Tuesday, September 10, 2013

ဇနီးလောင်းကိုကယ်ရင်း အတူရေနစ်သေဆုံးသွားခဲ့သော စုံတွဲ

Posted by drmyochit Tuesday, September 10, 2013, under | No comments


အီတလီနိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့က ခင်ပွန်းလောင်းက ၎င်းချစ်သော ဇနီးလောင်း ရေနစ်နေတာ သွားကယ်ရင်း အတူရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးဟာ စေ့စပ်ပြီးသား စုံတွဲဖြစ်ကြောင်း လည်း သိရသည်။

အသက်(၃၄)နှစ်အရွယ် Andrew Sturgess က အသက်(၂၅)နှစ်အရွယ် Carmen Spiridon ရဲ့ မိဘများနှင့် တွေ့ဆုံဖို့သွားသော ထိုခရီးတွင် ယင်းအဖြစ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုခရီးအတွင်း ပင်လယ်ကမ်းခြေတွင် ရေဆင်းကူးနေစဉ် လှိုင်းအတန်ငယ်ထန်သော ပင်လယ်ရေပြင်တွင် သူမအားကယ်ဖို့ အကူအညီတောင်းနေသည့် ဇနီးလောင်းအား ခင်ပွန်းလောင်းက သွားကယ်ရာမှ နှစ်ဦးစလုံး ရေနစ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ်းခြေစောင့် အသက်ကယ်ဝန်ထမ်းက ၎င်းတို့နှစ်ဦးအား အလျင်အမြန် ကယ်တင်ခဲ့ပေမယ့် လှိုင်းထန်သော ရေပြင်ဝယ် ရေကူးမကျွမ်းကျင်ဘဲ ရေနစ်သွားခဲ့သော ၎င်းတို့နှစ်ဦးဟာ သတိပြန်လည်လာခဲ့ခြင်း မရှိဘဲ သေဆုံးသွားခဲ့ကြတာဖြစ်ကြောင်းလည်း သိရသည်။











Source : Daily Mail

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်