Tuesday, July 24, 2012

အီရန်နိုင်ငံသည် သင်္ဘောနှင့်ရေငုပ်သင်္ဘောများအတွက် နျူကလီးယားလောင်စာတောင့် ထုတ်လုပ်နိုင်ပြီဆိုခြင်း

Posted by drmyochit Tuesday, July 24, 2012, under | No comments


PressTV.com;July-23(Mon)

အီရန်နိုင်ငံသည် ရေငုပ်သင်္ဘောများနှင့် ကုန်သွယ်ရေးဆိုင်ရာသင်္ဘောများအတွက် နျူကလီးယား လောင်စာထုတ်လုပ်ရန် ကျွမ်းကျင်မှုရှိနေပြီဖြစ်ကြောင်း (Atomic Energy Organization of Iran-AEOI)  အကြီးအကဲ Fereydoun Abbasi က ပြောကြားခဲ့ပါသည်။ မိမိတို့တွင် သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအတွက် နျူကလီးယားလောင်စာထုတ်လုပ်ရန် စွမ်းရည်ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်တွင် ၂ဝ ရာခိုင်နှုန်းထက်ကျော်လွန်၍ ယူရေနီယံသန့်စင်မှုပြုလုပ်ရန် အစီအစဉ်မရှိကြောင်း ဇူလိုင်လ ၂၂ ရက်နေ့က တီဟီရန်၌ ပြုလုပ်သော အခမ်းအနားတစ်ခု၏ပြင်ပတွင်ပြုလုပ်သည့်ဆွေးနွေးပွဲတွင် Abbasi က ပြောကြားခဲ့ပါ သည်။

 အီရန် အဏုမြူစွမ်းအင်အဖွဲ့ (AEOI) တွင် စနစ်များနှင့်နည်းပညာပိုင်းအတွက် လုပ်ဆောင်ရန်အခက်အခဲ မရှိကြောင်း၊  တစ်ချိန်တွင် အဏုမြူစွမ်းအင်မှာ အခြေခံလိုအပ်ချက်ဖြစ်လာခဲ့ပါက အစိုးရအနေဖြင့် ယူရေနီယံအား ၂ဝ ရာခိုင်နှုန်းအထက် သန့်စင်ရန်ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း ဗဘဘျေင က ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်များကို စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များဖြင့် ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း အမေရိကန်၊ အစ္စရေးနှင့် တို့၏မဟာမိတ်နိုင်ငံအချို့က စွပ်စွဲထားပါသည်။ 

အမေရိကန်နှင့် အနောက်အုပ်စု၏စွပ်စွဲချက်များအား အီရန်နိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး နျူကလီးယားမပြန့်ပွားရေးစာချုပ် (NPT) တွင် လက်မှတ်ရေးထိုးထားပြီး IAEA  အဖွဲ့ဝင်ဖြစ်သော အီရန်နိုင်ငံသည် ငြိမ်းချမ်းသောလုပ်ငန်းများအတွက်  နျူကလီးယားနည်းပညာအားရယူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိအောင်ပြုလုပ်ရန် အခွင့်အရေးရှိကြောင်း အခိုင်အမာပြောကြားလျက်ရှိပါသည်။ ထို့ပြင် IAEA အနေဖြင့် အီရန်နျူကလီးယား အဆောက်အဦများအား မရေတွက်နိုင်အောင် စစ်ဆေးမှုပြုလုပ်ပြီးသော်လည်း  အီရန်၏နျူကလီးယားအစီအစဉ် တွင် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်နှင့် ပတ်သက်သောသက်သေတစ်ခုမျှမတွေ့ခဲ့ရကြောင်း ဖော်ပြပါရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်