Tuesday, June 25, 2013

မိမိတွင် အကြမ်းဖက် သမား တစ်ဦး၏ အမူ အကျင့် လုံးဝ မရှိဟု ဆရာတော် ဦးဝီရသူတုံ့ပြန်

Posted by drmyochit Tuesday, June 25, 2013, under | No comments



ရန်ကုန် - ဇွန် - ၂၄ ။ ။ တိုင်းမ်မဂ်ဂဇင်း က ဗုဒ္ဓ ဘာသာ အကြမ်း ဖက်ဟု သုံးနှုန်း ဖော်ပြခဲ့ မှုနှင့် ပတ်သက် ၍ မိမိတွင် အကြမ်းဖက် သမား များ၏ အမူ အကျင့်၊ စရိုက်လက်ခဏာမျိုး လုံးဝမရှိကြောင်း ဆရာ တော် ဦးဝီရ သူက ရန်ကုန်တိုင်းမ် သတင်းစာသို့ မိန့်သည်။

''အကြမ်း ဖက်ဆိုတာ ဘာ ကို ကြည့်ပြီးပြောတာလဲ။ လက် နက်တွေကိုင်၊ အဖွဲ့အစည်းတွေ ဖွဲ့ပြီး ပြဿနာရှာ၊ အဓိကရုဏ်း တွေ ဖန်တီး စတဲ့ အကြမ်းဖက် လုပ်ရပ်တွေလုပ်တာမျိုး လုံးဝမရှိ တဲ့အတွက် ဗုဒ္ဓ ဘာသာ အကြမ်းဖက် လုံးဝ မဟုတ်ပါဘူး''ဟု ဆ ရာတော် ဦးဝီရ သူက မိန့်သည်။ ဆရာတော် ဦးဝီရသူအား ဗုဒ္ဓ ဘာသာ အကြမ်း ဖက်ဟု တိုင်းမ် မဂ္ဂဇင်းတွင် သုံးနှုန်း ဖော်ပြ ခဲ့ခြင်း နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ရုံးက ကန့်ကွက်ကြောင်း ဇွန် ၂၃ ရက်က ထုတ်ပြန်ခဲ့မှု အပေါ် တွင်လည်း ဦးဝီရသူနှင့် နိုင်ငံရေး အသိုင်း အဝိုင်း၊ လူမှု အဖွဲ့ အစည်း များက ကြိုဆိုခဲ့ကြသည်။ ဆရာတော်က ''အငိုသန် တဲ့သူတွေ၊ အဆဲ သန်တဲ့ သူတွေ ရှိတယ်။ သူတို့တွေက အခန်းတံ ခါးပိတ်ပြီး တိုင်းမ် မဂ်ဂဇင်းစာရေး သူကို ငိုပြ၊ ဆဲပြတာတွေကို မိန်း မသား လဲဖြစ်တော့ ယုံသွား တာပါ။ နောက် ဧရာဝတီတို့လို အွန် လိုင်း စာမျက်နှာတွေက တစ်ဆင့် တိုက်ခိုက်လို့မရတော့ ကမ္ဘာကျော် တိုင်းမ်မဂ်ဂဇင်းလိုမျိုး နေရာက နေ တိုက်ခိုက် တာဖြစ်ပါတယ်'' ဟု ဆက်လက်မိန့်သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်း ထောင်ချီ ၍ တည်တံ့ လာခဲ့သော မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓ ဘာသာ သာသနာ တော်အပေါ် အထင် အမြင် လွဲမှား စေပြီး လက်ရှိ ဆောင်ရွက်နေ သည့် ဘာသာ ပေါင်းစုံတို့ အကြား အပြန် အလှန် ယုံကြည်မှု တည်ဆောက် နေခြင်းကိုလည်း ထိခိုက် စေနိုင် သောကြောင့် ကန့်ကွက် ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး(ဗဟို) ဥက္ကဌ ကိုဇွဲ ရန်နိုင်က ''တိုင်းမ် မဂ္ဂဇင်းက ဒီလို ဖော်ပြ ထားတာကို ကျွန်တော် မြန်မာ နိုင်ငံသား လူငယ် တစ် ဦး အနေနဲ့ ကန့်ကွက် ပါတယ်။ ဒါဟာ ဗုဒ္ဓ ဘာသာကြီး တစ်ခုလုံး ကို အပုပ်ချ လိုက်တယ် လို့ယူဆ ပါ တယ်။ ဘာသာရေး လှုပ်ရှားနေ သူတွေက ဒီကိစ္စကို မခံနိုင် ဖြစ်ပြီး မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ သမ်မ တရုံးက ထုတ်လိုက်တယ်လို့ မြင်ပါတယ်။ သမ်မ တရုံးက ဒီလို ထုတ်ပြန် လိုက်တာ ကောင်းပါတယ်။ ကြိုဆို ပါတယ်'' ဟုပြောသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်မှ ဦးမြင့် ဝင်းမောင်က ''ဒီကိစ္စက မလေး ရှားမှာဖြစ်တဲ့ ပြဿနာထက် ပို ပြီး သက်ရောက်မှု ပြင်းပါတယ်။ သက်ရောက်မှု ပြင်းတယ် ဆိုတာ က ဗုဒ္ဓ ဘာသာကို ထိခိုက် စေပါ တယ်။ နိုင်ငံတော် က တရားဝင် ကန့်ကွက်ပြောဆို တာကို ထောက်ခံပါတယ်''ဟုပြောသည်။

နိုင်ငံတော် သမ္မတ၏ပြော ရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ''တိုင်းမ် မဂ်ဂဇင်းက ဆောင်းပါး ရေးသား ထားတာကို ကြည့်လိုက် တဲ့ အ ခါ နှစ်ဖက် ဖြစ် ပွားနေတဲ့ အခြေ အနေကို မျှမျှတတ ရေးထားတာ မရှိဘူး။ ဗုဒ္ဓ ဘာသာ တွေက အကြမ်းဖက် နေတယ်လို့ ယူဆပြီး ရေးထားတာ တွေ့ရတယ်။ အဆိုးဆုံး ကတော့ အဖုံးမှာ ဖော်ပြထား တဲ့ပုံနဲ့ ဗုဒ္ဓ ဘာသာ အကြမ်းဖက် နေတယ် ဆိုတာကို လုံးဝ ကန့်ကွက် တယ်။ ဒါကြောင့်သမ္မ တရုံးရဲ့ အ မြင်နဲ့ ထုတ်ပြန် ရခြင်း ဖြစ်တယ်'' ဟုပြောသည်။ ဆရာတော် ဦးဝီရသူက ''ပြည်တွင်း ပြည်ပက ရဟန်းရှင် လူတွေ ဒီလောက် ထောက်ခံ လိမ့် မယ် မထင်ခဲ့ဘူး။ သမ်မတရုံးနဲ့ ရဟန်း ရှင်လူ ပြည်သူ တွေအား လုံးကို ကျေးဇူး တင်ပါတယ်။ ဆရာတော် လျှောက်လှမ်းနေ တဲ့ လမ်းကြောင်းကိုလဲ အတိမ်း အစောင်း မခံဘဲနဲ့ ဆက်လက် လျှောက်လှမ်း သွားပါမယ်''ဟု မိန့်သည်။

ရွှေရည် ၊ လင်းအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်