ပါတယ်”ဟု ပြောကြားသွားသည်။

_Ref; Dailydigestnews
  7daydaily

ဝက်ခြံကာကွယ်ကုသနည်းအဆင့်ဆင့်

Posted by drmyochit Monday, June 16, 2014, under | No comments



 သင့်တွင်ဝက်ခြံရောဂါလက္ခဏာများရှိပါက ဆရာဝန်က သင်၏အသားအရေကို စစ်ဆေးအကဲဖြတ်ခြင်းဖြင့်ရောဂါကိုအတည်ပြု ပေးနိုင်ပါလိမ့်မည်။

အိမ်တွင် ဝက်ခြံကုသနည်း

မျက်နှာမှအဆီနှင့် အညစ်အကြေးများကိုဖယ်ရှားရန် မပြင်းမပျော့သောဆပ်ပြာကိုသုံး၍ နေ့စဉ်ဆေးကြောသန့်စင်ပါ။ ခေါင်းပုံမှန်လျှော်ပါ။ ဆံပင်နှင့် မျက်နှာထိမနေပါစေနှင့်။

ဝက်ခြံများကို မညှစ်ပါနှင့်။ ဘက်တီးရီးယားများ ပျံ့နှံ့နိုင်ပြီး အဆီပို ထွက်လာစေသည်။ ဦးထုပ်များ (သို့မဟုတ်) ခေါင်းစည်းများတင်းတင်းကျပ်ကျပ်ဝတ် ဆင်စည်းနှောင်ထားခြင်းမျိုးရှောင်ပါ။

သင့်မျက်နှာကိုမထိပါနှင့်။ ဝက်ခြံမထွက်စေပါဟု တံဆိပ်ကပ်ထားသော (သို့မဟုတ်)ရေကို အခြေခံသော မိတ်ကပ်ကိုသာသုံးပါ။

ဆေးဝါးဖြင့် ကုသခြင်း

ဝက်ခြံပျောက်ရန် ကိုယ့်အစီအစဉ်ဖြင့် ကြိုးစားမှုများမအောင်မြင်ပါက အကူအညီဖြစ်စေမည့် ဆေးဝါးများရှိပါသည်။ ယင်းဆေးဝါးအများစုတွင် အရေပြားခြောက်သွေးမှု (သို့မဟုတ်) ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်သော ပစ္စည်းများပါဝင်သည်။

ဘန်ဇွိုင်းပါအောက်ဆိုက် (benzoyl peroxide)

ဝက်ခြံများအသစ်ထွက်မလာစေရန်နှင့် ရှိပြီးဝက်ခြံများခြောက်၍ ပျောက်သွားစေရန် အသုံးပြုသော လိမ်းဆေးများနှင့် ဝက်ခြံပျောက် ဆေးခရင်မ်များစွာတွင် ဘန်ဇွိုင်းပါအောက်ဆိုက်ပါဝင်သည်။

ဆာလ်ဖာ (sulfur)

လိုးရှင်းများ၊ သန့်စင်ဆေးများနှင့် တစ်ခါသုံးမျက်နှာကပ်ခွာများတွင်ပါဝင်သည့် ထူးခြားသောအနံ့ရှိသော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည်။

ရီဆော့စီနယ်လ် (resorcinol)

သေဆုံးသွားသော အရေပြားဆဲလ်များကို ဖယ်ရှားရာတွင်သုံးသည့် တွေ့ရနည်းသော ပစ္စည်းတစ်မျိုးဖြစ်သည်။

ဆာလီဆိုက်လစ်အက်စစ် (Salicylic acid)

ဆပ်ပြာများ၊ ဝက်ခြံပျောက်စေသည့် သန့်စင်ဆေးများတွင်ပါဝင်သည့် အထက်ပါပစ္စည်းများပါဝင်သော ဝက်ခြံပျောက်ဆေးများ ရွေးဝယ်သုံးပါ။ တစ်ခါတစ်ရံတွင် ဝက်ခြံရောဂါလက္ခဏာများကိုဆက်လက်မြင်တွေ့နေရချိန်တွင် ဆေးဘက်ဆိုင်ရာအကြံဉာဏ်ရယူရန် ဆရာဝန်နှင့် သင်တွေ့ချင်ပေလိမ့်မည်။ သင့်ရောဂါလက္ခဏာများ လျှော့ချရန်နှင့် အမာရွတ်များမဖြစ်စေရန် ကူညီနိုင်မည့် ဆေးဝါးများ ဆရာဝန်က ညွှန်းနိုင်သည်။

ထပ်ဆောင်းကုသမှု

ပြင်းထန်သော ဝက်ခြံများကိုကုသရန်နှင့် အမာရွတ်များမဖြစ်စေရန် ထပ်ဆောင်းလုပ်ထုံးလုပ်နည်းများကို ဆရာဝန်က အကြံပေးပါလိမ့်မည်။ ယင်းလုပ်ထုံးလုပ်နည်းများစွာမှာ ပျက်စီးသွားသည့်အရေပြားကို ဖယ်ရှားခြင်းပင်ဖြစ်သည်။

အလင်းစွမ်းအင်ဖြင့်ကုသနည်း (Photodynamic therapy)

လေဆာဖြင့်ကုသနည်းဟုလည်း သိရသည်။ အရေပြား၏ အပေါ် ဆုံးအလွှာကို အလင်းစွမ်းအင်ဖြင့် ဖယ်ရှားပစ်ခြင်းဖြစ်သည်။

ဝက်ခြံများကို ခွဲစိတ်ဖယ်ရှားခြင်း (dermabrasion)

လည်နေသော စုတ်တံဖြင့် အပေါ်ဆုံးအရေပြားအလွှာကို ဖယ်ရှားသောနည်းဖြစ်သည်။

ဓာတုဗေဒနည်းဖြင့် အရေခွံကွာစေခြင်း (chemical peel)

အပေါ်ဆုံးအရေပြားလွှာကို လောင်ကျွမ်းပျောက်ကွယ်သွားစေ မည့် ဓာတုဗေဒတစ်မျိုးကို သင်၏မျက်နှာပေါ်တွင် အလှအပ ပညာဆိုင်ရာ ဆရာဝန်က ထည့်ပေးလေ့ရှိသည်။ ယင်းအရေပြားမှာ နောက်ပိုင်းတွင် ကွာကျသွားမည်ဖြစ်ကာ ပျက်ဆီးမှုနည်းသေးသော အောက်မှ အရေပြားပေါ်ထွက်လာမည်ဖြစ်သည်။

ဝက်ခြံကို မည်သို့ကာကွယ်နိုင်သနည်း

ဝက်ခြံကာကွယ်ရန် ခက်ခဲပါသည်။ သို့သော် အောက်ပါဖော်ပြပါ နည်းလမ်းများဖြင့် ဝက်ခြံကာကွယ်ရန် ကြိုးစားနေသော သင့်အတွက် အကူအညီဖြစ်ပါစေလိမ့်မည်။

ဆီပါဝင်မှုမရှိသော မျက်နှာသန့်စင်ဆေးဖြင့် တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ။ အဆီပိုများကိုဖယ်ရှားရန် ခရင်မ်များသုံးပါ။ ဆီပါသော မိတ်ကပ်များလိမ်းခြင်းရှောင်ပါ။ မိတ်ကပ်များဖယ်ရှားပစ်ခြင်းအပါအဝင် အိပ်ရာမဝင်မီ အရေပြားကို နှံ့နှံ့စပ်စပ်ဆေးကြောသန့်စင်ပါ။  လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေချိုးပါ။ တင်းကျပ်သော အဝတ်အစားများမဝတ်ပါနှင့်။   —Ref: Internet

7DAY DAILY

Sunday, June 15, 2014

Blood pressure and Anemia သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ

Posted by drmyochit Sunday, June 15, 2014, under | No comments

Low BP သွေးဖိအားနည်းတာနဲ့ Anemia သွေးအားနည်းတာ မတူပါ။ ၂ မျိုးလုံးကနေ ခေါင်းမူးတာကို ဖြစ်စေနိုင်တယ်။ ဖြစ်နေတာတိကျမှ ဆေးနည်းညွှန်တာသင့်ပါမယ်။ ဘာလို့ ဖိအားကျနေသလဲ။ ဘာလို့ သွေးအားနည်းလဲ ခွဲသိရပါမယ်။

သွေးယိုရင် သွေးအားနည်းမယ်။ တိုင်းကြည့်ရင် BP ကျနေမယ်။ လူက နေမကောင်းဖြစ်မယ်။ သွေးလဲ မယိုတော့၊ ဆေးလိုတာကုလိုက်ရင်လဲ သွေးဖိအားပြန်ကောင်းမယ်။ ဒါပေမဲ့ လူက မကောင်းသေးတာ ဖြစ်တတ်တယ်။ အဲဒါ သွေးအား ဆက်နည်းနေသေးတာပါ။

ဒါကို နားလည်ဘို့ Anemia “သွေးအားနည်းတာ” နဲ့ Blood pressure “သွေးဖိအား” ဆက်စပ်တာလေး နဲနဲသိဘို့လိုတယ်။ သွေးဖိအားကို တချို့က “သွေးပေါင်ချိန်” လို့ ခပ်လွယ်လွယ်ခေါ်တာ နုတ်ကျိုးနေကြတယ်။ “သွေးဖိအား” ဆိုမှ မှန်တယ်။ အရေအတွက်၊ ပမာဏ၊ အတိုင်းအတာတွေကိုပြောရင် ကိန်းဂဏန်းတွေရဲ့ နောက်မှာ (ယူနစ်) တခုခု ထည့်ပြောရတယ်။

(ယူနစ်) ဆိုတာ
“အရပ် ၅ ပေ ၂ လက္မရှိတဲ့ မွေးလူနာ ရောက်လာတယ်။ ကိုယ်အပူချိန် ၉၈့၆ ဒီဂရီ F ဖါရင်ဟိုက် နဲ့ နှလုံးခုန်နှုန်း 80/min ရှိတယ်။ သွေးဖိအား တိုင်းတော့ 100/70 mmHg ရှိတယ်။ ကြာနေလို့ 5% Dextrose 500 cc ထဲမှာ သားအိမ်ညှစ်အား ကောင်းတဲ့ဆေး Oxytocin 2 ml တလုံးထည့်ပြီး သွင်းပေးတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်္ဘာ ၂၇ ရက် ည ၁၁ နာရီ ၃ဝ မိနစ်မှာ သူမွေးလိုက်တဲ့ ကလေးက ၅ ပေါင် ၈ အောင်စ လေးတယ်။ ကလေးခေါင်းက ၃၂ စင်တီမီတာရှိတယ်။”

ဒီမှတ်တမ်းထဲမှာ ‘ယူနစ်’ တွေ အမျိုးမျိုးတွေ့ရပါမယ်။ ‘ပေ’၊ ‘လက္မ'၊ ‘ဖါရင်ဟိုက်’၊ ‘mmHg’, ‘ml’ စတာတွေ။ သွေးဖိအားကို mmHg ဆိုတာနဲ့ မှတ်သားပါတယ်။ mm ဆိုတာ မီလီမီတာ၊ Hg ဆိုတာ (မာကျူရီ)။ သွေးဖိအားတိုင်း ကရိယာမှာ မာကျူရီ ခေါ်တဲ့ ပြဒါးပါပြီး၊ ဖန်ပြွန်လေးမှာ ရေးမှတ်ထားတာတွေက မီလီမီတာတွေမို့ (မီလီမီတာ-မာကျူရီ) ဆိုပြီးရေးရတာ ဖြစ်ပါတယ်။ ‘ပေါင်’ နဲ့ မဟုတ်ပါ။

သွေးဖိအား အနည်း-အများကို BP နဲ့ တိုင်းရပေမဲ့၊ သွေးအားအနည်း-အများကိုတော့ လူကို ကြည့်လိုက်ရင် အသားအရေ ဖြူဖွေးနေတာ မြင်ရမယ်၊ ခေါင်းမူးတယ်၊ အလုပ်လုပ်ရင်မောတယ်၊ စသဖြင့် (ကွန်ပလိန့်) လုပ်မယ်။ ဓါတ်ခွဲခန်းမှာ သွေးစစ်မှ တိတိကျကျသိရလိမ့်မယ်။ အဖြေထွက်ရင် Hb (ဟီမိုဂလိုဘင်) ဘယ်လောက် ရှိတယ်ဆိုတာပါလာမယ်။
• မွေးစကလေး = 17-22 gm/dl
• ကလေး = 11-13 gm/dl
• လူကြီး-ယောက်ျား = 14-18 gm/dl
• လူကြီး-မိန်းမ = 12-16 gm/dl

လူကြီးတယောက်မှာ သွေးထုတည် ၅ (၄့၇) လီတာ ရှိတယ်။ Drip ပုလင်း ၁ဝ ပုလင်းပေါ့။ လူ့သွေးဆိုတာ ကြည့်ရင်တော့ အရည်၊ သေသေခြာခြာစစ်ရင် အရည်ထဲမှာ အခဲတွေလဲပါတယ်။ အခဲဆိုတာတွေက သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုံတွေ ဖြစ်တယ်။ အချိုးအဆက အခဲ ၄၅% နဲ့ အရည် ၅၅%။ သွေးရဲ့အလုပ်က အာဟာရနဲ့ အောက်စီဂျင်တွေကို သယ်ပို့ပေးတာနဲ့ မလိုတာတွေကို ပြန်စွန့်တာလဲလုပ်ပါတယ်။ အပူချိန်ကိုလဲ ထိန်းညှိပေးသေးတယ်။ နောက်ပြီး ရောဂါဘယတွေကို တိုက်ထုတ်တာမှာလဲ သူပါသေးတယ်။

“တောင်ပေါ်-မြေပြန့်၊ တမြေထဲနေ-တရေထဲသောက်၊ တသွေးထဲ-တသားထဲ” ဆိုတာ အင်မတန်ကောင်းလှတဲ့ နိုင်ငံရေး (စလိုဂင်) ဖြစ်ပါတယ်။ ကွာတာလေး ထောက်ပြရင် တမျိုး မထင်ကြပါနဲ့။ အမြင့် နေရသူတွေမှာ သွေးပိုကြတယ်။ သူတို့မှာ သွေး ၁ လီတာကနေ ၁့၉ လီတာ ပိုရှိကြတယ်။ ပြောခဲ့သလို အောက်စီဂျင် သယ်ပို့တာ လုပ်ရတော့ အထက် ရောက်လေ လေပါးလေမို့၊ လိုတာ လုပ်နိုင်အောင် ပိုတာ ဖြစ်လာစေပါတယ်။

နှလုံးကနေ သွေးတွေကို ညှစ်ထုတ်နေတာက လက်ထဲမှာ စပရင်ထည့်ပြီး လက်မောင်းကြွက်သား သန်မာအောင် လုပ်နေသလိုဘဲ။ ညှစ်လိုက်၊ လျှော့လိုက်။ မီးသတ်ပိုက်ကနေ ရေပန်းသလိုမဟုတ်ပါ။ ညှစ်တဲ့အခါ နှလုံးအဆို့ရှင်တွေ ဖွင့်တာ-ပိတ်တာနဲ့ နှလုံးထဲက သွေးတွေက လှိုင်းတွေလိုဖြစ်တော့ နှလုံးခုန်သံဆိုတာ ဖြစ်လာစေတယ်။ ဗိုက်ထဲက ကလေး နှလုံးခုန်သံကို Doppler ကရိယာနဲ့ နားထောင်တော့ ကိုယ်ဝန် ၉-၁ဝ ပါတ် ရှိမှသာ ကြားနိုင်ပေမဲ့၊ သန္ဓေသား ၅ ပါတ် ကတည်းကနေ နှလုံးစခုန်တယ်။ သေဆုံးတဲ့အထိ မရပ်မနား ခုန်နေတယ်။

အဲလို နှလုံးက ညှစ်ထုတ်တဲ့အခါ သွေးတွေကနေ သွေးလွှတ်ကြောနံရံအပေါ်မှာ သက်ရောက်နေတဲ့အား ဘယ်လောက် ရှိလဲ တိုင်းတာကို သွေးဖိအားလို့ ခေါ်လိုက်တယ်။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာပါ။ နှလုံး တခါ ခုန်တာမှာ နှစ်ခါ ပြောင်းတယ် ပြောရမှာဘဲ။ နှလုံးညှစ်ချိန်မှာ ရှိတဲ့အားက များတာပေါ့။ မညှစ်တဲ့ချိန်မှာလဲ နည်းပေမဲ့၊ ဖိအားက ရှိနေတာမို့ သုညတော့ မဟုတ်ဘူး။ အပေါ်ဂဏန်းကို Systolic pressure နဲ့ အောက်ဂဏန်းကို Diastolic pressure လို့ ခေါ်တယ်။

သွေးဖိအားကို သက်ရောက်စေတာတွေက အလွန့်အလွန်များတယ်။ ကြီးတာက စရရင် ကမ္ဘာ့ဆွဲအား၊ ကျား-မ၊ အသက်၊ လှုပ်ရှားမှု၊ စတာတွေ အားလုံးထဲမှာ သွေးအားနည်းတာနဲ့ တိုက်ရိုက်ဆိုင်တာတွေက သွေးအပျစ်-အကျဲနဲ့ သွေးထုတည်။

သွေးအားနည်းတာဆိုရင် အစာအာဟာရ ပြည့်ဝ-မျှတအောင်စားတာက ဆေးထက် ပိုထိရောက်တာလဲရှိပါတယ်။ သွေးအားနည်းတာကို ယေဘုယျ သံဓါတ်ပါတဲ့ ဆေး-အစာလိုတယ်။ Iron သံဓါတ်ပါတာမျိုး၊ ဥပမာ Ferrous sulfate, Ferrous fumarate, Furamin BC, Obimin စားဆေး။ သွေးဖိအားဆိုတာ တချို့မှာ ပုံမှန်ကိုက နည်းနေတာလဲ ရှိတတ်တယ်။ နည်းနေလို့ ဘယ်လိုမှ မနေရင် စိုးရိမ်စရာမရှိပါ။ အတူနေပြီး ခေါင်းကိုက်တာဟာ Viagra လိုဆေးမျိုး သောက်ထားရင် ဖြစ်ပါတယ်။

လူတယောက် ဘာလို့ သွေးအားနည်းရလဲ။ လွယ်လွယ်လေးပြောရရင် သွေးယို-သွေးသွန်လို့ပါ။ (သွားဖုံး၊ နှာခေါင်း၊ ဆီးထဲ-ဝမ်းထဲ) ဘယ်ကပါပါ၊ (အနာ-ဒဏ်ရာ၊ မီးဖွါး၊ ကလေးပျက်၊) ဘာကြောင့်ထွက်ထွက်၊ သွေးအားနည်းမယ်။ အခု ထွက်ရင် အခု သွေးအားနည်းမယ်။ ဖြစ်နေတာကြာသူတွေမှာ နာတာရှည် သွေးအားနည်းတာ ဖြစ်မယ်။ ဒီလူနှစ်ဦး မတူကြဘူး။

ဆိုပါစို့ လူတယောက်ကနေ သွေး ၂ ပုလင်းစာ၊ ၁ လီတာလောက် ယိုထွက်-ကုန်ခမ်းသွားမယ်။ သူ့မှာ နေကောင်းတုံးက ၁ဝ ပုလင်း ရှိခဲ့တော့ ၈ ပုလင်းဘဲ ကျန်တော့မှာပေါ့။ ချက်ချင်း သွေးဖိအားကျတော့မယ်။ ပြောခဲ့သလို ကွန်ပြူတာထက် ကောင်းတဲ့ သမမျှတနေစေအောင် စီမံမှုစနစ် Homeostasis ကနေ အရည်ထုထည်ကို ၁ဝ ပုလင်းစာ ပြန်ရှိလာအောင် အပြင်းအထံ ကြိုးပမ်းတော့တယ်။

သွေးထုထည်ကို သုံးမျိုးကနေ အဓိကလုပ်ပေးတယ်။ နှလုံးသွေးထုတ်နိုင်စွမ်း၊ သွေးထုထည်နဲ့ တစ်ရှူးတွေရဲ့ စိမ့်ထွက်နိုင်စွမ်းတွေက သံကြိုးကွင်းဆက်တွေ ဖြစ်တယ်။ သွေးပမာဏ ကျသွားရင် နှလုံးကထုတ်နိုင်တာ လျှော့လို့ ရင်းစားပြန်ရအောင် တစ်ရှူးထဲက အရည်တွေကို ထုတ်သုံးတယ်။

အရည်တွေကို သွေးထဲ စုပ်ယူလို့ ထုထည်တော့ ပြည့်ပါရဲ့ သွေးနီဥတွေကို အချိန်မီထုတ်မပေးနိုင်သေးတာမို့ အခဲကနည်း အရည်ကများလို့ သွေးကျဲတယ်ဆိုတာ ဖြစ်လာတယ်။ ရေရောတဲ့ ယမကာသောက်ရသလို အရက်သမားမမူးပါ။ သွေးအား နည်းသူကတော့ မူးလိမ့်မယ်။ အလုပ်ပုံမှန်မလုပ်နိုင်၊ လှုပ်ရှားရင် မောလွယ်မယ်။

သွေးထုထည် တိုးလာတာနဲ့ သွေးဖိအားလိုက်တက်လာမယ်။ သွေးဖိအားကို ထိန်းညှိတဲ့ တခြားရှုတ်ထွေးတဲ့ အစီအမံ တွေကလဲ လိုက်လုပ်ပေးတယ်။ တချိန်မှာတော့ BP တိုင်းကြည့်ရင် (နော်မယ်လ်) ဖြစ်လာလိမ့်မယ်။ ခက်တာက သူ့ကိုယ်က ပုံမှန် မရောက်သေးပါ။ ဘာတွေလိုသေးလဲ၊ ဘာတွေဖြစ်ကုန်တာလဲ။

သွေးနီဥရဲ့ ပင်မတာဝန်က သွေးကို သန့်အောင်လုပ်ပေးတာ ဖြစ်တယ်။ အသက်ရှူတဲ့ထဲက အောက်စီဂျင်ကို သွေးနီဥမှာ ပါတဲ့ (ဟီမိုဂလိုဘင်) နဲ့ သွားပေါင်းပေးရတယ်။ လူတယောက်ရဲ့ သွေးတစက် (၁ စီစီ) ထဲမှာ သွေးနီဥပေါင်း ၅ သန်း၊ အဖြူ ၅ ထောင်ကနေ ၁ သောင်း၊ သွေးမှုံ ၂ သိန်းကနေ ၃ သိန်းပါတယ်။ သွေးအရည်ပိုင်း (ပလာစမာ) ထဲမှာ အာဟာရအပြင် ဓါတ်ဆားတွေလဲ ပါသေးတယ်။ သွေးအားနည်းနေသူဟာ လူပုံလူပမ်း မပိန်ရင်တောင် လေးချိန်က လျှော့နေမယ်။ ကိုယ်အလေးချိန်ရဲ့ ၁၁ ပုံ ၁ ပုံက သွေးကြောင့် လေးတာဖြစ်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်တာမို့ လေးပါတယ်။

ဒါ့ကြောင်း သွေးယိုလို့ သွေးအားနည်းနေသူကို သွေးသွင်းတာ အကောင်းဆုံးဖြစ်တယ်။ Drip သွင်းတာဟာ အရေးပေါ်သာ ကောင်းပြီး၊ သွေးထုထည်ကိုတော့ များလာမှာမို့ (ပရက်ရှာ) တက်လာပေမဲ့ သွေးကျဲနေမယ်။ ဆေး၊ အာဟာရတွေနဲ့ ကုစားရင် အချိန်ယူရလိမ့်မယ်။ ကြားထဲကာလမှာ လူမမာသာ ဖြစ်နေအုံးမယ်။ ခြေလက် အေးစက်နေမယ်။ မျက်နှာတွေ၊ နုတ်ခမ်းတွေ ဖြူရော်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ မြန်နေမယ်။ လိုတာ မီအောင် နှလုံးက ပိုလုပ်ပေးနေရလို့ပါ။

နေကောင်းတုံးကလို ရှိသမျှသွေးက တကိုယ်လုံး အနှံ့ ညီတူ-မျှတူ မဝေနိုင်ဘူး။ စိတ်ဝင်စားဘို့ ကောင်းတာက ဗဟိုကျတာ အရေးပါတာတွေကိုသာ ဦးစားပေးရတော့တယ်။ ခြေဖျား-လက်ဖျား၊ နားရွက်နားတွေထက် နှလုံး၊ ဦးနှောက် ကျောက်ကပ်တွေကို မျက်နှာလိုက်တယ်။ “အကျိုးစီးပွါး ဝိရောဓိ ဖြစ်တယ်” ဆိုတာ နိုင်ငံရေးနဲ့ စီးပွါးရေးမှာသာ ရှိတာ မဟုတ်ပါ။ ဇီဝကမ္မဗေဒမှာလဲ ရှိတာဘဲ။

Dr. တင့်ဆွေ

Wednesday, June 11, 2014

အမျိုးသမီးတွေ မျိုးဥကြွေရက်သိရှိဖို့

Posted by drmyochit Wednesday, June 11, 2014, under | No comments

အမျိုးသမီးတွေဟာ ကလေးယူချင်တဲ့အခါ မျိုးဥကြွေတဲ့ရက်ကို ကြိုတင်သိရှိနိုင်ပါက ပိုမိုအဆင်ပြေတာတွေ့ရပါတယ်။ကလေးရဖို့ ကြိုတင်ပြင်ဆင်နိုင်သလို အခွင့်အရေးပိုများတယ်။ ဆေးပညာအရ မျိုးဥကြွေမယ့်ရက် ကြိုတင် သိရှိနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။
ကိုယ်အပူချိန်တိုင်းတာခြင်း၊
မွေးလမ်းကြောင်းမှ တီဗွီဓာတ်မှန်ရိုက်ခြင်း၊
သွေးစစ်ခြင်း၊
ဆီးစစ်ခြင်း၊
သားအိမ်ခေါင်းမှ အရည်ကို စမ်းသပ်ခြင်း၊
သားအိမ်တွင်းနံရံမှ အသားစယူခြင်း၊
စသည်ဖြင့် အမျိုးမျိုးစစ်ဆေးနိုင်ပါတယ်။
ဒီထဲမှာ အလွယ်ကူဆုံးက အပူချိန်တိုင်းခြင်းနဲ့ ဆီးစစ်ခြင်းတို့ ဖြစ်ကြပါတယ်။ ဆီးစစ်ခြင်းဟာ မျိုးဥကြွေရက်သိရှိဖို့ အတွက် ပိုမိုအသုံးဝင်သလို ပိုမိုတိကျတာတွေ့ရပါတယ်။

LH (luteinizing hormone)ဆိုတာ
ဦးနှောက်မှာရှိတဲ့ ပစ်ကျူထရီဂလင်း(pituitary gland)ကနေ luteinizing hormoneဆိုတာကို ထုတ်လုပ်ပေးပါတယ်။ ovaryမျိုးဥအိမ်ကနေ eggမျိုးဥထုတ်လုပ်ဖို့ LHဟော်မုန်းက လှုံ့ဆော်ပေးရတယ်။ မျိုးဥအိမ်က မျိုးဥထုတ်လုပ်တဲ့ဖြစ်စဉ်ကို ovulation မျိုးဥကြွေခြင်းလို့ ခေါ်ပါတယ်။ ထွက်လာတဲ့ မျိုးဥဟာ ၂၄နာရီအတွင်း sperm သုတ်ကောင်နဲ့ ပေါင်းစပ်တဲ့အခါ fertilization မျိုးအောင်ပြီး ကလေးရနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟော်မုန်းဓာတ်တွေဟာ သွေးထဲမှာများလာတဲ့အခါ ဆီးထဲမှာလည်း စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

LH surge ဆိုတာ
သွေး(သို့) ဆီးထဲမှာ LHပမာဏရုတ်တရက် များလာတာကို ခေါ်ပါတယ်။ ဒီလိုများလာပြီး မကြာမှီ မျိုးဥကြွေတော့မယ်ဆိုတာ သိရှိနိုင်တယ်။ LH surgeဖြစ်ပြီး ၂၄နာရီမှ ၄၈နာရီအတွင်း မျိုးဥကြွေတတ်ပါတယ်။ မျိုးဥကြွေတဲ့ရက်တွေမှာ အတူနေရင် ကလေးရဖို့ အခွင့်အလန်း ပိုများစေပါတယ်။ ထွက်လာတဲ့ မျိုးဥတွေဟာ ၂၄နာရီအတွင်း သုတ်ပိုးနဲ့ပေါင်းစပ်နိုင်မှ ကိုယ်ဝန်ရနိုင်တယ်။ဒါ့ကြောင့် ကလေးလိုချင်သူတွေဟာ LH surgeဖြစ်ပြီး ၂၄နာရီနောက်ပိုင်းနဲ့ ၄၈နာရီအတွင်း အတူနေသင့်တယ်။

Urine LH surge test ဆီးစစ်ခြင်း
Test strip ဆီးစစ်တံ သုံးပြီး စစ်နိုင်သလို cassette ဆီးစစ်ပစ္စည်း သုံးပြီး စစ်ဆေးနိုင်တယ်။ test stripဆီးစစ်တံက ဈေးပိုချိုမယ်။ တစ်ဗူးမှာ ၅ချောင်းမှ ၇ ချောင်းထိပါနိုင်တယ်။ အဖြေကို မိနစ်ပိုင်းအတွင်းသိနိုင်တယ်။LHစစ်တဲ့အခါ မနက်ခင်းသွားတဲ့ ဆီးနဲ့ မစစ်သင့်ဘူး။ အဖြေမှားတတ်တယ်။ မနက်ပိုင်းမှာ ဟော်မုန်းအများစုဟာ synthesis လုပ်ကြတယ်။ ဒါ့ကြောင့် မနက် ၁၀နာရီမှ ည ၈နာရီအတွင်း သွားတဲ့ဆီးကို စစ်ကြည့်ရတယ်။ အကောင်းဆုံးက နေ့လည် ၁၂နာရီနောက်ပိုင်းနဲ့ ညနေ၄နာရီအတွင်းသွားတဲ့ဆီးမျိုးကို စစ်ဆေးသင့်တယ်။ ဆီးမစစ်ခင် ၂နာရီအတွင်း အရည်ကို လျှော့သောက်သင့်တယ်။ ဆီးစစ်တဲ့အခါ ဆီးရောင်ဝါနေရင် ပိုကောင်းတယ်။ LHစစ်ဖို့အတွက် ဆီးအောင့်ထားဖို့ မလိုအပ်ဘူး။

Test strip ဆီးစစ်တံနဲ့ စစ်ဆေးခြင်း
ညနေပိုင်းသွားတဲ့ဆီးကို သန့်စင်တဲ့ခွက်တခုနဲ့ ခံယူပါ။
Test stripကို ဆီးထဲသို့ stop line အနက်လိုင်းရောက်အောင် တည့်တည့်နှစ်ပါ။
၅စက္ကန့်ခန့်နှစ်ပြီး စားပွဲပေါ် တင်ကြည့်ပါ။
၅မိနစ်အတွင်း ပေါ်လာသောအဖြေကို ဖတ်ပါ။
Control တလိုင်းသာပေါ်လျှင် negative ဖြစ်ပြီး နှစ်လိုင်းပေါ်လျှင် LH surge positiveဖြစ်ပါတယ်။ အကယ်၍ တလိုင်းမှာ အရောင်မှိန်နေလျှင် negative ဟုသာ သတ်မှတ်ရပါမယ်။

Cassette ဆီးစစ်ပစ္စည်းနှင့် စစ်ဆေးခြင်း
-ညနေပိုင်းဆီးကို သန့်စင်သောခွက်တခုနဲ့ ခံယူပါ။
-test kit အထုပ်ထဲမှာ ပါဝင်သော dropperယူပြီး ဆီးအနည်းငယ် စုပ်ယူ့ပါ။
-ထို့နောက် cassette boxထဲသို့ ဆီး၅စက်ခန့် ထည့်ပါ။
-အဖြေကို ၁၀မိနစ်အတွင်း ဖတ်ရှုနိုင်ပါတယ်။ အများအားဖြင့် ၁မိနစ်အတွင်း အဖြေပေါ်ပါလိမ့်မယ်။
-၁၀မိနစ်နောက်ပိုင်းအဖြေကို အတည်မယူသင့်ပါ။
-Control တလိုင်းသာပေါ်လျှင် negative ဖြစ်ပြီး နှစ်လိုင်းပေါ်လျှင် LH surge positiveဖြစ်ပါတယ်။ အကယ်၍ တလိုင်းမှာ အရောင်မှိန်နေလျှင် negative ဟုသာ သတ်မှတ်ရပါမယ်။

စစ်တဲ့အခါ မိမိရာသီစက်ဝန်းကိုကြည့်ပြီး စစ်ဆေးရပါတယ်။ ပုံမှန် ၂၈ရက်တစ်ခါ ရာသီလာသူတွေဟာ အလယ်ရက်တွေမှာ မျိုးဥကြွေတတ်ပါတယ်။ ၂၈ရက် ရာသီလာသူတွေဟာ ၁၁ရက်မှ ၁၄ရက်အတွင်း မျိုးဥကြွေတတ်တယ်။ တယောက်နဲ့ တယောက်တော့ မျိုးဥကြွေရက်မတူညီကြဘူး။ တခါတရံ ရာသီလာပေမယ့် မျိုးဥမကြွေတာ၊ LH surge မဖြစ်တာမျိုးတွေ့ရတတ်တယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုတယ်။ တခါတရံ LH surgeဖြစ်ပြီး အတူနေပေမယ့် ကလေးမရတာမျိုးလည်း ဖြစ်နိုင်တယ်။ ကလေးရဖို့ဆိုတာ တခြားအခြေခံအကြောင်းအရာတွေလည်း လိုအပ်သေးတယ်။ မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကောင်းတဲ့အချက်က ဆီးစစ်ရတာ လွယ်ကူသလို အဖြေဟာ ၉၉.၈ရာခိုင်နှုန်း မှန်ကန်တယ်။ဆီးထဲမှာ အနည်းဆုံး LH ပမာဏ 20mIUပါရင် positiveရှိတယ် လို့ပြမယ်။ တရက် တကြိမ်ဆီးစစ်တာနဲ့ လုံလောက်တယ်။ ကိုယ်ဝန်မရသေးရင် နောက်ရာသီစက်ဝန်းတွေမှာလည်း ထပ်မံစစ်ဆေးဖို့လိုအပ်သေးတယ်။ ၆လအတွင်း ကိုယ်ဝန်မရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။

ရာသီစက်ဝန်း ဘယ်ရက်တွေမှာ စတင်စစ်ဆေးမလဲ။
၂၁ရက်တခါ ရာသီလာတဲ့သူတွေဟာ ရာသီစပေါ်ပြီး ၆ရက်မြောက်နေ့မှာ ဆီးစတင် စစ်ဆေးရမယ်။၂၈ရက်တခါရာသီလာသူတွေက ရာသီစပေါ်ပြီး ၁၁ရက်မြောက်နေ့မှာ ဆီးစစ်ရမယ်။ ရာသီမမှန်တာရှိရင် နောက်ဆုံးရာသီလာတဲ့ ၃လအတွင်း ပျမ်းမျှယူပြီး တွက်ချက်ရမယ်။

ပုံမှန်လာတတ်တဲ့ ရာသီရက် ဆီးစစ်သင့်တဲ့ရက်
၂၁ရက်၊၂၂ရက် ၆ရက်မြောက်နေ့
၂၃ရက်၊၂၄ရက် ၇ရက်မြောက်နေ့
၂၅ရက် ၈ရက်မြောက်နေ့
၂၆ရက် ၉ရက်မြောက်နေ့
၂၇ရက် ၁၀ရက်မြောက်နေ့
၂၈ရက် ၁၁ရက်မြောက်နေ့
၂၉ရက် ၁၂ရက်မြောက်နေ့
၃၀ရက် ၁၃ရက်မြောက်နေ့
၃၁ရက် ၁၄ရက်မြောက်နေ့
၃၂ရက် ၁၅ရက်မြောက်နေ့
၃၃ရက် ၁၆ရက်မြောက်နေ့
၃၄ရက် ၁၇ရက်မြောက်နေ့
၃၅ရက် ၁၈ရက်မြောက်နေ့
၃၆ရက် ၁၉ရက်မြောက်နေ့
၃၇ရက် ၂၀ရက်မြောက်နေ့
၃၈ရက် ၂၁ရက်မြောက်နေ့

ဆီးစစ်တဲ့အခါ အနည်းဆုံး ၅ရက်ခန့် ဆက်တိုက်စစ်ဖို့လိုအပ်သလို ထပ်စစ်ဖို့ လိုကောင်းလိုနိုင်တယ်။ positiveပြသည်အထိ ဆက်တိုက်စစ်သွားပါ။ ရာသီပြန်ပေါ်ချိန်အထိ positiveမပြရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

LH စစ်ဆေးတဲ့အခါ အချို့ဆေးတွေဟာ ဆီးအဖြေကို ပြောင်းလဲနိုင်တယ်။
အီစတိုဂျင်၊ပရိုဂျက်စတီရုန်း၊တက်စတိုစတီရုန်းပါတဲ့ ဟော်မုန်းဆေးတွေဟာ LHပမာဏ လျှော့နည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်တားဆေးတွေက ဆီးအဖြေကို ပြောင်းလဲနိုင်တယ်။ရာသီရက်ပုံမှန်ဖြစ်အောင် ၂လလောက်စောင့်ပြီးမှ စစ်သင့်တယ်။
Clomipheneပါတဲ့ မျိုးဥကြွေဆေးတွေက LH ပမာဏ များပြားစေမယ်။ ဒါ့ကြောင့် ဆေးဖြတ်ပြီး ၂ပတ်လောက်နေမှ ဆီးစစ်သင့်တယ်။
LH surge testကို တခြားရောဂါတွေအတွက်လည်း သုံးတတ်သေးတယ်။
သားအိမ်ပြင်ပသန္ဓေတည်စေဖို့မျိုးဥယူတဲ့အခါ၊
PCOS သားဥအိမ်ရောဂါ၊
သွေးဆုံးတဲ့အခါမျိုးတွေနဲ့
သားဥအိမ်မကောင်းတဲ့အခြေအနေမျိုးတွေမှာ သုံးတတ်သေးတယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal

Tuesday, June 10, 2014

မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်

Posted by drmyochit Tuesday, June 10, 2014, under | No comments

မိုးရာသီရောက်လာပြီမို့ သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာတယ်။ ကလေးမိဘတွေလဲ သွေးလွန်တုပ်ကွေးကို သတိထားလာတာ တွေ့ရပါတယ်။ ကလေးနေမကောင်းရင် သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်သူတွေလဲ မနည်းလှဘူး။ ဘာပဲပြောပြော ဒီလိုသတိထားလာတာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ လူနာတွေကလည်း ကျန်းမာရေးသတိရှိလာကြသလို ကလေးတွေကို ဂရုတစိုက် ကုလာကြတယ်။ ဒီဘက်ပိုင်းနှစ်တွေမှာ သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာတယ်။လူနာတွေကြားထဲမှာသာမက ဆရာဝန်အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ သွေးလွန်တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင်နှိမ်နှင်းရေး၊ကာကွယ်ရေးတွေကို အလေးထားပြောလာကြတယ်။

သွေးလွန်တုပ်ကွေး ဘာကြောင့် ဖြစ်လဲ။

သွေးလွန်တုပ်ကွေးဟာ ဒန်ဂီး ဗိုင်းရပ်စ်(dengue virus)တစ်မျိုးကြောင့် ဖြစ်စေပါတယ်။ flavivirus မျိုးနွယ်စုမှာ ပါဝင်ပြီး RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်။ သွေးထွက်လွန်စေ၊သွေးယိုစေနိုင်တဲ့အပြင် တုပ်ကွေး လ က္ခဏာတွေရှိလို့ သွေးလွန်တုပ်ကွေးလို့ ခေါ်ကြတယ်။ arthropod ပိုးမွှားအကောင်တွေက ကူးစက် တတ်လို့ arbovirusလို့လည်း ခေါ်နိုင်သေးတယ်။ ဖြစ်စေတဲ့ မျိုးရိုးဗီဇလိုက်ပြီး DENV 1,DENV 2,DENV 3နဲ့ DENV 4ဆိုပြီး လေးမျိုးခွဲထားတယ်။ ရောဂါအမျိုးအစား တစ်မျိုးဝင်ပြီးရင် အဲဒီအမျိုးအစားကို ဘဝတလျှောက် လုံး ထပ်မဝင်အောင် ကာကွယ်ပေးနိုင်တယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ သူ့တစ်သက် မှာ သွေးလွန်တုပ်ကွေး လေးကြိမ်ထက် ပိုမဖြစ်ဘူးလို့ ပြောစမှတ်ပြုကြတယ်။ သွေးလွန်တုပ်ကွေး ကူးစက်ခါစ မှာ တခြားအမျိုးအစား သုံးမျိုးကိုလည်း ရေတိုကာကွယ်ပေးနိုင်တယ်။ ပြဿနာတစ်ခုက နောက် တစ်ကြိမ်မှာ အခြားသွေးလွန်တုပ်ကွေးအမျိုးအစားတစ်ခုဝင်လာခြင်းဟာ ပိုပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်ဖို့ အခွင့် အလန်းပိုများလာစေတယ်။

သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ Aedes ခြင်သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို ခြင်ကတဆင့် သယ်ဆောင်ပေးပြီး လူတွေကို ကူးစက်စေတယ်။ သယ်ဆောင်ပေးတဲ့ခြင်ကို အေးဒီးစ်ခြင်(aedes mosquito) လို့ ခေါ်ပါတယ်။ အဖြစ်များဆုံးက Aedes aegypti ခြင်ကြောင့် ဖြစ်ပါတယ်။အစောပိုင်း ကာလတွေက Culex aegypti လို့ခေါ်ခဲ့ကြသေးတယ်။ ၁၉၂၀နောက်ပိုင်းမှ Aedes aegyptiလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ ကြတယ်။သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တခြား အေးဒီးစ်ခြင် အမျိုးအစားတွေက လည်း သယ်ဆောင်နိုင်သေးတယ်။

အေးဒီးစ်ခြင်ဆိုတာ

အေးဒီးစ်ခြင်တွေဟာ အဖြူအမည်း အစင်းကြားရှိတယ်။ အများစုဟာ အာဖရိကတိုက်က ပြန့်နှံ့လာတာဖြစ်ပါတယ်။ ခြင်တွေဟာ အမြင့်ပေ ၃၃၀၀အောက်မှာသာ နေထိုင်ကြလို့ တောင်ပေါ်ဒေသတွေမှာ အဖြစ်နည်းတယ်။သွေးလွန်တုပ်ကွေးပိုး(dengue virus) သယ်ဆောင်တဲ့ခြင်က ခြင်မဖြစ်ပါတယ်။ ခြင်မ ဖြစ်လို့ အသန့်အပြန့် အလွန်ကြိုက်တယ်။ ပေါက်ဖွားရင်လဲ သန့်တဲ့၊ပြန့်တဲ့ နေရာတွေမှာ အဓိက ပေါက်ဖွားတယ်။ ပန်းအိုး၊ဘုရားအိုး၊ ဗူးခွံ၊ပုံးခွံ၊တာယာအဟောင်းအပျက်တွေထဲမှာရှိတဲ့ ရေမှာ ပေါက်ဖွားတယ်။ရေဆိုးရေမြောင်းတွေမှာ ပေါက်ဖွားတာ ရှားတယ်။ နေ့ခင်းပိုင်းမှာ အစာရှာထွက်တယ်။ အထူးသဖြင့် မနက်ပိုင်း ဝေလီဝေလင်းနဲ့ ညနေစောင်းပိုင်းတွေမှာ ခြင်ကိုက် မခံရအောင် သတိထားနေထိုင်ဖို့လိုတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ခြင်ဟာ ကူးစက်ခံရပြီးနောက် ၄ရက်မှ ၁၀ရက်အတွင်း တခြားလူတွေကို ကူးစက်နိုင်တယ်။တခါကူးစက်ခံရရင် ခြင်သက်တမ်း မကုန်မချင်း တခြားလူတွေကို ထပ်မံကူးစက်နိုင်တယ်။ ခြင်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၁လ လောက် ရှိပါတယ်။

သွေးလွန်တုပ်ကွေးဆိုတာ

သွေးလွန်တုပ်ကွေးကို dengue hemorrhagic feverလို့ ခေါ်ပါတယ်။၂၀၀၉ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က uncomplicated dengue infectionသာမန် သွေးလွန်တုပ်ကွေး နဲ့ severe dengue hemorrhagic fever ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး ဆိုပြီး ခွဲခြားထားတယ်။severe dengue haemorrhagic feverကို ၁၉၅၀လောက်ကစပြီး ထိုင်းနဲ့ ဖိလစ်ပိုင်မှာ သတိထားမိလာကြတယ်။ ၁၉၇၀ မတိုင်ခင်က (၉)နိုင်ငံ လောက်သာ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးတွေ ဖြစ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ နိုင်ငံပေါင်း (၁၁၀)ကျော်လောက်မှာ ဖြစ်လာကြတာ တွေ့ရပါတယ်။ အဖြစ်များတဲ့ အာရှ၊ အာဖရိက နိုင်ငံတွေသာမက ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေမှာပါ သွေးလွန်တုပ်ကွေးကို သတိထားလာကြတယ်။ မြို့ပြယဉ်ကျေးမှုတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းတွေရဲ့ ဆိုးကျိုးလည်း ပါလိမ့်မယ်။ လေ့လာတွက်ချက်မှုတွေအရ ၁၉၆၀ နဲ့ ၂၀၁၀ နှစ်ပေါင်း ငါးဆယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်နှုန်းဟာ အဆ ၃၀ ကျော်လောက်ထိ တက်လာတာ တွေ့ရပါတယ်။နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ကျော်လောက်ဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်။အဲဒီထဲက လူပေါင်း ၅သိန်းလောက်ဟာ severe dengue hemorrhagic fever ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတက်ကုသဖို့ လိုအပ်ကြတယ်။

သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာရပ်တွေ
သွေးလွန်တုပ်ကွေး လက္ခဏာတွေက ခြင်ကိုက်ခံရပြီး ၁ပတ်လောက်ဆို စပြတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ဝင်တိုင်း ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ထိ မဖြစ်ကြဘူး။ အများစုဟာ သာမန်တုပ်ကွေးအဖျားလောက်သာ ခံစားရတယ်။ရုတ်တရက် အဖျားကြီးလာမယ်။ ၁၀၃-၁၀၄ ဒီဂရီဖာရင်ဟိုက်လောက် ရှိတယ်။ ခေါင်းကိုက်တာ၊ မျက်လုံး အောင့်တာ၊နာတာမျိုးဖြစ်တတ်တယ်။ တုပ်ကွေးသဘောဖြစ်လို့ ခြေဆစ်လက်ဆစ် ကိုက်လာတယ်။ နေလို့၊ထိုင်လို့မကောင်းဘူး။ ပျို့ချင်အန်ချင် ရှိမယ်။ အသားရဲတာ၊အနီစက်ပေါက်တာ ရှိတတ်တယ်။ တစ်ကိုယ်လုံးမှာ ပေါက်တယ်။ ကလေးဆိုရင် အနီစက်က ဝက်သက်နဲ့ ဆင်တူတယ်။ နောက်ဆင်တူတာတစ်ခုက အသက်ကြီးမှ သွေးလွန်တုပ်ကွေး ဖြစ်နိုင်သေးတဲ့အချက်ပဲ။အသက်ကြီးတဲ့သူတွေလည်း မဖြစ်ဘူးမဟုတ်ဘူး။ ဖြစ်နိုင်သေးတယ်။ ရှိတော့ရှိတယ် ရှားမယ်။ အသက် ၁၅နှစ်အောက်တွေ အဖြစ်များလို့ ကလေးတွေဖြစ်ရင် ပိုမိုသတိထားသင့်တယ်။ သိပ်ဆိုးလာရင် နှာခေါင်းသွေး၊ သွားဖုံးသွေးယိုဦးမယ်။ နည်းနည်းလောက် ထိခိုက်မိတာနဲ့ သွေးယိုလာတတ်တယ်။ထပ်ဆိုးလာရင် သွေးအန်တာ၊ သွေးဝမ်းသွားတာ ဖြစ်လာဦးမယ်။ ပိုပြီးအရေးကြီးတာက ရောဂါလက္ခဏာ ပြသပြီး ၃ရက်နဲ့ ၅ရက်အတွင်းပဲ။ရှော့ခ်ဝင်ပြီး သေဆုံးတတ်သူအများစုဟာ အဖျား ၃ရက်မြောက်နေ့နဲ့ ၅ရက်မြောက်နေ့အတွင်းဖြစ်လို့ အရေးကြီးဆုံးကာလတွေပဲ ဖြစ်တယ်။ ဒါ့ကြောင့် ၃ရက်မြောက်နေ့မှာ အဖျားကျလို့ ဝမ်းမသာစေချင်ဘူး။ သွေးယိုပြီး ရှောခ့်ဝင်တတ်တဲ့ကာလဖြစ်လို့ ဂရုစိုက်သင့်တယ်။ ဒီအဆင့်ထိရောက်လာရင် အထူးဂရုစိုက်ဖို့လိုသလို၊ဆေးရုံတက်ဖို့ လိုလာတယ်။ နည်းနေတဲ့အရည်ကို ပြန်ဖြည့်ပေးရတယ်။ လိုအပ်ရင် သွေးသွင်း၊သွေးရည်ကြည်သွင်းတာ လုပ်ရတယ်။ အခန့်မသင့်ရင် သွေးထွက်လွန်၊ ရှော့ခ်ဝင်ပြီး သေဆုံးမှာကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကို သေချာကြိုတင်ကုသနိုင်ရင် သေနှုန်းက ၁ ရာခိုင်နှုန်းအောက်ထိ ကျဆင်းသွားနိုင်တယ်။ မကုဘဲထားရင် သေနှုန်းက ၂၆ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားတယ်။

Warning signsသတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာရပ်
ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်မရောက်ခင် Warning signsခေါ်တဲ့ သတိပေးတဲ့ လက္ခဏာရပ်တွေကို သိထားသင့်ပါတယ်။
-ဗိုက်မခံမရပ်နိုင် နာလာခြင်း၊
-အဆက်မပြတ် အန်လာခြင်း၊
- နှလုံးခုန်မြန်လာခြင်း၊
-အသက်ရှုမြန်လာပြီး မောလာခြင်း၊
-သွေးအန်ပြီး ဝမ်းမဲသွားခြင်း၊
အထက်ပါ လက္ခဏာတွေ ခံစားရပြီး ၁-၂ရက်အတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ အထူးသတိထားသင့်ပါတယ်။ခြေဖျားလက်ဖျားအေးစက်လာရင်၊
အသားအရည် ဖြူဖျော့လာရင် ဆေးရုံအမြန်ဆုံးသွားဖို့ ကြိုးစားပါ။ နှောင့်နှေးမှုက အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ အချိန် တစ်ပတ်
သွေးလွန်တုပ်ကွေးမှာ အချိန်တစ်ပတ်ဆိုတာကို လွယ်လွယ်ကူကူ မှတ်သားထားသင့်တယ်။ အချိန်တစ်ပတ်နဲ့ အချက်လေးချက်ကို သိရင် ရောဂါမဖြစ်အောင် သတိထားနိုင်မယ်။
၁။ရောဂါပိုးကူးစက်ခံရတဲ့ ခြင်ဟာ ရောဂါပိုးဝင်ပြီး တစ်ပတ်လောက်နေမှ သူများကို စတင်ကူးစက်စေမယ်။ နောက်ပိုင်း သက်တမ်းတလျှောက် ရောဂါဖြန့်ဝေသူဖြစ်လာတယ်။
၂။ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရတဲ့လူဟာ အကိုက်ခံရပြီး တစ်ပတ်လောက်နေမှ ရောဂါလက္ခဏာစတင်ပြသတယ်။
၃။ရောဂါပိုးဝင်ရောက်ထားတဲ့ လူနာဟာ လက္ခဏာစတင်ပြသပြီး တစ်ပတ်အတွင်းသာ တခြားသူကို ရောဂါပိုးဖြန့်ဝေနိုင်တယ်။ အဲဒီတစ်ပတ်အတွင်း လူနာကိုကိုက်မိတဲ့ ခြင်ဟာ ကံဆိုးသူဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရတယ်။
၎။သွေးလွန်တုပ်ကွေး လက္ခဏာတွေဟာ တစ်ပတ်လောက်ကြာရင် ပြန်လည်ပျောက်ကင်းသွားနိုင်တယ်။ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်ကပဲ ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ထိ ရောက်လာပြီး သွေးယိုတာ၊သွေးလန့်တာဖြစ်နိုင်တယ်။

သွေးလွန်တုပ်ကွေးနဲ့ ကာကွယ်ဆေး
ယနေ့အချိန်ထိတော့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး မပေါ်ပေါက်သေးပါ။ရောဂါအမျိုးအစား လေးမျိုးလုံးကိုကာကွယ်ပေးနိုင်မယ့် live attenuated vaccineကို စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ မကြာမီနှစ်များအတွင်း ကာကွယ်ဆေးပေါ်ပေါက်လာနိုင်ဖွယ်ရာရှိပါတယ်။ ကာကွယ်ဆေးတွေမပေါ်ပေါက်ခင် ခြင်နှိမ်နှင်းရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးကိုသာ အလေးထား လုပ်ဆောင်သင့်ပါတယ်။

သွေးလွန်တုပ်ကွေး ကာကွယ်ရန် လိုက်နာရမည့်အချက်များ
သွေးလွန်တုပ်ကွေးကာကွယ်ရေးမှာ ခြင်ကိုက်မခံရဖို့နဲ့ ခြင်နှိမ်နင်းရေး နှစ်မျိုးလုံးက အရေးကြီးပါတယ်။
၁။နေ့ခင်းဖက် အိပ်စဉ် ခြင်ကိုက်မခံရအောင် သတိထားပါ။
၂။လိုအပ်လျှင် ခြင်ထောင်၊ခြင်ဆေး အသုံးပြုပါ။
၃။ကလေးငယ်တွေ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည် ဝတ်ပေးထားသင့်တယ်။
၎။ပန်းအိုး၊ဘုရားအိုးတွေ နေ့စဉ်ရေလဲပေးသင့်တယ်။
၅။ဗူးခွံ၊ပုံးခွံ၊တာယာဟောင်းတွေ ခြင်မပေါက်ဖွားစေရန် သတိထားပါ။
၆။ရေဆိုးရေမြောင်းတွေရှင်းလင်းပြီး ပိုးမွှားကာကွယ်ရေး ထိထိရောက်ရောက် လုပ်ဆောင်ပါ။
၇။ခြင်ခိုအောင်းနိုင်သော နေရာများကို သေချာရှင်းလင်းပါ။
၈။မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူး ဂရုစိုက်ပါ။
၉။ဖုံး၊သွန်၊လဲ၊စစ် လုပ်ဆောင်ခြင်းက ခြင်မပေါက်ဖွားအောင် ကာကွယ်ပေးနိုင်တယ်။

အဓိက သိထားသင့်သည့်အချက်များ
-Dengue virus ပိုးဝင်တိုင်း အဖျားရောဂါ ခံစားရမယ် မဟုတ်ဘူး။
-၈၀ရာခိုင်နှုန်းခန့်ဟာ လက္ခဏာမပြဘဲ နေမယ်။ အများစုဟာ သာမန်အဖျားလောက်သာ ခံစားရပြီး သူ့ဘာသာ ပျောက်ကင်းသွားတယ်။
-ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်သာ ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်။
-ဖြစ်ပွားသူရဲ့ ၉၀ရာခိုင်နှုန်းဟာ အသက် ၁၅နှစ်အောက် ဖြစ်တာကြောင့် မိမိတို့ကလေးတွေကို အထူးဂရုစိုက်သင့်တယ်။
-သွေးလွန်တုပ်ကွေးမှာ အဖျား၃ရက်မြောက်နဲ့ ၅ရက်အတွင်း အရေးကြီးဆုံး အချိန် ဖြစ်တယ်။
-ဒီအဆင့်မှာလည်း ကြိုတင်သိရှိပြီး သေချာကုသရင် သေနှုန်းက ၀.၅-၃ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်။
-ရောဂါမဖြစ်ပွားအောင် သွေးလွန်တုပ်ကွေးနဲ့ အချိန်တစ်ပတ်ဆိုတာကို သိထားသင့်တယ်။
-နေ့ခင်းပိုင်းခြင်ကိုက်မခံရအောင် ကာကွယ်ဖို့နဲ့ ခြင်နှိမ်နှင်းရေးက အရေးကြီးဆုံး အချက်တွေ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ "သွေးလွန်တုပ်ကွေး အန္တရာယ်၊ သတိထားကာ တို့ကာကွယ်" လို့သာ တိုက်တွန်းပါရစေ။

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ

ရက်တို အစားမစားဘဲ နေခြင်းဖြင့် ကိုယ်ခံအားစနစ် နှိုးဆွရန် ကူညီနိုင်

Posted by drmyochit Tuesday, June 10, 2014, under | No comments


နှစ်ရက်မှ လေးရက်အထိ အစာမစားဘဲနေခြင်းဖြင့် သက်ကြီး ရွယ်အိုများ၏ ကိုယ်ခံအားစနစ်ကို နှိုးဆွရန်နှင့် ကင်ဆာရောဂါသည် များ ဓာတုကုထုံး၏ ဆိုးကျိုးများကို တိုက်ဖျက်ရန် ကူညီနိုင်သည်။
ကြွက်နှင့် လူတို့ကို ပထမအဆင့် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအရ အချိန်ကြာကြာ အစာမစားဘဲနေခြင်းက သွေးဖြူဥအရေအတွက်ကို လျော့ကျသွားစေသည်ဟု တွေ့ရှိရကြောင်း USC Long-evity Institute ၏ ညွှန်ကြားရေးမှူး ဒေါက်တာ ဗောလ်တာလွန်ဂိုက ပြောသည်။

အစာမစားဘဲ နေခြင်းဖြင့် သွေးနှင့် ကိုယ်ခံအားစနစ်အတွက် အရေးကြီးသော သွေးနီဥပင်မဆဲလ်များအတွက် လမ်းကြောင်းများ ပြောင်းလဲမှုကို လျင်မြန်စွာ အားဖြည့်ပေးကြောင်း ကြွက်များနှင့် စမ်း သပ်ရာတွင် တွေ့ရှိခဲ့သည်ဟု Cell Stem Cell ဂျာနယ်၌ ဖော်ပြ ထားသည်။
အစာမစားချိန်တွင် ခန္ဓာကိုယ်စနစ်က စွမ်းအင်ချွေတာရန် ကြိုးစားပြီး မလိုအပ်သော ကိုယ်ခံအား ဆဲလ်များစွာကို ပြန်လည်အသုံးချခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ပျက်စီးတော့မည့် အခြေအနေရှိသော ကိုယ်ခံအားဆဲလ်များကို ပြန်လည်အသုံးချသည်။ အချိန်ကြာအစာမစားဘဲ နေပါက ကြွက်နှင့် လူများ၏ သွေးဖြူဆဲလ်အရေအတွက် ကျဆင်းသွားပြီး အစာပြန်စားချိန်တွင် သွေးဆဲလ်များ ပြန်လည်ပြန်ပေါ်လာသည်ဟု သုတေသီများ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြသည်။

အချိန်ကြာ အစာမစားဘဲ နေပါက ခန္ဓာကိုယ်သည် ၎င်းသိုလှောင် ထားသော ဂလူးကို့စ်၊ အဆီနှင့် အော်ဂဲနစ်ဒြပ်ပေါင်းများကို အသုံးပြု ရပြီး သွေးဖြူဆဲလ်အရေအတွက်ကို လျော့ကျသွားစေသည်။ အစာအကြာကြီး မစားဘဲနေခြင်းမှာ လေယာဉ်တစ်စီးမှ ၀န်ပိုများပို ပစ်ချလိုက်သကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ဟု ဒေါက်တာ လွန်ဂိုက ပြောသည်။

ကင်ဆာရောဂါကို ဓာတုကုထုံးဖြင့် ကုသ၍ အသက်ရှင်နိုင်သော် လည်း ယင်းကုထုံးကြောင့် ကိုယ်ခံအားစနစ်ကို မရည်ရွယ်ဘဲ သိသိ သာသာ ထိခိုက်ပျက်စီးစေနိုင်သည်။ အစာမစားဘဲနေခြင်းက ဓာတု ကုထုံးကြောင့်ဖြစ်သော အန္တရာယ်ရှိသည့် ထိခိုက်မှုအချို့ကို လျော့ကျသွားစေကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။

သို့သော် ဆေးဘက်ဆိုင်ရာ လေ့လာမှု ပိုလုပ်ရန် လိုအပ်နေဆဲဖြစ်ကာ စားချိန်တစ်ချိန်နှင့်တစ်ချိန်ကြား ကွာဟသည့် အချိန်ကဲ့သို့ အချက်အလက်များကို ဆရာဝန်၏ လမ်းညွှန်ချက်အရသာ လုပ်ဆောင်သင့်ကြောင်း သိရသည်။

7 Day Daily

Monday, June 09, 2014

ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှုခြင်းက ဦးနှောက်ကို ထိခိုက်စေနိုင်ဖွယ်ရှိ

Posted by drmyochit Monday, June 09, 2014, under | No comments


ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှုခြင်းက ဦးနှောက်ကို ကျုံ့သွားစေသည့် သက်ရောက်မှုမျိုး ရှိနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ အပြာရိပ်လွှမ်းသော ရုပ်ရှင်များ ကြည့်ရှုခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက် ထိခိုက်မှု ဘေးထွက်ဆိုးကျိုး တိုက်ရိုက် သက်ရောက်နိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိမှု တစ်ခုအဖြစ် ယင်းအခြေအနေကို အတည်ပြုနိုင်ရန် ပညာရှင်များက မျှော်လင့်ထားသည်။ ကနဦး လေ့လာမှုများအရ လှုံ့ဆော်ခြင်းနှင့် တုံ့ပြန်ခြင်းတို့ကို အာရုံခံ သိရှိသည့် ဦးနှောက် အစိတ်အပိုင်းတွင် သာမန်အခြေအနေထက် ရှုံ့သွားနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အကျိုးဆက်အားဖြင့် ပတ်ဝန်းကျင် လှုံ့ဆော်မှုများကို အာရုံခံ တုံ့ပြန်ရာတွင် အားနည်းချက် ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

လိင်စိတ်ထကြွစေသည့် အဆိုပါ ရုပ်ရှင်များ ကြည့်ရှုသည့်အခါ ဦးနှောက်ကို ယင်းကဲ့သို့ သက်ရောက်နိုင်သည့် သဲလွန်စကို တွေ့ရှိထားသော်လည်း အဘယ်ကြောင့် ထိုသို့ဖြစ်ရခြင်းနှင့် လူတိုင်းလူတိုင်းတွင် အဆိုပါ သက်ရောက်မှုမျိုး ရှိနိုင်မရှိနိုင်ဆိုသော မေးခွန်းများကိုမူ အဖြေရှာရဦးမည် ဖြစ်သည်။ သုတေသီများက ထိုသို့သော ဖြစ်စဉ်မျိုးသည် လူတစ်ဦးချင်းစီ၏ မွေးရာပါ ဦးနှောက်ဗီဇဆဲလ် ဖွဲ့စည်းမှု ကွဲပြားချက်ကို အခြေတည်၍ ပေါ်ပေါက်လာခြင်း ဟုတ်မဟုတ် သဘောထား ကွဲလွဲလျှက်ရှိသည်။ ပညာရှင် အများစုကမူ ယခုတွေ့ရှိချက်ကို အခြေပြုကာ နောက်ထပ် သုတေသန လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုထားကြသည်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ မက်စ်ပလန့်ခ် သုတေသန ဌာနမှ ဒေါက်တာ ဆိုင်မွန်းခန်းက မိမိတို့၏ သုတေသန ရလဒ်သည် လိင်စိတ်လှုံ့ဆော်မှု လွန်ကဲသည့်အခါ ဦးနှောက်၏ အရွယ်အစားနှင့် လုပ်ဆောင်လှုပ်ရှားမှုများ ပြောင်းလဲနိုင်သည်ကို ပထမဆုံးအကြိမ် ခြေရာခံမိလာခြင်းဟု ပြောကြားခဲ့သည်။ သူမက “ဒါဟာ အရေးကြီးတဲ့ ကနဦး တွေ့ရှိချက် တစ်ခုပါ။ ဒါပေမဲ့ ဘာကြောင့် ခုလို ဦးနှောက်မှာ အပြောင်းအလဲတွေ ဖြစ်လာသလဲ ဆိုတာကို အဖြေထုတ်ဖို့တော့ နောက်ထပ် သုတေသန လုပ်ငန်းတွေ အများကြီး လိုအပ်နေပါသေးတယ်”ဟု မှတ်ချက်ပေးခဲ့သည်။

Planet Myanmar Network.

အမြဲတန်း မောပန်းနေရခြင်း အတွက် ဖြေရှင်းနည်းများ

Posted by drmyochit Monday, June 09, 2014, under | No comments


အမြဲတန်း မောပန်းနေရခြင်းအတွက် ဖြေရှင်းနည်းများလှုပ်ရှားတက်ကြွသော လေ့ကျင့်မှုမရှိခြင်း

လေ့ကျင့် လှုပ်ရှားမှု ဆိုတာ သင့်ခန္ဓာ ကိုယ်အတွက် ပြုလုပ်သင့်တဲ့ လုပ်ဆောင် ချက်တစ်ခုပါပဲ။ အမြဲတမ်း လည်ပတ်မှုမ ရှိတဲ့ စက်ရုံတစ်ရုံဟာ ထွက်ကုန်တွေ မ လုံလောက်သလိုဘဲ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာ ကိုယ်ဟာ လန်းဆန်းမှုတွေ နည်းလာ တတ်ပါတယ်။ တစ်နေ့ကို အစာသုံးကြိမ် စားပြီး ဒီအစာတွေကို ပြန်လည်ချေဖျက် နိုင်ဖို့အတွက် လုံလောက်တဲ့ လှုပ်ရှားမှု လည်း လိုအပ်ပါသေးတယ်။ မလှုပ်မရှား ဘဲနေတဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်လောင် ကျွမ်းမှုနည်းပြီး ကယ်လိုရီတွေတက်လာ နိုင်ပါတယ်။

ဖြေရှင်းနည်း

သင့်အလုပ်က အမြဲ ထိုင်နေရတယ် ဆိုရင်တောင် ဖုန်းပြောချိန် မှာ မတ်တတ်ရပ်ပြောပြီး နေ့လယ်စာ စားပြီးချိန်မှာ မိနစ် ၂၀ လောက်လမ်း လျှောက်ပါ။ အလုပ်မှပြန်ချိန် တစ်မှတ် တိုင်လောက် လမ်းလျှောက်ပြီးမှ ကားစီး ပါ။ ကားကို လုပ်ငန်းခွင်နဲ့ ခပ်ဝေးဝေးမှာ ရပ်ခဲ့ပါ။

အိပ်စက်ချိန်နည်းခြင်း

အိပ်စက်ချိန် မလုံလောက်တာက သင့်ကို မောပန်းမှုဖြစ်စေပါတယ်။ အ သက်ကြီးသူအများစုဟာ အိပ်စက်ချိန် နည်းတတ်ကြတယ်လို့ ဆိုခဲ့ပေမယ့် အခု ခေတ်လူငယ်တွေအနေနဲ့ အိုင်တီပစ္စည်း တွေကို ညဉ့်နက်သန်းခေါင်အချိန်အထိ သုံးစွဲကြတာကြောင့် အိပ်စက်ချိန်ကို အ နှောင့်အယှက်ဖြစ်စေပါတယ်။ ညအချိန် မှာ နောက်ကျမှ အိပ်စက်ရပြီး မနက်ခင်း မှာ လုပ်ငန်းခွင်ဝင်ရတာကြောင့် မဖြစ်မ နေ စောစာထရတတ်ပါတယ်။ ဒီလိုအ ချိန်မျိုးမှာ သင့်မှာ စွမ်းအင်တွေကုန်ခန်း သလို ခံစားနေရတတ်ပါတယ်။

ဖြေရှင်းနည်း

တစ်နေ့ကို ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီလောက် မဖြစ်မနေ ရအောင် အိပ်ချိန်ယူပါ။ ညဘက်အိပ်ချိန် ကို သတ်မှတ်ထားပြီး ကွန်ပျူတာနဲ့ ဖုန်းကို သင်နဲ့ ခြောက်ပေအကွာမှာ ထား အိပ်ပါ။ ညအိပ်ချိန်မှာ သင့်အခန်းအ လင်းရောင်က မှောင်အတိဖြစ်နေရင် သင့်ကို ပိုပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါ တယ်။

အဝလွန်ကဲခြင်း

အဝလွန်ကဲခြင်းက နှလုံးကျန်းမာ ရေးပြဿနာကို ဖြစ်စေပါတယ်။ အဝ လွန်တာကြောင့် ညဘက်ကောင်းစွာ အိပ်မပျော်တာနဲ့ စိုးရိမ်စိတ်များတာတွေ ဖြစ်စေကာ အရိုးအဆစ်တွေလည်း ထိ ခိုက်လွယ်တတ်ပါတယ်။ ဖြေရှင်းနည်း အဝလွန်သူတွေ အနေ နဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ညအိပ် ရာမဝင်ခင် ကြွက်သားတည်ဆောက်မှု လေ့ကျင့်ခန်းတွေပြုလုပ်ပေးတာက ကောင်း ကောင်း အိပ်ပျော်စေပါတယ်။

ကိုယ်ဝန်ဆောင်ထားရခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓာ ကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲသွားတတ်ပြီး အိပ်စက်မှုအကျင့်တွေလည်း ပြောင်းလဲ သွားတတ်ပါတယ်။ ပထမသုံးလပတ် ကိုယ်ဝန်ဆောင်ချိန်မှာ မသိသာပေမယ့် ကိုယ်ဝန်လရင့်လေလေ အသက်ရှူရခက် ခဲတာနဲ့ ဖိစီးမှုတွေကို ခံစားကြရတတ်ပါ တယ်။ သားဦးကိုယ်ဝန်ဆောင်သည်တွေ အနေနဲ့ မောပန်းမှုကို ခံစားကြရတတ်ပါ တယ်။

ဖြေရှင်းနည်း

သက်သောင့်သက်သာ ဖြစ်စေမယ့် နေထိုင်မှု ပတ်ဝန်းကျင်ရှိပါ စေ။ ပက်လက်မအိပ်ဘဲ ဘေးတစောင်း အိပ်ပြီး သင့်ခန္ဓာကိုယ်ကို ထောက်ပံ့မှုပေး ထားကာ နွေးထွေးနေပါစေ။

ကဖင်များစွာ မှီဝဲခြင်းနှင့် နံနက်စာ မစားခြင်း

ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖင်း များစွာပါဝင်တဲ့ဖျော်ရည်တွေကို တစ်နေ့ ငါးခွက်ထက်ပိုသောက်တာကြောင့် သင့် ကို မောပန်းနွမ်းနယ်စေပါတယ်။ မနက် စာမစားတာကလည်း တစ်နေ့တာလုံးအ တွက် သင့်ကို လန်းဆန်းမှုမရှိစေပါဘူး။

ဖြေရှင်းနည်း

ခေါင်းကိုက်နေချိန်မှာ ကော်ဖီတစ်ခွက်လောက်သောက်တာ ဟာ သင့်ကို လန်းဆန်းနေစေတယ်ဆိုပေ မယ့် တစ်နေ့ကို ကဖင်းပါတဲ့ဖျော်ရည် သုံးခွက်ထက် ပိုမသောက်သင့်ပါဘူး။ မနက်ခင်းမှာ အာဟာရပြည့်ဝစေမယ့် အစားအစာကို ပုံမှန် စားပါ။

ခန္ဓာကိုယ်တွင် သံဓာတ်နည်းခြင်း

သင်စားတဲ့ အစားအစာတွေဟာ အာဟာရညီညွတ်မှုမရှိတာကြောင့်နဲ့ ခန္ဓာ ကိုယ်တွင်း သံဓာတ်နည်းတာကြောင့် သင့် ကို မောပန်းနွမ်းနယ်နေစေပါတယ်။ ဖြေရှင်းနည်း သံဓာတ်ဝကွယ်ဝတဲ့ အ စားအစာတွေဖြစ်တဲ့ အသားနဲ့ ငါးတွေကို သေချာ ချက်ပြုတ်စားသောက်ပါ။ အထူး သဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါ တယ်။

စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးမှုနဲ့ ဈတ်ဓာတ်ကျရောဂါတွေကြောင့်လည်း အမြဲတမ်းမောပန်းနေသ လိုခံစားကြရတတ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန်ကျတာ၊ စိတ်လှုပ်ရှား တာနဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ကြောင့်လည်း ပင်ပန်းမှုကို ခံစားကြရ တတ်ပါတယ်။

ဖြေရှင်းနည်း

စိတ်ပျော်ရွှင်စေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အစာ ပုံမှန် စားပါ။ အပြုသဘောဆောင်တွေးပါ။ ဆီချိုသွေးချိုနှင့် ဆေးကုသမှုခံယူနေရခြင်း

ဆီးချိုသွေးချိုရောဂါရှိသူတွေအ နေနဲ့ ရောဂါရဲ့ နောက်ဆက်တွဲနေနဲ့ မော ပန်းနွမ်းနယ်နေတတ်ပြီး ကြည်ကြည်လင် လင် မခံစားရဘဲ ဖြစ်တတ်ပါတယ်။ တ ခြားဆေးဝါးတွေဖြစ်တဲ့ ပဋိဇီဝပိုးသတ် ဆေးနဲ့ တာရှည်စွဲသောက်ရတဲ့ဆေးတွေ ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ပင်ပန်းမှုကို ခံစားကြရတတ်ပါတယ်။

ဖြေရှင်းနည်း

ဆီချိုသွေးချိုရှိသူတွေနဲ့ ဆေးဝါး မှီဝဲနေရသူတွေအနေနဲ့ ဆေး ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

By Good Health

Sunday, June 08, 2014

ကယ်လိုရီပိုမိုလောင်ကျွမ်းစေရန် စားသင့်သည့် အစားအစာ ၁၀ မျိုး

Posted by drmyochit Sunday, June 08, 2014, under | No comments

ကိုယ်အလေးချိန် လျှော့ချရန်နှင့် ကယ်လိုရီပိုမိုလောင်ကျွမ်းစေရန် နေ့စဉ်စားနိုင်သော အစားအသောက်များစွာ ရှိသည်။ ယင်းအစားအသောက်များမှာ အလွန်အရသာရှိပြီး အံ့သြဖွယ်ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ယင်းအစားအသောက်များကို သင်၏ နေ့စဉ်(သို့မဟုတ်) သီတင်းပတ်တိုင်းစားသည့် အစားအသောက်တွင် ပေါင်းထည့်လိုက်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ရန် မမေ့ပါနှင့်။ ဤနည်းဖြင့် ကယ်လိုရီများစွာ လောင်ကျွမ်းစေမည်ဖြစ်ကာ သင်၏ကျန်းမာရေး ပိုကောင်းလာမည်ဖြစ်သည်။ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေမည့် အစားအသောက် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါသည်။

၁။ ဂရိတ်ဖရု (Great Fruit)

ဂရိတ်ဖရု အသီးများစားခြင်းဖြင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို လျင်မြန်စေပြီး ကယ်လိုရီများစွာ လောင်ကျွမ်းစေရန် ကူညီနိုင်သည်။ သွေးထဲတွင် ပါဝင်သော ဂလူးကို့စ်ပါဝင်မှုကို ထိန်းညှိရန် ကူညီနိုင်သည့် ဖိုက်ဘာဓာတ်များ ဂရိတ်ဖရုတွင်ကြွယ်ဝစွာ ပါဝင်သည်။

၂။ တရုတ်နံနံကြီး (Celery)
တရုတ်နံနံကြီးတွင် ရိုးရှင်းသော လျှိ့ဝှက်ချက်များရှိသည်။ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး သင်စားသည်ထက် ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေရန် ကူညီပေးနိုင်သည်။ တရုတ်နံနံကြီးတွင် ရေဓာတ်အများစုပါဝင်သည်။ သို့သော် တရုတ်နံနံကြီးတစ်မျိုးတည်း စားသုံးရန် မသင့်လျော်သဖြင့် အခြားအစားအသောက်များနှင့် ရော၍ စားသုံးပါက အကောင်းဆုံးဖြစ်သည်။

၃။ သဘာဝဆန်နှင့် ဂျုံ (Whole grains)


သဘာဝဆန်နှင့် ဂျုံများစားခြင်းမှာ ပြန်လည်သန့်စင်ထားသော ဆန်နှင့် ဂျုံကို စားခြင်းထက် ပို၍ ကျန်းမာစေကြောင်း လေ့လာမှုများက ဖော်ပြသည်။ သဘာဝဆန်နှင့် ဂျုံများကို စားခြင်းဖြင့် ပြင်းထန်သော ရောဂါများ ဖြစ်နိုင်သည့်အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ အစာခြေဖျက်ရန် အချိန်ပိုကြာသည့် သဘာဝဆန်နှင့် ဂျုံများကို စားခြင်းဖြင့် ဆာလောင်ချိန်ပိုကြာမည်ဖြစ်သည်။ သဘာဝဆန်နှင့် ဂျုံတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်ပါဝင်သော်လည်း အဆီပါဝင်မှု နည်းပါးသည်။

၎။ လက်ဖက်စိမ်း (Greentea)
လက်ဖက်စိမ်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုကို အားဖြည့်ပေးနိုင်ကာ ကိုယ်အလေးချိန် လျှော့ချရန် ကူညီနိုင်သည်။

၅။ အိုမီဂါ -၃ (Omega-3)
အိုမီဂါ-၃ မှာ ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးသူအဖြစ် လုပ်ဆောင်ကြောင်း သိပ္ပံပညာဆိုင်ရာ စမ်းသပ်မှုများက သက်သေပြထားပြီးဖြစ်သည်။ အဆီများ မည်မျှလျင်မြန်စွာ လောင်ကျွမ်းသည်ကို ထိန်းချုပ်သည့် ဟော်မုန်းပါဝင်မှုအဆင့်ကို ထိန်းချုပ်သော ဖက်တီးအက်စစ်မှာ အိုမီဂါ-၃ ဖြစ်သည်။ အိုမီဂါ-၃ ကို ကျွန်ုပ်တို့ ခန္ဓာကိုယ်မှသာ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ငါးမည်းလုံး၊ မြောက်အတ္တလန္တိတ် ငါးသလောက်၊ ဆော်လမွန်ငါးများစားခြင်း (သို့မဟုတ်) အိုမီဂါ-၃ ဖြည့်စွက်စားခြင်းဖြင့်လည်း ရရှိနိုင်သည်။

၆။ ကော်ဖီ (coffee)
ကဖိန်းဓာတ်မှာ ကိုယ်ခန္ဓာ နိုးနိုးကြားကြားရှိစေပြီး ကဖိန်းပါဝင်သော ကော်ဖီသောက်ခြင်းဖြင့် နှလုံးခုန်နှုန်းတိုးလာပြီး သွေးက အောက်ဆီဂျင်များ ပိုမိုရယူကာ ကယ်လိုရီများ ပိုမိုလောင်ကျွမ်းစေသည်။ သို့သော် ကော်ဖီထဲ ထည့်ဖျော်သော ခရင်မ်များ အားလုံးနှင့် သကြားတို့ကြောင့် အကျိုးသက်ရောက်မှုကို ထိခိုက်စေသည်။ သကြားနှင့် ခရင်မ်များ ထည့်မည့်အစား ဥပမာ သစ်ကြံပိုးခေါက် ထည့်သောက်ပါ။

၇။ ထောပတ်သီး (Avocado)
ထောပတ်သီးတွင် ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေသော အဆီဓာတ်ပါဝင်ပြီး ဆဲလ်များ၏ စွမ်းအင်ထုတ်ပေးသော အပိုင်းကို ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သည်။ ထောပတ်သီးစားခြင်းဖြင့် ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပြီး ဒဏ်ရာများ သက်သာပျောက်ကင်းစေကာ နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်များကိုလည်း လျော့ကျစေနိုင်သည်။ မျက်စိနှင့် ဆံပင်အတွက် အထူးကောင်းသည်။

၈။ အမွှေးအကြိုင်ကဲပြီး အရသာစူးရှသော အစားအစာများ (Spicy Foods)
အမွှေးအကြိုင်ထူးကဲပြီး အရသာစူးရှသော အစားအစာများမှာ ကယ်လိုရီလျင်မြန်စွာ လောင်ကျွမ်းစေသော အစားအစာအုပ်စုတွင် ပါဝင်သည်။ ငရုတ်ကောင်း (သို့မဟုတ်) အချဉ်ရည်အချို့ ပါဝင်သော ပစ္စည်းစာရင်း ဂရုတစိုက်ဖတ်ပြီး စားသုံးပါ။

၉။ ပူဒီနာမျိုးစိတ်ဝင်ပန်းပင်၏ အစေ့များ (Chia Seeds)
Chia အစေ့များတွင် ပရိုတိန်းဓာတ်၊ ဖိုက်ဘာနှင့် အိုမီဂါ-၃ အဆီများ ကြွယ်ဝစွာပါဝင်ပြီး ဇီဝဖြစ်စဉ်ကို အားကောင်းစေရန် ကူညီနိုင်သည်။ ယင်း Chia အစေ့များကို ဖျော်ရည်၊ အသုပ်၊ ဒိန်ချဉ်(သို့မဟုတ်) ဂျုံဖြင့် ချက်လုပ်သော အစားအသောက်များတွင် ထည့်၍ သုံးဆောင်နိုင်သည်။

၁၀။ ဘရာဇီးအခွံမာသီးများ (Brazil nuts)
ကယ်လိုရီပိုမိုလောင်ကျွမ်းစေရန် စားရမည့် အရသာအရှိဆုံး စားစရာများအနက် တစ်ခုမှာ ဘရာဇီး အခွံမာသီးဖြစ်သည်။ ယင်းအခွံမာသီးများစားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းစေပြီး ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေရန် ကူညီပေးနိုင်သည်။ ယင်းအခွံမာသီးများ စားခြင်းက အခြေခံသွိုင်းရွိုက်ဟော်မုန်း၏ သက်ဝင်သော ပုံစံတစ်မျိုးဖြစ်သည့် T3 အဖြစ် ပြောင်းပေးခြင်းဖြင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို လျင်မြန်စေရန် ကူညီပေးသည်။

အထက်ပါ အစားအသောက်များမှာ ဇီဝဖြစ်စဉ်ကို အားကောင်းစေပြီး ကယ်လိုရီလျင်မြန်စွာ လောင်ကျွမ်းစေသဖြင့် ပိုနေသော ကိုယ်အလေးချိန်ကို လျှော့ချရန် ကူညီနိုင်သည်။ ယင်းအစားအသောက်များ စားပြီး ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါက ကိုယ်အလေးချိန် လျှော့ချရန် အချိန်ကြာကြာ စောင့်ရမည် မဟုတ်ပေ။

_womanitely
7 Day Daily

Stitches ချုပ်ရိုး

Posted by drmyochit Sunday, June 08, 2014, under | No comments

သမီးက ဗိုက်ခွဲပြီး ကလေးမွေးထားတာ ၈ ရက်မြောက်နေ့ရှိနေပါပြီ။ ချုပ်ရိုးက နာပြီး စပ်သလိုဖြစ်ပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလားရှင့်။ ချုပ်ရိုးက ဘယ်အချိန်လောက်မှာကျက်ပြီး သွားနိုင်လာနိုင်ပါသလဲရှင့်။ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးရှင့်။

• ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုပါ ၃ ထပ်ချုပ်ပေးရတယ်။
• နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမကခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ “Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှု ဖြစ်တယ်” စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။
• ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျ ပြောနိုင်တယ်။
• အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ (၈) ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာ ကြာတယ်။ STO ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။
• အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။
• အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။
• ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက်တွေ့ရဘူးတယ်။ ပြန်ချုပ်ရာမျာ အထူးစီမံပြီး ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တခါ ချုပ်ရိုးဖြည်ဘို့ ရက်ပိုစောင့်ရမယ်။
• ချုပ်ရိုးမှာ လုံးလုံးလေးတွေလိုစမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး (ကက်ဂတ်) တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေ အသားကျလေ ဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။
• ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။
• အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။
• လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပြော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။
• ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။
• အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ် ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း (ဗဂျိုင်းနား)၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ သားအိမ်-ဆီးအိမ်ကျတာ သက်သာစေတယ်။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။
• လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တစ်ရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ (ပိုတက်ဆီယမ်) များတဲ့အစားအသောက်တွေ လိုမယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။
• Chimose လိုဆေးပေးတာအတွက် ခွဲစိတ်ဆရာဝန်တိုင်းက ကောင်းတယ်-မကောင်းဘူးဆိုတာ သဘောထားမတူကြပါ။
• ခွဲစိတ်မှုနည်းနာတွေ ပါဖက် ဖြစ်ရင် ခွဲစိတ်တာအတွက် ပိုးသေဆေး မပေးတာလဲရှိတယ်။ တချို့ ခွဲစိတ်မှုတွေမှာတော့ မခွဲခင်ကတည်းက ပိုးသေဆေးပေးထားရတယ်။

ဒေါက်တာတင့်ဆွေ

Neonatal jaundice မွေးစကလေး အသားဝါခြင်း

Posted by drmyochit Sunday, June 08, 2014, under | No comments

1. ဆရာဆွေရှင့် မွေးကင်းစ ကလေး အသားဝါခြင်း လကဏာတွေအကြောင်း ပြောပြပေးပါနော်။ သမီးကလေးက မွေးပြီးမှာ မျက်လုံးမျက်သားက အဖြူမဟုတ်ပဲ ဝါနေပါတယ်။ ဆေးရုံကပြောတာကတော့ အသားဝါတာ မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ စိုးရိမ်လို့ပါရှင်။
2. ဆရာရှင့် သမီးအစ်မက ၂ဝ ရက်နေ့က မန္တလေးက (့) ဆေးရုံမှာ ယောက်ျားလေး မွေးခဲ့ပါတယ်ရှင့်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းက ကလေးတွေက အသားဝါ ပါလို့ ဓါတ်ကင်တာကို တွေ့ ရပါတယ်။ အစ်မရဲ့ ကလေးကတော့ ၃ ရက်နေမှ သွေးဖောက်ကြည့်တော့ အသားဝါပါလို့ သွေးလဲရပါတယ်ရှင့်။ အဲဒါဟာ ဘာကြောင့်ပါလဲရှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စားသောက်နေထိုင်မှုနဲ့ ဆိုင်ပါသလားရှင့်။ ဒါမှမဟုတ် ကူးစက်မှုတစ်ခုလား။ မွေးလာမယ့် ကလေးမှာ အသားဝါ မပါအောင် ဘယ်လို လုပ်သင့်ပါသလဲရှင့်။

အသားဝါကို ခေါ်တဲ့ Jaundice (ဂျွန်းဒစ်) ဆိုတာ ပြင်သစ်စကားကနေလာတယ်။ ကလေးအရေပြားမှာ Bilirubin (ဘီလီရူဘင်) ခေါ်တဲ့ အရောင်ရှိ ဓါတ်တွေ များနေလို့ ဖြစ်တယ်။ လူတိုင်းမှာ ရှိတာပါဘဲ၊ ကလေးမှာ များနေလို့။ ကလေးတိုင်း ၅ဝ-၆ဝ% က မွေးပြီး တပါတ်အတွင်းမှာ အသားဝါကြတယ်။ မွေးစကလေး အသားဝါတာကို ဆေးစာနဲ့ Neonatal jaundice ခေါ်တယ်။ သွေးစစ်ကြည့်ရင် Bilirubin level က 85 umol/l (5 mg/dL) ထက် များနေတာ ဖြစ်တယ်။ လူကြီးတွေမှာတော့ 34 umol/l (2 mg/dL) ဆိုရင် အသားဝါနေတယ်လို့ ပြောတယ်။

Causes ဖြစ်စေတဲ့ အကြောင်းတွေက -
1. Increase bilirubin load on liver cells: အသဲ (ဆဲလ်) တွေမှာ (ဘီလီရူဘင်) များလာလို့၊
2. Defective hepatic uptake of bilirubin from blood plasma: သွေးထဲက (ဘီလီရူဘင်) တွေကို အသဲကနေ လုံလောက်အောင် မယူနိုင်လို့၊
3. Defective billirubin conjugation: (ဘီလီရူဘင်) ကို အသဲကနေ ပေါင်းစပ်ပေးမှုမှာ ချို့ယွင်းလို့၊
4. Defective bilirubin excretion (ဘီလီရူဘင်) တွေကို စွန့်ထုတ်ပြစ်တာ မနိုင်လို့ ဆိုတဲ့အကြောင်းတရားတွေကြောင့် အသားဝါရတယ်။

မွေးစကလေး အသားဝါတာ (၄) မျိုးရှိတယ်။
(၁) Physiological jaundice ဇီဝကမ္မဖြစ်စဉ်အရ ဖြစ်လာတာမျိုး၊ ဆေးကုစရာ မလိုပါ။ သန္ဓေသားဘဝက သွေးတွေကို အသစ်လဲရာကနေ သွေးနီဥတွေ ပျက်စီးတဲ့အခါ (ဟီမိုဂလိုဘင်) ထဲက (ဘီလီရူဘင်) တွေထွက်လာပြီး၊ သွေးထဲရောက်မယ်။ အသဲမှာ ပြောင်းလဲမှုတွေ လုပ်တယ်။ မလိုတာတွေ ဝမ်းထဲကနေ စွန့်ထုတ်တယ်။ အသဲကနေ (ဘီလီရူဘင်) ကို နိုင်အောင် မရှင်းနိုင်သေးလို့ ၂-၃ ရက်ဆို ဝါလာမယ်။ ၁-၂ ပါတ်နေရင် ကောင်းသွားမယ်။
(၂) Blood group incompatibility (Rh or ABO problems) သွေးအုပ်စုမတည့်လို့ဖြစ်တာ၊ မိခင်သွေးက မတူရင် ကလေးရဲ့သွေးနီဥတွေကို ဖျက်ဆီးတာမျိုးဖြစ်စေတယ်။ အဲလိုဖြစ်ရင် ကလေးသွေးထဲမှာ (ဘီလီရူဘင်) တွေ များလာတယ်။ ဆိုးတယ်။ ၂၄ နာရီအတွင်းမှာ သိသာလာမယ်။ Rh ကြောင့်ဖြစ်တာအတွက် အခုခေတ်မှာ မိခင်ကို ကလေးမွေးပြီး ၇၂ နာရီအတွင်း RhoGAM ထိုးပေးတယ်။ နောက်ကလေးတွေအတွက် ကာကွယ်ပြီးသား ဖြစ်သွားမယ်။
(၃) Breast-feeding jaundice နို့ဗူးတိုက်လို့ဖြစ်တဲ့ အသားဝါ၊ ကလေးကို နို့လိုသလောက် မတိုက်ရင်ဖြစ်မယ်။ အဲဒါမျိုးက ၅-၁ဝ% ရှိတယ်။ မွေးကာစကလေးတွေမှာ လူကြီးတွေလို အူထဲမှာ (ဗက်တီးရီးယား) မရှိသေးဘူး။ လူကြီးတွေဆိုရင် ပိုးတွေကနေ Conjugated bilirubin ဆိုတာကို Stercobilinogen အဖြစ်ပြောင်းပေးမယ်။ နောက်ဆုံး Stercobilin အနေနဲ့ ဝမ်းထဲမှာ ပါသွားတယ်။ ကလေးငယ်လေးတွေမှာ အဲလိုဖြစ်မလာနိုင်သေးဘူး။
(၄) Breast-milk jaundice မိခင်နို့တိုက်ရာကနေဖြစ်တာ ၁-၂% ရှိတယ်။ ၄-၇ ရက်မှာပြတယ်။ ၃-၁ဝ ပါတ်အထိ ကြာတယ်။ အန္တရာယ် မရှိပါ။ တချို့ မိခင်တွေရဲ့နို့ထဲမှာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ဆိုင်တာ ပါနေတယ်။ ကလေးအူကနေ (ဘီလီရူဘင်) တွေကို ပြန်စုပ်ယူစေလို့ ဖြစ်ရတယ်။ နောက်ပြီး နို့ထဲမှာ Lipoprotein lipase ခေါ်တဲ့ (အင်ဇိုင်းမ်) ပါနေတယ်။ ဒါကနေ Bilirubin ဖြစ်စဉ်ကို ထိခိုက်စေတယ်။ ကလေးဝမ်းချုပ်ရင်လဲ ရှင်းထုတ်တာ နှေးလို့ ဖြစ်နိုင်တယ်။ ဗိုက်ထဲတုံးကတော့ အချင်းကတဆင့် စွန့်ထုတ်တာ လုပ်ပေးတယ်။

လမစေ့ဘဲမွေးတာနဲ့ ကိုယ်အလေးချိန် မပြည်တဲ့ကလေးတွေမှာ ပိုဖြစ်ကြရှာတယ်။ ကလေးအသားဝါရင် သွေးကို အချိန်တန်တိုင်း Bilirubin levels စစ်နေရမယ်။ သွေးထဲမှာ Unconjugated bilirubin ဆိုတဲ့ အသဲကနေ ပေါင်းစပ်ပေးတာ မလုပ်ရသေးတဲ့ (ဘီလီရူဘင်) အမျိုးအစားတွေ များနေမယ်။ မွေးကာစကလေးတိုင်း ပဌမပါတ်မှာ 30 µmol/L (1.8 mg/dL) မက ရှိကြတယ်။ များနေတာကို Hyperbilirubinemia ခေါ်တယ်။ ကလေးကို ထိခိုက်စေနိုင်တယ်။ ဆေးကုဘို့လို-မလို ကလေးအထူးကု ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။

Pathological jaundice ဆေးကုစရာလိုတဲ့ အသားဝါဆိုတာ ၂၄-၄၈ နာရီအတွင်း တွေ့ရမယ်။ သွေးဆက်စစ်နေတဲ့အခါ -
- Total bilirubin က တနာရီမှာ 8.5 umol/l (0.5 mg/dL) ထက်များနေတာ၊
- Total bilirubin က ၂၄ နာရီမှာ (85 umol/l) 5 mg/dL ရှိနေတာ၊
- Total bilirubin 331.5 umol/l (19.5 mg/dL) မကရှိနေတာ၊
- Direct bilirubin 34 umol/l (2.0 mg/dL) မကရှိနေတာတွေဆိုရင် ဆေးကုရမယ်။

တခြားဖြစ်နိုင်ခြေတွေလဲ ထည့်တွက်ရမယ်။
- ဗိုက်ထဲမှာ ကလေးက ချို့ယွင်းချက် တခုခုရှိတာ။ ရောဂါပိုးဝင်တာ၊ Biliary atresia, PFIC, Bile duct paucity, Alagille's syndrome, Alpha 1 နဲ့ Cystic fibrosis or hepatitis အသဲရောဂါရှိနေရင်၊
- Hemolytic anemia, polycythemia သွေးအားနည်းရောဂါတွေနဲ့ သွေးရောဂါတွေ၊ Abnormal RBC သွေးနီဥ ပုံစံမမှန်ရင်၊
- Cephalohematoma မွေးတုံးက ခက်ခဲလို့ ခေါင်းထဲမှာ သွေးခဲတာ ဖြစ်နေရင်၊
- Rubella ဂျာမန် ဝက်သက်၊ Syphilis (ဆစ်ဖလစ်) စတဲ့ကူးစက်ရောဂါတွေ၊
- မိသားစုထဲမှာလဲ အဲလိုမျိုးရှိဘူးတာ၊ မအေမှာ ဆီးချိုရှိနေရင်၊ (ဆာလ်ဖါ) ဆေး၊ ငှက်ဖျားဆေး၊ လိင်ဟော်မုန်းတွေနဲ့ စိတ်ရောဂါဆေးတွေ၊ (ကလေး ၂ လအောက်ကို (ဆာလ်ဖါ) ပါတဲ့ဆေး မပေးရပါ။)

ဆေးစစ်ရင်
- Complete blood count
- Coomb's test
- Reticulocyte count တွေကို စစ်ဆေးနိုင်တယ်။

မွေးစကလေးတွေမှာ အသားဝါတိုင်း စိုးရိမ်စရာမလိုပါ။ ဆေးကုစရာမလိုတာ များတယ်။ ၃ ရက်နေရင် စသိသာပြီး ၁၄-၁၅ ရက်နေရင် ပျောက်သွားတာတယ်။ မျက်နှာကစ သိသာတယ်။ နောက် ရင်ပတ်၊ ဗိုက်၊ ခြေ-လက်၊ အကုန်ပါဘဲ။ မျက်လုံးကို ကြည့်ရင် သိမယ်။ လက်နဲ့အသာလေးဖိပြီး စစ်ဆေးရင် ဝါတာကို ပိုမြင်သာတယ်။ ရေတိုက်တာနဲ့ နေရာင် ပြပေးတာနဲ့ လုံလောက်ကြတာ များတယ်။ ၂-၃ နာရီတခါ၊ တနေ့မှာ ၁၂ ကြိမ် နို့တိုက်ပါ။ တချို့အခြေအနေမှာ မိခင်နို့ကို အတိုက်မခိုင်းဘူး။ ရေခဏခဏတိုက်ပေးပါ။ ဝမ်းသွားများတာ ကောင်းတယ်။ လိုအပ်ရင် ဝမ်းခြူပေးပါ။

Phototherapy အလင်းရောင်ပေး ကုသနည်းကို အင်္ဂလန် Rochford Hospital ဆေးရုံကနေ စသုံးခဲ့တယ်။ လမစေ့မွေးတဲ့ ကလေးတွေကို ပြုစုပေးတဲ့ သူနာပြုဆရာမကြီးကနေ စတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရောင်ပါတဲ့ မီးချောင်းတွေ သုံးလာတယ်။ အပြာရောင်ကို အသုံးအများဆုံးဘဲ။ ကလေးမျက်စိကို ဖုံးထားရမယ်။ တနေ့မှာ ၁ဝ-၁၂ ကြိမ်၊ တခါလုပ်ရင် ၂-၃ နာရီကြာတယ်။ အလင်းရောင်ပေးကုသနေတုံးလဲ နို့တိုက်နိုင်တယ်။ တချို့ဆေးရုံတွေက ဒီအချိန်မှာ သွေးကြောထဲကနေ အဟာရဖြည့်တာသာ လုပ်ပေးတယ်။

သိပ်မဆိုးရင် အိမ်မှာတင် Biliblanket ကိုသုံးနိုင်တယ်။ Fiber optics နဲ့လုပ်ထားတယ်။ သဘာဝ နေရောင်ထဲက Ultraviolet light therapy ခရမ်းလွန်ရောင်ခြည်ကနေ မှဲ့ပေါက်မလား စိုးရိမ်ရတယ်။ Total serum bilirubin 428 umol/l (25 mg/dL) ထက် များတဲ့ကလေးကို Exchange transfusions သွေးလဲ ကုသပေးရတယ်။

ကလေးမှာ အသားဝါတာ သိပ်ကြာနေရင် Kernicterus ဦးနှောက်ထိခိုက်တဲ့ရောဂါ ဖြစ်နိုင်တယ်။ အမေရိကားမှာ ကလေး နှစ်သိန်းရှိရင် Kernicterus ဖြစ်တဲ့ကလေး ၃ ယောက်ရှိတယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။ ကိုယ်ပူမယ်၊ တက်နိုင်တယ်။ ကလေးက တအား ငိုမယ်။ အသဲ နဲ့ ဘေလုံးကြီးနေမယ်၊ သွေးခြည်ဥလေးတွေ တွေ့မယ်၊ ခေါင်း (ဦးနှောက်) ငယ်နေမယ်။ တချို့လေးတွေမှာ Cerebral palsy မျက်နှာလေဖြတ်တာ နဲ့ Deafness နားမကြားတာလဲ ဖြစ်နိုင်တယ်။

မွေးမဲ့ကလေး ဆေးကုရမဲ့ အသားဝါ မဖြစ်အောင် ကိုယ်ဝန်ဆောင်တိုင်း Blood type သွေးအုပ်စု နဲ့ Unusual antibodies တွေ့နေကျ မဟုတ်တဲ့ (အင်တီဘော်ဒီ) တွေရှိ-မရှိ စစ်ထားသင့်တယ်။ သွေးအုပ်စုက O+ ဖြစ်နေတာလဲ သတိထားရတယ်။ Rh negative ဖြစ်နေရင် ကလေး ချက်ကြိုးကနေ စစ်တာ လုပ်သင့်တယ်။

Dr. တင့်ဆွေ

Saturday, June 07, 2014

Dep-Provera သုံးလခံ ထိုးဆေး

Posted by drmyochit Saturday, June 07, 2014, under | No comments

သုံးလခံ ကိုယ်ဝန်တားထိုးဆေးက မျိုးဥအိမ်ကနေ မျိုးဥ မထွက်အောင် ဆောင်ကျဉ်းပေးတယ်။ ဒါ့အပြင် သားအိမ်အဝက ချွဲကို စေးပျစ်စေလို့ ဝင်လာမဲ့ သုက်ပိုးအတွက် ခက်ခဲစေတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ ပါးစေသေးတယ်။ မျိုးဥ ထွက်စေပါ၊ ထွက်အုံးတော့ သုက်ပိုးအဝင်ခက်စေမယ်၊ ဝင်လာနိုင်လို့ နှစ်မျိုးတွေ့ပြီးအုံးတော့ အထဲမှာမတွယ်စေနိုင်ဘူး။

ကောင်းချက်တွေ အများကြီးရှိတယ်။
• ထိရောက်မှု သုတေသနတွေအရ ဝ% ကနေ ၂့၆% သာ လိုရာမရောက် ဖြစ်ပါတယ်။
• ၃ လနေမှ တခါထိုးရတယ်။
• တခြား ဟော်မုန်း ၂ မျိုးတွဲတွေလောက် ဆေး (အက်ရှင်) ဖြစ်တာတွေ နဲတယ်။
• Estrogen ဟော်မုန်းမပါလို့ DVT အတွင်းပိုင်းက သွေးပြန်ကြောပိတ်တာ၊ PE အဆုပ်သွား သွေးကြောပိတ်တာ၊ Stroke နှလုံး-သွေးကြောပိတ်တာ အန္တရာယ် မစိုးရိမ်ရဘူး။
• သားအိမ်ကင်ဆာဖြစ်မဲ့ အန္တရာယ်နဲတယ်။
• သွေးအားနဲရောဂါ၊ တင်ပဆုံတွင်းအင်္ဂါရောင်တာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ သားအိမ်အကျိတ်ဖြစ်တာတွေနဲတယ်။
• Endometriosis သားအိမ်ရောဂါရှိနေသူ ခံစားရတာတွေ နဲတယ်။
• အစကထဲက ရာသီဆင်းချိန်မှာ နာတာ၊ မျိုးဥထွက်ချိန်မှာ နာတတ်တာ၊ မျိုးဥအိမ်အလုံးဖြစ်တာလဲ နဲတယ်။
• အတက်ရောဂါရှိနေသူ အတက်ဖြစ်တာ နဲစေသေးတယ်။
• သွေးရောဂါတမျိုးရှိတဲ့ အမျိုးသမီးတွေမှာ Sickle cell crises ဆိုတာ အဖြစ်နဲတယ်။
• နို့တိုက်မိခင်တွေ သုံးနိုင်တယ်။
• မွေးပြီး ၁ လခွဲ ရှိမှထိုးတာ ပိုကောင်းတယ် မဟုတ်ရင် သွေးဆင်းနေတာ များတတ်တယ်။ နို့မတိုက်သူဆိုရင် ၁ ပါတ်အတွင်း ထိုးလို့ရတယ်။

ဒီဆေး မထိုးသင့်သူတွေကတော့ -
• Deep vein thrombosis (DVT) အတွင်းပိုင်းက သွေးပြန်ကြောပိတ်ရောဂါ ရှိနေသူ၊
• PE အဆုပ်သွား သွေးကြောပိတ်ရောဂါ ရှိနေသူ၊
• မိုင်ဂရိန်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိနေသူ၊
• Liver diseases (Acute viral hepatitis, severe Decompensated cirrhosis, Benign or malignant liver tumors) လတ်တလော ဖြစ်နေတဲ့ အသဲရောဂါ ရှိနေသူ၊
• Stroke နှလုံးသွေးကြောပိတ်ရောဂါ ရှိနေသူ၊
• ဆီးချိုဖြစ်တာ အနှစ် ၂ဝ ကြာနေသူ၊
• သွေးတိုးနေရင် သတိထားသုံးပါ၊
• နို့ကင်ဆာ ဖြစ်ထားသူ၊
• ကိုယ်ဝန်ဆောင်နေသူ၊
• လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာကွယ် မပေးနိုင်ပါ။

ရာသီ စဆင်းတဲ့ နေ့ကနေ ၅ ရက်အတွင်း ထိုးရင် ချက်ချင်း ထိရောက်တယ်။ ၅ ရက်နောက်မှ ထိုးရင် ၂ ပါတ်ကြာမှ ထိရောက်တယ်။ ကလေးပြန်ရဘို့ နောက်ကျ စေတယ်။ ဆေးထိုးတာ ရပ်ထားပြီးနောက် ၉ လ၊ ၁ နှစ်ခွဲကျမှ ကလေး ပြန်ရနိုင်ကြတယ်။ ၁ နှစ်ခွဲနေရင်တော့ တခြား တားနည်းတွေလိုဘဲ ကလေး ပြန်ရနိုင်စွမ်းက အတူတူဘဲ။ ထိုင်းနိုင်ငံမှာ လေ့လာမှုတခုအရ ဆေးထိုးရပ်ပြီး ကလေးပြန်ယူတော့ အလေးချိန်နဲတဲ့ကလေး မွေးနှုန်း များတာ တွေ့ရတယ်။ စမ်းသပ်တာကလဲ ဆင်းရဲသူတွေမှာပါ။

ဘေးထွက်ဆိုးကျိုး
• သွေးမဆင်းတာ၊ (၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၅၅%၊ ၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၆၈% ရာသီမလာတာ တွေ့ရတယ်။)
• သွေးဆင်းမမှန်တာ၊
• ဗိုက်နာတာ၊
• ဝတာ-ပိန်တာ၊
• အားယုတ်ချင်တာ၊
• စိတ်လှုတ်ရှားတာ၊

ဆိုးကျိုးတွေ ဘယ်လိုရှိသလဲသိဘို့ ဒီဆေးကို ၇ နှစ်ကြာ ထိုးထားတဲ့ အမျိုးသမီးပေါင်း ၄ဝဝဝ လောက်ကို စမ်းသပ်ခဲ့တယ်။
• သူတို့ထဲက ၅% ကျော်ကျော်မှာ ရာသီမမှန် (များသူ + မလာသူ)၊ ဗိုက်နာ၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ အားယုတ်၊ ခေါင်းမူး၊ စိုးရိမ်၊
• ၁% ကနေ ၅% အထိတွေမှာ ဆက်ဆံလိုစိတ်နည်း၊ ဗိုက်အောက်ပိုင်းနာ၊ ခါးနာ၊ ရင်သားနာ၊ ခြေထောက်နာ၊ စိတ်ကျ၊ အနီပြင်ထွက်၊ ပျို့၊ အိပ်မပျော်၊ အဖြူဆင်း၊ ခြေထောက်ယောင်၊ ဝက်ခြံပေါက်၊
• ၁% ထက်နည်းသူတွေမှာ အသားဝါ၊ ဆီးလမ်း-မွေးလမ်းရောင်၊ တက်၊ အစားပျက်၊ ဝမ်းမမှန်၊ ဝမ်းသွေးပါ၊ ဆက်ဆံချိန်နာ၊ ရင်ပတ်နာ၊ သွေးအားနည်း၊ အလာဂျီရ၊ အိပ်ချင်၊ ဖျား၊ ချမ်း၊ အသားအရေခြောက်၊ ပန်းနာ၊ ရင်ခုန်မြန်၊ ချွေးပိုထွက်၊ အာခေါင်ခြောက်၊ လေဖြတ်၊ ရေငတ်၊ အသက်ရှူမဝ၊ ရာသီလာစဉ်နာ၊ ကိုယ်ဝန်ရှိသလို ခံစား၊ မထင်မှတ်ဘဲ ကိုယ်ဝန်ဆောင်၊ ကလေးပြန်မရ၊ သွေးပြန်ကြောရောင်၊ ဆက်ဆံလိုစိတ်ပို၊ နို့ထွက်နည်း၊ ရင်သား အရွယ်ပြောင်း၊ ရင်သားထိပ်က သွေးထွက်၊ ရင်သား-ကင်ဆာ၊

“အထူးသတိပေးချက်” ကတော့ Osteoporotic effects ဆိုတဲ့ အရိုးအားနဲတာ ပိုကြာစေတတ်ပါတယ်။ ဒါ့ကြောင့် FDA ကနေ ၂ဝဝ၄ ကစပြီး၊ သတိပေးချက် ထည့်လိုက်တယ်။ FDA က ၂ နှစ်ထက်ပို မသုံးနဲ့လို့ ပြောတယ်။ WH- ကတော့ ဒါ့ကြောင့်တော့ ဒီဆေးမသုံးနဲ့လို့ မပြောသင့်ဘူး ဆိုပါတယ်။ အမေရိကန် ACOG ကလဲ WH- နဲ့ သဘောတူတယ်။ တခြားတားနည်း ပြောင်းသုံးစရာ မရှိရင် ရပ်စရာ မလိုပါဘူးတဲ့။

ယောက်ျားတွေအတွက်လဲ သုံးတယ်။ မုဒိန်းကောင်တွေကို Chemical castration ဆေးနဲ့ သင်းကွပ်ပေးတာပါ။ လိင်စိတ် သိသိသာသာ နဲသွားစေမယ်။

Dr. တင့်ဆွေ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်