Tuesday, June 25, 2013

မိမိတွင် အကြမ်းဖက် သမား တစ်ဦး၏ အမူ အကျင့် လုံးဝ မရှိဟု ဆရာတော် ဦးဝီရသူတုံ့ပြန်

Posted by drmyochit Tuesday, June 25, 2013, under | No comments

ရန်ကုန် - ဇွန် - ၂၄ ။ ။ တိုင်းမ်မဂ်ဂဇင်း က ဗုဒ္ဓ ဘာသာ အကြမ်း ဖက်ဟု သုံးနှုန်း ဖော်ပြခဲ့ မှုနှင့် ပတ်သက် ၍ မိမိတွင် အကြမ်းဖက် သမား များ၏ အမူ အကျင့်၊ စရိုက်လက်ခဏာမျိုး လုံးဝမရှိကြောင်း ဆရာ တော် ဦးဝီရ သူက ရန်ကုန်တိုင်းမ် သတင်းစာသို့ မိန့်သည်။ ''အကြမ်း ဖက်ဆိုတာ ဘာ ကို ကြည့်ပြီးပြောတာလဲ။ လက် နက်တွေကိုင်၊ အဖွဲ့အစည်းတွေ ဖွဲ့ပြီး ပြဿနာရှာ၊ အဓိကရုဏ်း တွေ ဖန်တီး စတဲ့ အကြမ်းဖက် လုပ်ရပ်တွေလုပ်တာမျိုး လုံးဝမရှိ တဲ့အတွက် ဗုဒ္ဓ ဘာသာ အကြမ်းဖက် လုံးဝ...

သမ္မတဦးသိန်းစိန် တိုင်းမှူးဖြစ်ခဲ့စဉ် စိုက်ပျိုးရေးစီမံကိန်းအတွက် ညွှန်ကြားခဲ့သော လယ်ယာမြေများနှင့် စပ်လျဉ်းပြီး ရှယ်ယာရှင်များ ရှင်းလင်း

Posted by drmyochit Tuesday, June 25, 2013, under | No comments

ရန်ကုန်၊ဇွန် ၂၅။ နိုင်ငံတော်သမ္မတဦးသိန်းစိန် ၁၉၉၉ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် တာချီလိတ်ခရိုင် စိမ်းလန်း စိုပြေရေးအတွက် စိုက်ပျိုးရေးစီမံကိန်း လုပ်ဆောင်ရန် ညွှန်ကြားခဲ့သဖြင့် မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဖော်ထုတ်ကာ ရှယ်ယာ များ ထည့်ဝင် ခဲ့ကြသော ရှယ်ယာရှင်များမှ အဆိုပါ လယ်မြေများနှင့်စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ဇွန်လ ၂၅ရက်နေ့ တွင် ပြုလုပ် ခဲ့သည်။ ၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်...

25-6-2013 ရက်နေ့ ဗွီဒီယိုသတင်းများ စုစည်းမှု

Posted by drmyochit Tuesday, June 25, 2013, under | No comments

ပုဇွန်တောင်ချောင်းအတွင်း ငမိုးရိပ်မိချောင်း တစ်ကောင်အား ယနေ့နံနက်ပိုင်းတွင် ဖမ်းမိခဲ့၊ ရေလုပ်သားများမှ ဖမ်းဆီးခဲ့ပြီး သာကေတ မိချောင်းမွေးမြူရေး စခန်းသို့ ပို့ဆောင် ================================================= အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရ၊ တရားရုံးမှ အသက်မပြည့်သော ပြည့်တန်ဆာနှင့်ပျော်ပါးမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် ချမှတ်ခဲ့ ====================================================== ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်၊ မြ၀တီမြို့မှတစ်ဆင့်...

အဓိကရုဏ်းများ မဖြစ်ပွားစေရန် တိုင်းမ်မဂ္ဂဇင်းကို အစိုးရကန့်သတ်

Posted by drmyochit Tuesday, June 25, 2013, under | No comments

လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်း စာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီက ယနေ့ည ၈နာရီတွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော...

အကူအညီလိုအပ်နေသူ ( အရပ်အရှည်ဆုံးလူသား မြန်မာနိုင်ငံတွင် ရှိနေသည် )

Posted by drmyochit Tuesday, June 25, 2013, under | No comments

Ready made ဘိနပ်၊ပုဆိုး၊စောင်၊အင်္ကျိ၊ဘယ်ဟာမှအဆင်မပြေပါ။ ကိုဝင်းဇော်ဦး အသက်(၃၆)နှစ် အရပ် ( ၇ ပေ ၁၁ လက်မ) ဖ၀ါး(၁၃ခွဲ) အလှူရှင် လိုအပ်နေပါသည်။ မိတ်ဆွေများ Share လုပ်ပေးကြပါ။ အလှူရှင်များဆက်သွယ်ရန် ဦးပေါဌေး ၊အုပ်ချုပ်ရေးမှူး ၊နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းကျေးရွာ (၀၉၄၀၁၆၄၀၇၅၂) From: သတင်းချစ်သူ - ဝေဟ...

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

Posted by drmyochit Tuesday, June 25, 2013, under | No comments

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက်...

အနာဂတ်ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး ရွယ်လှေ

Posted by drmyochit Tuesday, June 25, 2013, under | No comments

ပညာရှင် Eduard Gray’s ရေးဆွဲဖန်တီးထားတဲ့ ဒီဇိုင်းပါ၊အနာဂတ်မှာထုတ် လုပ်ဖို့ရေး ဆွဲထားပြီး ကားတွေ ကိုပါတင်ဆောင် သွားလာနိုင်မယ့် ဇိမ်ခံရွက်လှေပါ၊ ဆလင်ဒါ ၁၂ လုံး V အင်ဂျင်နဲ့တည်ဆောက်ထားပြီး ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင် ရေက ၈၈၀ ရှိမှာပါ၊ ဒါကြောင့်တစ်နာရီကို မိုင် ၂၃၀ နှုန်းအထိမောင်းနှင်မယ့် အနာဂတ် Concept ရွယ်လှေကြီးပ...

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်

Posted by drmyochit Tuesday, June 25, 2013, under | No comments

တွံတေး၊ ဇွန် ၂၅။တွံတေးမြို့နယ် အိုးဖိုးအနောက်ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့် ၌ သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးအား ကောင်မလေး ၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့် ထိုးလိုက်သောကြောင့် သေဆုံးသွားကြောင်း တွံတေးမြို့ နယ် ရဲစခန်းမှ သိရသည်။သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု ကြုံဝကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တွံတေး မြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ် ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။“ကောင်လေးသွားတဲ့ အိမ်က...

NLD ခရိုင်ဘဏ္ဍာရေး အဖွဲ့ဝင်၏အိမ် ဖောက်ထွင်းခံရ

Posted by drmyochit Tuesday, June 25, 2013, under | No comments

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ရန်ကုန်အနောက်ပိုင်းခရိုင် ဘဏ္ဍာရေး အဖွဲ့ဝင်တစ်ဦး၏အိမ် ဖောက်ထွင်းခံရ သည်ဟု မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ဇွန် ၂၁ ရက်က တိုင်တန်းထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။ အိမ်ဖောက်ထွင်းခံရသူ NLD ပါတီဝင် သည် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် ဦးရေခဲလမ်းတွင် နေထိုင်သည့် ဒေါ်ခင်မျိုးအေးဖြစ် သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်းက အိပ်ရာမှနိုးချိန်တွင် နေအိမ် အောက်ထပ် တံခါးမကြီးမှာ...

စုံတွဲများ သီးသန့် ကြည့်နိုင်သည့် အအေးခန်း ရုပ်ရှင်ရုံကို ရဲဝင်ဖမ်း

Posted by drmyochit Tuesday, June 25, 2013, under | No comments

တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်းစား စုံတွဲများ သီးသန့်ကြည့်ရှုနိုင်သည့် 3D ရုပ်ရှင်ရုံတစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။ ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်းသီးသန့်ရုပ်ရှင်ကို ဝင်ရောက် စိစစ်ရာတွင် ဆင်ဆာမဲ့ နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသ နေသည်ကို တွေ့ရှိခဲ့ပြီး၊ သမီးရည်စားစုံတွဲများ သီးသန့် ကြည့်ရှုနိုင်ရန် အအေးခန်းများ စီစဉ်ပေးထားကာ ဇာတ်လမ်းတွဲအား ကြည့်ရှုနေသော စုံတွဲများကိုလည်း...

Eleven Media Group CEO အယ်ဒီတာ ဒေါက်တာ သန်းထွဋ်အောင်၏ လိင်ဆက် ဆံခြင်းခံခဲ့ရသည့် အမျိုးသမီးငယ် မလွင်မုံဇာခြည်(၁၇)နှစ်မှ ပြည်တွင်း မီဒီယာ The Vioce မီဒီယာအား ယနေ့ဖွင့်ပာပြောကြား

Posted by drmyochit Tuesday, June 25, 2013, under | 2 comments

မလွင်မုံဇာခြည်(၁၇) နှစ်မှ ယမန်နေ့က ထွက်ပေါ်လာခဲ့သည့် အလဲဗင်းအယ်ဒီတာ ဦးသန်းထွဋ်အောင် နှင့် ၂၀၀၂.စက်တင်ဘာလ က Hotel Nikko တွင်ဆုံတွေ့ခဲ့ကြစဉ်က ဘယ်သူဘယ်ဝါမှန်းမသိ ရိုက်ကူးရယူခဲ့သည့် ဗီဒီယိုဖိုင်အကြောင်းအား The Vioce ဂျာနယ်သတင်းထောက် ကိုစိုးလွင်အား ပြောကြားနေစဉ်။မလွင်မုံဇာခြည်၏ ဖခင်မှ အသက်မပြည့်သေးသည့်မိမိသမီးအား မိဘချင်းမစာနာစွာ စော်ကားခဲ့သည့်ဦးသန်းထွဋ်အောင်အား တရားဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရ။ (ခြွင်းချက်:မလွင်မုံဇာခြည်၏ ဓါတ်ပုံအား ကာယကံရှင်၏ခွင့်ပြုချက်မရရှိခြင်းကြောင့်...

"ရနောင်းမြို့မှာ ပြည့်တန်ဆာအဖြစ်ရောင်းစားခံထားရသည့် မြန်မာမိန်းကလေး ၁၃ဦး လွတ်မြောက်" (ရုပ်သံ သတင်း)

Posted by drmyochit Tuesday, June 25, 2013, under | No comments

ရွှေလုပ်...

ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီးမှု ရုပ်ရှင်ကားကြီး မကြာမီ ရိုက်ကူးတော့မည်

Posted by drmyochit Tuesday, June 25, 2013, under | No comments

ရန်ကုန်၊ ဇွန် ၂၅။ ၁၉၅၄ခုနှစ် ဇွန်လ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီးမှုကို ဒါရိုက်တာ အဏ်ထော်ဏီက ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ် ကားကြီးအဖြစ် လာမည့် အောက်တိုဘာလတွင် စတင်ရိုက်ကူးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒါရိုက်တာ အဏ်ထော်နီက မြန်မာ့ခေတ်သို့ ပြောကြားသည်။ ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ကမ္ဘာတွင် ပထမဆုံးလေယာဉ်အပိုင်စီးမှုသည် ကရင်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအား ဖော်ပြခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် ကရင်အမျိုးသား လွတ်မြောက်ရေးအတွက် မှန်ကန်သော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ဓါးမြ တိုက် လုယက်ခြင်း မဟုတ်သည့်အတွက် ဖြစ်ရပ်မှန်အဖြစ်...

ပုဂံညောင်ဦး လေဆိပ်တွင် ဂျပန်ခရီးသွားတစ်ဦး ကျောက်ဖြစ်ရုပ်ကြွင်းတချို့ သယ်ဆောင် လာသောကြောင့် တားဆီး

Posted by drmyochit Tuesday, June 25, 2013, under | No comments

ဂျပန်ခရီးသွား တစ်ဦးထံမှ သိမ်းဆည်းရမိသည့် ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ရှေးဟောင်းပစ္စည်းအချို့ ပုဂံညောင်ဦး လေဆိပ်တွင် မန္တလေးသို့ ထွက်ခွာမည့် ပုဂ္ဂလိက လေယာဉ်တစ်စီးဖြင့် လိုက်ပါမည့် ဂျပန်ခရီးသည် တစ်ဦးသည် ကျောက်ဖြစ်ရုပ်ကြွင်းဟု ယူဆရသည့် ပစ္စည်းတချို့ သယ်ဆောင်လာရာ လေဆိပ်တာဝန် ရှိသူများက တားဆီးစစ်ဆေးမှုတစ်ရပ် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုနေ့က အဲပုဂံလေကြောင်း၊ ခရီးစဉ် အမှတ် W9- 143 ဖြင့် နံနက် ၈ နာရီခွဲတွင် လိုက်ပါမည့်...

လက်ထိတ်တန်းလန်း ရေနစ်သေဆုံးသူ အမှုတွင် တာဝန်ရှိသူ ရဲ ၅ ဦးကို အမိန့်ချတော့မည်

Posted by drmyochit Tuesday, June 25, 2013, under | No comments

လက်ထိတ်တန်းလန်းနှင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ရုပ်အလောင်းကို မိဘဆွေမျိုးများက မြှုပ်နှံ သင်္ဂြိုဟ်စဉ် (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီးရှိ င၀န်မြစ်အတွင်း လက်ထိတ်သုံးစုံ ခတ်လျှက်သား အနေအထားဖြင့် ရေနစ် သေဆုံးခဲ့သူ မသန်းသန်းအေးနှင့် ပတ်သတ်၍ တာဝန်ရှိသူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၅ ဦးအား ရဲတရားရုံးဖြင့် အမိန့်ချရန် ပြင်ဆင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ မသန်းသန်းအေး သေဆုံးမှုတွင် တာဝန်ရှိသူ ဒုရဲအုပ် နိုင်အောင်ကျော်၊...

ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး

Posted by drmyochit Tuesday, June 25, 2013, under | No comments

အမေရိကန် နိုင်ငံတွင် (၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ် မိသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ရဲများက နယူးအော်လန်တွင် နေထိုင် သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ် ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်ကို ဒေသဆိုင်ရာ စုံထောက်အဖွဲ့ တာဝန်ရှိသူများက သွားရောက် လေ့လာခဲ့ပြီးနောက် အစောပိုင်းက ကလေးမလေး၏ မိခင်ကို ဒုတိယအဆင့် သတ်မှတ်ချက်...

နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ပျောက်ဆုံး

Posted by drmyochit Tuesday, June 25, 2013, under | No comments

အဖိုးတန် အရည်အသွေးမြင့် ကျောက်များ ဇွန်လ ၁၅ ရက်ကစပြီး ၂၇ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပနေတဲ့ အကြိမ် ၅၀မြောက် နေပြည်တော် ကျောက်မျက်ရတနာပြပွဲမှာ ပြပွဲအစနေ့ကတည်းက ပြသထားတဲ့ သိန်း ၂ထောင်ကျော်တန် စိန်ဘယက်တကုံး ပျောက်သွားသလို ကျောက်ကုန်သည်တွေ ၀ယ်ပြီးသား ကျောက်တွဲတွေမှာလည်း အရေအတွက်လျော့တာတွေ ခိျု့ယွင်းနေတာတွေရှိနေပါတယ်။ ဇွန်လ ၁၅ ရက်နေ့ ဖွင့်ပွဲနေ့က စိန်စီထားတဲ့ သိန်း ၂ဝဝဝ တန် ဘယက်တကုံး ပေါက်နေတာကို အခမ်းအနား ဖွင့်ပြီးတာနဲ့ တွေ့ရှိခဲ့ရကြောင်း နေပြည်တော်...

သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ အသက်ရှင်လွတ်မြောက်

Posted by drmyochit Tuesday, June 25, 2013, under | No comments

သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ် မိနေသည့် အနေအထားတွင် (၃)ရက်ကြာ အ သက်ရှင်ပြီး လွတ်မြောက် လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ် ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက် လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံသား ထမင်း ချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီး ရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက်သို့ ရောက် ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီး...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်