Tuesday, June 25, 2013

အဓိကရုဏ်းများ မဖြစ်ပွားစေရန် တိုင်းမ်မဂ္ဂဇင်းကို အစိုးရကန့်သတ်

Posted by drmyochit Tuesday, June 25, 2013, under | No comments


လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်း စာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီက ယနေ့ည ၈နာရီတွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော် အပေါ်အထင်အမြင်လွဲမှားစေပြီးလက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်း ကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသဖြင့်၂၀၁၃ ခုနှစ် ဇူလိုင်လ
၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံး က လည်းဇွန်လ၂၃ရက်နေ့တွင် ကြေညာချက်
ထုတ်ပြန်ခဲ့သည်။

ကြေညာချက်အပြည့်အစုံ(From: The Voice Weekly)


၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ ကြေညာခြင်း


အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီ

ကြေညာချက် အမှတ် ၁/၂၀၁၃

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်

(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)

နှင့်စပ်လျဉ်း၍ ကြေညာခြင်း

            ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)တွင် သံဃာတော် ဦးဝီရ သူအား မျက်နှာဖုံး တင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

            တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓ ဘာသာ သာသာနာ အပေါ် အထင် အမြင် လွဲမှား စေပြီး နိုင်ငံတော်မှ အကောင် အထည်ဖော် ဆောင်ရွက် နေသည့် ဘာသာ ပေါင်းစုံတို့ အကြား အပြန်အ လှန် ယုံကြည်မှု တည်ဆောက် နေခြင်းကိုလည်း ထိခိုက်ေ စနိုင်ကြောင်း တွေ့ရှိ ရပါသည်။

            ထို့ကြောင့် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီ၏ လုပ်ငန်း တာဝန်နှင့် အညီ လူမျိုးရေး၊ ဘာသာရေး အဓိ ကရုဏ်းများ ထပ်မံ မဖြစ်ပွား စေရေး အတွက် ကာကွယ် နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း မူရင်း စာစောင် အတိုင်း  ဖြစ်စေ၊ မိတ်တူ ပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ် ထားရှိခြင်း မပြုလုပ်ရန် အများ ပြည်သူ အကျိုးငှာ ကြေညာ လိုက်သည်။    


       

                                                                            အမိန့်အရ 
                                                                          အတွင်း ရေးမှူး 
                                                      အရေးပေါ် ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်