လွန်ခဲ့သော
ဒီဇင်ဘာလ (၃)ရက် နေ့က စစ်တွေမြို့နယ်တွင် အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေသော တူရကီ နိုင်ငံခြား သား ၄ ဦး ပျောက် ဆုံးနေကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ ပျောက်ဆုံးနေသူ ၄ ဦးမှာ မည်သူ မည် ဝါဖြစ်ကြောင်း မသိရှိရသေးပဲ အာဏာပိုင်များကလည်း
လျှို့ဝှက်စုံစမ်း နေကြောင်း သိရှိရသည်။ သက်ဆိုင်ရာ အာဏာ ပိုင်များမှ ယင်းကိစ္စကို စစ်တွေမြို့ပေါ်
(၃၂)ရပ်ကွက်မှ ဥက္ကဌများကို ခေါ်ပြီး လျှို့ဝှက် အစည်း အဝေး လုပ်ခဲ့ကြောင်း သိရှိရသည်။
လွှတ်တော်
လယ်ယာမြေပြဿနာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ စစ်တပ်နဲ့ ထောက်လှမ်းရေးတို့ သိမ်းယူထားတဲ့ လယ်မြေတွေကို ဒီနေ့ သွားရောက်စစ်ဆေးကြပါတယ်။ရခိုင်ပြည်နယ်ထဲ
လယ်ယာမြေ သိမ်းဆည်း တဲ့ ပြဿနာတွေကို စုံစမ်းမေးမြန်းနေတဲ့ စုံစမ်းရေးအဖွဲ့ဟာ ကျောက်ဖြူနဲ့
ဓည၀တီရေတပ်စခန်း နယ်မြေတို့မှာ သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
နေပြည်တော်ကို
ချီတက်ရင်း ဖမ်းဆီးခံတဲ့ မိုးထိမိုးမိရွှေလုပ်သား ဆန္ဒပြ သမားခေါင်း ဆောင် ၄ ဦးကို
ဒီကနေ့ ရေတာ ရှည်မြို့နယ် တရားရုံးမှာ ဆက်လက်ရုံးထုတ်ရာမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မနဲ့
ခွင့်ပြုချက် မရဘဲ ဆန္ဒပြ မှုပုဒ်မ ၂ ခုကို စစ်ဆေးတယ်လို့ တရားခွင်တက်နားထောင်တဲ့ တရားစွဲခံရသူ
ကိုနေထက်အောင်ရဲ့ ဖခင် ဦးမြင့် သန်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း
ကလော မြို့နယ် ရွှေမင်း ဖုန်းရွာ အနီး မှာရှိတဲ့ ရွှေလုပ်ကွက် တစ်ခုမှာ ဒီဇင် ဘာလ (၆) ရက်နေ့ မနက် ပိုင်းက အမျိုးသား တစ်ဦး ရွှေတူးသည့် ကျင်း ထဲသို့
ပြုတ် ကျပြီး သေဆုံး ခဲ့ကြောင်း သိရ ပါသည်။
သေဆုံး သွားတဲ့ သူက ကိုနိုင် လင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံ ခါးမြို့နယ်၊ ဆင်ဆိပ်ရွာ
က ဖြစ်ပါတယ်။
၅-၁၂-၂ဝ၁၂
ရက်နေ့ ၁၇းဝဝ အချိန် ရှမ်းပြည်နယ် မူဆယ်(မူးယစ်)၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပူးပေါင်း အဖွဲ့များနှင့် အတူ သတင်းအရ ကွတ်ခိုင်မြို့ ခိုတင်ရွာသွားလမ်းမပေါ်တွင်
ရပ်ထားသော Tiger ခဲရောင် လိုင်စင်မဲ့ ယာဉ်အမှတ် ၇ခ/×××× အား စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်း
တွင် ယာဉ်မောင်း လိကျင်ဖ(ခ)ကျော် မိုးလွင် (၂၄)နှစ်နှင့် လိကျင်လုံ(ခ) ကျော်ထွေး (၂၆)နှစ်တို့
(၂)ဦးကြား၌ဂျပ်ဖာပုံးခွံ အတွင်း ခေါင်းလျှော်ရည် ထုပ်များနှင့် ရောနှောထားသည့် WY စာတမ်းပါ
အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉ဝဝဝ)ပြား၊ အလေးချိန် (၁.၈)ကီလို၊ ၈၈ နှင့် ၁ စာတမ်းတစ်ဖက်စီပါ
အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃၈ဝဝ)ပြား၊ အလေးချိန် (၃၇ဝ)ဂရမ်၊ ပေါင်းဆေးပြား (၂၂၈ဝဝ)ပြား၊
အလေးချိန် (၂.၁၇)ကီလို (ဒေသပေါက်ဈေး ၁ ပြားလျှင် ၂,ဝဝဝ ကျပ်နှုန်းဖြင့် ကျပ် ၄၅၆ သိန်း)အား
ရှာဖွေတွေ့ရှိခဲ့သည်။ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသူ လိကျင်ဖ (ခ) ကျော်မိုးလွင်နှင့်
လိကျင်လုံ(ခ) ကျော်ထွေး တို့(၂)ဦးအား ၂၂၄၅ အချိန် ကွတ်ခိုင်ရဲစခန်း မယ(ပ) ၆၁/၁၂ မူး/စိတ်ပုဒ်မ
၁၅/၁၉(က)/၂၁ ဖြင့် ဖမ်းဆီးစစ် ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
RFA
ကနေ အောက်တို ဘာလပိုင်းက အလုပ်ဖြုတ်လိုက်တဲ့ မြန်မာဌာနက ၀န်ထမ်း (၄)ဦးအပါဝင် ကမ္ဘော ဒီးယား ဌာနက ၀န်ထမ်း (၃)ဦးနဲ့ လာအိုစ်ဌာနက ၀န်ထမ်း
(၁)ဦး တို့နဲ့ပတ်သက်လို့ အမေရိကန် အလုပ် သမား သမဂ္ဂ ကနေ RFA ကို နိုဝင်ဘာလတွင်း ပြန်ပြီးတရားစွဲလိုက်ပါတယ်။
7-12-2012 ရက်နေ့
နေ့လည် ၁၂ နာရီ ၀န်းကျင်တွင် မန္တလေးတက္ကသိုလ် အရှေ့ဘက် ၆၉ လမ်းရှိ ရေမြောင်း အတွင်းမှ မီးရထား ၀န်ထမ်း တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း
တွေ့ရသည်။ အဆိုပါ
သေဆုံးသူအား လူပျောက်ကြော်ငြာ ထားသည်မှာ သုံးရက်ခန့် ရှိနေပြီဖြစ်ကြောင်း အခင်း ဖြစ်ရာ
နေရာသို့ ရောက်ရှိလာ သော ရဲအရာ ရှိတစ်ဦးက ထံမှ သိရသည်။
လက်ပံတောင်းတောင်
သပိတ် စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သောဆရာတော် ဥူးတိ က္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူရန်
စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဆရာတော် ဥူးတိက္ခ ဥာဏမှာ ဒဏ်ရာရရှိခဲ့သည့် သံဃာအပါး ၁၀၀
ခန့်တွင် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး ယခုကဲ့သို့ ပြည်ပ သို့ သွားရောက်ဆေးကုသမှု ခံယူရန်
စီစဉ်ရခြင်းဖြစ်သည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဘ၀အလင်း ဆရာတော်မှ မိန့်ကြားပါသည်။