Saturday, February 22, 2014

ပြုပြင်ထားသော အသားများ လွန်ကဲစွာစားခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်

Posted by drmyochit Saturday, February 22, 2014, under | No comments

အရသာရှိအောင် ပြုပြင်ဖန်တီးထားသည့် အသား များကို စွဲစွဲလမ်းလမ်း လွန်လွန်ကဲကဲ စားသုံးခြင်း သည် မိမိကိုယ်ကို ဆုံးစီရင်နေခြင်း မျိုး ပင်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီများက သတိပေး လိုက်သည်။ အမေရိကန်တွင် 0က်ပေါင်ခြောက်ကဲ့သို့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားသော အသားများ စားသုံးမှု စံချိန်တင်မြင့်တက်လာသည့်နောက် သုတေသီများက ယင်းအခြေအနေနှင့် ဆက်စပ်သော ဆိုးကျိုးများကို ကြေညာခဲ့ခြင်းဖြစ်သည်။ ပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် လွန်ကဲလာသော အခြေအနေတွင်...

လိင်ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှုများကို သုတေသန ပညာရှင်များက ဖော်ထုတ်

Posted by drmyochit Saturday, February 22, 2014, under | No comments

ဖေဖေါ်ဝါရီ ၂၂ ရက် ၂၀၁၄ ခုနှစ် ကွန်ဒုံးများသည် သန္ဓေတား ဆီးရန်နှင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်သော ရောဂါ များကို ကာ ကွယ် တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှု ရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ အသုံးပြုတတ်ရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေး လိုက်သည်။ ကင်းဆေးတက္ကသိုလ် ကွန်ဒုံး အသုံးပြု မှု သုတေသန အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဆောင်းပါး ၅၀ ကျော် အပြင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့ အပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ...

လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ

Posted by drmyochit Saturday, February 22, 2014, under | No comments

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ်ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရသည်။ "လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက်တွေ့ရပါတယ်" ဟု ဒေသခံ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောပြသည်။ လောင်းရှည်ကျေးရွာ၊ မြို့မရပ်ကွက်၊ ယွန်းကျောင်းတိုက်အနီးရှိ ဗူးလမ်းဆုံနှင့် လောင်းရှည်လမ်းပိုင်းရှိ...

ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သော လင်မယားနှစ်ဦး ဖမ်းမိ

Posted by drmyochit Saturday, February 22, 2014, under | No comments

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၀) ရပ်ကွက်တွင်နေသူ အသက် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးကို အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဟု လိမ်လည် ပြောဆိုကာ အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သည်ဟု တိုင်ကြားခံရသော လင်မယားနှစ်ဦးကို ဖမ်းမိထားကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဒဂုံဆိပ်ကမ်းမြို့နယ် (၈၀) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းနှင့် ရင်းနှီးသော...

ညဖက် အရှိန်ပြင်းမောင်းတဲ့ ပြိုင်ကားတွေကို အရေးယူတော့မယ်

Posted by drmyochit Saturday, February 22, 2014, under | No comments

ရန်ကုန်မှာ ညအချိန် အရှိန်ပြင်း မောင်းနှင်တဲ့ ပြိုင်ကားတွေကို နေရာ ၁၂ နေရာမှာ စောင့်ပြီး ဖမ်းဆီး အရေးယူဖို့ ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားပါတော့မယ်။ ဒီကနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူ တဦးကို ကိုးကားပြီး ဖော်ပြထားတာမှာ ညဖက် ပြိုင်ကားမောင်းတဲ့သူတွေကြောင့် ယာဉ်မတော်တဆ ဖြစ်တာတွေ၊ မလိုလား အပ်တဲ့ ရမ်းကားမှုတွေနဲ့ ပြစ်မှုတွေ ဖြစ်လာနိုင်တယ်အတွက် အခုလို စစ်ဆေး အရေးယူဖို့ လုပ်တာဖြစ်တယ်လို့...

ပရိတ်ကြိုးကို ဆွဲဖြုတ်ပြီး ၀င်ပူးတဲ့ ကမ္ဘာအေးက ဒေါ်အေးသင်(ပရလောက ဖြစ်ရပ်မှန်)

Posted by drmyochit Saturday, February 22, 2014, under | No comments

ဒီတစ်ခါတော့ လွန်ခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတခုကို ပြန်ပြောပြချင် ပါတယ်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ အထည်ချုပ်စက်ရုံတရုံရှိတယ်။ စက်ရုံဝန်ထမ်းတွေ နေထိုင်ဖို့အတွက် စက်ရုံရဲ့အနောက်ဖက်မှာတင် တန်းလျားလေးတခု ဆောက်ထားပေး တယ်။ ကုန်လွန်ခဲ့တဲ့လရဲ့ ပထမဆုံး တနင်္လာနေ့မှာတော့ အဲ့ဒီ အထည်ချုပ်စက်ရုံမှာ ခါတိုင်းနဲ့မတူတဲ့ အဖြစ်အ ပျက်လေးတခု စတင်ပေါ်ပေါက်လာတော့တာပါပဲ။ အထည်ချုပ်ဝန်ထမ်းတွေထဲမှာ အသက်အငယ်ဆုံးချာတိတ်မလေးတယောက်က...

စစ်တွေမြို့တွင်း ၀င်ရောက်သည့် မလေးရှား ၃ ဦးကို ပြန်ပို့

Posted by drmyochit Saturday, February 22, 2014, under | No comments

စစ်တွေမြို့ရှိ အစ္စလမ် ဘာသာဝင်များ နေထိုင်သော အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ၀င်ရောက်ခဲ့ သည့် မလေးရှား နိုင်ငံသား ၃ ဦးကို ရန်ကုန်မြို့သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။ “သူတို့ထဲက ၁ ဦးက ကုန်သည် လိုလို၊ အင်ဂျင်နီယာ လိုလိုနဲ့ဗျ၊ ကုန်သည်ဆိုလည်း ဘာလို့ ဓာတ်ပုံတွေ၊ ဘာတွေ သွားရိုက်ရတာ လဲ၊ အောင်မင်္ဂလာ ရပ်ကွက်က ၂ ဘက် လူမျိုးစုတွေ နီးနီးကပ်ကပ် ရှိနေတဲ့ နေရာဆိုတော့ အကဲဆတ်တဲ့ နေရာ၊ နိုင်ငံခြား သတင်း ဌာနတွေက ကျနော့်ဆီ နောက်ဆုံးလာတာ New York...

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်

Posted by drmyochit Saturday, February 22, 2014, under | No comments

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား ပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူ တစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။ ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေး ဆောင်ရွက်နေသည့် သင်္ဃန်း ကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး...

အင်္ကျီအ၀တ်အစားများကို ချွတ်ချ၍ သံဃာတော်များကို ကော့ပြသည့် အမျိုးသမီးအား အမှုဖွင့်အရေးယူ

Posted by drmyochit Saturday, February 22, 2014, under | No comments

  သတင်း၊ ကိုတိုးကြီး စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၂ စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက အင်္ကျီနှင့် ထမီတို့ကို ကိုယ်တိုင်ချွတ်ချ၍ ရပ်ရွာအေးချမ်းသာ ယာရေးအတွက် ရပ်မိရပ်ဖများနှင့်အတူ ဖြေရှင်းဆောင်ရွက်နေသည့် သံဃာတော်များအား ညစ်ညမ်းစွာဆဲရေးတိုင်းထွာပြီး ကော့ပြခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းက ယခုလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်အချိန်တွင် အမှုဖွင့်အရေးယူခဲ့ရ ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။ စစ်ကိုင်းမြို့နယ်၊ ကြက်ထောက်ကျေးရွာ...

အင်ဒိုနီးရှား ငါးဖမ်းလှေတွေ မြန်မာ ရေပိုင်နက်ထဲ ခိုးဝင်

Posted by drmyochit Saturday, February 22, 2014, under | No comments

သူတပါး ရေပိုင်နက် အတွင်း  ငါးခိုးဖမ်းမှုတွေ မကြာခဏ  ရှိနေတာ တွေ့ရ မြန်မာ နိုင်ငံ ရေပိုင်နက် အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရား မဝင် ငါးခိုးဖမ်းတဲ့ အင်ဒိုနီးရှား နိုင်ငံက ငါးဖမ်းလှေ ငါးစီးကို မြန်မာ ရေတပ်က ဖမ်းဆီးခဲ့ ပါတယ်။ မြန်မာ ရေပိုင်နက် စူလာကျွန်း မြောက်ဘက်က ရေပြင်မှာငါးခိုးဖမ်း နေတုန်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ လှေတွေပေါ်မှာ လှေသား ၅၆ ယောက် ပါတယ်လို့ မြို့မ ရဲစခန်းက တာဝန်မှူးက ဘီဘီစီကို ပြောပါတယ်။ လှေသား တွေနဲ့...

ဘန်ကောက်ဗုံးကွဲ လူ၆ယောက် ဒဏ်ရာရ

Posted by drmyochit Saturday, February 22, 2014, under | No comments

ဗုံးပေါက်ကွဲမှု တခုက မြင်ကွင်း နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ညက ဗုံးပေါက်ကွဲခဲ့လို့ ၆ ဦးဒဏ်ရာရ သွားပါတယ်။ ဒီလို နိုင်ငံရေး တင်းမာ မှုတွေ ရှိနေတဲ့ ကြားက လယ်သမားတွေကလည်း ဆန္ဒပြနေကြပါတယ်။ ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ ရတ်ပစုမ် သပိတ်စခန်း အနီး ပတူနမ့်လမ်းစုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ၆ ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။ အခု ဗုံးပေါက်ကွဲမှုဟာ ခုံးကျော်တံတားပေါ်ကနေ အောက်ကို ပစ်ချ သွားပုံရတယ်လို့...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်