Tuesday, June 25, 2013

ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီးမှု ရုပ်ရှင်ကားကြီး မကြာမီ ရိုက်ကူးတော့မည်

Posted by drmyochit Tuesday, June 25, 2013, under | No comments

ရန်ကုန်၊ ဇွန် ၂၅။

၁၉၅၄ခုနှစ် ဇွန်လ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီးမှုကို ဒါရိုက်တာ အဏ်ထော်ဏီက ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ် ကားကြီးအဖြစ် လာမည့် အောက်တိုဘာလတွင် စတင်ရိုက်ကူးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒါရိုက်တာ အဏ်ထော်နီက မြန်မာ့ခေတ်သို့ ပြောကြားသည်။
၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ကမ္ဘာတွင် ပထမဆုံးလေယာဉ်အပိုင်စီးမှုသည် ကရင်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအား ဖော်ပြခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် ကရင်အမျိုးသား လွတ်မြောက်ရေးအတွက် မှန်ကန်သော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ဓါးမြ တိုက် လုယက်ခြင်း မဟုတ်သည့်အတွက် ဖြစ်ရပ်မှန်အဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ပြချင်တာ။ တစ်ခါက သူများတွေထက် ရှေ့တန်းရောက်ခဲ့တယ်။ စိတ်ဓါတ်ပိုင်းအရလည်း မြန်မာဟာ မနိမ့်ဘူးဆိုတာရယ်၊ နောင်လာနောင်သားတွေကိုလည်း ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့ဖူးပါလားဆိုတာကို သိစေချင်တယ်”ဟု ဒါရိုက် တာ အဏ်ထော်နီက ပြောကြားသည်။

လက်ရှိတွင် ယင်းဇာတ်ကား၏ အမည်ကို ရွေးချယ်နေဆဲဖြစ်ပြီး ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်များကို လျှောက်လွှာများခေါ်ကာ ရွေး ချယ်စိစစ်သွားမည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားကို လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက ရိုက်ကူးရန် ကြိုးစားခဲ့သော်လည်း ယခုမှ ရိုက်ခွင့်ရခြင်း ဖြစ်ကြောင်း၊ ၁၉၅၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် လေယာဉ်အပိုင်စီးမှု ပုံစံအတိုင်း သိမှတ်ဖွယ်ရာနှင့် ဟာသနှောကာ ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီတုန်းက လေယာဉ်ပြန်ပေးဆွဲတဲ့ KNU က ဗိုလ်သုံးဦး ဖယ်လိုက်မယ်ဆိုရင် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်စုစုပေါင်း ၁၁ ဦး ရှိ တယ်။ တစ်ဦးက တပ်မတော်က ဗိုလ်မှူးကြီး၊ နောက် ၁၀ ယောက်မှာ ၉ ယောက်က အမျိုးသားတွေ၊ အမျိုးသမီးဆိုလို့ တစ်ယောက်ပဲပါတယ်။ အခုလည်း အဲဒီပုံစံအတိုင်းပဲ ပြန်ရိုက်ကူးသွားမှာပါ” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းလေယာဉ်အပိုင်စီးမှုတွင် ခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သူ ဦစောကျော်အေးမှာ ယခုအချိန်ထိ သက်ရှိထင်ရှား ရှိနေပြီး ယင်းဇာတ် လမ်းကိုလည်း ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

ရည်မွန်
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်