CNA.com;July-24(Tue)
ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်ဒေသ၌စစ်ရေးအင်အားတိုးမြှင့်လျက်ရှိစဉ်
မြောက်ကိုရီးယားနိုင်ငံ သည် အငြင်းပွားမှုဖြစ်ပေါ်နေသော ရေပြင်နယ်နိမိတ်အနီးသို့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဒါဇင်ပေါင်းများစွာအား မကြာသေးမီက တပ်ဖြန့်ချထားကြောင်း ဇူလိုင်လ ၂၄ ရက်နေ့သတင်းဖော်ပြချက်များတွင်
တွေ့ရှိရပါသည်။ အမည်မဖော်လိုသူ တောင်ကိုရီးယားအရာရှိများ၏ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသည်
ပင်လယ်ဝါ အနီးTaetan နှင့် Nuchon လေတပ်စခန်းများတွင် ရဟတ်ယာဉ် ၅ဝ စီးခန့် တပ်ဖြန့်ချထားကြောင်း
သိရှိရပါသည်။ ၎င်းရဟတ်ယာဉ်များမှာ လွန်ခဲ့သောဆယ်စုနှစ်များက ဆိုဗီယက်ယူနီယံမှတင်သွင်းသည့Mi-2 ၊ Mi-4နှင့် Mi-8 ရဟတ်ယာဉ်များအား အဆင့်မြှင့်တင်ထားခြင်းဖြစ်ပါသည်။
၎င်းရဟတ်ယာဉ်များအား မြေပြင်တိုက်ခိုက်ရေးနှင့်
မြန်နှုန်းမြှင့်ရွေ့လျားတပ်ဖွဲ့များ စစ်ရေးလေ့ကျင့် ရာတွင် အသုံးပြုလျက်ရှိကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ¤င်းတိုက်ခိုက်ရေးရဟတ်ယာဉ်များ
သည် တောင်ကိုရီးယား၏ Baengnyeong
ကျွန်းသို့ ၂ မိနစ်၊ သို့မဟုတ်
၃ မိနစ်အတွင်းရောက်ရှိနိုင်ကြောင်း Chosun Ilbo သတင်းစာက
ဖော်ပြခဲ့ပါသည်။ သို့သော်
¤င်းသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက
မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။ ၎င်းနယ်စပ်ဒေသသည် ၁၉၉၉၊ ၂ဝဝ၂နှင့် ၂ဝဝ၉
ခုနှစ်များတွင် ရေတပ်ပဋိပက္ခများဖြစ်ပေါ်ခဲ့ရာဒေသဖြစ်ပြီး
၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယား၏ အမြောက်ပစ်ခတ်မှုကြောင့်
တောင်ကိုရီးယားနိုင်ငံသား
၎ ဦးသေဆုံးခဲ့ပါသည်။ ¤င်းအချိန်မှစ၍ တောင်ကိုရီးယား နိုင်ငံသည်
မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆိုကြိုတင်ဟန့်တားနိုင်ရန်
နယ်စပ်ဒေသကျွန်းများ၌ လူ၊ လက်နက် အင်အားတောင့်တင်းအောင်
ဆောင်ရွက်မှုပြုလုပ်ခဲ့ပါသည်။