Saturday, December 08, 2012

ကလောမြို့တွင် အမျိုးသားတစ်ဦးရွှေကျင်းထဲပြုတ်ကျသေဆုံး

Posted by drmyochit Saturday, December 08, 2012, under | No comments




ရှမ်းပြည်နယ်တောင်ပိုင်း ကလော မြို့နယ် ရွှေမင်း ဖုန်းရွာ အနီး မှာရှိတဲ့ ရွှေလုပ်ကွက် တစ်ခုမှာ ဒီဇင် ဘာလ (၆) ရက်နေ့ မနက် ပိုင်းက အမျိုးသား တစ်ဦး ရွှေတူးသည့် ကျင်း ထဲသို့ ပြုတ် ကျပြီး သေဆုံး ခဲ့ကြောင်း သိရ ပါသည်။
သေဆုံး သွားတဲ့ သူက ကိုနိုင် လင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံ ခါးမြို့နယ်၊ ဆင်ဆိပ်ရွာ က ဖြစ်ပါတယ်။


ကလောမြို့က အာရှ ကမ္ဘာမြေရွှေလုပ်ကွက်မှာ အလုပ်လုပ်နေတာ (၁)  နှစ်ကျော် ကြာ ပြီဖြစ်ကြောင်း သိရပါ တယ်။ ``အဲဒီနေ့မနက်က ကျွန်တော်နဲ့ကိုနိုင်လင်း တွင်းအမှတ် (၇၈)ထဲကို ဆင်းပြီးတော့ ရွှေဗြုန်း တူးကြပါ တယ်။ တစ်နာရီလောက်ကြာတော့ ကျွန်တော်တို့ နှစ်ယောက် စလုံးအသက်ရှူကြပ်လာကြတယ်။

 ခေါင်း မူးလာပြီး မျက်စိတွေလဲပြာလာ တယ်။ ဒါကြောင့်နှစ်ယောက်စလုံး ကြိုးနဲ့ ပြန်တက်လာပါတယ်။ ကျင်းက ပေ(၁၀၀) ကျော်လောက် နက်ပါတယ်။ ကျွန်တော်အပေါ်ရောက်တဲ့အချိန်မှာ ကိုနိုင်လင်း ပေ(၇၀) အမြင့်လောက် ကနေ ပြုတ် ကျသွားတာပါလို့´´ ရွှေကျင်းထဲမှ အတူပြန်တက်လာသူ ကိုမျိုးကိုဦးမှ ပြောပြပါတယ်။

ကိုနိုင်လင်း သေဆုံးမှုကိုတော့ ကလောမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။ ရွှေကျင်း ပိုင်ရှင်တွေအနေနဲ့ ရွှေကျင်းထဲမှာ အလုပ် လုပ်နေတဲ့ အလုပ်သမားတွေအတွက် အောက်ဆီဂျင် ဗူးတွေ ထုတ်ပေးသင့်ပါတယ်။

အသုံးပြုနေတဲ့ စက်ပစ္စည်းကရိယာတွေရဲ့ ကြံ့ခိုင်မှုတွေကိုလဲ အမြဲစစ်ဆေးပေးပြီး အလုပ်သမားတွေရဲ့  ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

ကိုနိုင်လင်း သေဆုံးရတဲ့ အကြောင်းအရင်းကို သာဓကယူပြီး ရှမ်းပြည်နယ်မှာ ရွှေတူးနေကြတဲ့ မိတ်ဆွေများ အားလုံးကို သတိထားလုပ်ကိုင် ကြဖို့ ဖော်ပြေပေးလိုက်ပါတယ်။


ရှမ်းသတင်းစဉ်
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်