Tuesday, June 25, 2013

သမ္မတဦးသိန်းစိန် တိုင်းမှူးဖြစ်ခဲ့စဉ် စိုက်ပျိုးရေးစီမံကိန်းအတွက် ညွှန်ကြားခဲ့သော လယ်ယာမြေများနှင့် စပ်လျဉ်းပြီး ရှယ်ယာရှင်များ ရှင်းလင်း

Posted by drmyochit Tuesday, June 25, 2013, under | No comments



ရန်ကုန်၊ဇွန် ၂၅။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ၁၉၉၉ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် တာချီလိတ်ခရိုင် စိမ်းလန်း စိုပြေရေးအတွက် စိုက်ပျိုးရေးစီမံကိန်း လုပ်ဆောင်ရန် ညွှန်ကြားခဲ့သဖြင့် မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဖော်ထုတ်ကာ ရှယ်ယာ များ ထည့်ဝင် ခဲ့ကြသော ရှယ်ယာရှင်များမှ အဆိုပါ လယ်မြေများနှင့်စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ဇွန်လ ၂၅ရက်နေ့ တွင် ပြုလုပ် ခဲ့သည်။

၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် တာချီလိတ်ခရိုင် မဲခေါင်ရိပ်သာတွင် တိုင်းမှူး ဗိုလ်ချုပ် သိန်းစိန်က စိမ်းလန်းစိုပြေရေး အတွက် စံပြနမူနာ စိုက်ပျိုးရေးလယ်ယာမြေများ စိုက်ပျိုးရန် တာချီလိတ်မြို့၊ ဟောင်း လိတ်ကျေး ရွာတွင် လယ်ယာမြေများကိုဖော်ထုတ်ရန် ဦးကိုဦး၊ ဦး အာဟီး၊ ဦးအားထူတို့ကို ညွှန်ကြား မှုပေး ခဲ့ကြောင်း ရှယ်ယာဝင်တစ်ဦးဖြစ်သူ ဦးအောင်သန်းစိုး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ လယ်ယာမြေအကောင်အထည်ဖော်ရာတွင် တစ်ဦးတစ်ယောက်(သို့) အဖွဲ့ အစည်း တစ်ခုတည်းမှ ငွေကြေးမတတ်နိုင်ပါက အစုရှယ် ယာများ ခေါ်ယူနိုင်ကြောင်း ပြောကြားခဲ့သဖြင့် အစုရှယ်ယာများထည့်ကာ လယ်ယာ မြေများကို ဖော်ထုတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

လုပ်ငန်းလုပ်ဆောင်ပြီး တစ်နှစ်အကြာ ၂၀၀၀ခုနှစ်တွင် လောဆန်း(ခ) ရှီကွမ်နှိပ်ဆိုသူမှ သက်ဆိုင်ရာပြည်နယ်အစိုးရ၏ မြေသိမ်းအမိန့် မပါရှိ ဘဲ အလုပ်သမားများအား ခြိမ်း ခြောက်ကာ လယ်ယာမြေများကို ဘူဒိုဇာနှင့်ထိုးကာ လူနေအစောင့်တဲအိမ် ၄အိမ်နှင့် ရာဘာပင် ၁၅ဧကကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ် ဆောင်ခဲ့ပြီး ပုဂ္ဂလိကပိုင် တာဝေဓါတ်အားပေးစက်ရုံကို တည်ဆောက်ခဲ့ကြောင်း၊ ယင်းအပြင် နောက်ထပ် ဖော် ထုတ်ခဲ့သော လယ်မြေ ၁၀ ဧက ကိုလည်း လောဆန်း(ခ) ရှီကွမ်နှိပ်ဆိုသူ၏ ပုဂ္ဂလိက တစ်ဦးတည်းပိုင်မြေဖြစ်ကြောင်း လ/န (၃၉) ထုတ်ပြကာ သိမ်းဆည်းသွားကြောင်း ရှယ် ယာဝင်တစ်ဦးဖြစ်သူ ဦးအောင်သန်းစိုးက ပြောကြားသည်။

“ကျွန်တော်တို့မှာ မြေယာလျော်ကြေးငွေလည်း မရသလို မြေကွက်အစားထိုးပေးတာမျိုးလည်း မရှိပါဘူး။ အဲ့ဒီအချိန်မှာ အခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ရှမ်းပြည်အရှေ့ပိုင်းမှာ တိုင်းမှူးပါ။ သူ့ထက်မြင့်တာ မရှိဘူးပေါ့ သူလိုပုဂ္ဂိုလ်မျိုးက ဦးဆောင်ပြီးလုပ်တာဆိုပြီး ကျွန်တော်တို့ ယုံ ကြည်ပြီး ရှယ်ယာတွေ ထည့်ခဲ့တာပါ။ လုပ်ငန်းတွေလုပ်ကိုင်ပြီး တစ်နှစ်လောက်ကြာမှ မြေတွေကို ဘူဒိုဇာနဲ့ထိုးပြီး အပင်တွေ မီးရှို့ခံခဲ့ရတာ ပါ။အခုနိုင်ငံတော်သမ္မတ အဲဒီအချိန်တုန်းက တိုင်းမှူးကိုယ်တိုင် လက်မှတ်ရေးထိုးညွှန်ကြားခဲ့လို့ ကျွန်တော်တို့ လုပ်ခဲ့တာကို တခြားသူ တစ် ယောက်က သူပိုင်မြေပါဆိုပြီး မတရားအသိမ်းခံရတာကို သမ္မတကိုယ်တိုင် ဖြေရှင်းပေးစေချင်တာပါ” ဟု ဦးအောင်သန်းစိုးက ပြောကြား သည်။

အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်းပြီး တောင်ကြီးမြို့တွင် နေထိုင်သော ဦးကိုဦးမှ ရှယ်ယာရှင်များ အားလုံးကိုယ်စား တရားလိုလုပ်၍ တိုင်ကြားခဲ့ သော်လည်း ၂၀၁၃ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် ရှမ်းပြည်နယ် တရားရေးလွှတ်တော်မှ ဦးခင်မောင်ဌေးက အမှုကို ပလပ်လိုက်ကြောင်း ရှယ် ယာဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်း၏ပြောကြားချက်အရ သိရသည်။

အဆိုပါ မြေလွတ်မြေရိုင်းများကို လယ်ယာမြေများ အဖြစ်ဖော်ထုတ်ရန် အစုရှယ်ယာတစ်စုလျှင် ငါးသိန်းကျပ်သတ်မှတ်ကာ အစုရှယ်ယာများ ထည့်ဝင်ခဲ့ကြပြီး စုစုပေါင်း ဘတ်၂၂သိန်း ကုန်ကျခဲ့ကြောင်း သိရသည်။

ဆုဝေ
@ မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်