Tuesday, July 24, 2012

တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့များသြဂုတ်လနှောင်းပိုင်းတွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်မည်ဆိုခြင်း

Posted by drmyochit Tuesday, July 24, 2012, under | No comments


Yonhapnews.com;July-23(Mon)

          တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့များသည် မြောက်ကိုရီးယားနိုင်ငံ၏ရန်လိုမှုအား ကာကွယ်ရန် အတွက် သြဂုတ်လနှောင်းပိုင်းတွင် ¤င်းတို့၏နှစ်ပတ်လည်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများက ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မဟာမိတ်  (Ulchi Freedom Guardian-UFG) ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား သြဂုတ်လ၂ဝ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်းစည်းတပ်ဖွဲ့များဌာနချုပ် (Combined Forces Command-CFC) က ကြေညာချက်တစ်စောင်တွင် ဖော်ပြထားပါသည်။ အဆိုပါကွန်ပျူတာအထောက်အကူပြုစစ်ရေး လေ့ကျင့်ခန်းတွင် ပစိဖိတ်ဒေသရှိ အမေရိကန်နှင့် အခြားသောအခြေစိုက်စခန်းများမှ စစ်သည် ၃,ဝဝဝ ခန့် အပါအဝင် အမေရိကန်စစ်သည် ၃ဝ,ဝဝဝ ခန့်နှင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၅၆,ဝဝဝ ပါဝင်မည်ဖြစ်ကြောင်း ပေါင်းစည်းတပ်ဖွဲ့များဌာနချုပ(CFC)က ပြောကြားခဲ့ပါသည်။ 

၎င်းလေ့ကျင့်ခန်းတွင် သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်၊ ဒိန်းမတ်၊ နော်ဝေနှင့် ပြင်သစ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များပါ ပါဝင်မည်ဖြစ်ပြီး စုစုပေါင်းတပ်ဖွဲ့ဝင် ၅၃ဝ,ဝဝဝ ကျော်ပါဝင်မည်ဖြစ်ကြောင်း CFC  က ပြောကြားခဲ့ပါသည်။Ulchi Freedom Guardian  စစ်ရေးလေ့ကျင့်ခန်းသည် တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့များ၏တပ်အသင့်ဖြစ်စေရေးအတွက် အရေးပါသည့်လေ့ကျင့်ခန်းတစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယားရှိအမေရိကန်တပ်ဖွဲ့များအကြီးအကဲ ဗိုလ်ချုပ်ကြီး James Thurman က ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

          ကိုရီးယားကျွန်းဆွယ်၌ ဆက်ဆံရေးတင်းမာမှုမြင့်မားလျက်ရှိပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် တပ်မတော်နှစ်ရပ် ကြား ပစ်ခတ်တိုက်ခိုက်မှု၌ တောင်ကိုရီးယား ၅ဝ ဦးသေဆုံးခဲ့ပါသည်။ အကယ်၍ နောက်တစ်ကြိမ်ရန်စလာလျှင် ကြမ်းတမ်းစွာလက်တုံ့ပြန်ရမည်ဟု တောင်ကိုရီးယားစစ်တပ်က သန္နိဋ္ဌာန်ချထားပါသည်။ ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲအပြီး စစ်ရပ်ဆိုင်းရန်နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့ကြပါသည်။ စစ်ပွဲကြောင့် ကိုရီးယားများသည် နည်းပညာအရ နောက်ကျကျန်ရစ်ခဲ့ပါသည်။ စစ်ပွဲ၏အမွေအဖြစ် ထိုနေရာတွင် အမေရိကန်စစ်သား ၂၈,၅ဝဝ ခန့် စစ်စခန်းချလျက်ရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်