Saturday, December 08, 2012

" RFA "တရားစွဲခံရပြီ

Posted by drmyochit Saturday, December 08, 2012, under | No comments



 RFA ကနေ အောက်တို ဘာလပိုင်းက အလုပ်ဖြုတ်လိုက်တဲ့ မြန်မာဌာနက ၀န်ထမ်း (၄)ဦးအပါဝင် ကမ္ဘော ဒီးယား ဌာနက ၀န်ထမ်း (၃)ဦးနဲ့ လာအိုစ်ဌာနက ၀န်ထမ်း (၁)ဦး တို့နဲ့ပတ်သက်လို့ အမေရိကန် အလုပ် သမား သမဂ္ဂ ကနေ RFA ကို နိုဝင်ဘာလတွင်း ပြန်ပြီးတရားစွဲလိုက်ပါတယ်။


RFA အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်း (၈)ဦးလုံး အလုပ်နေတဲ့အချိန်မှာ ဘာ အပြစ်မှ မရှိပဲ လုံခြုံရေးအစောင့်အရှောက်တွေကို အသုံးပြုပြီး ရုံးကနေချက်ချင်းထွက်ဖို့နဲ့ RFA မှာ အလုပ် မလုပ်တော့ ဘူးဆိုတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးဖို့ပြုလုပ်ခဲ့ပါတယ်။

အုပ်ချုပ်ရေးပိုင်းက လက်မှတ်ရေးထိုးခိုင်းတဲ့ စာချုပ်မှာပါတဲ့အချက်တော်တော်များများဟာ အမေရိကန် ပြည်ထောင်စု ကပြဌာန်း ထားတဲ့ ဥပဒေတွေ အပါအ၀င် အလုပ် သမား သမဂ္ဂနဲ့ RFA သဘောတူ ထားတဲ့ အချက် တွေကို ပါ ချိုးဖောက် ထားပါတယ်။

 ဒါအပြင် အလုပ်ထုတ်ခံရသူတွေကို နစ်နာကြေးသဘောမျိုးပေးမယ်ဆိုတဲ့ စာချုပ်ကို အလုပ် သမား ဥပဒေ အရ ပြန်လည် ညှိုနှိုင်း ပြင်ဆင် ဆောင်ရွက်ဖို့ ကိုလည်း RFA က ပျက်ကွက် ခဲ့ပါတယ်။

RFA က၀န်ထမ်းတွေအလုပ်ထုတ်ခံရတဲ့ကိစ္စကို အလုပ်သမားသမဂ္ဂအနေနဲ့ ဥပဒနဲ့အညီ RFA ကိုတရားစွဲ စိန်ခေါ်လိုက်ပါပြီ။ အဓိကအားဖြင့် အလုပ်ဖြုတ်ဖို့အတွက် ၀န်ထမ်းတွေကို အသိပေး ထုတ်ပြန်တဲ့ စာနဲ့ ပတ်သက်လို့ သမဂ္ဂနဲ့သဘောတူစာချုပ်အတိုင်း RFA အုပ်ချုပ်ရေးပိုင်းက သတ်မှတ်တဲ့ အချိန် အလုံ အလောက် မပေးတာ၊ အလုပ်ထုတ်ဖို့ဝန်ထမ်းတွေကိုရွေးချယ်ရာမှာ RFA ကမှန်မှန်ကန်ကန် မဆောင် ရွက်တာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အလုပ်ဖြုတ်တာ စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး တရားစွဲထားပါတယ်။

ဥပမာ မြန်မာနဲ့ ကမ္ဘောဒီးယားဌာနက အထုတ်ခံရတဲ့ ၀န်ထမ်းနှစ်ဦးဆိုရင် အလုပ်သမားသမဂ္ဂ၀င်အဖြစ် တက်တက်ကြွကြွဆောင်ရွက်ခဲ့ပြီး သမဂ္ဂနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို RFA အုပ်ချုပ်သူတွေ ချိုးဖောက်တယ်ဆိုရင် ပြန်ပြီးထောက်ပြခဲ့တဲ့ အစဉ်အလာရှိသူတွေဖြစ်ပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ ၀န်ထမ်း (၈)ဦးစလုံးဟာ သူတို့ဌာနအသီးသီးမှာ အထုတ်မခံရပဲ ကျန်နေတဲ့ ၀န်ထမ်း အများ စုထက် လုပ်သက်ရင့်သူတွေဖြစ်ပါတယ်။

မြန်မာဌာနကအဖြစ်အပျက်မှာဆိုရင် လုပ်သက်တစ်နှစ်တောင်မပြည့်သေးတဲ့ဝန်ထမ်းတဦး အပါဝင် နောက်ဝန်ထမ်း တဦး စုစုပေါင်းနှစ်ဦးကို အယ်ဒီတာအဖြစ်ခန့်လိုက်ကြောင်း RFA အုပ်ချုပ်ရေး တာဝန်ရှိ သူက ကြေညာပြီးနောက် တချိန်တည်းမှာပဲ ကျန်တဲ့ဝန်ထမ်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို မြန်မာ ဌာနတွင်း အလုပ်ဖြုတ်ဖို့ ရှိတယ် ဆိုတဲ့ ကြေညာချက် ကိုပြုလုပ်ခဲ့ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ RFA မြန်မာဌာနက အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေနေရာမှာ အချိန်ပိုင်းခန့် ထားသူတွေ အစားထိုးအလုပ်ခိုင်းစေတာဟာ အလုပ် သမား သမဂ္ဂနဲ့ သဘောတူ ထားတဲ့ စာချုပ်ကို RFA ကထင် ထင်ရှားရှား ချိုးဖောက်နေပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေအပေါ် ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်တွေကို ပြန်လည် ညှိုနှိုင်းဖို့ RFA အုပ်ချုပ်ရေးပိုင်းကပျက်ကွက်တဲ့အချက်ကိုလည်း အလုပ်သမားသမဂ္ဂအနေနဲ့တရားစွဲထားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်