Saturday, December 08, 2012

အာဏာပိုင်တို့အကြမ်းဖက်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူမည်

Posted by drmyochit Saturday, December 08, 2012, under | No comments


လက်ပံတောင်းတောင် သပိတ် စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သောဆရာတော် ဥူးတိ က္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဆရာတော် ဥူးတိက္ခ ဥာဏမှာ ဒဏ်ရာရရှိခဲ့သည့် သံဃာအပါး ၁၀၀ ခန့်တွင် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး ယခုကဲ့သို့ ပြည်ပ သို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်ရခြင်းဖြစ်သည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဘ၀အလင်း ဆရာတော်မှ မိန့်ကြားပါသည်။


ယင်းသို့ပြည်ပသို့ သွားရောက်ဆေးကုသရန် စီစဉ်ခြင်းနှင့် ပတ်သက်ပြီး “ဆရာဝန်တွေရဲ့ စစ်ဆေးကုသချက်တွေ အရတော့ ပြည်ပကို သွားရောက်ကုသဖို့ မလိုအပ်ပါဘူး။

ဒါပေမယ့် ဒဏ်ရာပြင်းထန်တဲ့ သံဃာအချို့အနေနဲ့ သွားရောက် ကုသမယ်ဆိုရင်လည်း တိုင်းဒေသကြီး အစိုးရအနေနဲ့ ကုသမှုခံယူချင်တဲ့ သံဃာတော်တွေကို ပတ်စ်ပို့ပြုလုပ်တာမျိုးနဲ့ အခြားအခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမှာပါ။

တားဆီးပိတ်ပင် တာမျိုးဆိုတာ မရှိပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး လူမှုရေး ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာ ၀င်းလှိုင်က ပြောကြားပါသည်။

“ဆေးရုံတက်ရောက်ကုသမှု ခံယူနေတဲ့ သံဃာတော်တွေမှာ ပတ်စ်ပို့လုပ်ထားပြီးသား မရှိပါဘူး။ ထိခိုက်ဒဏ်ရာ အများဆုံးရထားတဲ့ ဥူးတိက္ခဥာဏကို ထိုင်းမှာသွားကုဖို့စီစဉ်နေပါတယ်။ သူ့အတွက်ကိုလည်း ပတ်စ်ပို့က အခုမှလျောက်ရမှာပါ။

 လောလောဆယ်မှာ သူ့ရဲ့ သံဃာမှတ်ပုံတင်ကဒ်က မီးလောင်တဲ့အထဲ ပါသွားတဲ့အတွက် သံဃာကဒ်ကို အရင်ပြန်လျောက်ပြီးမှ ပတ်စ်ပို့ပြု လုပ်ရမှာပါ။

 အစိုးရအနေနဲ့ ပြည်ပဆေး သွားကုဖို့ကိစ္စကို ကူညီမယ်လို့ ပြောထားတာလည်း ရှိပါတယ်” ဟု လက်ပံတောင်း  တောင် ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်ဥူးသုက မိန့်ကြားသည်။

ဒီဇင်ဘာ ၂ ရက်နေ့မှစပြီး မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူသော သံဃာနှင့် လူနာအရေအတွက်မှာ ၁၀၅ ဦး ရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံအတွင်း နေရာအခက်အခဲအရ ကန်တော်နဒီ ဆေးရုံသို့ ပြောင်းရွှေ့ ထား သည့် သံဃာ ၃၇ ပါးနှင့် မန္တလေးဆေးရုံကြီးတွင် သံဃာ ၂၆ ပါးနှင့် လူပုဂိုလ် ၅ ဦး ကျန်ရှိကြောင်း သိရသည်။ အဆို ပါ သံဃာတောများတွင် ဒဏ်ရာပြင်းထန်သည့် သံဃာ ၈ ပါးခန့် ပါဝင်ကြောင်း သိရပါသည်။


Eleven Media Group 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်